သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းစစ္ေကာင္စီရဲ႕ ရက္စက္မႈ ေတာင္ကိုရီးယား ၿမိဳ႕ေတာ္၀န္ နဲ႔ အုပ္ခ်ဳပ္ေရးမွဴးတခ်ိဳ႕ ကန္႔ကြက္ဆႏၵျပ 


ကိုရီးယားႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ဝန္ေတြနဲ႔ ေဒသႏၲရ အုပ္ခ်ဳပ္ေရးမႈးေတြ စုစုေပါင္းၿပီး ဆိုလ္းၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာသံ႐ုံးေရွ႕မွာ ဆႏၵျပေတာင္းဆို။ (ဧၿပီ၊ ၅ ရက္၊ ၂၀၂၁) (သတင္းဓါတ္ပုံ: YNHT-Korea)

(Zawgyi/Unicode)
၂၀၂၁ ခုႏွစ္ ဧၿပီလ (၅) ရက္၊ မေန႔ တနလၤာေန႔မွာ ကိုရီးယားႏိုင္ငံကၿမိဳ႕ေတာ္ဝန္ေတြနဲ႔ ေဒသႏၱရ အုပ္ခ်ဳပ္ေရးမႉး ၂၀ ေက်ာ္ဟာ ဆိုးလ္ၿမိဳ႕ေတာ္မွာရွိတဲ့ ျမန္မာသံ႐ံုးေရွ႕တည့္တည့္မွာ လာေရာက္ ဆႏၵျပခဲ့ ၾကတဲ့အေၾကာင္း မခြါညိဳက ေျပာျပေပးပါမယ္။

ကိုရီးယားႏိုင္ငံရဲ႕ လူအခြင့္ေရး ၿမိဳ႕ေတာ္ေတြအျဖစ္ အသိအမွတ္ျပဳထားတဲ့ဆိုလ္းၿမိဳ႕ ၊ အင္ခြၽန္းၿမိဳ႕၊ ဂြမ္ဂ်ဴးၿမိဳ႕ေတြနဲ႔ ျပည္နယ္ေတြဆိုရင္ ဂေရာင္ဂီျပည္နယ္၊ ေဂ်ာလာဘုျပည္နယ္ေတြက ၿမိဳ႕ေတာ္ဝန္ ေတြနဲ႔ ေဒသႏၲရအုပ္ခ်ဳပ္ေရးမႉး စုစုေပါင္း (၂၂) ေယာက္တို႔စုၿပီး ျမန္မာသံ႐ံုးေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။

အခု ၾကားခဲ့ရတာက ဆိုးလ္ၿမိဳ႕မွာရွိတဲ့ ျမန္မာသံ႐ံုးေရွ႕မွာ တနာရီၾကာ လာေရာက္ဆႏၵၵျပၾကတဲ့ ၿမိဳ႕ေတာ္ဝန္ေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြကို အခမ္းအနားမႉးကတဦးခ်င္း မိတ္ဆက္ေပးေနတာျဖစ္ပါတယ္။

အခုလို အစိုးရအဖြဲ႔လက္ရွိတာဝန္ထမ္းေဆာင္ေနသူေတြအေနနဲ႔ ျမန္မာသံ႐ံုးေရွ႕မွာ လာၿပီးဆႏၵျပရျခင္း အေၾကာင္းရင္း နဲ႔ပတ္သက္လို႔ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ႏုိင္ငံတကာ စည္း႐ံုးေရးေကာ္မတီ (ကိုရီးယား) ရဲ႕ ဥကၠ႒ ဦးရန္ႏုိင္ထြန္းက အခုလို ေျပာျပပါတယ္။

“အဓိကသူတို႔ဆႏၵျပရျခင္းအေၾကာင္းရင္းကေတာ့ လက္ရွိ ျမန္မာႏိုင္ငံအတြင္းမွာ စစ္အုပ္စုကေနၿပီး တုိင္းျပည္အာဏာကို မတရားသိမ္းပိုက္ၿပီးေတာ့ ၿငိမ္းခ်မ္းစြာနဲ႔ ဆႏၵျပသေနတဲ့ ျပည္သူလူထုေတြကို ေသနတ္ေတြနဲ႔ပစ္တယ္၊ မတရား႐ိုက္ႏွက္တယ္၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ထားတယ္။ အဲဒီကိစၥေတြကို ကန္႔ကြက္တယ္။ ဒါေတြကို ရပ္တန္းကရပ္ဖို႔အပါအဝင္ မတရားဖမ္းဆီးထားတဲ့ က်ေနာ္တို႔ရဲ႕ ေခါင္းေဆာင္ေတြျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတႀကီးဦးဝင္းျမင့္နဲ႔ ႏုိင္ငံေရးအရ ဖမ္းဆီးထားတဲ့ သူေတြအကုန္လံုးကို ႁခြင္းခ်က္မရွိ အကုန္လံုးျပန္လႊတ္ေပးဖို႔အပါအဝင္ ျမန္မာႏိုင္ငံဟာ စစ္အာဏာရွင္ လက္ေအာက္ကေန အျမန္ဆံုးလြတ္ေျမာက္ၿပီးေတာ့ ဒီမိုကေရစီလမ္းေၾကာင္းကို ေရာက္ရွိသည္အထိ သူတို႔အေနနဲ႔ ျမန္မာျပည္သူမ်ားနဲ႔အတူ ပူးေပါင္းေဆာင္ရြက္သြားမယ္ဆိုတာကို ျပတ္သားစြာနဲ႔ ထုတ္ေဖာ္ျပသတဲ့ ဆႏၵျပပြဲတခုျဖစ္ပါတယ္။

ဒါကေတာ့ ၿမိဳ႕ေတာ္ဝန္နဲ႔ ေဒသႏၱရအုပ္ခ်ဳပ္ေရးမႉးတဦးခ်င္းစီက ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ သူတို႔ရဲ႕ သေဘာထားအျမင္ေတြကို လာေရာက္သတင္းယူၾကတဲ့ သတင္းေထာက္ေတြေရွ႕မွာ အလွည့္က် ေျပာျပခဲ့ၾကတာျဖစ္ပါတယ္။

“အဓိက ကေတာ့ သတင္းစာရွင္းလင္းပြဲ ပံုစံမ်ဳိးေပါ့ေလ- သူတို႔ရဲ႕ရပ္တည္ခ်က္၊ သူတို႔က ျမန္မာျပည္သူေတြနဲ႔ တေသြးတည္း၊ တသားတည္းရပ္တည္သြားမယ္၊ ေနာက္တခုက ရွင္းရွင္း ေျပာရရင္ ကိုရီးယားအစိုးရကိုယ္တုိင္က အျပည့္အဝပါေနၿပီ။”

တဆက္တည္း ဒီကေန႔ ညေနပိုင္းမွာပဲ ျမန္မာ့အေရးေဆာင္ရြက္ေပးေနတဲ့ကိုရီးယားအဖြဲ႔ “စစ္အာဏာ သိမ္းမႈဆန္႔က်င္ေရး ေကာ္မတီ၊ (ကိုရီးယား)၊ ကိုရီးယား-ျမန္မာပူးေပါင္းဖြဲ႔စည္းထားတဲ့ ျမန္မာ့ဒီမို ကေရစီနက္ဝပ္အဖြ႔ဲနဲ႔ ကိုရီးယားႏုိင္ငံတြင္း ျမန္မာ့အေရးေဆာင္ရြက္ေနတဲ့ ေခါင္းေဆာင္တဦး ေပါင္း ၃ ဦးကို ကိုရီးယားအေျခစိုက္ ႏိုင္ငံျခားသတင္းေထာက္ေတြက ဖိတ္ၾကားၿပီးျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲလည္း ရွိခဲ့ပါတယ္။

“ျမန္မာႏုိင္ငံမွာျဖစ္ပ်က္ေနတဲ့အေျခအေနေတြနဲ႔ ကို႐ီးယားႏုိင္ငံမွာျဖစ္ပ်က္ေနတဲ့အေျခအေနေတြ၊ ကိုရီးယားအစိုးရကေန က်ေနာ္တို႔ကို ဘယ္လို အားေပးမႈေတြ ျပဳလုပ္ေနလဲ။ က်ေနာ္တို႔ကလည္း ျပန္ၿပီးေတာ့ ကိုရီးယားအစိုးရကို ဘယ္လိုေတာင္းဆိုမႈေတြ ျပဳလုပ္ေစခ်င္လဲဆိုတာေတြကို အက်ယ္တဝင့္ သတင္းစာရွင္းလင္းပဲြကို တနာရီတိတိေလာက္ က်ေနာ္တို႔ ျပဳလုပ္ခဲ့ပါတယ္ခင္ဗ်။”

သတင္းစာရွင္းလင္းပြဲကို တက္ေရာက္လာၾကတဲ့ သတင္းဌာနေတြကေတာ့ - အားလံုးေပါင္း ၁၀ ခုေလာက္ရွိၿပီး တ႐ုတ္ဘက္ကလာတဲ့ Press TV, CAN, NTD, Sky News, ဂ်ပန္က တိုက်ဳိသတင္းဌာနနဲ႔ South China စတဲ့သတင္းဌာနေတြ ပါဝင္ေၾကာင္း ဦးရန္နုိင္ထြန္းက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်မှု တောင်ကိုရီးယား မြို့တော်ဝန် နဲ့ အုပ်ချုပ်ရေးမှူးတချို့ ကန့်ကွက်ဆန္ဒပြ
(Unicode)
၂၀၂၁ ခုနှစ် ဧပြီလ (၅) ရက်၊ တနင်္လာနေ့မှာ ကိုရီးယားနိုင်ငံကမြို့တော်ဝန်တွေနဲ့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ၂၀ ကျော်ဟာ ဆိုးလ်မြို့တော်မှာရှိတဲ့ မြန်မာသံရုံးရှေ့တည့်တည့်မှာ လာရောက် ဆန္ဒပြခဲ့ ကြတဲ့အကြောင်း မခွါညိုက ပြောပြပေးပါမယ်။

ကိုရီးယားနိုင်ငံရဲ့ လူအခွင့်ရေး မြို့တော်တွေအဖြစ် အသိအမှတ်ပြုထားတဲ့ဆိုလ်းမြို့ ၊ အင်ချွန်းမြို့၊ ဂွမ်ဂျူးမြို့တွေနဲ့ ပြည်နယ်တွေဆိုရင် ဂရောင်ဂီပြည်နယ်၊ ဂျောလာဘုပြည်နယ်တွေက မြို့တော်ဝန် တွေနဲ့ ဒေသန္တရအုပ်ချုပ်ရေးမှူး စုစုပေါင်း (၂၂) ယောက်တို့စုပြီး မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

အခု ကြားခဲ့ရတာက ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ တနာရီကြာ လာရောက်ဆန္ဒ္ဒပြကြတဲ့ မြို့တော်ဝန်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေကို အခမ်းအနားမှူးကတဦးချင်း မိတ်ဆက်ပေးနေတာဖြစ်ပါတယ်။

အခုလို အစိုးရအဖွဲ့လက်ရှိတာဝန်ထမ်းဆောင်နေသူတွေအနေနဲ့ မြန်မာသံရုံးရှေ့မှာ လာပြီးဆန္ဒပြရခြင်း အကြောင်းရင်း နဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာ စည်းရုံးရေးကော်မတီ (ကိုရီးယား) ရဲ့ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက အခုလို ပြောပြပါတယ်။

“အဓိကသူတို့ဆန္ဒပြရခြင်းအကြောင်းရင်းကတော့ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာ စစ်အုပ်စုကနေပြီး တိုင်းပြည်အာဏာကို မတရားသိမ်းပိုက်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြသနေတဲ့ ပြည်သူလူထုတွေကို သေနတ်တွေနဲ့ပစ်တယ်၊ မတရားရိုက်နှက်တယ်၊ ဖမ်းဆီးချုပ်နှောင်ထားတယ်။ အဲဒီကိစ္စတွေကို ကန့်ကွက်တယ်။ ဒါတွေကို ရပ်တန်းကရပ်ဖို့အပါအဝင် မတရားဖမ်းဆီးထားတဲ့ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ သူတွေအကုန်လုံးကို ခြွင်းချက်မရှိ အကုန်လုံးပြန်လွှတ်ပေးဖို့အပါအဝင် မြန်မာနိုင်ငံဟာ စစ်အာဏာရှင် လက်အောက်ကနေ အမြန်ဆုံးလွတ်မြောက်ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို ရောက်ရှိသည်အထိ သူတို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာကို ပြတ်သားစွာနဲ့ ထုတ်ဖော်ပြသတဲ့ ဆန္ဒပြပွဲတခုဖြစ်ပါတယ်။

ဒါကတော့ မြို့တော်ဝန်နဲ့ ဒေသန္တရအုပ်ချုပ်ရေးမှူးတဦးချင်းစီက မြန်မာနိုင်ငံနဲ့ပတ်သက်လို့ သူတို့ရဲ့ သဘောထားအမြင်တွေကို လာရောက်သတင်းယူကြတဲ့ သတင်းထောက်တွေရှေ့မှာ အလှည့်ကျ ပြောပြခဲ့ကြတာဖြစ်ပါတယ်။

“အဓိက ကတော့ သတင်းစာရှင်းလင်းပွဲ ပုံစံမျိုးပေါ့လေ- သူတို့ရဲ့ရပ်တည်ချက်၊ သူတို့က မြန်မာပြည်သူတွေနဲ့ တသွေးတည်း၊ တသားတည်းရပ်တည်သွားမယ်၊ နောက်တခုက ရှင်းရှင်း ပြောရရင် ကိုရီးယားအစိုးရကိုယ်တိုင်က အပြည့်အဝပါနေပြီ။”

တဆက်တည်း ဒီကနေ့ ညနေပိုင်းမှာပဲ မြန်မာ့အရေးဆောင်ရွက်ပေးနေတဲ့ကိုရီးယားအဖွဲ့ “စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး ကော်မတီ၊ (ကိုရီးယား)၊ ကိုရီးယား-မြန်မာပူးပေါင်းဖွဲ့စည်းထားတဲ့ မြန်မာ့ဒီမို ကရေစီနက်ဝပ်အဖွ့ဲနဲ့ ကိုရီးယားနိုင်ငံတွင်း မြန်မာ့အရေးဆောင်ရွက်နေတဲ့ ခေါင်းဆောင်တဦး ပေါင်း ၃ ဦးကို ကိုရီးယားအခြေစိုက် နိုင်ငံခြားသတင်းထောက်တွေက ဖိတ်ကြားပြီးမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲလည်း ရှိခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေနဲ့ ကိုရီးယားနိုင်ငံမှာဖြစ်ပျက်နေတဲ့အခြေအနေတွေ၊ ကိုရီးယားအစိုးရကနေ ကျနော်တို့ကို ဘယ်လို အားပေးမှုတွေ ပြုလုပ်နေလဲ။ ကျနော်တို့ကလည်း ပြန်ပြီးတော့ ကိုရီးယားအစိုးရကို ဘယ်လိုတောင်းဆိုမှုတွေ ပြုလုပ်စေချင်လဲဆိုတာတွေကို အကျယ်တဝင့် သတင်းစာရှင်းလင်းပွဲကို တနာရီတိတိလောက် ကျနော်တို့ ပြုလုပ်ခဲ့ပါတယ်ခင်ဗျ။”

သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာကြတဲ့ သတင်းဌာနတွေကတော့ - အားလုံးပေါင်း ၁၀ ခုလောက်ရှိပြီး တရုတ်ဘက်ကလာတဲ့ Press TV, CAN, NTD, Sky News, ဂျပန်က တိုကျိုသတင်းဌာနနဲ့ South China စတဲ့သတင်းဌာနတွေ ပါဝင်ကြောင်း ဦးရန်နိုင်ထွန်းက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG