သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလဆိုင္ရာ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ အျဖစ္ ဘယ္သူကိုေ႐ြးမလဲ


(ဓါတ္ပံု-UNIVERSAL RIGHTS GROUP NYC)

(Zawgyi/Unicode)

ကုလသမဂၢဆိုင္ရာ ျမန္မာ အၿမဲတမ္း ကိုယ္စားလွယ္ အျဖစ္ ဘယ္သူ႔ကို လက္ခံမလဲ ဆိုတာကို ကုလသမဂၢဘက္က စဥ္းစား ဆံုးျဖတ္ဖို႔ ရွိေနေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က အဂၤါေန႔ သတင္းစာ ရွင္းလင္းပြဲမွာ ေျဖၾကားခဲ႔ပါတယ္။

ျမန္မာ႔ စစ္အာဏာသိမ္းမႈကို ကုလသမဂၢ ဘက္က အေရးယူ ေဆာင္ရြက္ဖို႔ ကုလသမဂၢ အေထြေထြ ညီလာခံမွာ တိုက္တြန္းခဲ႔တဲ႔ ကုလသမဂၢ ဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း က သူဟာ ကုလသမဂၢရဲ႕ ျမန္မာ ကိုယ္စားလွယ္ အျဖစ္ ဆက္လက္တည္ရွိေနေၾကာင္း မတ္လ ၁ ရက္ေန႔ ရက္စြဲနဲ႔ ကုလသမဂၢထံ တင္ျပထားတာပါ။

စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကလည္း ကုလသမဂၢ ဆိုင္ရာ ျမန္မာ အၿမဲတမ္း ကိုယ္စားလွယ္ အျဖစ္ လက္ရွိ ဒုတိယ အၿမဲတမ္း ကိုယ္စားလွယ္ အျဖစ္ တာ၀န္ယူေနတဲ႔ ဦးတင္ေမာင္ႏုိင္ကို ခန္႔အပ္ေၾကာင္းနဲ႔ ကုလသမဂၢဘက္က သံုးသပ္ေပးဖို႔ မတ္လ ၂ ရက္ေန႔ ရက္စြဲနဲ႔ ကုလသမဂၢထံကို စာတင္ထားတာပါ။

ဒီစာႏွစ္ေစာင္ကို ကုလသမဂၢဘက္က လက္ခံရရွိထားၿပီး ႏုိင္ငံေတြရဲ႕ ကိုယ္စားလွယ္ေတြ ခန္႔ထားေရးနဲ႔ သက္ဆိုင္တဲ႔ ကုလသမဂၢ အေထြေထြ ညီလာခံ Credentials Committee က အျမန္ဆံုး သံုးသပ္ ေဆာင္ရြက္သြားမယ္လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုခဲ႔ပါတယ္။

မတ္လ ၁ ရက္ေန႔ တနလာၤေန႔ တုန္းကေတာ့ ကုလသမဂၢ ဆိုင္ရာ အေမရိကန္ သံအမတ္ႀကီးကေရာ၊ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရကေရာ ဦးေက်ာ္မိုးထြန္းဟာ ျမန္မာ သံအမတ္ႀကီး အျဖစ္ ဆက္လက္ရွိေနေၾကာင္း ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဘယ်သူကိုရွေးမလဲ

(Unicode)

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ဘယ်သူ့ကို လက်ခံမလဲ ဆိုတာကို ကုလသမဂ္ဂဘက်က စဉ်းစား ဆုံးဖြတ်ဖို့ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

မြန်မာ့ စစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂ ဘက်က အရေးယူ ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တိုက်တွန်းခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က သူဟာ ကုလသမဂ္ဂရဲ့ မြန်မာ ကိုယ်စားလှယ် အဖြစ် ဆက်လက်တည်ရှိနေကြောင်း မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂထံ တင်ပြထားတာပါ။

စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကလည်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် လက်ရှိ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် တာဝန်ယူနေတဲ့ ဦးတင်မောင်နိုင်ကို ခန့်အပ်ကြောင်းနဲ့ ကုလသမဂ္ဂဘက်က သုံးသပ်ပေးဖို့ မတ်လ ၂ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂထံကို စာတင်ထားတာပါ။

ဒီစာနှစ်စောင်ကို ကုလသမဂ္ဂဘက်က လက်ခံရရှိထားပြီး နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ခန့်ထားရေးနဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ Credentials Committee က အမြန်ဆုံး သုံးသပ် ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ တနလာၤနေ့ တုန်းကတော့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကရော၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရကရော ဦးကျော်မိုးထွန်းဟာ မြန်မာ သံအမတ်ကြီး အဖြစ် ဆက်လက်ရှိနေကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG