သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပန္လည္တည္ၿငိမ္ေရး ASEAN နဲ႔ လုပ္ေဆာင္မည္ - တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး


တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီး Wang Yi. (စက္တင္ဘာ ၁၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာ့ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲေတြကို အားေပးၿပီး အေျခအေန ျပန္ၿပီး တည္ၿငိမ္လာေစေရး လုပ္ႏုိင္သမွ် အားလံုးလုပ္သြားဖို႔ အေရွ႕ေတာင္အာရွႏုိင္ငံမ်ားအဖြဲ႔ (ASEAN) နဲ႔ လက္တြဲလုပ္ေဆာင္သြားမယ္လုိ႔ တ႐ုတ္ႏုိင္ငံျခားေရးဝန္ႀကီး Wang Yi က ေျပာပါတယ္။

ဖိလစ္ပိုင္ႏုိ္င္ငံျခားေရးဝန္ႀကီး Teodoro Locsin နဲ႔ တ႐ုတ္ႏုိင္ငံအေရွ႕ပိုင္း၊ Fujian ျပည္နယ္၊ Nanping ၿမိဳ႕မွာ ေသာၾကာေန႔က ေတြ႔ဆံုေဆြးေႏြးခ်ိန္အတြင္း တ႐ုတ္ ႏုိင္ငံေတာ္ေကာင္စီဝင္လည္းျဖစ္သူ Wang Yi က အဲဒီလိုေျပာခဲ့တာပါ။

ဝန္ႀကီး Wang Yi ဟာ စင္ကာပူ ႏုိင္ငံျခားေရးဝန္ႀကီး Vivian Balakrishnan၊ မေလးရွား ႏုိင္ငံျခားေရးဝန္ႀကီး Hishammuddin Hussein၊ အင္ဒိုနီးရွား ႏုိင္ငံျခားေရးဝန္ႀကီး Retno Marsudi၊ ဖိလစ္ပိုင္ ႏုိင္ငံျခားေရးဝန္ႀကီး Locsin တို႔နဲ႔ ဗုဒၶဟူးေန႔ကေန ေသာၾကာေန႔အတြင္း နန္ပင္းၿမိဳ႕မွာ သီးျခားစီ ေတြ႔ဆံုေဆြးေႏြးခဲ့တာပါ။

ျမန္မာႏိုင္ငံတြင္း သက္ဆိုင္သူအားလံုး အေနနဲ႔ သေဘာထား ကြဲျပားမႈေတြကို အေျခခံဥပေဒနဲ႔ တရားေရးမူေဘာင္အတြင္းကေန ေဆြးေႏြးေျဖရွင္းၿပီး ႏုိင္ငံေရးအေျဖရွာဖို႔၊ ခက္ခက္ခဲခဲ ရယူထားရၿပီး ျမန္မာႏုိင္ငံနဲ႔ ကိုက္ညီတဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ေရွ႕ဆက္ျဖစ္ထြန္းေစဖို႔ တ႐ုတ္ႏုိင္ငံက ေထာက္ခံေၾကာင္းလည္း ဝန္ႀကီး Wang Yi က ေျပာပါတယ္။

ျမန္မာ့အေရးေဆြးေႏြးဖို႔ အာဆီယံ ထိပ္သီးအစည္းအေဝး ေစာလ်င္စြာ က်င္းပႏုိင္ေရးကိုလည္း တ႐ုတ္က ေထာက္ခံတယ္လို႔ ဝန္ႀကီး Wang Yi က ေျပာပါတယ္။

ျမန္မာ့အေျခအေန ပိုဆိုးမလာေရး ဒါမွမဟုတ္ ထိန္းမရတဲ့ အေျခအေန ေရာက္မသြားေစေရး ေနာက္ထပ္ ေသြးထြက္သံယို မျဖစ္ေအာင္၊ အရပ္သားေတြ ထိခုိက္ေသဆံုးမႈ မျဖစ္ေအာင္ ေရွာင္ရွားဖို႔၊ ျမန္မာ့အခ်ဳပ္အျခာ အာဏာပိုင္မႈကို ထိခိုက္ေစၿပီး အေျခအေန ထပ္ၿပီး ႐ႈပ္ေထြးသြားေစမယ့္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီက သင့္ေလ်ာ္မႈမရွိဘဲ ဝင္ေရာက္စြက္ဖက္တာမ်ဳိးကို ေရွာင္ရွားဖို႔နဲ႔ သူတို႔ကိုယ္ပိုင္ အက်ဳိးအျမတ္ ရဖို႔အတြက္ ျမန္မာ့အေျခအေနကို မတည္မၿငိမ္ျဖစ္ေအာင္လုပ္ၿပီး မီးေလာင္ရာေလပင့္လုပ္မယ့္ ျပည္ပအင္အားစု တခ်ဳိ႕ကို တားဆီးဖို႔ဆိုတဲ့ အခ်က္သံုးခ်က္ကို ဝန္ႀကီး Wang Yi က ေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္လည္း အဲဒီ ျပည္ပအင္အားစုတခ်ဳိ႕ ဆိုတာက ဘယ္သူ ဘယ္ႏုိင္ငံေတြဆိုတာနဲ႔ ဘယ္လိုအက်ဳိးအျမတ္ေတြအတြက္ ဆုိတာကိုေတာ့ ရွင္းရွင္းလင္းလင္း ေျပာမသြားပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာပြန်လည်တည်ငြိမ်ရေး ASEAN နဲ့ လုပ်ဆောင်မည် - တရုတ်နိုင်ငံခြားရေးဝန်ကြီး

မြန်မာ့ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အားပေးပြီး အခြေအနေ ပြန်ပြီး တည်ငြိမ်လာစေရေး လုပ်နိုင်သမျှ အားလုံးလုပ်သွားဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) နဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin နဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း၊ Fujian ပြည်နယ်၊ Nanping မြို့မှာ သောကြာနေ့က တွေ့ဆုံဆွေးနွေးချိန်အတွင်း တရုတ် နိုင်ငံတော်ကောင်စီဝင်လည်းဖြစ်သူ Wang Yi က အဲဒီလိုပြောခဲ့တာပါ။

ဝန်ကြီး Wang Yi ဟာ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Hishammuddin Hussein၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Locsin တို့နဲ့ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အတွင်း နန်ပင်းမြို့မှာ သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တာပါ။

မြန်မာနိုင်ငံတွင်း သက်ဆိုင်သူအားလုံး အနေနဲ့ သဘောထား ကွဲပြားမှုတွေကို အခြေခံဥပဒေနဲ့ တရားရေးမူဘောင်အတွင်းကနေ ဆွေးနွေးဖြေရှင်းပြီး နိုင်ငံရေးအဖြေရှာဖို့၊ ခက်ခက်ခဲခဲ ရယူထားရပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ဆက်ဖြစ်ထွန်းစေဖို့ တရုတ်နိုင်ငံက ထောက်ခံကြောင်းလည်း ဝန်ကြီး Wang Yi က ပြောပါတယ်။

မြန်မာ့အရေးဆွေးနွေးဖို့ အာဆီယံ ထိပ်သီးအစည်းအဝေး စောလျင်စွာ ကျင်းပနိုင်ရေးကိုလည်း တရုတ်က ထောက်ခံတယ်လို့ ဝန်ကြီး Wang Yi က ပြောပါတယ်။

မြန်မာ့အခြေအနေ ပိုဆိုးမလာရေး ဒါမှမဟုတ် ထိန်းမရတဲ့ အခြေအနေ ရောက်မသွားစေရေး နောက်ထပ် သွေးထွက်သံယို မဖြစ်အောင်၊ အရပ်သားတွေ ထိခိုက်သေဆုံးမှု မဖြစ်အောင် ရှောင်ရှားဖို့၊ မြန်မာ့အချုပ်အခြာ အာဏာပိုင်မှုကို ထိခိုက်စေပြီး အခြေအနေ ထပ်ပြီး ရှုပ်ထွေးသွားစေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သင့်လျော်မှုမရှိဘဲ ဝင်ရောက်စွက်ဖက်တာမျိုးကို ရှောင်ရှားဖို့နဲ့ သူတို့ကိုယ်ပိုင် အကျိုးအမြတ် ရဖို့အတွက် မြန်မာ့အခြေအနေကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး မီးလောင်ရာလေပင့်လုပ်မယ့် ပြည်ပအင်အားစု တချို့ကို တားဆီးဖို့ဆိုတဲ့ အချက်သုံးချက်ကို ဝန်ကြီး Wang Yi က ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အဲဒီ ပြည်ပအင်အားစုတချို့ ဆိုတာက ဘယ်သူ ဘယ်နိုင်ငံတွေဆိုတာနဲ့ ဘယ်လိုအကျိုးအမြတ်တွေအတွက် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG