သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ႏွိမ္နင္းမႈေၾကာင္႔ ကေလးမ်ားေသဆံုးရမႈ ကုလအတြင္းေရးမွဴးခ်ဳပ္ အထူးစိုးရိမ္


အသက္၁၆အရြယ္ ၁၀တန္းေက်ာင္းသား ေအာင္ေကာင္းထက္ရဲ႕ ဈာပန အခမ္းအနား

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္လႈပ္ရွားမႈေတြကို အာဏာပိုင္ေတြ အၾကမ္းဖက္ ႏွိမ္နင္းရာက အသက္ ၇ ႏွစ္အရြယ္ ကေလးတဦး အပါအ၀င္ ထိခိုက္ေသဆုံးမႈေတြ တိုးလာေနတဲ့အေပၚ ကုလသမဂၢ အပါအ၀င္ ႏိုင္ငံတကာက ထပ္မံသတိေပး ေနပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းတဲ့ လုပ္ရပ္ေတြကိုရပ္ဖို႔ တိုက္တြန္းေနတဲ့ ၾကားမွာပဲ ႏိုင္ငံအ၀န္း ေသေက်ထိခိုက္မႈ သတင္းေတြလည္း ဆက္လက္ ထြက္ေပၚေနတာေၾကာင့္ ႏိုင္ငံတကာက စိုးရိမ္ေနၾကတာပါ။ ဒီအေၾကာင္း မျမသဇင္ေအာင္က ေျပာျပမွာပါ။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြကို အင္အားသုံးႏွိမ္ႏွင္းတာေၾကာင့္ ေသဆုံးရတဲ့အထဲ ကေလးငယ္ေတြလည္း ပါဝင္ေနတဲ့အေပၚ အလြန္စိုးရိမ္မိတယ္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ဒုတိယ ေျပာေရးဆိုခြင့္ရွိသူ Farhan Haq က ေျပာပါတယ္။

“က်ည္အစစ္ အသုံးျပဳတာ အပါအဝင္ ကေလးငယ္ေတြ အေပၚ ဆက္လက္ၿပီး အင္အားသုံးႏွိမ္နင္းေနတဲ့အေပၚ အထူးစိုးရိမ္ေၾကာင္း ျမန္မာဆိုင္ရာ ကုလသမဂၢ႐ုံးက ေျပာပါတယ္။ လုံျခံဳေရးတပ္ဖဲြ႕ေတြ အေနနဲ႔ အၾကမ္းဖက္ လုပ္ရပ္ေတြ မလုပ္ၾကဖို႔နဲ႔ ကေလးေတြနဲ႔ လူငယ္ေတြ အႏၲရာယ္မျဖစ္ေအာင္ ေဆာင္ရြက္ဖို႔လည္း ထပ္မံေတာင္းဆိုလိုက္ပါတယ္။”

ကုလသမဂၢ ကေလးငယ္မ်ား ရန္ပုံေငြအဖြဲ႕ UNICEF စာရင္းေတြအရ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ ေနာက္ပိုင္း ဆႏၵျပပြဲအင္အားသုံး ၿဖိဳခြဲတာေတြေၾကာင့္ ကေလးငယ္ အနည္းဆုံး ၂၃ ေယာက္ ေသဆုံးခဲ့ရၿပီး ျပင္းျပင္းထန္ထန္ဒဏ္ရာရသူ ၁၁ ေယာက္ရွိေၾကာင္းလည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ေျပာခြင့္ရ Farhan Haq ကေျပာပါတယ္။

မေန႔တုန္းက မႏၲေလးၿမိဳ႕မွာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြရဲ႕ လက္ခ်က္နဲ႔ ၇ ႏွစ္အ႐ြယ္ ကေလးငယ္တေယာက္ ေသဆုံးခဲ့ရတဲ့အတြက္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္သူေတြအေပၚ အင္အားသုံးႏွိမ္ႏွင္းရာက ေသဆုံးခဲ့ရသူေတြထဲ အသက္အငယ္ဆုံး လည္း ျဖစ္ခဲ့ပါတယ္။ ၇ ႏွစ္အရြယ္ ကေလးငယ္ဟာ အိမ္ထဲမွာ ဖခင္ျဖစ္သူနဲ႔အတူ ရွိေနတုန္း ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရတာလို႔လည္း မိသားစု၀င္ေတြနဲ႔ နီးစပ္သူေတြက သတင္းမီဒီယာေတြကို ေျပာပါတယ္။

တနလၤာေန႔တုန္းကလည္း မႏၲေလး ဆင္ေျခဖုံး ရပ္ကြက္က အသက္ ၁၄ ႏွစ္ အ႐ြယ္ ေယာက်ၤားေလး တဦး က်ည္ထိ ေသဆုံးခဲ့ရပါတယ္။ မႏၲေလးမွာ ဒီရက္ပိုင္းအတြင္း ပစ္ခတ္ခံရလို႔ ေသဆုံးသူေတြထဲမွာ အသက္ ၁၈ ႏွစ္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါဝင္ေနလို အသက္ ၂၀ ေက်ာ္လူငယ္ေတြလည္း ပါဝင္ပါတယ္။

မႏၲေလး ျမရည္နႏၵာအိမ္ယာက လူေနအိမ္ေတြကို တနလၤာေန႔က ပစ္ခတ္မႈေၾကာင့္ အသက္ ၁၄ ႏွစ္အ႐ြယ္ ကေလးငယ္ ေမာင္ထြန္းထြန္းေအာင္ ကို ေသနတ္ထိမွန္ေသဆုံးခဲ့ရတာပါ။ ကေလးငယ္က ဆႏၵျပသူေတြထဲပါဝင္တာ မဟုတ္ဘဲ အိမ္မွာေနရင္း ေသနတ္ထိမွန္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ မိခင္ျဖစ္သူကေျပာပါတယ္။

“ကေလးက တံခါးေပါက္ေလး ပိတ္မလို႔ေလ ၊ က်ေနာ္ယူက်ံဳးမရဘူးေလ။ ကေလးေလးက စေနသားေလးပါေနာ္။ ငါ့သားငယ္ပါေသးတယ္ ငါ့သားလိုက္ခ်င္ရင္ အေမက ေသတဲ့ အရြယ္ေရာက္မွ လက္ခုပ္တီး အားေပးမယ္လို႔ ငါသားေရ ႏိုင္ပါေစလို႔။ သားအမိ ၂ ေယာက္ ႏွေျမွာတယ္ ေျပာေနတာ။ငါရင္က်ိဳးလို႔ ေျပာေနတယ္၊ ငယ္ပါေသးတယ္လို႔ ေျပာတာ။”

မႏၲေလးၿမိဳ႕မွာ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ပစ္ခတ္ေနတာေၾကာင့္ ေန႔စဥ္လူေသဆုံးမႈေတြ ျဖစ္ေပၚေနၿပီး မေန႔တုန္းက တရက္ထဲ မွာ ၄ ေယာက္ေသဆုံးၿပီး ေသဆုံးသူေတြထဲမွာ အသက္မျပည့္ေသးတဲ့ ကေလးငယ္ေတြ ပါဝင္လာတယ္လို႔ ကယ္ဆယ္ေရးအဖြဲ႕ဝင္ တဦးက ဗြီအိုေအကို ေျပာပါတယ္။

“၁၂ ႏွစ္ ကေလးမေလးတေယာက္က ကားနဲ႔ပို႔ေနရင္း ကားေပၚမွာပဲေသသြားတယ္။ ၿပီးရင္ လဖက္ရည္ဆိုင္ေပါ့ေနာ္ သီဟမင္းလားမသိဘူး အဲ့လဖက္ရည္ဆိုင္က ေကာင္ေလးက သူတို႔ေတြ လာလို႔ဆိုၿပီး ယင္းလိတ္တံခါးကို ဆြဲခ်လိုက္တဲ့အခ်ိန္မွာ အဲ့ယင္းလိတ္တံခါးကို ပစ္လိုက္တဲ့ဟာက နဖူးကို ဒိုးယိုေပါက္သြားၿပီး ဆုံးသြားတယ္။ အခု ၃ ေယာက္ရယ္ မနက္က ဒီဘက္မွာ တေယာက္ေသသြားေသးတယ္”

ေနျပည္ေတာ္မွာ အဂၤါေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာေတာ့ စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆႏၵျပျပည္သူေတြဘက္က အၾကမ္းဖက္လုပ္ရပ္ေတြေၾကာင့္ အင္အားသုံးႏွိမ္ႏွင္းရတာ ျဖစ္ေၾကာင္း ကာကြယ္ေျပာဆိုခဲ့ပါတယ္။ ႏိုင္ငံေရး အက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရး အသင္း AAPP ရဲ႕ အဂၤါေန႔က စာရင္းအရ လုံျခံဳေရး တပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ ေသဆုံးသူအျဖစ္ အတည္ျပဳႏိုင္သူ ၂၆၀ ေက်ာ္ရွိေၾကာင္း ေျပာဆိုထားၿပီး၊ လက္ေတြ႕မွာ ဒီထက္ ပိုမ်ားႏိုင္တယ္လို႔လည္း ေျပာပါတယ္။

ႏိုင္ငံတကာ ပရဟိတ အဖဲြ႕အစည္းတခုျဖစ္တဲ့ Save the Children အဖဲြ႕ကလည္း မႏၲေလးၿမိဳ႕မွာ ၇ ႏွစ္အရြယ္ ကေလးတဦး အပါအ၀င္ ကေလးငယ္ေတြ ေသဆုံးမႈေတြ တိုးလာေနတဲ့အေပၚ အဂၤါေန႔မွာပဲ သတိေပးလိုက္ပါတယ္။ လုံျခံဳေရးတပ္ဖဲြ႕ေတြ လက္ခ်က္နဲ႔ တနလၤာေန႔နဲ႔ အဂၤါေန႔မွာ ေနာက္ထပ္ ေသဆုံးတဲ့ ၃ ဦး အပါအ၀င္ အခုဆိုရင္ ကေလးငယ္ ၂၀ ေက်ာ္ ေသဆုံးၿပီး၊ ၁၇ ေယာက္ထက္ မနည္းဟာလည္း ဖမ္းဆီးခံထားရေၾကာင္းလည္း ေျပာပါတယ္။ ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ ေသဆုံးရသူေတြထဲမွာ ကေလးငယ္ေတြ ပါ၀င္ေနတာကို ထိတ္လန္႔တုန္လႈပ္ဖြယ္ ေတြ႕ေနရေၾကာင္းလည္း အဂၤါေန႔က ထုတ္ျပန္ခ်က္မွာ Save the Children အဖဲြ႕က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

အကြမ်းဖက်နှိမ်နင်းမှုကြောင့် ကလေးများသေဆုံးရမှု ကုလအတွင်းရေးမှူးချုပ် အထူးစိုးရိမ်

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းရာက အသက် ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ထပ်မံသတိပေး နေပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်တွေကိုရပ်ဖို့ တိုက်တွန်းနေတဲ့ ကြားမှာပဲ နိုင်ငံအဝန်း သေကျေထိခိုက်မှု သတင်းတွေလည်း ဆက်လက် ထွက်ပေါ်နေတာကြောင့် နိုင်ငံတကာက စိုးရိမ်နေကြတာပါ။ ဒီအကြောင်း မမြသဇင်အောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို အင်အားသုံးနှိမ်နှင်းတာကြောင့် သေဆုံးရတဲ့အထဲ ကလေးငယ်တွေလည်း ပါဝင်နေတဲ့အပေါ် အလွန်စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောပါတယ်။

“ကျည်အစစ် အသုံးပြုတာ အပါအဝင် ကလေးငယ်တွေ အပေါ် ဆက်လက်ပြီး အင်အားသုံးနှိမ်နင်းနေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေ မလုပ်ကြဖို့နဲ့ ကလေးတွေနဲ့ လူငယ်တွေ အန္တရာယ်မဖြစ်အောင် ဆောင်ရွက်ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပါတယ်။”

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ UNICEF စာရင်းတွေအရ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဆန္ဒပြပွဲအင်အားသုံး ဖြိုခွဲတာတွေကြောင့် ကလေးငယ် အနည်းဆုံး ၂၃ ယောက် သေဆုံးခဲ့ရပြီး ပြင်းပြင်းထန်ထန်ဒဏ်ရာရသူ ၁၁ ယောက်ရှိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြောခွင့်ရ Farhan Haq ကပြောပါတယ်။

မနေ့တုန်းက မန္တလေးမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ၇ နှစ်အရွယ် ကလေးငယ်တယောက် သေဆုံးခဲ့ရတဲ့အတွက် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေအပေါ် အင်အားသုံးနှိမ်နှင်းရာက သေဆုံးခဲ့ရသူတွေထဲ အသက်အငယ်ဆုံး လည်း ဖြစ်ခဲ့ပါတယ်။ ၇ နှစ်အရွယ် ကလေးငယ်ဟာ အိမ်ထဲမှာ ဖခင်ဖြစ်သူနဲ့အတူ ရှိနေတုန်း ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့လည်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက သတင်းမီဒီယာတွေကို ပြောပါတယ်။

တနင်္လာနေ့တုန်းကလည်း မန္တလေး ဆင်ခြေဖုံး ရပ်ကွက်က အသက် ၁၄ နှစ် အရွယ် ယောင်္ကျားလေး တဦး ကျည်ထိ သေဆုံးခဲ့ရပါတယ်။ မန္တလေးမှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်ခံရလို့ သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်နေလို အသက် ၂၀ ကျော်လူငယ်တွေလည်း ပါဝင်ပါတယ်။

မန္တလေး မြရည်နန္ဒာအိမ်ယာက လူနေအိမ်တွေကို တနင်္လာနေ့က ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးငယ် မောင်ထွန်းထွန်းအောင် ကို သေနတ်ထိမှန်သေဆုံးခဲ့ရတာပါ။ ကလေးငယ်က ဆန္ဒပြသူတွေထဲပါဝင်တာ မဟုတ်ဘဲ အိမ်မှာနေရင်း သေနတ်ထိမှန် သေဆုံးခဲ့တာဖြစ်တယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“ကလေးက တံခါးပေါက်လေး ပိတ်မလို့လေ ၊ ကျနော်ယူကျုံးမရဘူးလေ။ ကလေးလေးက စနေသားလေးပါနော်။ ငါ့သားငယ်ပါသေးတယ် ငါ့သားလိုက်ချင်ရင် အမေက သေတဲ့ အရွယ်ရောက်မှ လက်ခုပ်တီး အားပေးမယ်လို့ ငါသားရေ နိုင်ပါစေလို့။ သားအမိ ၂ ယောက် နှမြှောတယ် ပြောနေတာ။ငါရင်ကျိုးလို့ ပြောနေတယ်၊ ငယ်ပါသေးတယ်လို့ ပြောတာ။”

မန္တလေးမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်နေတာကြောင့် နေ့စဉ်လူသေဆုံးမှုတွေ ဖြစ်ပေါ်နေပြီး မနေ့တုန်းက တရက်ထဲ မှာ ၄ ယောက်သေဆုံးပြီး သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ ပါဝင်လာတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက ဗွီအိုအေကို ပြောပါတယ်။

“၁၂ နှစ် ကလေးမလေးတယောက်က ကားနဲ့ပို့နေရင်း ကားပေါ်မှာပဲသေသွားတယ်။ ပြီးရင် လဖက်ရည်ဆိုင်ပေါ့နော် သီဟမင်းလားမသိဘူး အဲ့လဖက်ရည်ဆိုင်က ကောင်လေးက သူတို့တွေ လာလို့ဆိုပြီး ယင်းလိတ်တံခါးကို ဆွဲချလိုက်တဲ့အချိန်မှာ အဲ့ယင်းလိတ်တံခါးကို ပစ်လိုက်တဲ့ဟာက နဖူးကို ဒိုးယိုပေါက်သွားပြီး ဆုံးသွားတယ်။ အခု ၃ ယောက်ရယ် မနက်က ဒီဘက်မှာ တယောက်သေသွားသေးတယ်”

နေပြည်တော်မှာ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆန္ဒပြပြည်သူတွေဘက်က အကြမ်းဖက်လုပ်ရပ်တွေကြောင့် အင်အားသုံးနှိမ်နှင်းရတာ ဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အင်္ဂါနေ့က စာရင်းအရ လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးသူအဖြစ် အတည်ပြုနိုင်သူ ၂၆၀ ကျော်ရှိကြောင်း ပြောဆိုထားပြီး၊ လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။

နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းတခုဖြစ်တဲ့ Save the Children အဖွဲ့ကလည်း မန္တလေးမြို့မှာ ၇ နှစ်အရွယ် ကလေးတဦး အပါအဝင် ကလေးငယ်တွေ သေဆုံးမှုတွေ တိုးလာနေတဲ့အပေါ် အင်္ဂါနေ့မှာပဲ သတိပေးလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ နောက်ထပ် သေဆုံးတဲ့ ၃ ဦး အပါအဝင် အခုဆိုရင် ကလေးငယ် ၂၀ ကျော် သေဆုံးပြီး၊ ၁၇ ယောက်ထက် မနည်းဟာလည်း ဖမ်းဆီးခံထားရကြောင်းလည်း ပြောပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် သေဆုံးရသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်နေတာကို ထိတ်လန့်တုန်လှုပ်ဖွယ် တွေ့နေရကြောင်းလည်း အင်္ဂါနေ့က ထုတ်ပြန်ချက်မှာ Save the Children အဖွဲ့က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG