သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအေပၚ ျမန္မာလူထုရဲ႕ ေမွ်ာ္လင့္ခ်က္ က်ဆင္းလာ (အထူးကိုယ္စားလွယ္)


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာနဲ႔ ပတ္သက္ၿပီး ကုလသမဂၢက အေရးယူ ေဆာင္ရြက္မယ္လို႔ ျမန္မာႏိုင္ငံသားေတြရဲ႕ အားကိုးေမွ်ာ္လင့္မႈေတြ ေလ်ာ့ပါးလာေနၿပီလို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schreiner Bergner က သတိေပးလိုက္ ပါတယ္။

ကုလသမဂၢလံုျခံဳေရးေကာင္စီရဲ႕ မတ္လ ၅ ရက္ေသာၾကာေန႔ ျမန္မာ့အေရး တံခါးပိတ္ေဆြးေႏြးပြဲမွာ သူမက အခုလို ေျပာၾကားခဲ့တာ ျဖစ္ေၾကာင္း အတြင္းေရးမႈးခ်ဳပ္ရံုးေျပာခြင့္ရ Stéphane Dujarric က ေသာၾကာေန႔ ကုလသမဂၢသတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။

“ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီး လံုျခံဳေရးေကာင္စီ အဖြဲ႔ဝင္ႏိုင္ငံေတြရဲ႕ စည္းလံုးညီၫြတ္မႈဟာ ဘယ္တုန္းကနဲ႔မွ မတူေအာင္ လိုအပ္ေနေၾကာင္း သူမကေျပာၾကားခဲ့ပါတယ္။ သစၥာရွိတဲ့ အရပ္ဖက္ဝန္ထမ္းေတြ အပါအဝင္ ျမန္မာႏိုင္ငံသားေတြဟာ တကယ့္ သူရဲေကာင္းေတြ ျဖစ္သလို ႏိုင္ငံ့ဒီမိုကေရစီ ထြန္းကားေရးကို အကာကြယ္ေပးေနသူေတြျဖစ္ၿပီး ဒီလို လူေတြရဲ႕ ကုလသမဂၢနဲ႔ အဖြဲ႔ဝင္ႏိုင္ငံေတြ အေပၚထားရွိတဲ့ ေမွ်ာ္လင့္ခ်က္ဟာ တေျဖးေျဖး ေလ်ာ့ပါးလာေနတာ ေတြ႕ရတယ္လို႔ သတိေပးခဲ့ေၾကာင္း ေျပာသြားတာပါ။

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ ရပ္သြားေအာင္နဲ႔ ႏိုင္ငံတြင္း ဒီမိုကေရစီျပန္ထြန္းကားလာေအာင္ အခ်ိန္ကိုက္ၿပီး ျပင္းျပင္းထန္ထန္ တြန္းအားေပးၾက ရမွာ ျဖစ္ၿပီး ျမန္မာစစ္တပ္ရဲ႕ ဆိုးဆိုးဝါးဝါး ဆက္လက္ လုပ္ေဆာင္ေနတာေတြကို ရႈတ္ခ်ၾကရမွာ ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့တယ္လို႔ ဆိုပါတယ္။

ျမန္မာစစ္တပ္က ေဖေဖၚဝါရီ ၁ ရက္အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး ရက္ရက္စက္စက္ ေျခမႈန္းေနတာျဖစ္ၿပီး အခုဆို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူ ၅၀ ေလာက္ ေသဆံုးခဲ့ရၿပီျဖစ္သလို ျပင္းထန္တဲ့ဒဏ္ရာရသူ အမ်ားအျပား ရွိေနၿပီ ျဖစ္တဲ့အတြက္ လံုျခံဳေရးေကာင္စီအေနနဲ႔ ျမန္မာလံုျခံဳေရးတပ္ေတြ အေပၚ ခိုင္မာျပတ္သားတဲ့ ေၾကညာခ်က္ ထုတ္ျပန္ဖို႔ အလြန္အေရးပါ ေနၿပီျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ ႏိုဝင္ဘာ ေရြးေကာက္ပြဲရလဒ္ကို ေထာက္ခံၿပီး ျမန္မာျပည္သူေတြနဲ႔ တသားတည္း ရပ္တည္ေရးဟာလည္း သိပ္အေရးပါေၾကာင္း မစၥ Bergner က အစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ျမန္မာ့အေရးအတြက္ စုေပါင္းလုပ္ေဆာင္ဖို႔ အေရးတႀကီး လိုအပ္ေနၿပီျဖစ္ေၾကာင္းလည္း လံုျခံဳေရးေကာင္စီမွာ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္ရဲ႕ အရင္ကေရာ အခုလက္ရွိမွာပါ က်ဴးလြန္တဲ့ ရာဇဝတ္ျပစ္မႈေတြ အတြက္ ကင္းလြတ္ခြင့္ ေပးမွာ မဟုတ္ေၾကာင္း လံုျခံဳေရးေကာင္စီက ျပတ္ျပတ္သားသား ျပသရမွာ ျဖစ္သလို က်ဴးလြန္သူေတြ တာဝန္ခံမႈရွိေစဖို႔ ႏိုင္ငံတကာ လုပ္ထံုးလုပ္နည္း ေတြအရ လုပ္ေဆာင္ရမွာ ျဖစ္ေၾကာင္း လံုျခံဳေရးေကာင္စီ အဖြဲ႔ဝင္ေတြကို မစၥ Bergner က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ကုလအပေါ် မြန်မာလူထုရဲ့ မျှော်လင့်ချက် ကျဆင်းလာ (အထူးကိုယ်စားလှယ်)

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက အရေးယူ ဆောင်ရွက်မယ်လို့ မြန်မာနိုင်ငံသားတွေရဲ့ အားကိုးမျှော်လင့်မှုတွေ လျော့ပါးလာနေပြီလို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schreiner Bergner က သတိပေးလိုက် ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မတ်လ ၅ ရက်သောကြာနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမှာ သူမက အခုလို ပြောကြားခဲ့တာ ဖြစ်ကြောင်း အတွင်းရေးမှုးချုပ်ရုံးပြောခွင့်ရ Stéphane Dujarric က သောကြာနေ့ ကုလသမဂ္ဂသတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုဟာ ဘယ်တုန်းကနဲ့မှ မတူအောင် လိုအပ်နေကြောင်း သူမကပြောကြားခဲ့ပါတယ်။ သစ္စာရှိတဲ့ အရပ်ဖက်ဝန်ထမ်းတွေ အပါအဝင် မြန်မာနိုင်ငံသားတွေဟာ တကယ့် သူရဲကောင်းတွေ ဖြစ်သလို နိုင်ငံ့ဒီမိုကရေစီ ထွန်းကားရေးကို အကာကွယ်ပေးနေသူတွေဖြစ်ပြီး ဒီလို လူတွေရဲ့ ကုလသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံတွေ အပေါ်ထားရှိတဲ့ မျှော်လင့်ချက်ဟာ တဖြေးဖြေး လျော့ပါးလာနေတာ တွေ့ရတယ်လို့ သတိပေးခဲ့ကြောင်း ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ ရပ်သွားအောင်နဲ့ နိုင်ငံတွင်း ဒီမိုကရေစီပြန်ထွန်းကားလာအောင် အချိန်ကိုက်ပြီး ပြင်းပြင်းထန်ထန် တွန်းအားပေးကြ ရမှာ ဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ ဆိုးဆိုးဝါးဝါး ဆက်လက် လုပ်ဆောင်နေတာတွေကို ရှုတ်ချကြရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက်အာဏာသိမ်းခဲ့ချိန်ကစပြီး ရက်ရက်စက်စက် ခြေမှုန်းနေတာဖြစ်ပြီး အခုဆို ငြိမ်းချမ်းစွာ ဆန္ဒပြသူ ၅၀ လောက် သေဆုံးခဲ့ရပြီဖြစ်သလို ပြင်းထန်တဲ့ဒဏ်ရာရသူ အများအပြား ရှိနေပြီ ဖြစ်တဲ့အတွက် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာလုံခြုံရေးတပ်တွေ အပေါ် ခိုင်မာပြတ်သားတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ အလွန်အရေးပါ နေပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်ကို ထောက်ခံပြီး မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ရေးဟာလည်း သိပ်အရေးပါကြောင်း မစ္စ Bergner က အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

ဒါ့အပြင် မြန်မာ့အရေးအတွက် စုပေါင်းလုပ်ဆောင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်းလည်း လုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အရင်ကရော အခုလက်ရှိမှာပါ ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေ အတွက် ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ကြောင်း လုံခြုံရေးကောင်စီက ပြတ်ပြတ်သားသား ပြသရမှာ ဖြစ်သလို ကျူးလွန်သူတွေ တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်း တွေအရ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေကို မစ္စ Bergner က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG