သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးကောင်စီကတဆင့် မြန်မာစစ်အာဏာပိုင်တွေကို အရေးယူဖို့ ဗြိတိန်တိုက်တွန်း


ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို ဗြိတိန်နိုင်ငံက အနီးကပ် ဆက်လက်စောင့်ကြည့်နေသလို မကြာခင် ရက်တွေ အတွင်း လုံခြုံရေးကောင်စီကနေ တဆင့် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်သွားဖို့ ရှိကြောင်း သောကြာနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ပြောကြားလိုက်ပါတယ်။

“တရားဥပဒေစိုးမိုးရေးကို လေးစားလိုက်နာဖို့၊ ဥပဒေမဲ့ ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ အရေးပေါ် အခြေနေကြေညာထားတာကို ရုပ်သိမ်းပေးဖို့အပြင် လူ့အခွင့်ရေးနဲ့ လွတ်လပ်ခွင့်အတွက် ကန့်သတ်ထားမှု အားလုံးကို ချက်ချင်းပြန်ရုပ်သိမ်းပေးဖို့ မြန်မာတပ်မတော်ကို ထပ်မံတောင်းဆို လိုက်ကြောင်း၊ မြန်မာပြဿနာကို အထူးသဖြင့် အာဆီယံ အပါအဝင် ဒေသတွင်း အဖွဲ့တွေ ဖြေရှင်းဖို့ လုပ်နေတာကို ထောက်ခံကြောင်း နဲ့ ဗြိတိန်အနေနဲ့ မြန်မာ့အခြေနေကို အနီးကပ်ဆက်လက် စောင့်ကြည့်နေပြီး လုံခြုံရေးကောင်စီကနေတဆင့် နောက်ထပ်အရေးယူမှုတွေကို မကြာခင်ရက်တွေ အတွင်း ချမှတ်သွားမှာ ဖြစ်ကြောင်း”ပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လ စစ်တပ်က အာဏာသိမ်းတာကို မကျေနပ်ကြောင်း ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းနေတာ အတွက် ဗြိတိန်က ရှုတ်ချလိုက်သလို အကြမ်းဖက် သတ်ဖြတ် နှိမ်နင်းမှုမှာ တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ခေါင်းဆောင် အပါအဝင် စစ်တပ်တာဝန်ရှိသူ ၉ ဦးကို မကြာသေးခင်ကပဲ ဗြိတိန်က အရေးယူဒဏ်ခတ်ခဲ့သလို မြန်မာနိုင်ငံအတွက် ဗြိတိန်က ပေးအပ်နေတဲ့ အကူအညီတွေ မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှု ဆိုင်ရာတွေကိုပါ ပြန်လှန် သုံးသပ်နေတာ ဖြစ်ပြီး အခြေနေပိုးဆိုးလာရင် နောက်ထပ် အရေးယူမှုတွေ ချမှတ်ဖို့လည်း အသင့်ရှိကြောင်း ပြောကြားခဲ့တာပါ။

စစ်တပ်က အပြင်းအထန် ခြေမှုန်းနေတဲ့ ကြားက မြန်မာပြည်သူတွေက စစ်တပ်အာဏာသိမ်းတာကို အကြမ်းမဖက်ပဲ CDM လှုပ်ရှားမှု အပါအဝင် နည်းမျိုးစုံနဲ့ ဆက်ပြီး အာဏာဖီဆန် နေကြတာပါ။ တနင်္ဂနွေနေ့ ရဲတွေရဲ့ ဖြိုခွင်းမှုကြောင့် ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသလို ဗုဒ္ဓဟူးနေ့မှာလည်း ၃၈ ဦး သေဆုံးခဲ့ရပါတယ်။ အခုချိန်ထိ သေဆုံးသူ ၅၀ ကျော်ရှိပြီလို့ ကုလသမဂ္ဂက ပြောသလို နိုင်ငံရေးအကျဉ်းသားကူညီရေးအဖွဲ့ AAPPB ရဲ့ စာရင်းအရ အဖမ်းဆီးခံနေရသူ တထောင်ကျော် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


............


(Unicode)






ဆက်စပ်သတင်းများ ...

XS
SM
MD
LG