သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈေၾကာင္႔ ထြက္ေျပးလာတဲ႔ ျမန္မာေတြကို ကာကြယ္ဖို႔ ေဒသတြင္းႏိုင္ငံေတြကို ကုလပန္ၾကား


Stephane Dujarric ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံတြင္း ဆိုးဝါးတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ထြက္ေျပးလာတဲ့ ျပည္သူအားလံုးကို ေဒသတြင္းႏိုင္ငံေတြက အကာကြယ္ေပးဖို႔ အေရွ႕ေတာင္အာရွ ေဒသဆိုင္ရာ UNHCR ကုလသမဂၢရံုးက ပန္ၾကားလိုက္ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရံုး ေျပာခြင့္ရ Stephane Dujarric က ၾကာသပေတးေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

"ဒုကၡသည္ေတြနဲ႔ စာရြက္စာတမ္းမပါပဲ ထြက္ေျပးလာတဲ့ အိုးအိမ္ေရႊ႕ေျပာင္းရသူေတြကို အတင္းအဓမၼ ျပန္မပို႔ၾကဖို႔ ေဒသတြင္း ႏိုင္ငံေတြ အေနနဲ႔ အတင္းျပန္ပို႔ဖို႔ လုပ္မယ္ဆိုရင္ အေျခအေနပိုဆိုးသြားႏိုင္ေၾကာင္းနဲ႔ ျမန္မာႏိုင္ငံထဲက ထြက္ေျပးလာသူအားလံုးကို ခိုလႈံခြင့္ေပးဖို႔နဲ႔ အကာကြယ္ေပးဖို႔လည္း ေဒသတြင္း ႏိုင္ငံအားလံုးကို UNHCR က ေတာင္းဆိုေၾကာင္း" ေျပာသြားတာပါ။

ျမန္မာစစ္တပ္က ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး စစ္တပ္နဲ႔ ရဲေတြရဲ႕ သတ္ျဖတ္မႈေၾကာင့္ ၿငိမ္းခ်မ္းစြာ ဆႏၵျပတဲ့ ျပည္သူ ၅၀၀ ေက်ာ္ ေသဆံုးခဲ့ရၿပီးျဖစ္သလို အဖမ္းဆီးခံရသူကလည္း အနည္းဆံုး ၂၆၀၀ ေက်ာ္ရွိေၾကာင္း ေျပာပါတယ္။

ကရင္ျပည္နယ္ အပါအဝင္ ျပည္နယ္ တခ်ိဳ႕မွာ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ျမန္မာစစ္တပ္တို႔ၾကာ မၾကာေသးခင္ကပဲ ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ အတူ ျပင္းထန္တဲ့တိုက္ပြဲေတြ ေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြဟာ အိမ္နီးခ်င္းႏိုင္ငံေတြထဲ ထြက္ေျပးေနရေၾကာင္းလည္း ေျပာပါတယ္။

ဒါေၾကာင့္ ေဒသတြင္းႏိုင္ငံေတြ အေနနဲ႔ ဒီဒုကၡသည္ေတြကို က်န္းမားေရးေစာင့္ေရွာက္ေပးဖို႔ အသက္အႏရာယ္ အကာကြယ္ေပးဖို႔နဲ႔ အတူ ႏိုင္ငံတြင္းဝင္ေရာက္ခြင့္၊ ႏိုင္ငံေရးခိုလႈံခြင့္ အပါအဝင္ နယ္စပ္ေဒသေတြမွာ သူတို႔အတြက္ လိုအပ္တာေတြကို လုပ္ေဆာင္ေပးၾကဖို႔ လည္း ကုလသမဂၢ လူ႔အခြင့္ေရး ဆိုင္ရာမဟာမင္းႀကီးရံုး က ပန္ၾကားလိုက္တာပါ။

တိုက္႐ိုက္ လင့္ခ္

............

အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာတဲ့ မြန်မာတွေကို ကာကွယ်ဖို့ ဒေသတွင်းနိုင်ငံတွေကို ကုလပန်ကြား
(Unicode)

မြန်မာနိုင်ငံတွင်း ဆိုးဝါးတဲ့ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ပြည်သူအားလုံးကို ဒေသတွင်းနိုင်ငံတွေက အကာကွယ်ပေးဖို့ အရှေ့တောင်အာရှ ဒေသဆိုင်ရာ UNHCR ကုလသမဂ္ဂရုံးက ပန်ကြားလိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဒုက္ခသည်တွေနဲ့ စာရွက်စာတမ်းမပါပဲ ထွက်ပြေးလာတဲ့ အိုးအိမ်ရွှေ့ပြောင်းရသူတွေကို အတင်းအဓမ္မ ပြန်မပို့ကြဖို့ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ အတင်းပြန်ပို့ဖို့ လုပ်မယ်ဆိုရင် အခြေအနေပိုဆိုးသွားနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံထဲက ထွက်ပြေးလာသူအားလုံးကို ခိုလှုံခွင့်ပေးဖို့နဲ့ အကာကွယ်ပေးဖို့လည်း ဒေသတွင်း နိုင်ငံအားလုံးကို UNHCR က တောင်းဆိုကြောင်း" ပြောသွားတာပါ။

မြန်မာစစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်နဲ့ ရဲတွေရဲ့ သတ်ဖြတ်မှုကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သလို အဖမ်းဆီးခံရသူကလည်း အနည်းဆုံး ၂၆၀၀ ကျော်ရှိကြောင်း ပြောပါတယ်။

ကရင်ပြည်နယ် အပါအဝင် ပြည်နယ် တချို့မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မြန်မာစစ်တပ်တို့ကြာ မကြာသေးခင်ကပဲ လေကြောင်းတိုက်ခိုက်မှုနဲ့ အတူ ပြင်းထန်တဲ့တိုက်ပွဲတွေ ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးနေရကြောင်းလည်း ပြောပါတယ်။

ဒါကြောင့် ဒေသတွင်းနိုင်ငံတွေ အနေနဲ့ ဒီဒုက္ခသည်တွေကို ကျန်းမားရေးစောင့်ရှောက်ပေးဖို့ အသက်အနရာယ် အကာကွယ်ပေးဖို့နဲ့ အတူ နိုင်ငံတွင်းဝင်ရောက်ခွင့်၊ နိုင်ငံရေးခိုလှုံခွင့် အပါအဝင် နယ်စပ်ဒေသတွေမှာ သူတို့အတွက် လိုအပ်တာတွေကို လုပ်ဆောင်ပေးကြဖို့ လည်း ကုလသမဂ္ဂ လူ့အခွင့်ရေး ဆိုင်ရာမဟာမင်းကြီးရုံး က ပန်ကြားလိုက်တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG