သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာတပ္ဖဲြ႔ေတြ လက္ခ်က္နဲ႔ ေသဆုံးမႈေတြအတြက္ ကုလအႀကီးအကဲ အျပင္းထန္ဆုံး ႐ႈတ္ခ်


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ ကေလးေတြ၊ လူငယ္လူရြယ္ေတြ အပါအဝင္ အရပ္သား ဒါဇင္နဲ႔ခ်ီ ေသဆံုးခဲ့ရတဲ့အေပၚ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က အျပင္းထန္ဆံုးရႈတ္ခ်လိုက္ၿပီး ႏုိင္ငံတကာက အေရးေပၚ တုံ႔ျပန္ဖုိ႔လည္း တုိက္တြန္းလုိက္ပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔က စစ္အာဏာသိမ္းတာကုိ ဆန္႔က်င္လႈပ္ရွားမႈေတြအေပၚ အာဏာပုိင္ေတြ ဆက္လက္ ၿဖိဳခြင္းေနရာမွာ စေနေန႔က ေသဆုံးမႈအမ်ားဆုံး ျဖစ္ခဲ့တာဟာ လက္ခံႏုိင္စရာ မရွိေၾကာင္းနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းအေနနဲ႔ ခိုင္ခိုင္မာမာျပတ္ျပတ္သားသားနဲ႔ တညီတညြတ္တည္း တုံ႔ျပန္ၾကဖို႔လည္း အတြင္းေရးမွဴးခ်ဳပ္က ေတာင္းဆိုခဲ့ပါတယ္။

ျမန္မာစစ္တပ္ အေနနဲ႔ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ၿဖိဳခြဲမႈေတြနဲ႔ ဖိႏွိပ္မႈေတြမလုပ္ဖို႔လည္း ထပ္မံေျပာၾကားခဲ့ေၾကာင္း အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ဒုတိယေျပာခြင့္ရ Farhan Haq က စေနေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာပါ။

ျမန္မာႏိုင္ငံက ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ တာ၀န္ရွိသူေတြကုိ အျပစ္ေပး အေရးယူရမွာ ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့ပါတယ္။

စေနေန႔က ျမန္မာႏုိင္ငံမွာ စစ္တပ္က တပ္မေတာ္ေန႔ အခမ္းအနားေတြ က်င္းပေနခ်ိန္မွာပဲ ႏုိင္ငံအ၀န္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ လႈပ္ရွားမႈေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔ေတြ အၾကမ္းဖက္ ႏွိမ္နင္းရာက ကေလးငယ္ေတြ အပါအ၀င္ ေသဆုံးသူ အနည္းဆုံး ၉၀ ေက်ာ္ ရွိခဲ့ေၾကာင္း ႏုိင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က ေျပာဆုိထားၿပီး၊ အာဏာသိမ္းစဥ္ကစလုိ႔ ေသဆုံးသူ စုစုေပါင္း ၄၂၃ ေယာက္ ရွိေနၿပီလုိ႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

မြန်မာတပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးမှုတွေအတွက် ကုလအကြီးအကဲ အပြင်းထန်ဆုံးရှုတ်ချ

မြန်မာနိုင်ငံမှာ ကလေးတွေ၊ လူငယ်လူရွယ်တွေ အပါအဝင် အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ရတဲ့အပေါ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က အပြင်းထန်ဆုံးရှုတ်ချလိုက်ပြီး နိုင်ငံတကာက အရေးပေါ် တုံ့ပြန်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေအပေါ် အာဏာပိုင်တွေ ဆက်လက် ဖြိုခွင်းနေရာမှာ စနေနေ့က သေဆုံးမှုအများဆုံး ဖြစ်ခဲ့တာဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ခိုင်ခိုင်မာမာပြတ်ပြတ်သားသားနဲ့ တညီတညွတ်တည်း တုံ့ပြန်ကြဖို့လည်း အတွင်းရေးမှူးချုပ်က တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်တပ် အနေနဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ ဖိနှိပ်မှုတွေမလုပ်ဖို့လည်း ထပ်မံပြောကြားခဲ့ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရ Farhan Haq က စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံက ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူရမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

စနေနေ့က မြန်မာနိုင်ငံမှာ စစ်တပ်က တပ်မတော်နေ့ အခမ်းအနားတွေ ကျင်းပနေချိန်မှာပဲ နိုင်ငံအဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက် နှိမ်နင်းရာက ကလေးငယ်တွေ အပါအဝင် သေဆုံးသူ အနည်းဆုံး ၉၀ ကျော် ရှိခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြောဆိုထားပြီး၊ အာဏာသိမ်းစဉ်ကစလို့ သေဆုံးသူ စုစုပေါင်း ၄၂၃ ယောက် ရှိနေပြီလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG