သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေးကောင်စီက ကုလသံအမတ်ကြီးကို ထုတ်ပယ်


နယူးယောက် မြန်မာကုလကိုယ်စားလှယ်သစ် ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)
နယူးယောက် မြန်မာကုလကိုယ်စားလှယ်သစ် ကုလအမြဲတမ်းကိုယ်စားလှယ်တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း။ (ဓာတ်ပုံ - Ministry of Foreign Affairs Myanmar - စက်တင်ဘာ ၂၃၊ ၂၀၂၀)

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဝန်ထမ်းအဖြစ်က ထုတ်ပယ်လိုက်တဲ့အကြောင်း အာဏာသိမ်းစစ်တပ်က ဖွဲ့စည်းထားတဲ့ စစ်ဘက်အုပ်ချပ်ရေးကောင်စီက နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်ထားသူ ဦးဝဏ္ဏမောင်လွင်က ဒီကနေ့ရက်စွဲနဲ့ လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ နည်းဥပဒေပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တာကြောင့်ဆိုပြီး ဦးဝဏ္ဏမောင်လွင်ရဲ့ အမိန့်ကြော်ညာစာမှာ ဖော်ပြထားပါတယ်။

ဥပဒေနဲ့နည်းဥပဒေ နံပါတ်တွေကို အမိန့်ထဲမှာဖော်ပြထားပေမယ့် ဘယ်လို ဖောက်ဖျက်ကျူးလွန်တာလဲ ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်က အာဏာသိမ်းတာကို အသိအမှတ်မပြုဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဦးဆောင်တဲ့ အစိုးရကိုပဲ ကုလသမဂ္ဂမှာ ဆက်ပြီး ကိုယ်စားပြုသွားမယ်လို့ မနေ့ကျင်းပတဲ့ မြန်မာ့အရေး ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေးအတွင်း တရားဝင်ကြေညာခဲ့ပြီးတဲ့နောက် ဒီအမိန့်ထွက်လာတာပါ။

ဦးဝဏ္ဏမောင်လွင်ရဲ့ အခုအမိန့်ကြော်ညာစာကြောင့် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကိုယ်စားပြုမှုအပေါ် ဘယ်လိုသက်ရောက်မှုရှိမယ်ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener ကတော့ စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေတာကို အသိအမှတ်မပြုဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းထားပါတယ်။

Unicode








#MyanmarMilitaryCoup #MyanamrDiplomacy #SAC #H.EKyawMoeTun #WhatIsHappeningInMyanmar #VOABurmes

XS
SM
MD
LG