သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခ်ိ္န္မေႏွာင္းခင္ ျမန္မာျပည္သူေတြကုိ ႏုိင္ငံတကာက အကာအကြယ္ေပးဖုိ႔ ေဒါက္တာဆာဆာ ပန္ၾကား


Dr. Sasa

[ Zawgyi / Unicode ]

ျမန္မာစစ္တပ္က ဆႏၵျပျပည္သူေတြ အေပၚ ဆက္ၿပီး အၾကမ္းဖက္ၿဖိဳခြဲ ေနတဲ့အတြက္ အခ်ိန္သိပ္မေႏွာင္းခင္ ကမာၻက အေရးယူေဆာင္ရြက္ၾကဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ CRPH ရဲ့ ကုလသမဂၢဆိုင္ရာ ျမန္မာအထူးကိုယ္စားလွယ္ ေဒါက္တာဆာဆာ က ပန္ၾကားလို္က္ပါတယ္။

ႏိုင္ငံတကာ အသိုင္းအဝိုင္းအေနနဲ႔ အခုပဲ အေရးယူေဆာင္ရြက္ ၾကရမွာ ျဖစ္ၿပီး အဲဒီမွာ ပစ္မွတ္ထား အေရးယူမႈကို ႏုိင္ငံတကာ အသိုင္းဝိုင္းက တၿပိဳင္တည္း လုပ္ၾကရမွာ ျဖစ္တဲ့ အျပင္ အခ်ိန္သိပ္မေႏွာင္းခင္မွာ ပဲ အေရးယူလုပ္ေဆာင္ၾကဖို႔ ေျပာသြားတာပါ။

လက္ရွိမွာ ၿဗိတိန္နဲ႔ အေမရိကန္အစိုးရေတြက ျမန္မာစစ္တပ္ပိုင္ စီပြါးေရးလုပ္ငန္းေတြကိုု ပစ္မွတ္ထား အေရးယူေနတာအတြက္ ေက်းဇူးတင္ေၾကာင္းနဲ႔ ဒီစီးပြါးေရးလုပ္ငန္း ေတြကေနရတဲ့ ဝင္ေငြနဲ႔ ျမန္မာစစ္တပ္က ျပည္သူကို သတ္ျဖတ္မယ့္ လက္နက္ေတြဝယ္ယူေနတာေၾကာင့္ အခ်ိန္မွီ ကမာၻက အေရးယူဖုိ႔ လိုတယ္လို႔ Sky News နဲ႔ စေနေန႔ ေတြ႔ဆံုခန္းမွာ ေဒါက္တာဆာဆာက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ျမန္မာစစ္တပ္ဟာ လူသားမ်ိဳးႏြယ္အေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ စစ္ရာဇဝတ္မႈေတြ က်ဴးလြန္ေနေၾကာင္းနဲ႔ အရပ္သားျပည္သူေတြအေပၚ သူတုိ႔ရဲ့ သတ္ျဖတ္ေနမႈေတြ မရပ္မခ်င္း စစ္ဗိုလ္ခ်ဳပ္ႀကီးေတြနဲ႔ ေဆြးေႏြးဖို႔ မျဖစ္ႏိုင္ဘူးလို႔လည္း ေျပာပါတယ္။

မတ္လ ၂၇ ရက္ တရက္ထဲမွာတင္ ေသဆံုးရသူေပါင္း ၉ ၀ ေက်ာ္ရွိခဲ့တဲ့အတြက္ အခုဆို ေသဆံုးရသူ စုစုေပါင္း ၄၂၃ ဦး ရွိသြားၿပီလို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP က သတင္းထုတ္ျပန္ထားပါတယ္။ ဒီအေရအတြက္ဟာ အတည္ျပဳႏိုင္သူေတြကို သာထည့္သြင္းထားတဲ့ အတြက္ တကယ္တမ္း ေသဆံုးရသူဦးေရကေတာ့ ဒီ့ထက္ပိုမ်ားႏုိင္တယ္လို႔လည္း ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

အချိန်မနှောင်းခင် မြန်မာပြည်သူတွေကို နိုင်ငံတကာက အကာအကွယ်ပေးဖို့ ဒေါက်တာဆာဆာ ပန်ကြား

မြန်မာစစ်တပ်က ဆန္ဒပြပြည်သူတွေ အပေါ် ဆက်ပြီး အကြမ်းဖက်ဖြိုခွဲ နေတဲ့အတွက် အချိန်သိပ်မနှောင်းခင် ကမ္ဘာက အရေးယူဆောင်ရွက်ကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ က ပန်ကြားလိုက်ပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အခုပဲ အရေးယူဆောင်ရွက် ကြရမှာ ဖြစ်ပြီး အဲဒီမှာ ပစ်မှတ်ထား အရေးယူမှုကို နိုင်ငံတကာ အသိုင်းဝိုင်းက တပြိုင်တည်း လုပ်ကြရမှာ ဖြစ်တဲ့ အပြင် အချိန်သိပ်မနှောင်းခင်မှာ ပဲ အရေးယူလုပ်ဆောင်ကြဖို့ ပြောသွားတာပါ။

လက်ရှိမှာ ဗြိတိန်နဲ့ အမေရိကန်အစိုးရတွေက မြန်မာစစ်တပ်ပိုင် စီပွါးရေးလုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူနေတာအတွက် ကျေးဇူးတင်ကြောင်းနဲ့ ဒီစီးပွါးရေးလုပ်ငန်း တွေကနေရတဲ့ ဝင်ငွေနဲ့ မြန်မာစစ်တပ်က ပြည်သူကို သတ်ဖြတ်မယ့် လက်နက်တွေဝယ်ယူနေတာကြောင့် အချိန်မှီ ကမ္ဘာက အရေးယူဖို့ လိုတယ်လို့ Sky News နဲ့ စနေနေ့ တွေ့ဆုံခန်းမှာ ဒေါက်တာဆာဆာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်းနဲ့ အရပ်သားပြည်သူတွေအပေါ် သူတို့ရဲ့ သတ်ဖြတ်နေမှုတွေ မရပ်မချင်း စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့လည်း ပြောပါတယ်။

မတ်လ ၂၇ ရက် တရက်ထဲမှာတင် သေဆုံးရသူပေါင်း ၉ ၀ ကျော်ရှိခဲ့တဲ့အတွက် အခုဆို သေဆုံးရသူ စုစုပေါင်း ၄၂၃ ဦး ရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအရေအတွက်ဟာ အတည်ပြုနိုင်သူတွေကို သာထည့်သွင်းထားတဲ့ အတွက် တကယ်တမ်း သေဆုံးရသူဦးရေကတော့ ဒီ့ထက်ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG