သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိပ္ကြပ္မႈေၾကာင္႔ ေသဆံုးရတဲ႔ ကေလးသူငယ္ ၂၃ ဦးရွိသြားၿပီ ( UNICEF)


ရင္ဘက္ကို ေသနတ္က်ည္ ထိၿပီး ေသဆံုးခဲ႔ရတဲ႔ အသက္ ၁၄ ႏွစ္ အရြယ္ ေမာင္ထြန္းထြန္းေအာင္ကို အဂၤါေန႔မွာ မီးသၿဂိ ၤဳဟ္

(Zawgyi/Unicode)

ျမန္မာ႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ေသဆံုးရတဲ႔ ကေလးငယ္ အနည္းဆံုး ၂၃ ဦး ရွိၿပီ ျဖစ္ေၾကာင္း ကုလသမဂၢ ကေလးသူငယ္ ရန္ပံုေငြ အဖြဲ႔ UNICEF က မတ္လ ၂၃ ရက္ အဂၤါေန႔မွာ ေျပာဆိုထားပါတယ္။

"ကေလးသူငယ္မ်ား ရန္ပံုေငြ အဖြဲ႔ UNICEF ရဲ႕ ဒီကေန႔ ထုတ္ျပန္ခ်က္ အရ ေဖေဖာ္၀ါရီ ၁ ရက္ေန႔ေနာက္ပိုင္း အၾကမ္းဖက္မႈေတြ အတြင္း ေသဆံုးရတဲ႔ ကေလးငယ္ အနည္းဆံုး ၂၃ ဦး ရွိၿပီး ထိခိုက္ဒဏ္ရာရတဲ႔ ကေလးငယ္က အနည္းဆံုး ၁၁ ဦး ရွိေၾကာင္း" ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ တဦး ျဖစ္တဲ႔ Farhan Haq က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုခဲ႔တာပါ။

က်ည္ အစစ္ အသံုးျပဳတာ အပါအ၀င္ ကေလးငယ္ေတြ အေပၚ ဆက္ၿပီး တိုက္ခုိက္မႈေတြ ရွိေနတာကို ျမန္မာဆိုင္ရာ ကုလသမဂၢရံုးဘက္က အထူး စိုးရိမ္ေၾကာင္း ေျပာဆိုထားပါတယ္။ ကေလးေတြနဲ႔ လူငယ္ေတြ ေဘးကင္းေစေရးနဲ႔ လံုၿခံဳေရး တပ္ဖြဲ႔ေတြ အၾကမ္းမဖက္ၾကဖို႔ ထပ္ၿပီး ေတာင္းဆိုထားပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာ လံုၿခံဳေရး တပ္ဖြဲ႔ေတြရဲ႕ လက္ခ်က္နဲ႔ ေသဆံုးရသူေတြထဲမွာ မႏၱေလးက အသက္ ၇ ႏွစ္ အရြယ္ မိန္းကေလးငယ္ အပါအ၀င္ ကေလးငယ္ ၂၀ ေက်ာ္ရွိေၾကာင္း ကေလးလူငယ္ ေစာင့္ေရွာက္မႈ ေပးေနတဲ႔ Save the Children ႏုိင္ငံတကာ အကူအညီေပးေရး အဖြဲ႔ကလည္း တနလာၤေန႔မွာ ေျပာဆိုထားတာပါ။ မႏၱေလးက အသက္ ၇ ႏွစ္ အရြယ္ မိန္းကေလးငယ္ ေသနတ္က်ည္ထိ ေသဆံုးခဲ႔ရမႈဟာဆိုရင္ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ေသဆံုးရသူေတြထဲ အသက္ အငယ္ဆံုး ျဖစ္ပါတယ္။ တနလာၤေန႔မွာလည္း မႏၱေလး ဆင္ေျခဖံုး ရပ္ကြက္က အသက္ ၁၄ ႏွစ္ အရြယ္ ေယာက်ာ္းေလး တဦး က်ည္ထိ ေသဆံုးခဲ႔ရပါတယ္။

ရင္ဘက္ကို ေသနတ္က်ည္ ထိၿပီး ေသဆံုးခဲ႔ရတဲ႔ အသက္ ၁၄ ႏွစ္ အရြယ္ ေမာင္ထြန္းထြန္းေအာင္ကို အဂၤါေန႔မွာ မီးသၿဂိ ၤဳဟ္ ခဲ႔ပါတယ္။ မႏၱေလး ျမရည္နႏၵာ အိမ္ယာ၀န္းမွာ တနလာၤေန႔က စစ္တပ္နဲ႔ ရဲက ရပ္ကြက္တြင္း ၀င္ၿပီး ေသနတ္နဲ႔ ပစ္ခတ္ခ်ိန္မွာ ဆႏၵျပပြဲေတြ မရွိခဲ႔ဘူးလို႔လည္း မ်က္ျမင္ေတြ႔သူေတြက ေျပာပါတယ္။ အာဏာသိမ္း စစ္တပ္ရဲ႕ ေသနတ္က်ည္ထိ ေသဆံုးခဲ႔ရသူ ေမာင္ထြန္းထြန္းေအာင္က လာမယ့္ ဇူလိုင္လမွာ ၁၅ ႏွစ္ ျပည့္မွာပါ။

ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြ အေပၚ ေသေၾကတဲ႔ အထိ ပစ္မွတ္ထား တိုက္ခုိက္ခံရမႈမွာ ကေလးငယ္ေတြ ပါ၀င္ေနတဲ႔ အတြက္ တုန္လႈပ္ေျခာက္ျခားရေၾကာင္း၊ ကေလးေတြ အတြက္ ေဘးကင္းလံုၿခံဳတဲ႔ ေနရာ ျဖစ္ရမယ့္ အိမ္မွာ ေနရင္း ေသဆံုးရတယ္ဆိုတဲ႔ ကိစၥေတြ အေပၚမွာ အထူးဘဲ စိုးရိမ္ရေၾကာင္း Save the Children အဖြဲ႔က ေျပာဆိုပါတယ္။ ေန႔စဥ္နီးပါး ကေလးငယ္ေတြ ေသဆံုးေနရတာကို ၾကည့္ရင္ လံုၿခံဳေရး တပ္ဖြဲ႔က လူေတြရဲ႕ အသက္အႏၱရာယ္ကို လံုး၀ အေလးမထားေတာ့တဲ႔ သရုပ္ ျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။

လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္နဲ႔ ႏုိင္ငံတ၀န္းမွာ ကေလးငယ္ ၂၀ ေက်ာ္ ေသဆံုးခဲ႔ရမႈ အေပၚ တုန္လႈပ္ေျခာက္ျခား ရသလို၊ အသက္ ၁၁ ႏွစ္ အရြယ္ မိန္းကေလးငယ္ တဦး အပါအ၀င္ တရားဥပေဒမဲ႔ ဖမ္းခံထားရတဲ႔ အနည္းဆံုး ကေလးငယ္ ၁၇ ဦးရဲ႕ ေဘးကင္းလံုၿခံဳမႈက စိုးရိမ္ဖြယ္ ျဖစ္ေၾကာင္း Save the Children အဖြဲ႔က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေး သူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF)
(Unicode)

မြန်မာ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က မတ်လ ၂၃ ရက် အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။

"ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ဒီကနေ့ ထုတ်ပြန်ချက် အရ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အကြမ်းဖက်မှုတွေ အတွင်း သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်က အနည်းဆုံး ၁၁ ဦး ရှိကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Farhan Haq က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ကျည် အစစ် အသုံးပြုတာ အပါအဝင် ကလေးငယ်တွေ အပေါ် ဆက်ပြီး တိုက်ခိုက်မှုတွေ ရှိနေတာကို မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးဘက်က အထူး စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။ ကလေးတွေနဲ့ လူငယ်တွေ ဘေးကင်းစေရေးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အကြမ်းမဖက်ကြဖို့ ထပ်ပြီး တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးရသူတွေထဲမှာ မန္တလေးက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် အပါအဝင် ကလေးငယ် ၂၀ ကျော်ရှိကြောင်း ကလေးလူငယ် စောင့်ရှောက်မှု ပေးနေတဲ့ Save the Children နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ကလည်း တနလာၤနေ့မှာ ပြောဆိုထားတာပါ။ မန္တလေးက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် သေနတ်ကျည်ထိ သေဆုံးခဲ့ရမှုဟာဆိုရင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူတွေထဲ အသက် အငယ်ဆုံး ဖြစ်ပါတယ်။ တနလာၤနေ့မှာလည်း မန္တလေး ဆင်ခြေဖုံး ရပ်ကွက်က အသက် ၁၄ နှစ် အရွယ် ယောကျာ်းလေး တဦး ကျည်ထိ သေဆုံးခဲ့ရပါတယ်။

ရင်ဘက်ကို သေနတ်ကျည် ထိပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၄ နှစ် အရွယ် မောင်ထွန်းထွန်းအောင်ကို အင်္ဂါနေ့မှာ မီးသဂြိ ၤုဟ် ခဲ့ပါတယ်။ မန္တလေး မြရည်နန္ဒာ အိမ်ယာဝန်းမှာ တနလာၤနေ့က စစ်တပ်နဲ့ ရဲက ရပ်ကွက်တွင်း ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ဆန္ဒပြပွဲတွေ မရှိခဲ့ဘူးလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ သေနတ်ကျည်ထိ သေဆုံးခဲ့ရသူ မောင်ထွန်းထွန်းအောင်က လာမယ့် ဇူလိုင်လမှာ ၁၅ နှစ် ပြည့်မှာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် သေကြေတဲ့ အထိ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုမှာ ကလေးငယ်တွေ ပါဝင်နေတဲ့ အတွက် တုန်လှုပ်ခြောက်ခြားရကြောင်း၊ ကလေးတွေ အတွက် ဘေးကင်းလုံခြုံတဲ့ နေရာ ဖြစ်ရမယ့် အိမ်မှာ နေရင်း သေဆုံးရတယ်ဆိုတဲ့ ကိစ္စတွေ အပေါ်မှာ အထူးဘဲ စိုးရိမ်ရကြောင်း Save the Children အဖွဲ့က ပြောဆိုပါတယ်။ နေ့စဉ်နီးပါး ကလေးငယ်တွေ သေဆုံးနေရတာကို ကြည့်ရင် လုံခြုံရေး တပ်ဖွဲ့က လူတွေရဲ့ အသက်အန္တရာယ်ကို လုံး၀ အလေးမထားတော့တဲ့ သရုပ် ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ နိုင်ငံတဝန်းမှာ ကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ရမှု အပေါ် တုန်လှုပ်ခြောက်ခြား ရသလို၊ အသက် ၁၁ နှစ် အရွယ် မိန်းကလေးငယ် တဦး အပါအဝင် တရားဥပဒေမဲ့ ဖမ်းခံထားရတဲ့ အနည်းဆုံး ကလေးငယ် ၁၇ ဦးရဲ့ ဘေးကင်းလုံခြုံမှုက စိုးရိမ်ဖွယ် ဖြစ်ကြောင်း Save the Children အဖွဲ့က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG