သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုကို ႏိုင္ငံတကာ အကာအကြယ္ေပးဖို႔ ကုလအရာရွိႀကီး ၂ ဦး တိုက္တြန္း


ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး Michelle Bachelet. (ေဖေဖာ္ဝါရီ ၂၇၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ကန္႔ကြက္ ဆႏၵျပသူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြက အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ မတ္လ ၂၇ ရက္ေန႔က အဆုိးရြားဆုံး ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္မႈေတြ အရွိန္ျမင့္ ျဖစ္ေပၚလာႏုိင္ေၾကာင္း ကုလသမဂၢ လူမ်ဳိးတုံးသတ္ျဖတ္မႈ ကာကြယ္ဟန္႔တားေရးဆုိင္ရာ အႀကံေပးပုဂၢဳိလ္ Alice Wairimu Nderitu နဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီး Michelle Bachelet တုိ႔က ဒီကေန႔ ပူးတြဲသတိေပးခ်က္ ထုတ္ျပန္လုိက္ပါတယ္။

ကုလသမဂၢ လုံၿခံဳေရးေကာင္စီအေနနဲ႔ မတ္လ ၁၀ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္အေပၚ အေျခခံၿပီး အေရးယူမႈေတြ ထပ္မံလုပ္ေဆာင္ဖုိ႔ လူမ်ဳိးတုံးသတ္ျဖတ္မႈ ကာကြယ္ဟန္႔တားေရးဆုိင္ရာ အႀကံေရးပုဂၢဳိလ္က ေတာင္းဆုိလုိက္ၿပီး အာဆီယံနဲ႔ ႏုိင္ငံတကာ အသုိင္းအဝုိင္းအေနနဲ႔ ျမန္မာႏုိင္ငံသားေတြအေပၚ ညႇဥ္းပန္းသတ္ျဖတ္ေနမႈေတြကေန ကာကြယ္ေပးဖုိ႔ R2P လုိ႔ေခၚတဲ့ အကာကြယ္ေပးရန္အတြက္ တာဝန္ရွိမႈကုိ ခ်က္ခ်င္း ခ်မွတ္ေဆာင္ရြက္ၾကဖုိ႔ ကုလသမဂၢ လူမ်ဳိးတုံးသတ္ျဖတ္မႈ ကာကြယ္ဟန္႔တားေရးဆုိင္ရာ အႀကံေပးပုဂၢဳိလ္က တုိက္တြန္းထားပါတယ္။

ကုိယ့္ႏုိင္ငံသားေတြကုိ အကာအကြယ္ေပးဖုိ႔ အစုိးရမွာ တာဝန္ရွိတယ္ ဆုိေပမယ့္ အဲဒီလုိ အကာအကြယ္ေပးဖုိ႔ အစုိးရဘက္က ပ်က္ကြက္ခဲ့ရင္ ကုလသမဂၢ ပဋိညာဥ္စာခ်ဳပ္မွာ ျပ႒ာန္းထားတဲ့အတုိင္း ရက္စက္ၾကမ္းၾကဳတ္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္ခံေနရတဲ့ အဲဒီ ျပည္သူလူထုကုိ ႏုိင္ငံတကာ အသုိင္းအဝုိင္းက အခ်ိန္မီ ၾကားဝင္ေဆာင္ရြက္ေပးရမယ့္ တာဝန္ရွိေၾကာင္း Ms. Nderitu က ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလုိ႔ စစ္တပ္က လူေသေစႏုိင္တဲ့ လက္နက္ေတြ အသုံးျပဳေနတာ၊ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကုိ စနစ္တက် အရွိန္ျမႇင့္ တုိက္ခုိက္ေနတာေတြ အပါအဝင္ စစ္တပ္က က်ဴးလြန္ေနတဲ့ တျခား ႀကီးမားတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ ကုလသမဂၢ အရာရွိႀကီး ၂ ဦးက ျပင္းထန္စြာ ျပစ္တင္႐ႈတ္ခ်လုိက္ပါတယ္။

ခုိင္လုံတဲ့အေၾကာင္းျပခ်က္ မရွိဘဲ ေထာင္ေပါင္းမ်ားစြာေသာ ျပည္သူေတြ ဖမ္းဆီးထိန္းသိမ္းခံေနရၿပီး အမ်ားစုဟာလည္း ေပ်ာက္ဆုံးေနေၾကာင္း၊ မတ္လ ၂၇ ရက္ စေနေန႔ကေတာ့ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပုိင္း ေသဆုံးမႈအမ်ားဆုံးျဖစ္ခဲ့တဲ့ ေန႔တေန႔ျဖစ္ေၾကာင္း၊ ယုံၾကည္ရတဲ့ သတင္းေပးပုိ႔ခ်က္ေတြအရ လူေပါင္း ၁၀၇ ဦး ေသဆုံးခဲ့တာမွာ ကေလးငယ္ ၇ ဦး ပါဝင္ေၾကာင္း၊ ဒီ ေသဆုံးတဲ့ အေရအတြက္ဟာ ပုိၿပီး မ်ားလာႏုိင္ေၾကာင္းလည္း ကုလသမဂၢ အရာရွိ ၂ ဦးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာစစ္တပ္အေနနဲ႔ သူတုိ႔က အကာအကြယ္ေပးရမယ့္ ကုိယ့္ျပည္သူေတြကုိ သတ္ျဖတ္ေနမႈေတြ ခ်က္ခ်င္းရပ္တန္႔ဖုိ႔လည္း ကုလသမဂၢ အရာရွိ ၂ ဦးက ေတာင္းဆုိထားပါတယ္။

-------------------------

(Unicode)

မြန်မာလူထုကို နိုင်ငံတကာ အကာအကွယ်ပေးဖို့ ကုလအရာရှိကြီး ၂ ဦး တိုက်တွန်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲမှုတွေ မတ်လ ၂၇ ရက်နေ့က အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အရှိန်မြင့် ဖြစ်ပေါ်လာနိုင်ကြောင်း ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Alice Wairimu Nderitu နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet တို့က ဒီကနေ့ ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်အပေါ် အခြေခံပြီး အရေးယူမှုတွေ ထပ်မံလုပ်ဆောင်ဖို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံရေးပုဂ္ဂိုလ်က တောင်းဆိုလိုက်ပြီး အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံသားတွေအပေါ် ညှဉ်းပန်းသတ်ဖြတ်နေမှုတွေကနေ ကာကွယ်ပေးဖို့ R2P လို့ခေါ်တဲ့ အကာကွယ်ပေးရန်အတွက် တာဝန်ရှိမှုကို ချက်ချင်း ချမှတ်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ဟန့်တားရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်က တိုက်တွန်းထားပါတယ်။

ကိုယ့်နိုင်ငံသားတွေကို အကာအကွယ်ပေးဖို့ အစိုးရမှာ တာဝန်ရှိတယ် ဆိုပေမယ့် အဲဒီလို အကာအကွယ်ပေးဖို့ အစိုးရဘက်က ပျက်ကွက်ခဲ့ရင် ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခံနေရတဲ့ အဲဒီ ပြည်သူလူထုကို နိုင်ငံတကာ အသိုင်းအဝိုင်းက အချိန်မီ ကြားဝင်ဆောင်ရွက်ပေးရမယ့် တာဝန်ရှိကြောင်း Ms. Nderitu က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ စစ်တပ်က လူသေစေနိုင်တဲ့ လက်နက်တွေ အသုံးပြုနေတာ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စနစ်တကျ အရှိန်မြှင့် တိုက်ခိုက်နေတာတွေ အပါအဝင် စစ်တပ်က ကျူးလွန်နေတဲ့ တခြား ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ အရာရှိကြီး ၂ ဦးက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲ ထောင်ပေါင်းများစွာသော ပြည်သူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရပြီး အများစုဟာလည်း ပျောက်ဆုံးနေကြောင်း၊ မတ်လ ၂၇ ရက် စနေနေ့ကတော့ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း သေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့ နေ့တနေ့ဖြစ်ကြောင်း၊ ယုံကြည်ရတဲ့ သတင်းပေးပို့ချက်တွေအရ လူပေါင်း ၁၀၇ ဦး သေဆုံးခဲ့တာမှာ ကလေးငယ် ၇ ဦး ပါဝင်ကြောင်း၊ ဒီ သေဆုံးတဲ့ အရေအတွက်ဟာ ပိုပြီး များလာနိုင်ကြောင်းလည်း ကုလသမဂ္ဂ အရာရှိ ၂ ဦးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ သူတို့က အကာအကွယ်ပေးရမယ့် ကိုယ့်ပြည်သူတွေကို သတ်ဖြတ်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့လည်း ကုလသမဂ္ဂ အရာရှိ ၂ ဦးက တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG