သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီးယား ဂြမ္ေျမာင္ၿမိဳ႕ေတာ္ဝန္နဲ႔ ၿမိဳ႕သူၿမိဳ႕သားမ်ား ျမန္မာ့အေရး ရန္ပံုေငြထည့္ဝင္


ေတာင္ကုိရီးယားႏုိင္ငံ ဂြမ္ေျမာင္ၿမိဳ႕ေတာ္ဝန္က ျမန္မာ့ဒီမုိကေရစီေရးအတြက္ ရန္ပုံေငြလွဴဒါန္းၿပီး ေထာက္ခံေၾကာင္း ျပသတဲ့ျမင္ကြင္း။

(Zawgyi / Unicode)

ေတာင္ကိုရီးယားႏုိင္ငံ၊ ဂြမ္ေျမာင္ၿမိဳ႕ေတာ္ဝန္ ဦးေဆာင္တဲ့ ၿမိဳ႕သူၿမိဳ႕သားေတြနဲ႔ ေက်ာင္းသားေတြဟာ ျမန္မာ့ဒီမိုကေရစီေရး ေထာက္ခံအားေပးတဲ့အေနနဲ႔ ကိုရီးယားေရာက္ ျမန္မာ့အေရး လႈပ္ရွားသူေတြကို ဖိတ္ေခၚၿပီး ေတာ္လွန္ေရးရန္ပုံေငြ လွဴဒါန္းခဲ့ပါတယ္။ အျပည့္အစုံကုိ မခြါညိဳ တင္ျပေပးထားပါတယ္။

ဒီေန႔ ဧၿပီလ ၃ ရက္မွာ ဂြမ္ေျမာင္ၿမိဳ႕ေတာ္ဝန္ ဖတ္ဆုန္ဝမ္က ကိုရီးယားဝမ္ေငြ သိန္း ၂၀ ကို ျမန္မာ့အေရး တက္ႂကြလႈပ္ရွားသူေတြဆီကို အလွဴေငြ ထည့္ဝင္ပါတယ္။ သတင္းစာရွင္းလင္းပြဲလည္းပါတဲ့ ဒီအခမ္းအနားမွာ ၿမိဳ႕ေတာ္ဝန္က သူတို႔အေနနဲ႔ ျမန္မာျပည္သူေတြနဲ႔ တသားတည္းရွိေနေၾကာင္း ေျပာျပခဲ့တယ္လို႔ အခမ္းအနား တက္ေရာက္ခဲ့သူ ေတာင္ကိုရီးယားႏုိင္ငံေရာက္ ျမန္မာ့အေရး ဦးေဆာင္လႈပ္ရွားေနတဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ႏုိင္ငံတကာ စည္း႐ံုးေရးေကာ္မတီ (ကိုရီးယား) ရဲ႕ ဥကၠ႒ ဦးရန္ႏုိင္ထြန္းက အခုလို ေျပာျပပါတယ္။

“ဒီေန႔ သူတုိ႔ ဂြမ္ေျမာင္ၿမိဳ႕ေတာ္သူ ၿမိဳ႕ေတာ္သားေတြကေနၿပီးေတာ့ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံ ဒီမုိကေရစီေရးအတြက္ လႈပ္ရွားေနၾကတဲ့ ျမန္မာႏုိင္ငံသူ ႏုိင္ငံသားေတြ က်ေနာ္တုိ႔ကုိ တတ္ႏုိင္သေလာက္ သူတုိ႔ လွဴဒါန္းခ်င္တယ္၊ လွဴဒါန္းရတဲ့ အေၾကာင္းရင္းကိုလည္း သူတုိ႔အေနနဲ႔ အခမ္းအနားႀကီးတခုနဲ႔ လုပ္ခ်င္ပါတယ္ဆုိၿပီးေတာ့ က်ေနာ္တို႔ကို လွမ္းအေၾကာင္းၾကားလာပါတယ္။ လွမ္းအေၾကာင္းၾကားတဲ့အတြက္ က်ေနာ္တုိ႔ ဒီေန႔မနက္ ၁၀ နာရီတိတိမွာ အခမ္းအနားေလး က်င္းပၿပီးေတာ့ က်ေနာ္တုိ႔နဲ႔ ေတြ႔ဆုံတယ္၊ အားေပးစကားေျပာတယ္၊ ကိုရီးယားႏုိင္ငံက အရင္တုန္းက စစ္အာဏာရွင္ လက္ေအာက္မွာ ေနခဲ့ဖူးတယ္၊ စစ္အာဏာရွင္ေတြကုိ ျပန္တြန္းလွန္ခဲ့ဖူးတယ္၊ အေသအေပ်ာက္ေတြလည္း ျဖစ္ခဲ့တယ္၊ ထိခုိက္ဒဏ္ရာရ နာက်င္မႈေတြလည္း ခံစားခဲ့ရတယ္၊ အဖမ္းအဆီးေတြ ႏွိပ္စက္တာေတြဆုိတာလည္း မေျပာျပေလာက္ေအာင္ ေတြ႔ႀကံဳခဲ့ရတဲ့အတြက္ သူတုိ႔ ရင္ထဲအသည္းထဲက ထပ္တူ ကုိယ္ခ်င္းစာစိတ္ ရွိပါတယ္ဆုိတဲ့အေၾကာင္း ေျပာၿပီးေတာ့ က်ေနာ္တုိ႔ဆီကုိ ေတာ္လွန္ေရးအတြက္ ရန္ပုံေငြဆုိၿပီး လွဴဒါန္းခဲ့တဲ့ အခမ္းအနားေလးပဲ ျဖစ္ပါတယ္။”

ၿပီးခဲ့တဲ့လတည္းကပဲ ကုိရီးယားလႊတ္ေတာ္အမတ္ ၁၇ ဦးက ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီ ဦးေဆာင္သူတေယာက္ျဖစ္တဲ့ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္နဲ႔ ဖုန္းကတဆင့္ စကားေျပာဆိုခဲ့တာ၊ ေတာင္ကိုရီးယား ဝန္ႀကီးခ်ဳပ္က ျမန္မာသံအမတ္ကို ေခၚယူသတိေပးတာေတြရဲ႕ ေနာက္မွာ ဒါဟာ တတိယေျမာက္ ကိုရီးယား ႏုိင္ငံေရးအသိုင္းအဝုိင္းက ၾသဇာတိကၠမရွိသူတဦးက ျမန္မာ့ဒီမိုကေရစီေရးနဲ႔ အၾကမ္းမဖက္ အာဏာဖီဆန္ေရးအေပၚမွာ အေလးထားေၾကာင္း ျပသလာတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ျမန္မာျပည္မွာဖြင့္ထားတဲ့ ကိုရီးယားဘဏ္ေတြအနက္ ရွင္းဟန္ဘဏ္က ဌာေန ျမန္မာဝန္ထမ္း မစုစုၾကည္ ေသဆုံးမႈနဲ႔ ပတ္သက္လို႔လည္း ျမန္မာျပည္ကလာတဲ့ သတင္းေတြကို ေတာင္ကုိရီးယား သတင္းေတြမွာ ခ်က္ခ်င္း ေရးသားထုတ္လႊင့္ခဲ့ၾကတယ္လို႔လည္း သူက ေျပာပါတယ္။

“ကုိရီးယားႏိုင္ငံကပုိင္တဲ့ ကုမၸဏီျဖစ္တဲ့အတြက္ CDM ေတြဘာေတြ သူတုိ႔မသိဘူး၊ သူတုိ႔လည္း မျဖစ္မေနဆင္းရမယ္၊ အကယ္၍ မဆင္းဘူးဆုိရင္ လစာမေပးတာတို႔ ေနာက္ဆုံး အလုပ္ကေန ျဖဳတ္ပစ္မွာတုိ႔ အဲလုိသေဘာမ်ဳိးအထိေတာင္ စာထဲမွာ ေရးထားတာ ရွိထားတဲ့အတြက္ေၾကာင့္မုိ႔ အခုလို စစ္အုပ္စုကေန ရွင္းလိုက္တဲ့အခါမွာ သူ႔ကို ထိသြားတယ္။ ထိသြားၿပီး တန္းေသဆုံးသြားတဲ့အထိ ျဖစ္တယ္ေပါ့ဗ်ာ။ အဲဒီေတာ့ ျပန္ၿပီးေတာ့ သတၱဳခ်ၾကည့္မယ္ဆုိရင္ အဓိကတာဝန္ရွိတဲ့သူက ရွင္းဟန္ဘဏ္ကုမၸဏီက အရာရွိ အရာခံေတြအေပၚကို သြားၿပီးေတာ့ ယူတာေပါ့ဗ်ာ။”

အခုလို ႏုိင္ငံေရးအသုိင္းအဝုိင္းကသာမက ကိုရီးယားႏုိင္ငံသားေတြဟာ ျမန္မာႏိုင္ငံက အၾကမ္းမဖက္ အာဏာဖီဆန္မႈကို ေထာက္ခံၾကပံုကိုလည္း သူက အခုလို ေျပာပါတယ္။

“ဘာေၾကာင့္လဲဆုိ ကေလးေလးေတြ ဆုိရင္လည္း သူတုိ႔ကုိယ္တုိင္ သူတုိ႔လက္ေရးနဲ႔ ျမန္မာဘာသာကုိ သူတုိ႔ ရေအာင္ေရးၿပီးေတာ့ ျမန္မာ အားတင္းထားပါ၊ ျမန္မာ ကေ်နာ္တို႔ အတူတကြ ရွိပါသည္၊ အဲလိုမ်ဳိး စာတန္းေတြ ေရးၿပီးေတာ့ ကေလးေတြက ျမန္မာႏုိင္ငံကို အားေပးေနတာလည္း ရွိတယ္။ ၿပီးေတာ့ အႏုပညာရွင္အလႊာဘက္က လူေတြကလည္း က်ေနာ္တုိ႔ ျမန္မာ့ဒီမုိကေရစီေရးအတြက္ အားေပးတာရွိတယ္။ ေနာက္ ႏုိင္ငံေရးအသိုင္းအဝုိင္း အဆင့္ဆင့္ကလည္း က်ေနာ္တုိ႔ ျမန္မာ့ဒီမုိကေရစီေရးကို အားေပးတာ ရွိပါတယ္။ ဝန္ထမ္းေတြ အဆင့္အမ်ဳိးမ်ဳိးကလည္း က်ေနာ္တုိ႔ ျမန္မာ့အေရးကို အားေပးသူရွိသလို ကုိရီးယား မဟာယာန ဘုန္းေတာ္ႀကီးေတြ အပါအဝင္ ကုိရီးယား ခရစ္ယာန္ဘုန္းေတာ္ႀကီးေတြအဆုံး က်ေနာ္တို႔ ျမန္မာ့ဒီမုိကေရစီေရးကို တက္ႂကြစြာနဲ႔ အားေပးေနတာ ေတြ႔ရပါတယ္ခင္ဗ်။”

ကိုရီးယားႏုိင္ငံဟာ ျမန္မာ့အေရးကို ေထာက္ခံရာမွာ ႏုိင္ငံေရးအသိုင္းအဝုိင္းက ၾသဇာႀကီးမားသူေတြသာမက အႏုပညာရွင္ေတြ အပါအဝင္ ဘာသာစံု အသိုင္းအဝုိင္းပါမက်န္ အလႊာစံုက ပါဝင္ေနတာျဖစ္ေၾကာင္းလည္း ကိုရန္ႏုိင္ထြန္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တောင်ကိုရီးယား ဂွမ်မြောင်မြို့တော်ဝန်နဲ့ မြို့သူမြို့သားများ မြန်မာ့အရေး ရန်ပုံငွေထည့်ဝင်

တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်မြောင်မြို့တော်ဝန် ဦးဆောင်တဲ့ မြို့သူမြို့သားတွေနဲ့ ကျောင်းသားတွေဟာ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့အနေနဲ့ ကိုရီးယားရောက် မြန်မာ့အရေး လှုပ်ရှားသူတွေကို ဖိတ်ခေါ်ပြီး တော်လှန်ရေးရန်ပုံငွေ လှူဒါန်းခဲ့ပါတယ်။ အပြည့်အစုံကို မခွါညို တင်ပြပေးထားပါတယ်။

ဒီနေ့ ဧပြီလ ၃ ရက်မှာ ဂွမ်မြောင်မြို့တော်ဝန် ဖတ်ဆုန်ဝမ်က ကိုရီးယားဝမ်ငွေ သိန်း ၂၀ ကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေဆီကို အလှူငွေ ထည့်ဝင်ပါတယ်။ သတင်းစာရှင်းလင်းပွဲလည်းပါတဲ့ ဒီအခမ်းအနားမှာ မြို့တော်ဝန်က သူတို့အနေနဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေကြောင်း ပြောပြခဲ့တယ်လို့ အခမ်းအနား တက်ရောက်ခဲ့သူ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာ့အရေး ဦးဆောင်လှုပ်ရှားနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာ စည်းရုံးရေးကော်မတီ (ကိုရီးယား) ရဲ့ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အခုလို ပြောပြပါတယ်။

“ဒီနေ့ သူတို့ ဂွမ်မြောင်မြို့တော်သူ မြို့တော်သားတွေကနေပြီးတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် လှုပ်ရှားနေကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ ကျနော်တို့ကို တတ်နိုင်သလောက် သူတို့ လှူဒါန်းချင်တယ်၊ လှူဒါန်းရတဲ့ အကြောင်းရင်းကိုလည်း သူတို့အနေနဲ့ အခမ်းအနားကြီးတခုနဲ့ လုပ်ချင်ပါတယ်ဆိုပြီးတော့ ကျနော်တို့ကို လှမ်းအကြောင်းကြားလာပါတယ်။ လှမ်းအကြောင်းကြားတဲ့အတွက် ကျနော်တို့ ဒီနေ့မနက် ၁၀ နာရီတိတိမှာ အခမ်းအနားလေး ကျင်းပပြီးတော့ ကျနော်တို့နဲ့ တွေ့ဆုံတယ်၊ အားပေးစကားပြောတယ်၊ ကိုရီးယားနိုင်ငံက အရင်တုန်းက စစ်အာဏာရှင် လက်အောက်မှာ နေခဲ့ဖူးတယ်၊ စစ်အာဏာရှင်တွေကို ပြန်တွန်းလှန်ခဲ့ဖူးတယ်၊ အသေအပျောက်တွေလည်း ဖြစ်ခဲ့တယ်၊ ထိခိုက်ဒဏ်ရာရ နာကျင်မှုတွေလည်း ခံစားခဲ့ရတယ်၊ အဖမ်းအဆီးတွေ နှိပ်စက်တာတွေဆိုတာလည်း မပြောပြလောက်အောင် တွေ့ကြုံခဲ့ရတဲ့အတွက် သူတို့ ရင်ထဲအသည်းထဲက ထပ်တူ ကိုယ်ချင်းစာစိတ် ရှိပါတယ်ဆိုတဲ့အကြောင်း ပြောပြီးတော့ ကျနော်တို့ဆီကို တော်လှန်ရေးအတွက် ရန်ပုံငွေဆိုပြီး လှူဒါန်းခဲ့တဲ့ အခမ်းအနားလေးပဲ ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့လတည်းကပဲ ကိုရီးယားလွှတ်တော်အမတ် ၁၇ ဦးက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဦးဆောင်သူတယောက်ဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဖုန်းကတဆင့် စကားပြောဆိုခဲ့တာ၊ တောင်ကိုရီးယား ဝန်ကြီးချုပ်က မြန်မာသံအမတ်ကို ခေါ်ယူသတိပေးတာတွေရဲ့ နောက်မှာ ဒါဟာ တတိယမြောက် ကိုရီးယား နိုင်ငံရေးအသိုင်းအဝိုင်းက သြဇာတိက္ကမရှိသူတဦးက မြန်မာ့ဒီမိုကရေစီရေးနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးအပေါ်မှာ အလေးထားကြောင်း ပြသလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာပြည်မှာဖွင့်ထားတဲ့ ကိုရီးယားဘဏ်တွေအနက် ရှင်းဟန်ဘဏ်က ဌာနေ မြန်မာဝန်ထမ်း မစုစုကြည် သေဆုံးမှုနဲ့ ပတ်သက်လို့လည်း မြန်မာပြည်ကလာတဲ့ သတင်းတွေကို တောင်ကိုရီးယား သတင်းတွေမှာ ချက်ချင်း ရေးသားထုတ်လွှင့်ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

“ကိုရီးယားနိုင်ငံကပိုင်တဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် CDM တွေဘာတွေ သူတို့မသိဘူး၊ သူတို့လည်း မဖြစ်မနေဆင်းရမယ်၊ အကယ်၍ မဆင်းဘူးဆိုရင် လစာမပေးတာတို့ နောက်ဆုံး အလုပ်ကနေ ဖြုတ်ပစ်မှာတို့ အဲလိုသဘောမျိုးအထိတောင် စာထဲမှာ ရေးထားတာ ရှိထားတဲ့အတွက်ကြောင့်မို့ အခုလို စစ်အုပ်စုကနေ ရှင်းလိုက်တဲ့အခါမှာ သူ့ကို ထိသွားတယ်။ ထိသွားပြီး တန်းသေဆုံးသွားတဲ့အထိ ဖြစ်တယ်ပေါ့ဗျာ။ အဲဒီတော့ ပြန်ပြီးတော့ သတ္တုချကြည့်မယ်ဆိုရင် အဓိကတာဝန်ရှိတဲ့သူက ရှင်းဟန်ဘဏ်ကုမ္ပဏီက အရာရှိ အရာခံတွေအပေါ်ကို သွားပြီးတော့ ယူတာပေါ့ဗျာ။”

အခုလို နိုင်ငံရေးအသိုင်းအဝိုင်းကသာမက ကိုရီးယားနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက အကြမ်းမဖက် အာဏာဖီဆန်မှုကို ထောက်ခံကြပုံကိုလည်း သူက အခုလို ပြောပါတယ်။

“ဘာကြောင့်လဲဆို ကလေးလေးတွေ ဆိုရင်လည်း သူတို့ကိုယ်တိုင် သူတို့လက်ရေးနဲ့ မြန်မာဘာသာကို သူတို့ ရအောင်ရေးပြီးတော့ မြန်မာ အားတင်းထားပါ၊ မြန်မာ ကျေနာ်တို့ အတူတကွ ရှိပါသည်၊ အဲလိုမျိုး စာတန်းတွေ ရေးပြီးတော့ ကလေးတွေက မြန်မာနိုင်ငံကို အားပေးနေတာလည်း ရှိတယ်။ ပြီးတော့ အနုပညာရှင်အလွှာဘက်က လူတွေကလည်း ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေးအတွက် အားပေးတာရှိတယ်။ နောက် နိုင်ငံရေးအသိုင်းအဝိုင်း အဆင့်ဆင့်ကလည်း ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေးကို အားပေးတာ ရှိပါတယ်။ ဝန်ထမ်းတွေ အဆင့်အမျိုးမျိုးကလည်း ကျနော်တို့ မြန်မာ့အရေးကို အားပေးသူရှိသလို ကိုရီးယား မဟာယာန ဘုန်းတော်ကြီးတွေ အပါအဝင် ကိုရီးယား ခရစ်ယာန်ဘုန်းတော်ကြီးတွေအဆုံး ကျနော်တို့ မြန်မာ့ဒီမိုကရေစီရေးကို တက်ကြွစွာနဲ့ အားပေးနေတာ တွေ့ရပါတယ်ခင်ဗျ။”

ကိုရီးယားနိုင်ငံဟာ မြန်မာ့အရေးကို ထောက်ခံရာမှာ နိုင်ငံရေးအသိုင်းအဝိုင်းက သြဇာကြီးမားသူတွေသာမက အနုပညာရှင်တွေ အပါအဝင် ဘာသာစုံ အသိုင်းအဝိုင်းပါမကျန် အလွှာစုံက ပါဝင်နေတာဖြစ်ကြောင်းလည်း ကိုရန်နိုင်ထွန်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG