သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရး ခ်ိဳးေဖာက္မူ စုံစမ္းစစ္ေဆးမႈယႏၲရား


၄၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ အစီရင္ခံတင္ျပေနတဲ့ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈ ယႏၱရား အဖဲြ႔ ဥကၠဌ Nicholas Koumjian
တိုက္႐ိုက္ လင့္ခ္

ျမန္မာစစ္အာဏာသိမ္းဆန႔္က်င္ ဆႏၵျပမူေတြအေပၚ ပစ္ခတ္ႏွိမ္နင္းမူေတြ ပိုပိုျပင္းထန္လာခ်ိန္မွာ၊ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈယႏၲရား (Independent Investigative Mechanism for Myanmar - IIMM) အႀကီးအကဲက၊ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မူမွတ္တမ္းမ်ားစြာကို လက္ခံရရွိထားၿပီးၿပီမို႔၊ တာဝန္ရွိသူေတြ ႏိုင္ငံတကာ ရာဇဝတ္မူ က်ဴးလြန္ႏိုင္တာကို ျပန္စဥ္းစားသင့္ပါၿပီလို႔ သတိေပးလိုက္ပါတယ္။

ျပည္ပ (သို႔မဟုတ္) ျပည္တြင္ခုံ႐ုံးေတြမွာ တရားစြဲႏိုင္ခ်ိန္အတြက္ ရည္႐ြယ္ၿပီး၊ ဒီမွတ္တမ္းေတြ ဆက္လက္စုေဆာင္းေနရာမွာ၊ ျမန္မာႏိုင္ထဲ ဝင္ခြင့္မရခ်ိန္ ျပည္ထဲကေန ပို႔ေပးသူေတြကို၊ IIMM အဖြဲ႕အႀကီးအကဲ Nicholas Koumjian က ခ်ီးက်ဴးလိုက္ၿပီး၊၊ တာဝန္ရွိသူေတြအေနနဲ႔ေတာ့၊ လူေသအေလာင္းလို အေထာက္အထားေတြကို ေဖ်ာက္ဖ်က္ေနတာကိုက အျပစ္ရွိတဲ့ သက္ေသခံခ်က္ ျဖစ္တယ္လို႔ ေထာက္ျပလိုက္ပါတယ္။

ႏိုင္ငံတကာေရွ ႔ေနႀကီးလည္းျဖစ္တဲ့ Mr. Koumjian က၊ ႏိုင္ငံတကာ ရာဇဝတ္မူဆိုင္ရာ တရားမွ်တမူ ေဖာ္ေဆာင္ေရးက၊ သက္တမ္း ဘယ္ေတာ့မွမကုန္ဘဲ၊ အၿမဲအမွတ္ရစရာေတြ က်န္ေနခဲ့မွာမို႔၊ တာဝန္ရွိသူေတြ တခ်ိန္ခ်ိန္မွာ အေရးယူခံရႏိုင္တာကို၊ သတိျပဳထားသင့္တယ္လို႔ ဆိုပါတယ္။ ကိုဝင္းမင္းက သီးသန႔္ေမးျမန္းထားပါတယ္။

ေမး ။ ။ IIMM အဖြဲ႕အႀကီးအကဲ Nicholas Koumjian ခင္ဗ်ာ၊ အလုပ္ေတြ မ်ားေနတဲ့ၾကားက၊ VOA ကို အခုလို အခ်ိန္ေပးၿပီး၊ သီးသန႔္အင္တာဗ်ဴး ကိုယ္တိုင္ ေျဖေပးတဲ့အတြက္၊ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။

ကုလသမဂၢရဲ႕ ဒီ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္ေသာ စုံစမ္းစစ္ေဆးမႈ ယႏၲရားကို တကယ္က ၂၀၁၈ ခုႏွစ္မွာထဲက၊ ဖြဲ႕စည္းေပးခဲ့တာေပါ့ေနာ္။ အရင္စစခ်င္းတုန္းကေတာ့၊ တိုင္းရင္းသားေဒသေတြမွာ အဓိက ျဖစ္ခဲ့တဲ့၊ ႀကီးေလးတဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မူ အခ်က္အလက္ေတြကို ေကာက္ယူစစ္ေဆးေပးဖို႔ဆိုၿပီး စျဖစ္လာခဲ့တာေပါ့ေနာ္၊ ဒါေပမဲ့ အခုေတာ့၊ ေဖေဖာ္ဝါရီ (၁) ရက္ စစ္အာဏာသိမ္းအၿပီး၊ ျမန္မာျပည္က အဓိကၿမိဳ ႔ႀကီးေတြအပါအဝင္၊ တတိုင္းျပည္လုံးမွာ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ ျပင္းျပင္းထန္ထန္ လတ္တေလာ ျဖစ္လာေနတဲ့၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မူ အခ်က္အလက္ေတြ ေကာက္ယူမွာဆိုေတာ့၊ အခုတစ္ေခါက္မွာ ထိေရာက္လာႏိုင္မူ အလားအလာကို ဘယ္လို ေမွ်ာ္မွန္းမိလဲ။

ေျဖ ။ ။ IIMM ရဲ႕ထိေရာက္မူက အေျခအေန အမ်ားႀကီးေပၚ မူတည္ေနပါတယ္။ ဒါေတြက ဆုံးျဖတ္လို႔ မရေသးပါဘူး။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ က်ေနာ္တို႔အဖြဲ႕လုပ္ပိုင္ခြင့္ထက္ကို ေက်ာ္ေနပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ ရွိထားတဲ့ လုပ္ပိုင္ခြင့္ကေတာ့၊ အေထာက္အထားေတြ ေကာက္ယူမယ္။ အခု ျမန္မာႏိုင္ငံထဲမွာ က်ဳးလြန္ခဲ့တဲ့ ျပင္းထန္တဲ့ ႏိုင္ငံတကာ ရာဇဝတ္မူေတြ၊ ဒါမွမဟုတ္ ႏိုင္ငံတကာ ဥပေဒခ်ိဳးေဖာက္မူေတြအေပၚ အေရးယူႏိုင္ခြင့ ္ရွိေနတဲ့၊ ဒါမွမဟုတ္ တေန႔ေန႔မွာ အေရးယူဖို႔ ျဖစ္လာႏိုင္တဲ့၊ ျပည္တြင္း (ဒါမွမဟုတ္) ႏိုင္ငံတကာခုံ႐ုံးေတြအတြက္၊ အသင့္၊ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းေပးထားမယ္။ အခု ဒီလုပ္ငန္းစဥ္အဆင့္ထဲမွာ ေရာက္ေနပါၿပီ၊ ကြၽန္ေတာ္တို႔အေနနဲ႔ အေထာက္အထားေတြ ေကာက္ယူလာေနပါတယ္။

ေမး ။ ။ တကယ့္ကို ႀကီးမားတဲ့ လုပ္ငန္းစဥ္ႀကီးပါ။ အဲ့ဒီေတာ့ အခုလို အခ်က္အလက္ ေကာက္ယူတာမွာ၊ ခိုင္မာတဲ့ အေထာက္အထားမ်ိဳး ရဖို႔ဆိုတာက၊ တိုက္႐ိုက္ျဖစ္ခဲ့တဲ့ ေနရာေတြကိုသြားၿပီး၊ ေကာက္ယူႏိုင္ရင္ ပိုအားေကာင္းႏိုင္တာေပါ့ေနာ၊္ ဒါေပမဲ့ လက္ရွိမွာက၊ ျမန္မာႏိုင္ငံထဲ ဝင္ခြင့္ေရာက္ခြင့္ကို လက္ရွိ စစ္ေကာင္စီကလည္း၊ ဆက္လက္ပိတ္ပင္ထားတယ္ဆိုေတာ့၊ ဘယ္လို စိန္ေခၚမူေတြ ရင္ဆိုင္ေနရလဲ။

ေျဖ ။ ။ ေသခ်ာတာေပါ့ အခုလို ေကာက္ယူဖို႔အတြက္ ခက္သြားပါတယ္။၊ ျမန္မာအစိုးရရဲ႕ ပူးေပါင္းေဆာင္႐ြက္မူ မရွိတာေၾကာင့္၊ က်ေနာ္တို႔ အခက္ႀကဳံရပါတယ္။ က်ေနာ္တို႔ ႏိုင္ငံထဲကို မသြားႏိုင္ဘူး၊ ရာဇဝတ္မူ က်ဳးလြန္ခဲ့တဲ့ေနရာေတြ၊ ျမန္မာႏိုင္ငံထဲ ရွိေနေသးတဲ့ သက္ေသေတြကို လက္လွမ္းမမွီႏိုင္ဘူး။ ဒါေပမဲ့ ျမန္မာႏိုင္ငံထဲကို လာခြင့္ျပဳဖို႔ေတာ့၊ ဆက္လက္ေတာင္းဆိုထားဆဲပါ။ ကုလလူ႔အခြင့္အေရးေကာင္စီကလည္း ဒီအတြက္ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔၊ ျမန္မာဘက္ကို ေတာင္းဆိုထားပါတယ္။ က်ေနာ္တို႔ အၿမဲမေမ့ရမွာက၊ အေျခအေနေတြက အၿမဲေျပာင္းသြားတတ္ပါတယ္။ အဲ့ဒီေတာ့ အခုအေရးတႀကီး လုပ္ဖို႔လိုတဲ့၊ အေထာက္အထားေကာက္ယူ၊ သိမ္းဆည္းမူလုပ္ငန္းကို၊ ေရရွည္တြက္ၿပီးေတာ့ကို လုပ္ေနတာပါ၊။

ေမး ။ ။ အခုလို ေရရွည္ေမွ်ာ္မွန္းခ်က္နဲ႔ လုပ္ေဆာင္ေနတာဆိုေတာ့၊ ဘယ္ေတာ့ေလာက္မွာေပါ့ေနာ္၊ ျမန္မာႏိုင္ငံထဲကို ဝင္ခြင့္ရဖို႔ကိုေရာ၊ ဘယ္ေလာက္ထိ၊ ေမွ်ာ္လင့္ထားလဲ၊ ႏိုင္ငံတကာေရွ ႔ေနႀကီး Koumjian ခင္ဗ်ာ။

ေျဖ ။ ။ ဒါကလည္း၊ တျခားအခ်က္ေတြ အမ်ားႀကီးေပၚ မူတည္ပါတယ္။ ကြၽန္ေတာ္တို႔ လုပ္ပိုင္ခြင့္ကို ေက်ာ္ေနပါတယ္။ ကြၽန္ေတာ္တို႔ဘက္ကေတာ့ ျမန္မာႏိုင္ငံထဲလာခြင့္ေပးဖို႔၊ လြန္ခဲ့တဲ့ (၂) ႏွစ္ အတြင္း အေျခအေနမ်ိဳးစုံေအာက္မွာ ေတာင္းဆိုလာခဲ့ပါတယ္။ အခုလဲ အလားတူ ဆက္ေတာင္းဆိုသြားမွာပါ။ ဒါက ျမန္မာႏိုင္ငံထဲ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြေပၚမွာ အမ်ားႀကီး မူတည္ေနပါတယ္။

ေမး ။ ။ အဲ့ဒီေတာ့ အခုလက္ရွိ ဝင္ခြင့္မရတဲ့အတြက္၊ ဘယ္လို သက္ေရာက္မူေတြ ရွိေနၿပီးေတာ့၊ ဘယ္လို ေရွ ႔ဆက္လုပ္ေဆာင္သြားဖို႔ ေက်ာ္လႊားသြားႏိုင္ဖို႔ေရာ၊ ျပင္ဆင္ထားပါလဲ။

ေျဖ ။ ။ ျမန္မာႏိုင္ငံထဲကို သြားခြင့္မရတာက အခက္အခဲ ပိုျဖစ္ေစတာ ရွင္းပါတယ္။ ျဖစ္ေနတဲ့ နယ္ေျမေတြ၊ အခ်ိဳးေဖာက္ခံရသူေတြနဲ႔ တိုက္႐ိုက္မရတဲ့အခါၾကေတာ့ေလ။ ဒါေပမဲ့ အခုလို ျဖစ္တာက ႏိုင္ငံတကာ ရာဇဝတ္မူဥပေဒေၾကာင္းမွာ ထူးထူးျခားျခားေတာ့ မဟုတ္ပါဘူး။ အစိုးရေတြက ပူးေပါင္းေဆာင္႐ြက္မူ မ႐ိွတဲ့အခါ၊ ႏိုင္ငံတကာ တရားမွ်တမူအတြက္ ႀကိဳးပမ္းမူေတြ အခက္ႀကဳံရတတ္ပါတယ္။ ဒါေတြကို ေက်ာ္လႊားႏိုင္ဖို႔ မဟာဗ်ဴဟာနည္းသစ္ေတြနဲ႔ ႀကိဳးစားေနပါတယ္။ အခုက၊ ျမန္မာႏိုင္ငံက လူေတြနဲ႔အဖြဲ႕အစည္းေတြေပါင္း ေထာင္ဂဏန္းေတြနဲ႔ ခ်ီၿပီးကို၊ အေထာက္အထားေတြ ပို႔ေပးလာေနၿပီး၊ ဒါေတြကို သိမ္းဆည္း၊ သုံးသပ္တာေတြ လုပ္ေနပါၿပီ။

ေမး ။ ။ လတ္တေလာ တကယ္ျဖစ္ေနခ်ိန္မွာ၊ အခုလို နည္းဗ်ဴဟာအသင္ေတြနဲ႔၊ ခ်က္ခ်င္း အေထာက္အထား အမ်ားႀကီးကို စ ရေအာင္ လုပ္လာႏိုင္တာက၊ ေနာက္ တတိုင္းျပည္လုံးမွာလဲ က်ယ္က်ယ္ျပန႔္ျပန႔္ကို ခံစားေနၾကရတာ ဆိုေတာ့ေလ၊ ဒီတစ္ေခါက္အတြက္ေတာ့ အလားအလာေကာင္းပါ။ အဲ့ဒိေတာ့ ျမန္မာႏိုင္ငံထဲကေန ကူညီပို႔ေပးေနသူေတြကို အဓိက ဘာေျပာျပခ်င္ပါလဲ၊ ေရွ ႔ေနႀကီး Koumjian ခင္ဗ်ာ။

ေျဖ ။ ။ ။ ပထမဆုံးအေနနဲ႔ က်ေနာ္တို႔ဆီ ပို႔ေပးလာတဲ့သူ အားလုံးကို ေက်းဇူးတင္စကား ေျပာျပခ်င္ပါတယ္။ မိတ္ေဆြတို႔အားလုံး သတၱိရွိရွိ အခုလို လုပ္ေဆာင္ေပးတာကို အမ်ားႀကီး ေလးစားမိပါတယ္။ ဆက္သြယ္လာသူအားလုံးအေနနဲ႔ အထူးသတိထားၿပီး ကိုယ့္လုံၿခဳံေရးကိုယ္ ပထမဦးစားေပး ေစခ်င္ပါတယ္။ ဆက္သြယ္ေရးလမ္းေၾကာင္း အလုံၿခဳံဆုံးျဖစ္ဖို႔၊ ကြၽန္ေတာ္တို႔ဖက္လည္း အစြမ္းကုန္ႀကိဳးစားမွာပါ။ ဒါေၾကာင္မို႔ Signal ဖုန္းနံ႔ပါတ္နဲ႔၊ ProntonMail ကေန ဆက္သြယ္ပို႔ေပးဖို႔ လုပ္ေပးထားတာပါ။ ဒါေတြက မူရင္းပို႔တာကို Code အသြင္ေျပာင္းပို႔ေပးတာမို႔ လုံၿခဳံပါတယ္။

ေမး ။ ။ ဆစ္ဂနယ္လို႔ေခၚတဲ့ ဖုန္းမက္ေဆ့ပို႔ႏိုင္တဲ့ Application ကို ေဒါင္းလုပ္ လုပ္ၿပီးေတာ့၊ ဖုန္းနံပါတ္က ဆြစ္ဇာလန္ႏိုင္ငံ နံပါတ္ေပါ့ေနာ္၊ ႏိုင္ငံ Code + (၄၁)၊ ေနာက္ ဖုန္းနံပါတ္ ၇၆ ၆၉၁ ၁၂ ၀၈ ကို ပို႔ေပးဖို႔ (ဒါမွမဟုတ္) ခုနေျပာတဲ့ ပ႐ိုတြန္ေမးလ္ လိပ္စာ၊ mountain741@protonmail.com ကို အီးေမးလ္ေပးပို႔ၿပီး ဆက္သြယ္ႏိုင္တာကို IIMM အဖြဲ႕ Website မွာေတြ႔ပါတယ္။ ဒီ https://iimm.un.org Website ေပါ့ေနာ္။

အခုလို ပို႔တဲ့ေနရာမွာ ဘယ္လို အေထာက္အထားမ်ိဳးဆိုရင္၊ ျပင္းထန္တဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မူေတြအတြက္ေပါ့ေနာ္၊ အခုဟာက လူမမယ္ ကေလးငယ္ေလးေတြကိုပါ ပစ္ခံထိ ေသဆုံးေနရတာေတြပါ ေတြ႔လာေနရေတာ့၊ ဒီအတြက္ တာဝန္ရွိသူေတြကို တာဝန္ယူ တာဝန္ခံလာႏိုင္ေရး တရားမွ်တမူ လုပ္ငန္းစဥ္အတြက္ေပါ့ေနာ္၊ တကယ္တမ္း အေထာက္အကူျပဳလာႏိုင္မလဲ။ ဘယ္လို အခ်က္အလက္မ်ိဳးေတြ ပါႏိုင္ရင္ ပိုေကာင္းႏိုင္တယ္ဆိုတာ၊ နည္းနည္းအေသးစိတ္ေလး ရွင္းေအာင္ ေျပာျပေပးပါလား။

ေျဖ ။ ။ အေထာက္အကူျပဳႏိုင္မယ့္ အေထာက္အထား ပုံစံမ်ိဳးစုံရွိပါတယ္။ ဒီအထဲမွာ အခုရာဇဝတ္မူကို ကိုယ္တိုင္က်ဴးလြန္ခံခဲ့ရတာ (ဒါမွမဟုတ္) ကိုယ္တိုင္သက္ေသအျဖစ္ ႀကဳံခဲ့ရတာေတြကို ထြက္ဆိုထားတာေတြလို၊ ခိုင္လုံတာမ်ိဳးေတြပါပါတယ္။ ဓာတ္ပုံ၊ ဗီဒီယို စတဲ့ ထင္သာျမင္သာတာေတြနဲ႔ ဒီရာဇဝတ္မူေတြ၊ ကိုယ္ခႏၶာက ဒဏ္ရာေတြကို မွတ္တမ္းတင္ထားမ်ိဳးေတြေပါ.။ ဒါေပမဲ့ ဒီပုံစံမ်ိးစုံထဲမွာ၊ တန္ဖိုးအရွိဆုံး အေထာက္အထားမ်ိဳးကေတာ့၊ ဒီရာဇဝတ္မူအတြက္ ဘယ္လို ျပင္ဆင္ခဲ့တာေတြပါ ပါလာတာမ်ိဳးပါ။ ရာဇဝတ္မူ ေျမာက္ေစတဲ့ / လက္ေတြ႔က်ဳးလြန္ေစတဲ့ အမိန႔္မ်ိဳး၊ ဒါမွမဟုတ္ အေထာက္အထားေတြကို ဖ်က္ဆီးပစ္ဖို႔ အမိန႔္မ်ိဳးေပါ့။ က်ေနာ္တို႔အခု အထူးစိုးရိမ္ေနတာက၊ လူေသအေလာင္းေတြကို ေဖ်ာက္ဖ်က္ဖို႔၊ မၾကာခင္က ႀကိဳးစားခဲ့တာမ်ိဳးေတြပါ။ မိသားစုေတြအေနနဲ႔ ေဆးစစ္ခြင့္မရ၊ တကယ့္ဒဏ္ရာေတြကို မွတ္တမ္းတင္ခြင့္ မရေစေအာင္၊ မီးသၿဂိဳလ္လိုက္တာေတြ ၾကားခဲ့ရပါတယ္။ အခုလို ေဖ်ာက္ဖ်က္ပစ္ဖို႔ အမိန႔္ေပးေနသူေတြကို၊ သတိေပးခ်င္ပါတယ္၊ အခုလို လုပ္တာသက္သက္ကိုက၊ အပစ္ရွိတာသိတဲ့ စိတ္ဓာတ္သက္သက္ျဖစ္ၿပီး၊ တာဝန္ရွိေၾကာင္း သက္ေသအျဖစ္ သံုးႏိုင္ပါတယ္။

ေမး ။ ။ အခုလက္ရွိ ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္မူေတြျဖစ္ေနတဲ့ တခ်ိန္တည္းမွာပဲ၊ ဒီ အေထာက္အထား အခ်က္အလက္ေတြကို IIMM ဘက္ကလည္း၊ အမ်ားႀကီး ေကာက္ယူရရွိထားၿပီးၿပီဆိုေတာ့၊ ကနဦးေတြ႔ရွိ သုံးသပ္ခ်က္ေတြအရ၊ အေရးပါတာ ဘာေတြေတြပထားၿပီးၿပီလဲ၊ Mr. Koumjian ခင္ဗ်ာ။

ေျဖ ။ ။ က်ေနာ္တို႔ရဲ႕ စုံစမ္းစစ္ေဆးမူက အစပိုင္း အဆင့္မွာပဲ ရွိပါေသးတယ္။ ျပည္သူေတြကို နားလည္ေစခ်င္ပါတယ္၊ အခုလို ေထာင္ေသာင္းခ်ီတဲ့ အျဖစ္အပ်က္ေတြ အားလုံးကိုေပါင္းၿပီး၊ ႏိုင္ငံတကာရာဇဝတ္မူအတြက္ စစ္ေဆးသုံးသပ္ရတာက၊ တကယ့္ကို လက္ဝင္ၿပီး၊ အခ်ိန္အၾကာႀကီး ယူရေလ့ရွိပါတယ္။ ဒါေပမဲ့၊ က်ေနာ္တို႔အေနနဲ႔ အခုထိ ေတြ႔ထားရတာေတြအရေတာ့၊ အထူးစိုးရိမ္စရာေတြ ရွိေနပါတယ္။ လူေထာင္ဂဏန္းေတြနဲ႔ခ်ီၿပီး မတရားဖမ္းဆီေနတဲ့ သေဘာပါ။ လုံၿခဳံေရးတပ္ဖြဲ႔ေတြက ဒီလူေတြကို လာေခၚၿပီးသြားရင္၊ သူတို႔မိသားစုေတြ ရင္းႏွီးသူေတြအေနနဲ႔၊ သတင္းအခ်က္အလက္ မရၾကေတာ့ဘူး။ ဒါက လူမသိသူမသိ ေပ်ာက္ဆုံးမူဆိုင္ရာ ႏိုင္ငံတကာရာဇဝတ္မူႀကီးပါ။ ေနာက္ အေၾကာင္းျပခ်က္မေပးဘဲ၊ ဖမ္းသြားတာလည္းပါေတာ့၊ လူသားမ်ိဳးႏြယ္အေပၚ ႀကီးမားတဲ့ ရာဇဝတ္မႈ Crime Against Humanity ေျမာက္ႏိုင္ပါတယ္။ ေနာက္ မိမိအသက္ အႏၱရာယ္မရွိဘဲ၊ သတ္ျဖတ္မူေတြကလည္း၊ အလားတူ ရာဇဝတ္မူမ်ိဳးပါ။ ဒါ့အျပင္၊ ဖမ္းဆီးထိန္းသိမ္းထားစဥ္၊ ညႇဳင္းပန္းႏွိပ္စက္မူေတြကလည္း၊ ႏိုင္ငံတကာ ရာဇဝတ္မူပါပဲ။

ေမး ။ ။ အခုလို အခ်ိန္ယူၿပီး ႏိုင္ငံတကာဥပေဒေၾကာင္းးအရ အေသးစိတ္ေရာ က်ယ္က်ယ္ျပန႔္ျပန႔္ပါ၊ အားလုံးကို ၿခဳံငုံမိေအာင္ စီစစ္သုံးသပ္တာေတြ လုပ္ေဆာင္ေနတာက၊ တခ်ိန္ျဖစ္လာႏိုင္တဲ့ ခုံ႐ုံးေတြမွာ အသင့္သုံးႏိုင္ဖို႔၊ ရည္႐ြယ္ထားတာဆိုေတာ့၊ ဘယ္လို ခုံ႐ုံးလုပ္ငန္းစဥ္မ်ိဴးေတြ အဓိက ျဖစ္လာဖို႔ မွန္းဆထားတာပါလဲ။

ေျဖ ။ ။ ခုံ႐ုံးလုပ္ငန္းစဥ္ စတင္ဖို႔က က်ေနာ္တို႔ လုပ္ပိုင္ခြင့္ထဲမွာ မရွိပါဘူး။ တျခားသူေတြ အဆိုျပဳထားၾကတာေတြေတာ့ ရွိေနပါၿပီ၊ ကုလလူ႔အခြင့္အေရးဆိုင္ရာ ျမန္မာကိုယ္စားလွယ္က အဆိုျပဳထားတဲ့၊ အခုလို ရာဇဝတ္မူမ်ိဳးကို ကိုယ္တြယ္ႏိုင္မယ့္၊ ျဖစ္ႏိုင္ေျခလည္းရွိတဲ့ တရားစီရင္ေရး ယႏၲရားမ်ိဳးေပါ့ေနာ္။ ဒီအထဲမွာ ICC ႏိုင္ငံတကာ ရာဇဝတ္ခုံ႐ုံးကေန၊ တျခားခုံ႐ုံးေတြ အမ်ားႀကီးအထိ ပါဝင္ပါတယ္။ ဒီေနရာမွာ ကြၽန္ေတာ္အရင္ေျပာခဲ့သလို၊ အေျခအေနေတြက ေျပာင္းလဲလာႏိုင္တာကို၊ ျပန္ေထာက္ျပခ်င္ပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ ျမန္မာႏိုင္ငံကိစၥမကိုင္တြယ္ခင္တုံးက၊ ကေမာၻဒီးယားက ခမာနီခုံ႐ုံးေတြမွာ တာဝန္ယူခဲ့ပါတယ္၊ ၂၀၁၉ ခုႏွစ္မွာ အဲ့ဒိအလုပ္မ်ဳိးေတြ လုပ္ခဲ့ပါတယ္။ အဲ့ဒီမွာက၊ ဟိုး ၁၉၇၀ ႏွစ္ေတြတုန္းက၊ က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မူေတြကို ျပန္ကိုင္ရတာဗ်။ အဲ့ဒိေတာ့၊ ႏိုင္ငံတကာ ရာဇဝတ္မူ က်ဴးလြန္ေအာင္ အမိန႔္ေပးထားသူ ဘယ္သူမဆို၊ ဘယ္ေတာ့မွ ေကာင္းေကာင္းအိပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီတရားမွ်တမူရေရးက၊ ေနာက္ဆုံးတခ်ိန္ခ်ိန္မွာ ကိုယ့္အိမ္တံခါးအေရာက္ လာေခါက္မွာမို႔ပါ။ တရားမွ်တမူရေရးဆိုတာက၊ အၾကာႀကီးကို ဆက္ရွင္သန္ႏိုင္တာမ်ိဳးပါ။

ေမး ။ ။ ဒီလူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမူ ဒဏ္ရာဒဏ္ခ်က္ေတြက ျပင္းထန္ေလေလ၊ ေမ့ေပ်ာက္ဖို႔ခက္ေလေလ ျဖစ္တတ္တဲ့သေဘာရွိေတာ့၊ အခုျပင္းျပင္းထန္ထန္ ျဖစ္ေနတာေတြအတြက္၊ တရားမွ်တမူျပန္ခံစားရႏိုင္ဖို႔ ဆႏၵေတြကလည္း၊ အလားတူ ျပင္းထန္ၿပီး၊ ဘယ္ေတာ့မွ အိပ္စက္ အနားယူသြားမွာ မဟုတ္ဘူး၊ ဘယ္ေတာ့မွ မေမ့ဘူးဆိုတဲ့ သေဘာျဖစ္တာေပါ့ေနာ္။ အဲ့ဒီေတာ့ ဒီေနရာမွာ၊ အဓိက တာဝန္ရွိတဲ့ လုံၿခဳံေရးတပ္ဖြဲ႔ေတြေရာ အေရးႀကီး အဓိက ဘာ မွာခ်င္ေသးလဲ ေရွ႔ေနႀကီး Koumjian ခင္ဗ်ာ။

ေျဖ ။ ။ လုံၿခဳံေရးအဖြဲ႕ေတြကို က်ေနာ္ အႀကံေပးခ်င္တာ/ ျပန္သတိျပဳေစခ်င္တာကေတာ့၊ ႏိုင္ငံတကာဥပေဒ အေျခခံအခ်က္ေတြပါ။ အထက္ကအမိန႔္ေၾကာင့္ ဒီႏိုင္ငံတကာဥပေဒကို က်ဴးလြန္ခဲ့ရတာပါလို႔၊ ဆင္ေျခေပးလို႔ မရပါဘူး။ တကယ္တာဝန္ရွိခဲ့တာက၊ ဒီႏိုင္ငံတကာရာဇဝတ္မူေျမာက္တဲ့အမိန႔္ကို၊ လိုက္နာဖို႔ျငင္းခဲ့ရမွာပါ။ ေနာက္ အမိန႔္ေပးေနသူေတြကိုလည္း ေျပာခ်င္ပါတယ္။ ႏိုင္ငံတကာ ဥပေဒေတြေအာက္မွာ၊ သူတို႔ တကယ္တာဝန္ ရွိတာက၊ ဒီရာဇဝတ္မူေတြ မျဖစ္ေအာင္နဲ႔၊ အခုလို ရာဇဝတ္မူမွာ တာဝန္ရွိသူလာေတြကို အျပစ္ေပးႏိုင္ေအာင္ လိုအပ္တာ/ သင့္ေတာ္တာ အားလုံးလုပ္ေပးဖို႔ပါ။ လုပ္ေပးဖို႔ ပ်က္ကြက္ခဲ့ရင္ေတာ့၊ ႏိုင္ငံတကာ ဥပေဒေအာက္မွာ တာဝန္ယူ၊ တာဝန္ခံရမူ ရွိလာပါလိမ့္မယ္။ အရင္ေျပာခဲ့သလိုပဲ၊ ႏိုင္ငံတကာ တရားမွ်တမူ ရွာေဖြေရးက သက္တမ္းရွည္ၾကာတတ္ပါတယ္။”

ေမး ။ ။ ျမန္မာႏိုင္ငံထဲမွာေရာ၊ ကမာၻ႔စာမ်က္ႏွာမွာပါ၊ ေနမဝင္ႏိုင္မဲ့ ေဖ်ာက္ဖ်က္မရမဲ့၊ တရားေရးမွတ္တမ္းေတြအျဖစ္၊ သမိုင္းဝင္အဆင့္အထိကိုေတာင္ ကမာၻတည္သေ႐ြ. အမွတ္ရေနႏိုင္တဲ့ အေနအထားမ်ိဳးေပါေနာ္။ အဲ့ဒိေတာ့ ေနာက္ဆုံးေရာ အားလုံးကို အဓိက ဘာမွာခ်င္ေသးလဲ ႏိုင္ငံတကာေရွ.ေနႀကီး Koumjian ခင္ဗ်ာ။

ေျဖ ။ ။ က်ေနာ္တို႔ရဲ႕ ဒီအေထာက္အထား စုေဆာင္းသိမ္းဆည္းမူ လုပ္ငန္းစဥ္ကေနတဆင့္၊ ႐ိုး႐ိုးသားသား ေမွ်ာ္လင့္မိတာရွိပါတယ္။ ဒီလုပ္ငန္းစဥ္က လူတစ္ဦးခ်င္းစီရဲ႕ တာဝန္ယူ တာဝန္ခံမူ ရွိႏိုင္တာကို ေဖာ္ေဆာင္တာမို႔၊ ဒီအခ်က္သက္သက္ေၾကာင့္ကိုပဲ၊ အနာဂတ္မွာ ရာဇဝတ္မူေတြ ဆက္မျဖစ္ေအာင္ တားဆီးေပးႏိုင္မလားလို႔၊ ေမွ်ာ္လင့္မိတာမ်ိဳးပါ။ အခုလို ရာဇဝတ္မူေျမာက္တဲ့ အမိန႔္ေပးခံရသူေတြ၊ ဒါမွမဟုတ္ ဒီအမိန႔္မ်ိဳးေတြ ေပးေနသူေတြအေနနဲ႔ မလုပ္ခင္မွာ၊ တစ္ခ်က္ေလးေတာ့၊ ျပန္စဥ္းစားလာဖို႔ေပါ့ေနာ္။ သူတို႔အေနနဲ႔ ဒီလိုလိုက္နာမူမ်ိဳး၊ အမိန႔္ေပးမူမ်ိဳး၊ လုပ္လိုက္မိရင္၊ ႏိုင္ငံတကာရာဇဝတ္မူနဲ႔ အေရးယူခံရႏိုင္တဲ့ အေနအထားမ်ိဳး ေရာက္ႏိုင္ မႏိုင္၊ တစ္ခ်က္ေလး ျပန္ခ်င့္ခ်ိန္လာတာမ်ိဳးေပါ့ေနာ္။ အဲ့ဒိလို ျပန္ခ်င့္ခ်ိန္လိုက္မိရင္၊ သူတို႔ ဒါမ်ိဳးမလုပ္မိဖို႔ တစ္ခ်က္ေလး တြန႔္သြားတာ၊ ေနာက္တြန႔္သြားတာကေန၊ တားဆီးလိုက္ႏိုင္တာမ်ိဳးအထိ ျဖစ္သြားရင္ေတာ့၊ အခုလို ရာဇဝတ္မူႀကီးေတြ၊ ဘယ္ေတာ့မွ၊ ေပၚလာႏိုင္မွာ၊ မဟုတ္ေတာ့ဘူးေပါ့ဗ်ာ။

ကိုဝင္းမင္း ။ ။ ဒီေမွ်ာ္လင့္ခ်က္ေတြ အျမန္ဆုံးျပည့္လာႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ အခုလို တကူးတက အခ်ိန္ေပးၿပီး၊ အေသးစိတ္ ရွင္းေအာင္ အားလုံးအတြက္ ရွင္းျပခဲ့လို႔လည္း၊ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ ေရွ႔ေနႀကီး Koumjian ခင္ဗ်ာ။


==Unicode==

လူ့အခွင့်အရေး ချိုးဖောက်မူ စုံစမ်းစစ်ဆေးမှုယန္တရား

မြန်မာစစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြမူတွေအပေါ် ပစ်ခတ်နှိမ်နင်းမူတွေ ပိုပိုပြင်းထန်လာချိန်မှာ၊ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (Independent Investigative Mechanism for Myanmar - IIMM) အကြီးအကဲက၊ လူ့အခွင့်အရေး ချိုးဖောက်မူမှတ်တမ်းများစွာကို လက်ခံရရှိထားပြီးပြီမို့၊ တာဝန်ရှိသူတွေ နိုင်ငံတကာ ရာဇဝတ်မူ ကျူးလွန်နိုင်တာကို ပြန်စဉ်းစားသင့်ပါပြီလို့ သတိပေးလိုက်ပါတယ်။

ပြည်ပ (သို့မဟုတ်) ပြည်တွင်ခုံရုံးတွေမှာ တရားစွဲနိုင်ချိန်အတွက် ရည်ရွယ်ပြီး၊ ဒီမှတ်တမ်းတွေ ဆက်လက်စုဆောင်းနေရာမှာ၊ မြန်မာနိုင်ထဲ ဝင်ခွင့်မရချိန် ပြည်ထဲကနေ ပို့ပေးသူတွေကို၊ IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian က ချီးကျူးလိုက်ပြီး၊၊ တာဝန်ရှိသူတွေအနေနဲ့တော့၊ လူသေအလောင်းလို အထောက်အထားတွေကို ဖျောက်ဖျက်နေတာကိုက အပြစ်ရှိတဲ့ သက်သေခံချက် ဖြစ်တယ်လို့ ထောက်ပြလိုက်ပါတယ်။

နိုင်ငံတကာရှေ့နေကြီးလည်းဖြစ်တဲ့ Mr. Koumjian က၊ နိုင်ငံတကာ ရာဇဝတ်မူဆိုင်ရာ တရားမျှတမူ ဖော်ဆောင်ရေးက၊ သက်တမ်း ဘယ်တော့မှမကုန်ဘဲ၊ အမြဲအမှတ်ရစရာတွေ ကျန်နေခဲ့မှာမို့၊ တာဝန်ရှိသူတွေ တချိန်ချိန်မှာ အရေးယူခံရနိုင်တာကို၊ သတိပြုထားသင့်တယ်လို့ ဆိုပါတယ်။ ကိုဝင်းမင်းက သီးသန့်မေးမြန်းထားပါတယ်။

မေး ။ ။ IIMM အဖွဲ့အကြီးအကဲ Nicholas Koumjian ခင်ဗျာ၊ အလုပ်တွေ များနေတဲ့ကြားက၊ VOA ကို အခုလို အချိန်ပေးပြီး၊ သီးသန့်အင်တာဗျူး ကိုယ်တိုင် ဖြေပေးတဲ့အတွက်၊ ကျေးဇူးအများကြီး တင်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒီ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားကို တကယ်က ၂၀၁၈ ခုနှစ်မှာထဲက၊ ဖွဲ့စည်းပေးခဲ့တာပေါ့နော်။ အရင်စစချင်းတုန်းကတော့၊ တိုင်းရင်းသားဒေသတွေမှာ အဓိက ဖြစ်ခဲ့တဲ့၊ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မူ အချက်အလက်တွေကို ကောက်ယူစစ်ဆေးပေးဖို့ဆိုပြီး စဖြစ်လာခဲ့တာပေါ့နော်၊ ဒါပေမဲ့ အခုတော့၊ ဖေဖော်ဝါရီ (၁) ရက် စစ်အာဏာသိမ်းအပြီး၊ မြန်မာပြည်က အဓိကမြို့ကြီးတွေအပါအဝင်၊ တတိုင်းပြည်လုံးမှာ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြင်းပြင်းထန်ထန် လတ်တလော ဖြစ်လာနေတဲ့၊ လူ့အခွင့်အရေးချိုးဖောက်မူ အချက်အလက်တွေ ကောက်ယူမှာဆိုတော့၊ အခုတစ်ခေါက်မှာ ထိရောက်လာနိုင်မူ အလားအလာကို ဘယ်လို မျှော်မှန်းမိလဲ။

ဖြေ ။ ။ IIMM ရဲ့ထိရောက်မူက အခြေအနေ အများကြီးပေါ် မူတည်နေပါတယ်။ ဒါတွေက ဆုံးဖြတ်လို့ မရသေးပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့အဖွဲ့လုပ်ပိုင်ခွင့်ထက်ကို ကျော်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှိထားတဲ့ လုပ်ပိုင်ခွင့်ကတော့၊ အထောက်အထားတွေ ကောက်ယူမယ်။ အခု မြန်မာနိုင်ငံထဲမှာ ကျုးလွန်ခဲ့တဲ့ ပြင်းထန်တဲ့ နိုင်ငံတကာ ရာဇဝတ်မူတွေ၊ ဒါမှမဟုတ် နိုင်ငံတကာ ဥပဒေချိုးဖောက်မူတွေအပေါ် အရေးယူနိုင်ခွင့ ်ရှိနေတဲ့၊ ဒါမှမဟုတ် တနေ့နေ့မှာ အရေးယူဖို့ ဖြစ်လာနိုင်တဲ့၊ ပြည်တွင်း (ဒါမှမဟုတ်) နိုင်ငံတကာခုံရုံးတွေအတွက်၊ အသင့်၊ မပျောက်ပျက်အောင် ထိန်းသိမ်းပေးထားမယ်။ အခု ဒီလုပ်ငန်းစဉ်အဆင့်ထဲမှာ ရောက်နေပါပြီ၊ ကျွန်တော်တို့အနေနဲ့ အထောက်အထားတွေ ကောက်ယူလာနေပါတယ်။

မေး ။ ။ တကယ့်ကို ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးပါ။ အဲ့ဒီတော့ အခုလို အချက်အလက် ကောက်ယူတာမှာ၊ ခိုင်မာတဲ့ အထောက်အထားမျိုး ရဖို့ဆိုတာက၊ တိုက်ရိုက်ဖြစ်ခဲ့တဲ့ နေရာတွေကိုသွားပြီး၊ ကောက်ယူနိုင်ရင် ပိုအားကောင်းနိုင်တာပေါ့နော၊် ဒါပေမဲ့ လက်ရှိမှာက၊ မြန်မာနိုင်ငံထဲ ဝင်ခွင့်ရောက်ခွင့်ကို လက်ရှိ စစ်ကောင်စီကလည်း၊ ဆက်လက်ပိတ်ပင်ထားတယ်ဆိုတော့၊ ဘယ်လို စိန်ခေါ်မူတွေ ရင်ဆိုင်နေရလဲ။

ဖြေ ။ ။ သေချာတာပေါ့ အခုလို ကောက်ယူဖို့အတွက် ခက်သွားပါတယ်။၊ မြန်မာအစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မူ မရှိတာကြောင့်၊ ကျနော်တို့ အခက်ကြုံရပါတယ်။ ကျနော်တို့ နိုင်ငံထဲကို မသွားနိုင်ဘူး၊ ရာဇဝတ်မူ ကျုးလွန်ခဲ့တဲ့နေရာတွေ၊ မြန်မာနိုင်ငံထဲ ရှိနေသေးတဲ့ သက်သေတွေကို လက်လှမ်းမမှီနိုင်ဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံထဲကို လာခွင့်ပြုဖို့တော့၊ ဆက်လက်တောင်းဆိုထားဆဲပါ။ ကုလလူ့အခွင့်အရေးကောင်စီကလည်း ဒီအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့၊ မြန်မာဘက်ကို တောင်းဆိုထားပါတယ်။ ကျနော်တို့ အမြဲမမေ့ရမှာက၊ အခြေအနေတွေက အမြဲပြောင်းသွားတတ်ပါတယ်။ အဲ့ဒီတော့ အခုအရေးတကြီး လုပ်ဖို့လိုတဲ့၊ အထောက်အထားကောက်ယူ၊ သိမ်းဆည်းမူလုပ်ငန်းကို၊ ရေရှည်တွက်ပြီးတော့ကို လုပ်နေတာပါ၊။

မေး ။ ။ အခုလို ရေရှည်မျှော်မှန်းချက်နဲ့ လုပ်ဆောင်နေတာဆိုတော့၊ ဘယ်တော့လောက်မှာပေါ့နော်၊ မြန်မာနိုင်ငံထဲကို ဝင်ခွင့်ရဖို့ကိုရော၊ ဘယ်လောက်ထိ၊ မျှော်လင့်ထားလဲ၊ နိုင်ငံတကာရှေ့နေကြီး Koumjian ခင်ဗျာ။

ဖြေ ။ ။ ဒါကလည်း၊ တခြားအချက်တွေ အများကြီးပေါ် မူတည်ပါတယ်။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ကို ကျော်နေပါတယ်။ ကျွန်တော်တို့ဘက်ကတော့ မြန်မာနိုင်ငံထဲလာခွင့်ပေးဖို့၊ လွန်ခဲ့တဲ့ (၂) နှစ် အတွင်း အခြေအနေမျိုးစုံအောက်မှာ တောင်းဆိုလာခဲ့ပါတယ်။ အခုလဲ အလားတူ ဆက်တောင်းဆိုသွားမှာပါ။ ဒါက မြန်မာနိုင်ငံထဲ ဖြစ်ပျက်နေတဲ့ အခြေအနေတွေပေါ်မှာ အများကြီး မူတည်နေပါတယ်။

မေး ။ ။ အဲ့ဒီတော့ အခုလက်ရှိ ဝင်ခွင့်မရတဲ့အတွက်၊ ဘယ်လို သက်ရောက်မူတွေ ရှိနေပြီးတော့၊ ဘယ်လို ရှေ့ဆက်လုပ်ဆောင်သွားဖို့ ကျော်လွှားသွားနိုင်ဖို့ရော၊ ပြင်ဆင်ထားပါလဲ။

ဖြေ ။ ။ မြန်မာနိုင်ငံထဲကို သွားခွင့်မရတာက အခက်အခဲ ပိုဖြစ်စေတာ ရှင်းပါတယ်။ ဖြစ်နေတဲ့ နယ်မြေတွေ၊ အချိုးဖောက်ခံရသူတွေနဲ့ တိုက်ရိုက်မရတဲ့အခါကြတော့လေ။ ဒါပေမဲ့ အခုလို ဖြစ်တာက နိုင်ငံတကာ ရာဇဝတ်မူဥပဒေကြောင်းမှာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အစိုးရတွေက ပူးပေါင်းဆောင်ရွက်မူ မရှိတဲ့အခါ၊ နိုင်ငံတကာ တရားမျှတမူအတွက် ကြိုးပမ်းမူတွေ အခက်ကြုံရတတ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ မဟာဗျူဟာနည်းသစ်တွေနဲ့ ကြိုးစားနေပါတယ်။ အခုက၊ မြန်မာနိုင်ငံက လူတွေနဲ့အဖွဲ့အစည်းတွေပေါင်း ထောင်ဂဏန်းတွေနဲ့ ချီပြီးကို၊ အထောက်အထားတွေ ပို့ပေးလာနေပြီး၊ ဒါတွေကို သိမ်းဆည်း၊ သုံးသပ်တာတွေ လုပ်နေပါပြီ။

မေး ။ ။ လတ်တလော တကယ်ဖြစ်နေချိန်မှာ၊ အခုလို နည်းဗျူဟာအသင်တွေနဲ့၊ ချက်ချင်း အထောက်အထား အများကြီးကို စ ရအောင် လုပ်လာနိုင်တာက၊ နောက် တတိုင်းပြည်လုံးမှာလဲ ကျယ်ကျယ်ပြန့်ပြန့်ကို ခံစားနေကြရတာ ဆိုတော့လေ၊ ဒီတစ်ခေါက်အတွက်တော့ အလားအလာကောင်းပါ။ အဲ့ဒိတော့ မြန်မာနိုင်ငံထဲကနေ ကူညီပို့ပေးနေသူတွေကို အဓိက ဘာပြောပြချင်ပါလဲ၊ ရှေ့နေကြီး Koumjian ခင်ဗျာ။

ဖြေ ။ ။ ။ ပထမဆုံးအနေနဲ့ ကျနော်တို့ဆီ ပို့ပေးလာတဲ့သူ အားလုံးကို ကျေးဇူးတင်စကား ပြောပြချင်ပါတယ်။ မိတ်ဆွေတို့အားလုံး သတ္တိရှိရှိ အခုလို လုပ်ဆောင်ပေးတာကို အများကြီး လေးစားမိပါတယ်။ ဆက်သွယ်လာသူအားလုံးအနေနဲ့ အထူးသတိထားပြီး ကိုယ့်လုံခြုံရေးကိုယ် ပထမဦးစားပေး စေချင်ပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း အလုံခြုံဆုံးဖြစ်ဖို့၊ ကျွန်တော်တို့ဖက်လည်း အစွမ်းကုန်ကြိုးစားမှာပါ။ ဒါကြောင်မို့ Signal ဖုန်းနံ့ပါတ်နဲ့၊ ProntonMail ကနေ ဆက်သွယ်ပို့ပေးဖို့ လုပ်ပေးထားတာပါ။ ဒါတွေက မူရင်းပို့တာကို Code အသွင်ပြောင်းပို့ပေးတာမို့ လုံခြုံပါတယ်။

မေး ။ ။ ဆစ်ဂနယ်လို့ခေါ်တဲ့ ဖုန်းမက်ဆေ့ပို့နိုင်တဲ့ Application ကို ဒေါင်းလုပ် လုပ်ပြီးတော့၊ ဖုန်းနံပါတ်က ဆွစ်ဇာလန်နိုင်ငံ နံပါတ်ပေါ့နော်၊ နိုင်ငံ Code + (၄၁)၊ နောက် ဖုန်းနံပါတ် ၇၆ ၆၉၁ ၁၂ ၀၈ ကို ပို့ပေးဖို့ (ဒါမှမဟုတ်) ခုနပြောတဲ့ ပရိုတွန်မေးလ် လိပ်စာ၊ mountain741@protonmail.com ကို အီးမေးလ်ပေးပို့ပြီး ဆက်သွယ်နိုင်တာကို IIMM အဖွဲ့ Website မှာတွေ့ပါတယ်။ ဒီ https://iimm.un.org Website ပေါ့နော်။

အခုလို ပို့တဲ့နေရာမှာ ဘယ်လို အထောက်အထားမျိုးဆိုရင်၊ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မူတွေအတွက်ပေါ့နော်၊ အခုဟာက လူမမယ် ကလေးငယ်လေးတွေကိုပါ ပစ်ခံထိ သေဆုံးနေရတာတွေပါ တွေ့လာနေရတော့၊ ဒီအတွက် တာဝန်ရှိသူတွေကို တာဝန်ယူ တာဝန်ခံလာနိုင်ရေး တရားမျှတမူ လုပ်ငန်းစဉ်အတွက်ပေါ့နော်၊ တကယ်တမ်း အထောက်အကူပြုလာနိုင်မလဲ။ ဘယ်လို အချက်အလက်မျိုးတွေ ပါနိုင်ရင် ပိုကောင်းနိုင်တယ်ဆိုတာ၊ နည်းနည်းအသေးစိတ်လေး ရှင်းအောင် ပြောပြပေးပါလား။

ဖြေ ။ ။ အထောက်အကူပြုနိုင်မယ့် အထောက်အထား ပုံစံမျိုးစုံရှိပါတယ်။ ဒီအထဲမှာ အခုရာဇဝတ်မူကို ကိုယ်တိုင်ကျူးလွန်ခံခဲ့ရတာ (ဒါမှမဟုတ်) ကိုယ်တိုင်သက်သေအဖြစ် ကြုံခဲ့ရတာတွေကို ထွက်ဆိုထားတာတွေလို၊ ခိုင်လုံတာမျိုးတွေပါပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို စတဲ့ ထင်သာမြင်သာတာတွေနဲ့ ဒီရာဇဝတ်မူတွေ၊ ကိုယ်ခန္ဓာက ဒဏ်ရာတွေကို မှတ်တမ်းတင်ထားမျိုးတွေပေါ.။ ဒါပေမဲ့ ဒီပုံစံမျိးစုံထဲမှာ၊ တန်ဖိုးအရှိဆုံး အထောက်အထားမျိုးကတော့၊ ဒီရာဇဝတ်မူအတွက် ဘယ်လို ပြင်ဆင်ခဲ့တာတွေပါ ပါလာတာမျိုးပါ။ ရာဇဝတ်မူ မြောက်စေတဲ့ / လက်တွေ့ကျုးလွန်စေတဲ့ အမိန့်မျိုး၊ ဒါမှမဟုတ် အထောက်အထားတွေကို ဖျက်ဆီးပစ်ဖို့ အမိန့်မျိုးပေါ့။ ကျနော်တို့အခု အထူးစိုးရိမ်နေတာက၊ လူသေအလောင်းတွေကို ဖျောက်ဖျက်ဖို့၊ မကြာခင်က ကြိုးစားခဲ့တာမျိုးတွေပါ။ မိသားစုတွေအနေနဲ့ ဆေးစစ်ခွင့်မရ၊ တကယ့်ဒဏ်ရာတွေကို မှတ်တမ်းတင်ခွင့် မရစေအောင်၊ မီးသဂြိုလ်လိုက်တာတွေ ကြားခဲ့ရပါတယ်။ အခုလို ဖျောက်ဖျက်ပစ်ဖို့ အမိန့်ပေးနေသူတွေကို၊ သတိပေးချင်ပါတယ်၊ အခုလို လုပ်တာသက်သက်ကိုက၊ အပစ်ရှိတာသိတဲ့ စိတ်ဓာတ်သက်သက်ဖြစ်ပြီး၊ တာဝန်ရှိကြောင်း သက်သေအဖြစ် သုံးနိုင်ပါတယ်။

မေး ။ ။ အခုလက်ရှိ ဒီလူ့အခွင့်အရေး ချိုးဖောက်မူတွေဖြစ်နေတဲ့ တချိန်တည်းမှာပဲ၊ ဒီ အထောက်အထား အချက်အလက်တွေကို IIMM ဘက်ကလည်း၊ အများကြီး ကောက်ယူရရှိထားပြီးပြီဆိုတော့၊ ကနဦးတွေ့ရှိ သုံးသပ်ချက်တွေအရ၊ အရေးပါတာ ဘာတွေတွေပထားပြီးပြီလဲ၊ Mr. Koumjian ခင်ဗျာ။

ဖြေ ။ ။ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမူက အစပိုင်း အဆင့်မှာပဲ ရှိပါသေးတယ်။ ပြည်သူတွေကို နားလည်စေချင်ပါတယ်၊ အခုလို ထောင်သောင်းချီတဲ့ အဖြစ်အပျက်တွေ အားလုံးကိုပေါင်းပြီး၊ နိုင်ငံတကာရာဇဝတ်မူအတွက် စစ်ဆေးသုံးသပ်ရတာက၊ တကယ့်ကို လက်ဝင်ပြီး၊ အချိန်အကြာကြီး ယူရလေ့ရှိပါတယ်။ ဒါပေမဲ့၊ ကျနော်တို့အနေနဲ့ အခုထိ တွေ့ထားရတာတွေအရတော့၊ အထူးစိုးရိမ်စရာတွေ ရှိနေပါတယ်။ လူထောင်ဂဏန်းတွေနဲ့ချီပြီး မတရားဖမ်းဆီနေတဲ့ သဘောပါ။ လုံခြုံရေးတပ်ဖွဲ့တွေက ဒီလူတွေကို လာခေါ်ပြီးသွားရင်၊ သူတို့မိသားစုတွေ ရင်းနှီးသူတွေအနေနဲ့၊ သတင်းအချက်အလက် မရကြတော့ဘူး။ ဒါက လူမသိသူမသိ ပျောက်ဆုံးမူဆိုင်ရာ နိုင်ငံတကာရာဇဝတ်မူကြီးပါ။ နောက် အကြောင်းပြချက်မပေးဘဲ၊ ဖမ်းသွားတာလည်းပါတော့၊ လူသားမျိုးနွယ်အပေါ် ကြီးမားတဲ့ ရာဇဝတ်မှု Crime Against Humanity မြောက်နိုင်ပါတယ်။ နောက် မိမိအသက် အန္တရာယ်မရှိဘဲ၊ သတ်ဖြတ်မူတွေကလည်း၊ အလားတူ ရာဇဝတ်မူမျိုးပါ။ ဒါ့အပြင်၊ ဖမ်းဆီးထိန်းသိမ်းထားစဉ်၊ ညှုင်းပန်းနှိပ်စက်မူတွေကလည်း၊ နိုင်ငံတကာ ရာဇဝတ်မူပါပဲ။

မေး ။ ။ အခုလို အချိန်ယူပြီး နိုင်ငံတကာဥပဒေကြောင်းးအရ အသေးစိတ်ရော ကျယ်ကျယ်ပြန့်ပြန့်ပါ၊ အားလုံးကို ခြုံငုံမိအောင် စီစစ်သုံးသပ်တာတွေ လုပ်ဆောင်နေတာက၊ တချိန်ဖြစ်လာနိုင်တဲ့ ခုံရုံးတွေမှာ အသင့်သုံးနိုင်ဖို့၊ ရည်ရွယ်ထားတာဆိုတော့၊ ဘယ်လို ခုံရုံးလုပ်ငန်းစဉ်မျိူးတွေ အဓိက ဖြစ်လာဖို့ မှန်းဆထားတာပါလဲ။

ဖြေ ။ ။ ခုံရုံးလုပ်ငန်းစဉ် စတင်ဖို့က ကျနော်တို့ လုပ်ပိုင်ခွင့်ထဲမှာ မရှိပါဘူး။ တခြားသူတွေ အဆိုပြုထားကြတာတွေတော့ ရှိနေပါပြီ၊ ကုလလူ့အခွင့်အရေးဆိုင်ရာ မြန်မာကိုယ်စားလှယ်က အဆိုပြုထားတဲ့၊ အခုလို ရာဇဝတ်မူမျိုးကို ကိုယ်တွယ်နိုင်မယ့်၊ ဖြစ်နိုင်ခြေလည်းရှိတဲ့ တရားစီရင်ရေး ယန္တရားမျိုးပေါ့နော်။ ဒီအထဲမှာ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကနေ၊ တခြားခုံရုံးတွေ အများကြီးအထိ ပါဝင်ပါတယ်။ ဒီနေရာမှာ ကျွန်တော်အရင်ပြောခဲ့သလို၊ အခြေအနေတွေက ပြောင်းလဲလာနိုင်တာကို၊ ပြန်ထောက်ပြချင်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မြန်မာနိုင်ငံကိစ္စမကိုင်တွယ်ခင်တုံးက၊ ကမ္ဘောဒီးယားက ခမာနီခုံရုံးတွေမှာ တာဝန်ယူခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်မှာ အဲ့ဒိအလုပ်မျိုးတွေ လုပ်ခဲ့ပါတယ်။ အဲ့ဒီမှာက၊ ဟိုး ၁၉၇၀ နှစ်တွေတုန်းက၊ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မူတွေကို ပြန်ကိုင်ရတာဗျ။ အဲ့ဒိတော့၊ နိုင်ငံတကာ ရာဇဝတ်မူ ကျူးလွန်အောင် အမိန့်ပေးထားသူ ဘယ်သူမဆို၊ ဘယ်တော့မှ ကောင်းကောင်းအိပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီတရားမျှတမူရရေးက၊ နောက်ဆုံးတချိန်ချိန်မှာ ကိုယ့်အိမ်တံခါးအရောက် လာခေါက်မှာမို့ပါ။ တရားမျှတမူရရေးဆိုတာက၊ အကြာကြီးကို ဆက်ရှင်သန်နိုင်တာမျိုးပါ။

မေး ။ ။ ဒီလူ့အခွင့်အရေး ချိုးဖောက်ခံရမူ ဒဏ်ရာဒဏ်ချက်တွေက ပြင်းထန်လေလေ၊ မေ့ပျောက်ဖို့ခက်လေလေ ဖြစ်တတ်တဲ့သဘောရှိတော့၊ အခုပြင်းပြင်းထန်ထန် ဖြစ်နေတာတွေအတွက်၊ တရားမျှတမူပြန်ခံစားရနိုင်ဖို့ ဆန္ဒတွေကလည်း၊ အလားတူ ပြင်းထန်ပြီး၊ ဘယ်တော့မှ အိပ်စက် အနားယူသွားမှာ မဟုတ်ဘူး၊ ဘယ်တော့မှ မမေ့ဘူးဆိုတဲ့ သဘောဖြစ်တာပေါ့နော်။ အဲ့ဒီတော့ ဒီနေရာမှာ၊ အဓိက တာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေရော အရေးကြီး အဓိက ဘာ မှာချင်သေးလဲ ရှေ့နေကြီး Koumjian ခင်ဗျာ။

ဖြေ ။ ။ လုံခြုံရေးအဖွဲ့တွေကို ကျနော် အကြံပေးချင်တာ/ ပြန်သတိပြုစေချင်တာကတော့၊ နိုင်ငံတကာဥပဒေ အခြေခံအချက်တွေပါ။ အထက်ကအမိန့်ကြောင့် ဒီနိုင်ငံတကာဥပဒေကို ကျူးလွန်ခဲ့ရတာပါလို့၊ ဆင်ခြေပေးလို့ မရပါဘူး။ တကယ်တာဝန်ရှိခဲ့တာက၊ ဒီနိုင်ငံတကာရာဇဝတ်မူမြောက်တဲ့အမိန့်ကို၊ လိုက်နာဖို့ငြင်းခဲ့ရမှာပါ။ နောက် အမိန့်ပေးနေသူတွေကိုလည်း ပြောချင်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေအောက်မှာ၊ သူတို့ တကယ်တာဝန် ရှိတာက၊ ဒီရာဇဝတ်မူတွေ မဖြစ်အောင်နဲ့၊ အခုလို ရာဇဝတ်မူမှာ တာဝန်ရှိသူလာတွေကို အပြစ်ပေးနိုင်အောင် လိုအပ်တာ/ သင့်တော်တာ အားလုံးလုပ်ပေးဖို့ပါ။ လုပ်ပေးဖို့ ပျက်ကွက်ခဲ့ရင်တော့၊ နိုင်ငံတကာ ဥပဒေအောက်မှာ တာဝန်ယူ၊ တာဝန်ခံရမူ ရှိလာပါလိမ့်မယ်။ အရင်ပြောခဲ့သလိုပဲ၊ နိုင်ငံတကာ တရားမျှတမူ ရှာဖွေရေးက သက်တမ်းရှည်ကြာတတ်ပါတယ်။”

မေး ။ ။ မြန်မာနိုင်ငံထဲမှာရော၊ ကမ္ဘာ့စာမျက်နှာမှာပါ၊ နေမဝင်နိုင်မဲ့ ဖျောက်ဖျက်မရမဲ့၊ တရားရေးမှတ်တမ်းတွေအဖြစ်၊ သမိုင်းဝင်အဆင့်အထိကိုတောင် ကမ္ဘာတည်သရွေ. အမှတ်ရနေနိုင်တဲ့ အနေအထားမျိုးပေါနော်။ အဲ့ဒိတော့ နောက်ဆုံးရော အားလုံးကို အဓိက ဘာမှာချင်သေးလဲ နိုင်ငံတကာရှေ.နေကြီး Koumjian ခင်ဗျာ။

ဖြေ ။ ။ ကျနော်တို့ရဲ့ ဒီအထောက်အထား စုဆောင်းသိမ်းဆည်းမူ လုပ်ငန်းစဉ်ကနေတဆင့်၊ ရိုးရိုးသားသား မျှော်လင့်မိတာရှိပါတယ်။ ဒီလုပ်ငန်းစဉ်က လူတစ်ဦးချင်းစီရဲ့ တာဝန်ယူ တာဝန်ခံမူ ရှိနိုင်တာကို ဖော်ဆောင်တာမို့၊ ဒီအချက်သက်သက်ကြောင့်ကိုပဲ၊ အနာဂတ်မှာ ရာဇဝတ်မူတွေ ဆက်မဖြစ်အောင် တားဆီးပေးနိုင်မလားလို့၊ မျှော်လင့်မိတာမျိုးပါ။ အခုလို ရာဇဝတ်မူမြောက်တဲ့ အမိန့်ပေးခံရသူတွေ၊ ဒါမှမဟုတ် ဒီအမိန့်မျိုးတွေ ပေးနေသူတွေအနေနဲ့ မလုပ်ခင်မှာ၊ တစ်ချက်လေးတော့၊ ပြန်စဉ်းစားလာဖို့ပေါ့နော်။ သူတို့အနေနဲ့ ဒီလိုလိုက်နာမူမျိုး၊ အမိန့်ပေးမူမျိုး၊ လုပ်လိုက်မိရင်၊ နိုင်ငံတကာရာဇဝတ်မူနဲ့ အရေးယူခံရနိုင်တဲ့ အနေအထားမျိုး ရောက်နိုင် မနိုင်၊ တစ်ချက်လေး ပြန်ချင့်ချိန်လာတာမျိုးပေါ့နော်။ အဲ့ဒိလို ပြန်ချင့်ချိန်လိုက်မိရင်၊ သူတို့ ဒါမျိုးမလုပ်မိဖို့ တစ်ချက်လေး တွန့်သွားတာ၊ နောက်တွန့်သွားတာကနေ၊ တားဆီးလိုက်နိုင်တာမျိုးအထိ ဖြစ်သွားရင်တော့၊ အခုလို ရာဇဝတ်မူကြီးတွေ၊ ဘယ်တော့မှ၊ ပေါ်လာနိုင်မှာ၊ မဟုတ်တော့ဘူးပေါ့ဗျာ။

ကိုဝင်းမင်း ။ ။ ဒီမျှော်လင့်ချက်တွေ အမြန်ဆုံးပြည့်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အခုလို တကူးတက အချိန်ပေးပြီး၊ အသေးစိတ် ရှင်းအောင် အားလုံးအတွက် ရှင်းပြခဲ့လို့လည်း၊ ကျေးဇူးအများကြီးတင်ပါတယ် ရှေ့နေကြီး Koumjian ခင်ဗျာ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG