သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုအပေါ် ကန် ဝေဖန်


၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်ဆောင် Kim Jong Un ကြည့်ရှုနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၃၁၊ ၂၀၁၉)
၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်မှုကို မြောက်ကိုရီးယားခေါင်ဆောင် Kim Jong Un ကြည့်ရှုနေတဲ့ မြင်ကွင်း။ (ဇူလိုင် ၃၁၊ ၂၀၁၉)

[Zawgyi/Unicode]

မြောက်ကိုရီးယားအနေနဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှု ဒီမနက်လုပ်ဆောင်ခဲ့တဲ့အပေါ် အမေရိကန်ဘက်ကလည်း ပြန်ဝေဖန်သတိပေးလိုက်ပါတယ်။

အခုမြောက်ကိုရီးယား စမ်းသပ်ပစ်ခတ်မှုက အမေရိကန်သမ္မတ Joe Biden တက်လာအပြီး ပထမဆုံးဖြစ်ခါ တရုတ်နဲ့တင်းမာစွာ ဆွေးနွေးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒေသတွင်း ခရီးစဉ်အပြီးလေးမှာလည်း ဖြစ်လာတာပါ။

အခု မြောက်ကိုရီးယားပစ်လိုက်တဲ့ ဒီ ပဲ့ထိန်းဒုံးကျည် နှစ် ခုဟာ ဂျပန်ရေပိုင်နက်အပြင်ဘက်ကို ကျသွားခဲ့တယ်လို့ ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ဆိုပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ဒီ ပဲ့ထိန်းဒုံးကျည် နှစ် လုံးကို မြောက်ကိုရီးယားရဲ့ တောင် Hamgyong ပြည်နယ်ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး အကွာအဝေးမိုင် ၂၈၀ နီးပါးနဲ့ အမြင့်မိုင် ၃၇ မိုင်ကျော်အထိ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်စစ်ဌာနချုပ်က ပြောခွင့်ရ ဗိုလ်ကြီး Mike Kafka က ဒီဒုံးကျည်ပစ်လွှတ်မှုကို သိထားပြီး စောင့်ကြည့်နေတယ်။ ဒါက အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် မြောက်ကိုရီးယားရဲ့ တရားမဝင်လက်နက်ခြိမ်းခြောက်မှုကြီးကို မီးမောင်း ထိုးပြလိုက်တာပါလို့ ကြေညာချက်ထုတ်ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် တောင်ကိုရီးယားနဲ့ ဂျပန် မဟာမိတ်တွေလုံခြုံရေးအတွက် အမေရိကန်ဘက်က အကာအကွယ်ပေးဖို့ သန္တိဌာန်ကတော့၊ ခိုင်ခိုင်မြဲမြဲ အပြည့်အဝကို ဆက်ရှိနေပါတယ်လို့လည်း၊ ဒီကြေညာချက်ထဲမှာ ထည့်သွင်း သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG