သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး လံုၿခံဳေရးေကာင္စီ ခုထက္ပိုေဆာင္ရြက္လာဖို႔ လႈပ္ရွားသူေတြ ေတာင္းဆို


မွတ္တမ္းဓါတ္ပံု - ၂၀၁၈ ေမလတုန္းက ျမန္မာ့အေရး လံုၿခံဳေရးေကာင္စီ ေဆြးေႏြးပြဲတခု

(Zawgyi/Unicode)

ျမန္မာႏိုင္ငံရဲ႕ အေျခေနသိပ္ဆိုးဝါးလာေနတာအတြက္ ကုလသမဂၢလံုျခံဳေရးေကာင္စီက အထူးစိုးရိမ္ေၾကာင္းနဲ႔ စစ္တပ္ဘက္က အဆံုးစြန္းထိန္းထိန္းသိမ္းသိမ္း လုပ္ဖို႔ ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုမႈဟာ ေသေရးရွင္ေရးျဖစ္ေနတဲ့ ျမန္မာႏိုင္ငံအတြက္ လံုေလာက္မႈမရွိတာေၾကာင့္ ပိုထိေရာက္ေအာင္ လုပ္ေဆာင္ေပးဖို႔ ျမန္မာ့အေရးလႈပ္ရွားေနသူေတြက ေတာင္းဆိုလိုက္ပါတယ္။

လံုျခံဳေရးေကာင္စီရဲ႕ မတ္လ ၃၁ ရက္ ဗုဒၶဟူးေန႔ ျမန္မာ့အေရး တံခါးပိတ္ေဆြးေႏြးပြဲရလဒ္ကို ၾကာသပေတးေန႔မွာ ထုတ္ျပန္ ေၾကညာခဲ့တာ ျဖစ္ၿပီး အခု ထုတ္ျပန္ခ်က္ဟာ အရင္ကထက္ ပိုအားေကာင္းလာေပမယ့္ ခုထက္ပိုထိေရာက္ေအာင္ လုပ္ေဆာင္ဖို႔လိုေနေသးတယ္လို႔ ေဝဖန္ၾကတာ ျဖစ္ပါတယ္။အျပည့္အစံုကို ကိုဝင္းမင္းက ေျပာျပေပးပါမယ္။

ဒီ ကုလ လံုျခံဳေရးေကာင္စီရဲ႕ေၾကညာခ်က္အေပၚ အာဏာသိမ္းခံလိုက္ရတဲ့ အရင္အစိုးရပါတီ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဗဟိုအလုပ္အမူေဆာင္အဖြဲ႔ဝင္ ဦးေအာင္ၾကည္ညြန္႔က

“သူတို႔ အရင္ထုတ္ျပန္ထားတဲ့ အခ်ိန္ကေနစၿပီးေတာ့ သိပ္ၿပီးေတာ့ အားေကာင္းတဲ့ ထူးထူးေထြေထြ တိုးတက္မႈမ်ိဳးေတာ့ ရွိမလာဘူး။ လံုျခံဳေရးေကာင္စီအေနနဲ႔လည္း သူ႔အခက္အခဲေတြလည္း ရွိေကာင္းရွိႏုိင္မွာေပါ့ ဒါေပမယ့္လို႔ ဒီလိုအေျခအေနမ်ိဳးမ်ာ တဆင့္နဲ႔ တဆင့္ကေတာ့ ပိုၿပီးေတာ့ အသံမာလာတယ္ ဆိုတာမ်ိဳးကိုေတာ့ က်ေနာ္တို႔ကေတာ့ လက္ကမ္းႀကိဳဆိုရမွာပါ။”

ဒါ့အျပင္ ဒဂံုတကၠသိုလ္၊ ႏိုင္ငံတကာဆက္ဆံေရးပညာဘာသာရပ္ ယူေနၿပီး လက္ရွိ ဆႏၵျပပြဲေတြမွာ ပါ၀င္ေနတဲ့ အမည္မေဖာ္လိုသူ Generation Z အဖြဲ႔၀င္တဦးကလည္း

“ အခုအခ်ိန္ သူတို႔က ေတာင္းဆိုလိုက္တယ္၊ ေတာင္းဆိုလိုက္တယ္ ဆိုတာပဲ ျဖစ္ေနတာေပ့ါ။ ေတာ္ေတာ္မ်ားမ်ားလည္း လူငယ္ေတြၾကားမွာ ေ၀ဖန္သံေတြက ျမင့္တက္ေနတာေပါ့ UN အေပၚကို။ ဒါေပမယ့္ က်ေနာ္တို႔အခုလိုခ်င္ေနတာက UNရဲ႕ ေတာင္းဆိုတယ္ဆိုတာ ဘယ္လိုေျပာမလဲ သူ႔ရဲ႕ အမိန္႔ေပးစကားေပါ့ အဲဒါကို ပိုၿပီးလိုခ်င္တာ။ စစ္ေကာင္စီအစိုးရအေနနဲ႔ ျပည္သူေတြအေပၚမွာ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြ မလုပ္ဘူး ၊ ေတာင္းဆိုလိုက္တဲ့ေနရာမွာ အမိန္႔ေပးလိုက္သည္ေပါ့။”

ဒါေပမယ့္ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကေတာ့ အခုလို အမိန္႔ေပးတဲ့အဆင့္ျဖစ္တဲ့ resolution (ေခၚ)ဆံုးျဖတ္ခ်က္က်တဲ့ အဆင့္မ်ိဳးထက္စာရင္ေတာ့ ဒီေၾကညာခ်က္ Statement အဆင့္က နိမ့္ေပမယ့္ အားလံုးပါ၀င္ေအာင္ လုပ္ရတဲ့ လံုျခံဳေရးေကာင္စီရဲ႕ အခက္အခဲကို အခုလို ရွင္းျပပါတယ္။

“Press Statement ဆိုတာက ဟိုဟာနဲ႔ ယွဥ္လိုက္ရင္ေတာ့ Degree ေပ်ာ့တာေပါေ့နာ္ ။ ဒါေပမယ့္ အထဲမွာ ပါတဲ့ စာသားေတြ ၾကည့္လိုက္တယ္ဆိုရင္ေတာ့ အရင္တေခါက္က မပါတဲ့ အခ်က္အလက္ေလးေတြ ေတြ႔ရတယ္ခင္ဗ်ာ ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီလိုမ်ိဳး Press Statement ထုတ္ႏိုင္တာလည္း အဖြဲ႔၀င္ႏိုင္ငံအားလံုး ၁၅ ႏိုင္ငံလံုးက သေဘာတူမွပဲ ထုတ္လို႔ရတာရွိတယ္ဆိုေတာ့ တခ်ိဳ႕ စၿပီးေတာ့ Draft လုပ္တဲ့အခါမွာ UK ကေတာ့ က်ေနာ္တို႔ ျမန္မာကိစၥနဲ႔ ပတ္သက္ရင္ Strong ျဖစ္တဲ့ language ေလးေတြ သံုးမယ္ဆိုတာေတာ့လည္း ၾကားမိတယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ခုနက ေျပာတဲ့ အားလံုး သေဘာတူညီမႈ ရဖို႔ဆိုေတာ့ တခ်ိဳ႕ဟာေလးေတြ watered down လုပ္လာရတာမ်ိဳးရွိတယ္။”

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကပဲ ဒီတေခါက္ လံုျခံဳေရးေကာင္စီ ေၾကညာခ်က္မွာ ပိုအားပါလာတဲ့ အခ်က္ကို

“Humanitarian Access နဲ႔ ပတ္သက္ၿပီးေတာ့ safe and unimpeded access ေပးဖို႔တို႔ အဲဒါမ်ိဳးေတြေတာ့ အေရးႀကီးတဲ့ အခ်က္ေတြ ဘာလို႔လဲဆိုေတာ့ ဒီလိုမ်ိဳး အသက္ေတြ ဆက္မဆံုးရံႈးဖို႔အတြက္ကို ၊ ေနာက္အခု displaced ျဖစ္တဲ့လူေတြလည္း တေျဖးေျဖးနဲ႔ မ်ားလာတာေတြ ။ လံုျခံဳေရးေကာင္စီရဲ႕ Press Statement ကိုေတာ့ အရမ္းႀကိဳဆိုပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႔ ျပည္တြင္းမွာတင္မက ျပည္ပမွာပါ ၊ ျပည္ပမွာရွိတဲ့ ႏိုင္ငံေတြေရာ အိမ္နီးခ်င္းႏိုင္ငံေတြ အထူးသျဖင့္ တတ္ႏိုင္သမွ် ကူညီေဆာင္ရြက္ေပးႏိုင္လိမ့္မယ္လို႔။”

ဒါ့အျပင္ ေနာက္ထပ္အေရးပါလာမႈကိုလည္း ဦးေက်ာ္မိုးထြန္းက

“ေနာက္တခုကေတာ့ ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာနဲ႔ ပတ္သက္ၿပီးေတာ့ လံုျခံဳေရးေကာင္စီအေနနဲ႔ ဆက္လက္ၿပီးေတာ့ Closely Monitor လုပ္သြားဖို႔ဆိုတဲ့အခ်က္ေတြလည္း ထူးျခားတဲ့အခ်က္ ။ ဒါေၾကာင့္ ေရွ႕ဆက္ၿပီးေတာ့လည္း အခု ဧၿပီလထဲမွာလည္း ျမန္မာကိစၥေတြနဲ႔ ပတ္သက္ၿပီးေတာ့ လံုၿခံဳေရးေကာင္စီမွာ ေဆြးေႏြးသြားဖို႔ လမ္းစေတြ ဆက္ၿပီးေတာ့ရွိေနတယ္။”

ဒါေပမယ့္ အခုလို ေစာင့္ၾကည့္တဲ့ အဆင့္မ်ိဳးနဲ႔ ျမန္မာ့အေျခအေနက မရေတာ့ဘူးလို႔ ကုလသမဂၢစနစ္ကို အေသအခ်ာေလ့လာထားတဲ့ IR ႏိုင္ငံတကာဆက္ဆံေရး ေက်ာင္းသားက

“ဟိုးအရင္ Rwanda ႏိုင္ငံ သူ႔ကို ေတာင္းဆိုတယ္ေပါ့ UN လာၿပီး ကူညီေပးပါေပါ့၊ ဒါေပမယ့္ အဲဒီတုန္းက မ၀င္ေပးခဲ့လို႔လဲ Kofi Annan မွာ အမဲစက္တခု က်န္ခဲ့တယ္ေပါ့ ။ အဲဒီတုန္းကလည္း Rwanda ႏိုင္ငံက ျမန္မာႏိုင္ငံလိုပဲေပါ့ ၊ ကိစၥတခုကို ေစာင့္ၾကည့္တယ္၊ စိုးရိမ္တယ္ အဲဒီေလာက္နဲ႔ပဲ Rwanda မွာ တေျဖးေျဖးနဲ႔ လူေတြ ေသာင္းနဲ႔ခ်ီၿပီး သန္းနဲ႔ ခ်ီၿပီးေသသြားတယ္။ ေနာက္ဆံုး လူ ၁ သန္းခြဲေလာက္ေသေတာ့မွ UN က ၀င္ေပးခဲ့တဲ့ ပံုစံမ်ိဳးျဖစ္ေနတယ္ေပါ့။ အခုလည္း ျမန္မာႏိုင္ငံကိုအဲလိုအေျခအေနမ်ိဳး ျဖစ္မွာ စိုးရိမ္တာ။ က်ေနာ္တုိ႔ လိုခ်င္တာက အခုအခ်ိန္မွာ လံုး၀ကို Action သေဘာမ်ိဳး ေဆာင္ရြက္တဲ့ဟာမ်ိဳး လုိခ်င္တယ္။”

အခုလို အရင္အေတြ႔အၾကံဳေဟာင္းကို ယူၿပီး အခုအေရးေပၚလိုအပ္လာမႈအတြက္ ဦးေက်ာ္မိုးထြန္းကလည္း

“အခုကေတာ့ လူေတြအသက္ကို ကယ္တင္ဖို႔အတြက္ကို တကယ္လိုအပ္ေနတဲ့ အခ်ိန္ျဖစ္တဲ့အတြက္ေၾကာင့္ လံုျခံဳေရးေကာင္စီအဖြဲ႔၀င္ႏိုင္ငံေတြအေနနဲ႔ ဒီအခ်က္ကို ေလးေလးနက္နက္ ထည့္သြင္းစဥ္းစားၿပီးေတာ့ အျမန္ဆံုးနဲ႔ အထိေရာက္ဆံုးျဖစ္တဲ့ Measure ေတြကို ေဆာင္ရြက္ေပးဖို႔ေတာ့ တိုက္တြန္းလိုပါတယ္။”

ဒီအေပၚ ဦးေအာင္ၾကည္ညြန္႔ကေတာ့

“တကယ့္အၾကမ္းဖက္ စစ္အုပ္စုရဲ႕အေနအထားမ်ိဳးေတြ ေဆာင္ရြက္ေနတာကို လက္နက္မဲ့ျပည္သူေတြ ဒီေလာက္အထိ ခံေနရတဲ့ အေျခအေနမ်ိဳးအထိမွာ ကုလသမဂၢနဲ႔ လံုျခံဳေရးေကာင္စီ အေနနဲ႔ေပါ့ေနာ္ R2P ဟာလိုမ်ိဳးကို ျပည္သူေတြက အဓိက ေတာင္းဆိုေနၾကတာေပါ့ဗ်ာ။ ဒီအေျခအေနမ်ိဳးမွာ ႏိုင္ငံတကာ ဥပေဒေရာ ဗီဒိုအာဏာလည္း ရွိေနေတာ့ ဘယ္လိုေတြ ေက်ာ္လႊားႏိုင္မလဲ ။ ဒီလိုအေျခအေနမ်ိဳးထဲမွာ က်ေနာ္တို႔ ေတာင္းဆိုခ်င္တာက တဖက္သတ္ဖိႏွိပ္ေနတဲ့ စစ္အုပ္စုရဲ႕ အေျခအေနမ်ဳိးကို ရပ္တန္႔သြားႏိုင္ဖို႔ အဆင့္အျမင့္ဆံုးကေတာ့ ဒီအခ်ိန္မွာ ပံ႔ပိုးကူညီဖို႔ လိုၿပီလို႔။”

သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကလည္း ဒီတေခါက္ ပိုထိေရာက္ႏိုင္ဖို႔

“ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ျပည္သူေတြအတြက္ကုိ Protection လုိေနတဲ့အတြက္ေၾကာင့္ ဘယ္လိုပံုစံနည္းနဲ႔ ရရေပါ့။ က်ေနာ္ကေနၿပီးေတာ့ ဒါရမွ ဆိုတာသြားေျပာရင္ ဒါမရရင္ မလုပ္ဘူးဆိုတဲ့ဟာမ်ိဳးေတာ့ မျဖစ္ေစခ်င္ဘူးေပါ့ေနာ္ ဒါေၾကာင့္ အားလံုးကို ဖြင့္ထားတယ္။ ဘယ္လိုနည္းနဲ႔ ရရ ျပည္သူေတြ အသက္ဆက္လက္ မဆံုးရံႈးေစဖို႔အတြက္ အဓိကျဖစ္တဲ့အတြက္ေၾကာင့္ ဒါေတြကို ဟန္႔တားေပးႏိုင္ဖို႔ အျမန္ဆံုး အျပင္းထန္ဆံုးရွိတဲ့ Measure ေတြကို ယူဖို႔ ဆုိတဲ့ဟာကိုေတာ့ က်ေနာ္ အဓိက တိုက္တြန္းလိုပါတယ္။”

တကယ္ေတာ့ ကုလသမဂၢလံုျခံဳေရးေကာင္စီမွာ ျမန္မာ့အေရး တံု႔ေႏွးေနတယ္လို႔ ျပည္တြင္း ျပည္ပမွာ အားမလို အားမရျဖစ္လာေနၿပီလို႔ သံုးသပ္သူေတြက ေထာက္ျပေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မြန်မာ့အရေး လုံခြုံရေးကောင်စီ ခုထက်ပိုဆောင်ရွက်လာဖို့ လှုပ်ရှားသူတွေ တောင်းဆို

(Unicode)

မြန်မာနိုင်ငံရဲ့ အခြေနေသိပ်ဆိုးဝါးလာနေတာအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက အထူးစိုးရိမ်ကြောင်းနဲ့ စစ်တပ်ဘက်က အဆုံးစွန်းထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ ကြေညာချက်ထုတ်ပြန်ပြောဆိုမှုဟာ သေရေးရှင်ရေးဖြစ်နေတဲ့ မြန်မာနိုင်ငံအတွက် လုံလောက်မှုမရှိတာကြောင့် ပိုထိရောက်အောင် လုပ်ဆောင်ပေးဖို့ မြန်မာ့အရေးလႈပ်ရှားနေသူတွေက တောင်းဆိုလိုက်ပါတယ်။

လုံခြုံရေးကောင်စီရဲ့ မတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲရလဒ်ကို ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာခဲ့တာ ဖြစ်ပြီး အခု ထုတ်ပြန်ချက်ဟာ အရင်ကထက် ပိုအားကောင်းလာပေမယ့် ခုထက်ပိုထိရောက်အောင် လုပ်ဆောင်ဖို့လိုနေသေးတယ်လို့ ဝေဖန်ကြတာ ဖြစ်ပါတယ်။အပြည့်အစုံကို ကိုဝင်းမင်းက ပြောပြပေးပါမယ်။

ဒီ ကုလ လုံခြုံရေးကောင်စီရဲ့ကြေညာချက်အပေါ် အာဏာသိမ်းခံလိုက်ရတဲ့ အရင်အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမူဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က

“သူတို့ အရင်ထုတ်ပြန်ထားတဲ့ အချိန်ကနေစပြီးတော့ သိပ်ပြီးတော့ အားကောင်းတဲ့ ထူးထူးထွေထွေ တိုးတက်မှုမျိုးတော့ ရှိမလာဘူး။ လုံခြုံရေးကောင်စီအနေနဲ့လည်း သူ့အခက်အခဲတွေလည်း ရှိကောင်းရှိနိုင်မှာပေါ့ ဒါပေမယ့်လို့ ဒီလိုအခြေအနေမျိုးမျာ တဆင့်နဲ့ တဆင့်ကတော့ ပိုပြီးတော့ အသံမာလာတယ် ဆိုတာမျိုးကိုတော့ ကျနော်တို့ကတော့ လက်ကမ်းကြိုဆိုရမှာပါ။”

ဒါ့အပြင် ဒဂုံတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ် ယူနေပြီး လက်ရှိ ဆန္ဒပြပွဲတွေမှာ ပါဝင်နေတဲ့ အမည်မဖော်လိုသူ Generation Z အဖွဲ့ဝင်တဦးကလည်း

“ အခုအချိန် သူတို့က တောင်းဆိုလိုက်တယ်၊ တောင်းဆိုလိုက်တယ် ဆိုတာပဲ ဖြစ်နေတာပေ့ါ။ တော်တော်များများလည်း လူငယ်တွေကြားမှာ ဝေဖန်သံတွေက မြင့်တက်နေတာပေါ့ UN အပေါ်ကို။ ဒါပေမယ့် ကျနော်တို့အခုလိုချင်နေတာက UNရဲ့ တောင်းဆိုတယ်ဆိုတာ ဘယ်လိုပြောမလဲ သူ့ရဲ့ အမိန့်ပေးစကားပေါ့ အဲဒါကို ပိုပြီးလိုချင်တာ။ စစ်ကောင်စီအစိုးရအနေနဲ့ ပြည်သူတွေအပေါ်မှာ အကြမ်းဖက် နှိမ်နင်းမှုတွေ မလုပ်ဘူး ၊ တောင်းဆိုလိုက်တဲ့နေရာမှာ အမိန့်ပေးလိုက်သည်ပေါ့။”

ဒါပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ အခုလို အမိန့်ပေးတဲ့အဆင့်ဖြစ်တဲ့ resolution (ခေါ်)ဆုံးဖြတ်ချက်ကျတဲ့ အဆင့်မျိုးထက်စာရင်တော့ ဒီကြေညာချက် Statement အဆင့်က နိမ့်ပေမယ့် အားလုံးပါဝင်အောင် လုပ်ရတဲ့ လုံခြုံရေးကောင်စီရဲ့ အခက်အခဲကို အခုလို ရှင်းပြပါတယ်။

“Press Statement ဆိုတာက ဟိုဟာနဲ့ ယှဉ်လိုက်ရင်တော့ Degree ပျော့တာပေါေ့နာ် ။ ဒါပေမယ့် အထဲမှာ ပါတဲ့ စာသားတွေ ကြည့်လိုက်တယ်ဆိုရင်တော့ အရင်တခေါက်က မပါတဲ့ အချက်အလက်လေးတွေ တွေ့ရတယ်ခင်ဗျာ ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုမျိုး Press Statement ထုတ်နိုင်တာလည်း အဖွဲ့ဝင်နိုင်ငံအားလုံး ၁၅ နိုင်ငံလုံးက သဘောတူမှပဲ ထုတ်လို့ရတာရှိတယ်ဆိုတော့ တချို့ စပြီးတော့ Draft လုပ်တဲ့အခါမှာ UK ကတော့ ကျနော်တို့ မြန်မာကိစ္စနဲ့ ပတ်သက်ရင် Strong ဖြစ်တဲ့ language လေးတွေ သုံးမယ်ဆိုတာတော့လည်း ကြားမိတယ်ပေါ့နော်။ ဒါပေမယ့်လည်း ခုနက ပြောတဲ့ အားလုံး သဘောတူညီမှု ရဖို့ဆိုတော့ တချို့ဟာလေးတွေ watered down လုပ်လာရတာမျိုးရှိတယ်။”

သံအမတ်ကြီး ဦးကျော်မိုးထွန်းကပဲ ဒီတခေါက် လုံခြုံရေးကောင်စီ ကြေညာချက်မှာ ပိုအားပါလာတဲ့ အချက်ကို

“Humanitarian Access နဲ့ ပတ်သက်ပြီးတော့ safe and unimpeded access ပေးဖို့တို့ အဲဒါမျိုးတွေတော့ အရေးကြီးတဲ့ အချက်တွေ ဘာလို့လဲဆိုတော့ ဒီလိုမျိုး အသက်တွေ ဆက်မဆုံးရှုံးဖို့အတွက်ကို ၊ နောက်အခု displaced ဖြစ်တဲ့လူတွေလည်း တဖြေးဖြေးနဲ့ များလာတာတွေ ။ လုံခြုံရေးကောင်စီရဲ့ Press Statement ကိုတော့ အရမ်းကြိုဆိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြည်တွင်းမှာတင်မက ပြည်ပမှာပါ ၊ ပြည်ပမှာရှိတဲ့ နိုင်ငံတွေရော အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့။”

ဒါ့အပြင် နောက်ထပ်အရေးပါလာမှုကိုလည်း ဦးကျော်မိုးထွန်းက

“နောက်တခုကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီအနေနဲ့ ဆက်လက်ပြီးတော့ Closely Monitor လုပ်သွားဖို့ဆိုတဲ့အချက်တွေလည်း ထူးခြားတဲ့အချက် ။ ဒါကြောင့် ရှေ့ဆက်ပြီးတော့လည်း အခု ဧပြီလထဲမှာလည်း မြန်မာကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးသွားဖို့ လမ်းစတွေ ဆက်ပြီးတော့ရှိနေတယ်။”

ဒါပေမယ့် အခုလို စောင့်ကြည့်တဲ့ အဆင့်မျိုးနဲ့ မြန်မာ့အခြေအနေက မရတော့ဘူးလို့ ကုလသမဂ္ဂစနစ်ကို အသေအချာလေ့လာထားတဲ့ IR နိုင်ငံတကာဆက်ဆံရေး ကျောင်းသားက

“ဟိုးအရင် Uganda နိုင်ငံ သူ့ကို တောင်းဆိုတယ်ပေါ့ UN လာပြီး ကူညီပေးပါပေါ့၊ ဒါပေမယ့် အဲဒီတုန်းက မဝင်ပေးခဲ့လို့လဲ Kofi Annan မှာ အမဲစက်တခု ကျန်ခဲ့တယ်ပေါ့ ။ အဲဒီတုန်းကလည်း Uganda နိုင်ငံက မြန်မာနိုင်ငံလိုပဲပေါ့ ၊ ကိစ္စတခုကို စောင့်ကြည့်တယ်၊ စိုးရိမ်တယ် အဲဒီလောက်နဲ့ပဲ Uganda မှာ တဖြေးဖြေးနဲ့ လူတွေ သောင်းနဲ့ချီပြီး သန်းနဲ့ ချီပြီးသေသွားတယ်။ နောက်ဆုံး လူ ၁ သန်းခွဲလောက်သေတော့မှ UN က ဝင်ပေးခဲ့တဲ့ ပုံစံမျိုးဖြစ်နေတယ်ပေါ့။ အခုလည်း မြန်မာနိုင်ငံကိုအဲလိုအခြေအနေမျိုး ဖြစ်မှာ စိုးရိမ်တာ။ ကျနော်တို့ လိုချင်တာက အခုအချိန်မှာ လုံးဝကို Action သဘောမျိုး ဆောင်ရွက်တဲ့ဟာမျိုး လိုချင်တယ်။”

အခုလို အရင်အတွေ့အကြုံဟောင်းကို ယူပြီး အခုအရေးပေါ်လိုအပ်လာမှုအတွက် ဦးကျော်မိုးထွန်းကလည်း

“အခုကတော့ လူတွေအသက်ကို ကယ်တင်ဖို့အတွက်ကို တကယ်လိုအပ်နေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒီအချက်ကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပြီးတော့ အမြန်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်တဲ့ Measure တွေကို ဆောင်ရွက်ပေးဖို့တော့ တိုက်တွန်းလိုပါတယ်။”

ဒီအပေါ် ဦးအောင်ကြည်ညွန့်ကတော့

“တကယ့်အကြမ်းဖက် စစ်အုပ်စုရဲ့အနေအထားမျိုးတွေ ဆောင်ရွက်နေတာကို လက်နက်မဲ့ပြည်သူတွေ ဒီလောက်အထိ ခံနေရတဲ့ အခြေအနေမျိုးအထိမှာ ကုလသမဂ္ဂနဲ့ လုံခြုံရေးကောင်စီ အနေနဲ့ပေါ့နော် R2P ဟာလိုမျိုးကို ပြည်သူတွေက အဓိက တောင်းဆိုနေကြတာပေါ့ဗျာ။ ဒီအခြေအနေမျိုးမှာ နိုင်ငံတကာ ဥပဒေရော ဗီဒိုအာဏာလည်း ရှိနေတော့ ဘယ်လိုတွေ ကျော်လွှားနိုင်မလဲ ။ ဒီလိုအခြေအနေမျိုးထဲမှာ ကျနော်တို့ တောင်းဆိုချင်တာက တဖက်သတ်ဖိနှိပ်နေတဲ့ စစ်အုပ်စုရဲ့ အခြေအနေမျိုးကို ရပ်တန့်သွားနိုင်ဖို့ အဆင့်အမြင့်ဆုံးကတော့ ဒီအချိန်မှာ ပံ့ပိုးကူညီဖို့ လိုပြီလို့။”

သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း ဒီတခေါက် ပိုထိရောက်နိုင်ဖို့

“ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြည်သူတွေအတွက်ကို Protection လိုနေတဲ့အတွက်ကြောင့် ဘယ်လိုပုံစံနည်းနဲ့ ရရပေါ့။ ကျနော်ကနေပြီးတော့ ဒါရမှ ဆိုတာသွားပြောရင် ဒါမရရင် မလုပ်ဘူးဆိုတဲ့ဟာမျိုးတော့ မဖြစ်စေချင်ဘူးပေါ့နော် ဒါကြောင့် အားလုံးကို ဖွင့်ထားတယ်။ ဘယ်လိုနည်းနဲ့ ရရ ပြည်သူတွေ အသက်ဆက်လက် မဆုံးရှုံးစေဖို့အတွက် အဓိကဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ဟန့်တားပေးနိုင်ဖို့ အမြန်ဆုံး အပြင်းထန်ဆုံးရှိတဲ့ Measure တွေကို ယူဖို့ ဆိုတဲ့ဟာကိုတော့ ကျနော် အဓိက တိုက်တွန်းလိုပါတယ်။”

တကယ်တော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တုံ့နှေးနေတယ်လို့ ပြည်တွင်း ပြည်ပမှာ အားမလို အားမရဖြစ်လာနေပြီလို့ သုံးသပ်သူတွေက ထောက်ပြနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG