သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္ကိုရီယားလႊတ္ေတာ္အမတ္ေတြနဲ႔ CRPH ေဒၚဇင္မာေအာင္ ဖုန္းနဲ႔စကားေျပာ


ျမန္မာ့အေရးစိတ္ဝင္စားၿပီး CRPH ႏုိင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ႏွင့္ တုိက္႐ိုက္ဖုန္းေျပာခဲ့ၾကေသာ ေတာင္ကိုရီးယားလႊတ္ေတာ္အမတ္မ်ား။ (Photo/Yan Naing Htun)

ဒီကေန႔ မတ္လ ၂၀ ရက္၊ စေနေန႔မွာ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ လက္ရွိလႊတ္ေတာ္အမတ္လည္းျဖစ္၊ ေတာင္နဲ႔ေျမာက္ ကိုရီးယားေပါင္းစည္းေရးဥကၠ႒လည္းျဖစ္တဲ့ မစၥတာ ဆုန္ေယာင္ဂီလ္း က ျမန္မာႏုိင္ငံရဲ႕ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳေကာ္မတီရဲ႕ ႏုိင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို တယ္လီဖုန္းနဲ႔ဆက္သြယ္ၿပီး ျမန္မာ့လက္ရွိႏိုင္ငံေရးအေျခအေနေတြနဲ႔ CRPH ရဲ႕ကိုယ္စားျပဳမႈ အေနအထားေတြကို ေမးျမန္းခဲ့ပါတယ္။ ဒီလိုေျပာဆိုခ်ိန္မွာ မစၥတာဆုန္ေယာင္ဂီလ္းနဲ႔အတူ တျခား ျမန္မာ့အေရးလႈပ္ရွားေပးေနၾကတဲ့ ေတာင္ကိုရီးယားလႊတ္ေတာ္ အမတ္ ၁၆ ဦးတို႔လည္း ရွိေနခဲ့ပါတယ္။ ဆက္သြယ္ေျပာဆိုေနတဲ့ ေတာင္ကိုရီးယားလႊတ္ေတာ္ အေဆာက္အဦးအတြင္း ႏုိင္ငံျခားေရး႐ံုးခန္းမထဲမွာရွိေနခဲ့တဲ့ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္၊ ႏုိင္ငံတကာ စည္း႐ံုးေရးေကာ္မတီ (ကိုရီးယား) ရဲ႕ ဥကၠ႒ ဦးရန္ႏုိင္ထြန္းကို က်မ ခြါညိဳက ဆက္သြယ္ေမးျမန္းထားပါတယ္။

ဦးရန္ႏုိင္ထြန္း။။ အဓိက-ကေတာ့ လက္ရွိမွာ ႏိုင္ငံျခားေရးရာဌာနနဲ႔ ေတာင္-ေျမာက္ကိုရီးယားေပါင္းစည္းေရးမွာ ဥကၠ႒လုပ္ေနတဲ့ မစၥတာဆုန္ေယာင္ဂီလ္းဆိုတာက ကိုရီးယားႏုိင္ငံျခားေရးဝန္ႀကီးဌာနမွာၾသဇာအရွိန္အဝါ ႀကီးမားတဲ့သူတေယာက္လည္းျဖစ္ပါတယ္။ သူကေနၿပီးေတာ့ လႊတ္ေတာ္အေဆာက္အဦးထဲမွာရွိတဲ့ သူ႔ရဲ႕ႏိုင္ငံျခားေရးဌာန႐ံုးခန္းထဲကို က်ေနာ္တို႔ကို ဖိတ္ေခၚပါတယ္။ ျမန္မာ့ႏိုင္ငံေရးကိစၥရပ္ေတြကို ေဆြးေႏြးခ်င္ပါတယ္ဆိုၿပီးေတာ့ က်ေနာ္တို႔ကို ဖိတ္တာပါ။ သြားေတြ႔တဲ့အခိ်န္မွာ သူက လက္ရွိမွာ ျမန္မာႏုိင္ငံအတြင္းမွာ CRPH ဖြဲ႔စည္းထားတယ္ဆိုတာလည္း သူတို႔ၾကားသိပါတယ္။ လႊတ္ေတာ္ထဲမွာလည္း ဒီကိစၥေတြကို ေထာက္ခံဖို႔၊ CRPH နဲ႔အတူ လက္တြဲလုပ္ေဆာင္ဖို႔ သူတို႔ အစီအစဥ္ေတြ ဆြဲေနပါတယ္-တဲ့။ အဲဒါေၾကာင့္မို႔လို႔ CRPH က အဓိက ေျပာေရးဆိုခြင့္ရွိသူ ေခါင္းေဆာင္တဦးဦးနဲ႔ သူတို႔ တရားဝင္စကားေျပာခ်င္ပါတယ္လို႔ သူတို႔အေနနဲ႔ေျပာပါတယ္။

ေမး။။ အရင္တုန္းကေရာ အခုလိုမ်ဳိး ေတာင္ကိုရီးယားလႊတ္ေတာ္အစိုးရေတြကေနၿပီးေတာ့ စတင္ဆက္သြယ္တာမ်ဳိး ရွိခဲ့ဖူးလား။

ဦးရန္ႏုိင္ထြန္း။။ အရင္တုန္းကဆိုလို႔ရွိရင္ေတာ့ က်ေနာ္တို႔ကေနသြားသြားၿပီးေတာ့ ျမန္မာႏုိင္ငံအေရးနဲ႔ပတ္သက္တဲ့ ကိစၥရပ္ေတြ၊ လက္ရွိျဖစ္ပ်က္ေနတဲ့အေျခအေနအရပ္ရပ္ကို သူတို႔ကို က်ေနာ္တို႔ကေျပာျပတယ္။ ျမန္မာႏုိင္ငံအတြက္ ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္ေပးဖို႔၊ က်ေနာ္တို႔ျမန္မာႏုိင္ငံအေရးကို ကိုရီးယားႏုိင္ငံအေနနဲ႔လည္း အားတက္သေရာနဲ႔ ပါဝင္ ေဆာင္ရြက္ေပးဖို႔ ကမ္းလွမ္းၿပီးေတာ့ သြားေျပာတာေတြရွိပါတယ္။ အခုတေခါက္မွာလည္း က်ေနာ္တို႔က လႊတ္ေတာ္အထိ ထိုးေဖာက္ၿပီး ေျပာထားတာေတြ ရွိတယ္။ သမၼတအိမ္ေတာ္ကိုသြားၿပီးေတာ့ သမၼတမြန္ေဂ်အင္းကို အိတ္ဖြင့္ေပးစာေတြ ေပးတာရွိတယ္။ အဲဒီလိုေပးၿပီးတဲ့ေနာက္ပိုင္းေတြမွာ ဒါက ထူးျခားလာတဲ့ ကိစၥရပ္ေတြေပါ့ေလ။ က်ေနာ္တို႔က ေတာ့ CRPH ကိုေထာက္ခံဖို႔နဲ႔ CRPH ကို တရားဝင္အစိုးရအေနန႔ဲ ကိုရီးယားအစိုးရကသတ္မွတ္ေပးၿပီးေတာ့ ေနာက္ပိုင္း ႏုိင္ငံျခားေရးကိစၥရပ္ေတြ၊ အစိုးရပိုင္းဆိုင္ရာကိစၥရပ္ေတြကို CRPH နဲ႔အတူ ပူးတြဲၿပီးေတာ့ လုပ္ေဆာင္သြားဖို႔အတြက္ ကိုရီးယားမွာရွိတဲ့ ႏုိင္ငံေရးအဖြဲ႔အစည္းေတြကေနၿပီးေတာ့ အင္တုိက္အားတုိက္ ႀကိဳးစားေနတာေတြ ရွိပါတယ္။ အခုအခ်ိန္မွာေတာ့ သူတို႔ကိုယ္တုိင္ကေနၿပီးေတာ့ CRPH တရားဝင္ပုဂၢိဳလ္တေယာက္ေယာက္နဲ႔စကားေျပာခ်င္တယ္ဆိုၿပီးေတာ့ ကမ္းလွမ္းမႈေတြျဖစ္လာတာတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔က CRPH က ႏုိင္ငံျခားေရးဝန္ႀကီးျဖစ္တဲ့ ေဒၚဇင္မာေအာင္နဲ႔ ဒီဘက္က ႏုိင္ငံျခားေရးဌာနထိပ္တန္းအရာရွိနဲ႔ခ်ိတ္ဆက္ေပးလိုက္တာပဲျဖစ္ပါတယ္ခင္ဗ်။

ေမး။။ သူတို႔အေနနဲ႔ေပါ့ေနာ္-အခုလိုမ်ဳိး CRPH နဲ႔ ဆက္သြယ္တယ္ဆိုေတာ့- ဒါက သူတို႔က CRPH ကိုပဲ အသိအမွတ္ျပဳတယ္၊ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကို အသိအမွတ္မျပဳဘူးဆိုတဲ့ အဓိပၸါယ္လည္း သက္ေရာက္မွာေပါ့-တခ်ိန္တည္းမွာ။

ဦးရန္ႏုိင္ထြန္း။။ ေတာင္ကိုရီးယားႏုိင္ငံရဲ႕သမၼတမြန္ေဂ်အင္း၊ ေတာင္ကိုရီးယားႏုိင္ငံရဲ႕ ဝန္ႀကီးခ်ဳပ္ေတြရဲ႕ တရားဝင္ တြစ္တာေတြ၊ ေဖ့စ္ဘုတ္ေတြမွာ စစ္အာဏာရွင္စနစ္ကို လံုးဝကန္႔ကြက္ေၾကာင္း၊ ႐ႈတ္ခ်ေၾကာင္း၊ စစ္အာဏာရွင္ရဲ႕လုပ္ရပ္ေတြကို သူတို႔အေနနဲ႔အလုိမရွိေၾကာင္း၊ လုပ္ေဆာင္ခ်က္ေတြအားလံုးကို ရပ္တန္းကရပ္ဖို႔ဆိုတာကို သူတို႔အတိအလင္းေၾကညာထားၿပီးသားျဖစ္ပါတယ္။ အခုဆိုလို႔ရွိရင္ ကိုရီးယားအစိုးရတင္မက ကိုရီးယားတႏိုင္ငံလံုးက ျမန္မာ့ႏုိင္ငံေရးကိစၥကို တက္ႂကြစြာနဲ႔ ျမန္မာျပည္သူျပည္သားေတြနဲ႔အတူ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ေျပာတဲ့စကားကိုက ရွင္းပါတယ္။ ေနာက္ပိုင္း ျမန္မာႏုိင္ငံအနာဂတ္ေရွ႕ေရးအတြက္ကို..တဲ့။CRPH စကားေျပာခ်င္ပါတယ္ဆိုတဲ့စကားကို ေထာက္႐ႈျခင္းအားျဖင့္ ကိုရီးယားအစုိးရအေနနဲ႔ေတာ့ စစ္အာဏာရွင္ေတြက ဒီအတုိင္းပဲဆက္သြားေနမယ္ဆိုလို႔ရွိရင္ ေနာက္ပိုင္း ျမန္မာႏုိင္ငံနဲ႔ပတ္သက္တဲ့ ဆက္ဆံေရးေတြကို CRPH နဲ႔႔ပဲ ဆက္သြယ္လာ့မယ့္အလားအလာေတြရွိတယ္လို႔ က်ေနာ္တို႔က ယူဆပါတယ္ခင္ဗ်။

ေမး။။ ဒါကေတာ့ ႏုိင္ငံေရးပိုင္းတာဝန္ရွိသူေတြဘက္က ျမန္မာျပည္အေပၚ စိတ္ဝင္စားမႈအပိုင္းေပါ့ေနာ္။ ဟိုတေလာကေတာ့ အဆိုေတာ္ေလးေတြက ကမၻာမေၾကဘူးသီခ်င္းဆိုၿပီးေတာ့ အသံသြင္းေနတာကို တင္ထားတာေတြ႔ရပါတယ္။ ဆိုေတာ့…အႏုပညာရွင္ေတြရဲ႕ တြန္းအားနဲ႔ဖိအားကိုေရာ ဘယ္ေလာက္ ေမွ်ာ္လင့္လို႔ရပါသလဲ။

ဦးရန္ႏိုင္ထြန္း။။ ကမၻာမေၾကသီခ်င္းတပုဒ္တည္းတင္မဟုတ္ပါဘူး။ ျမန္မာနဲ႔ပတ္သက္တဲ့ကိစၥရပ္ေတြအကုန္လံုးကို ကိုရီးယားဘာသာေတြျပန္ၿပီးေတာ့လုပ္ေနတာရွိပါတယ္။ ျမန္မာ့ဒီမုိကေရစီေရးရာ ျပဇာတ္ေတြကိုလည္း ကိုရီးယားဘာသာနဲ႔လုပ္ေနတာရွိပါတယ္။ ျမန္မာ့ဒီမိုကေရစီအေရးနဲ႔ပတ္သက္ၿပီးေတာ့ ဓာတ္ပံုျပပြဲေတြ၊ ပန္းခ်ီျပပြဲေတြကိုလည္း လုပ္ေနတာ ေတြ ရွိပါတယ္။ အဲဒီေတာ့ အစစအရာရာ အဘက္ဘက္ကေနၿပီးေတာ့ အင္တုိက္အားတုိက္ ပူးေပါင္းပါဝင္ေဆာင္ရြက္ေနတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ၿပီးခဲ့တဲ့ အပတ္ကဆိုလို႔ရွိရင္ ဂြမ္ဂ်ဴး-ေပါ့ေလ။ ဂြမ္ဂ်ဴးဆိုတာက စစ္အာဏာရွင္ကို အဓိကေတာ္လွန္ပုန္ကန္ခဲ့တဲ့အဓိကေဒသႀကီး ျဖစ္ပါတယ္။ အဲဒီေဒသမွာ သံပံုးမ်ားတီးျခင္းတို႔၊ ထဘီကိုႀကိဳးတန္းလုပ္ၿပီးလွမ္းတဲ့ ကမ္ပိန္းတို႔ကို ေတာင္ကိုရီးယားျပည္သူေတြက ဦးေဆာင္ၿပီးလုပ္လာတာေတြ႔ရပါတယ္။ မတ္လ ၂၇ ရက္ေန႔မွာဆိုရင္လည္း က်ေနာ္တို႔ မနက္ ၁၁ နာရီကေန ေန႔လည္ ၁ နာရီအထိကို ကိုရီးယားတႏိုင္ငံလံုးအတုိင္းအတာနဲ႔ စီတန္းလွည့္လည္ပြဲေတြကို ျပဳလုပ္မွာျဖစ္ပါတယ္။ ျမန္မာႏုိင္ငံအတြင္းမွာ စစ္အာဏာရွင္ေတြ အျမန္ဆံုးျပဳတ္က်ေစဖို႔အတြက္ စစ္အာဏာရွင္ေတြကို ကန္႔ကြက္ ႐ႈတ္ခ်တဲ့ဆႏၵျပသမႈေတြကို ကိုရီးယားႏုိင္ငံမွာရွိတဲ့ ျမန္မာႏုိင္ငံသားေတြနဲ႔ထပ္တူပူးေပါင္းၿပီးေတာ့ ကိုရီးယားႏုိင္ငံမွာရွိတဲ့ ျပည္သူျပည္သားေတြအားလံုးက တႏိုင္ငံလံုး အတုိင္းအတာနဲ႔ ျပဳလုပ္မွာျဖစ္ပါတယ္ခင္ဗ်။

ေမး။။ ဟုတ္ကဲ့။ အဲဒီေတာ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကေရာ ေရွ႕ဆက္ၿပီးေတာ့ ပူးေပါင္းေဆာင္ဖို႔အတြက္ အစီအစဥ္ေတြနဲ႔ပတ္သက္လို႔ အလားအလာဘယ္လိုရွိပါသလဲ။

ဦးရန္ႏုိင္ထြန္း။။ အခုလက္ရွိမွာဆိုလို႔ရွိရင္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက အင္တုိက္အားတုိက္နဲ႔လက္မွတ္ထိုးၿပီးေတာ့ ေဆာင္ရြက္ေနတဲ့ကမ္ပိန္းေတြကိုလည္း စဥ္ဆက္မျပတ္ ျပဳလုပ္ေနတာ ရွိပါတယ္။ ေနာက္ဆံုး UN မွာရွိတဲ့ေဆြးေႏြးပြဲေတြမွာလည္း ျမန္မာ့ႏိုင္ငံေရးကိစၥကို ထဲထဲဝင္ဝင္ေဆာင္ရြက္ေပးဖို႔ေတာင္းဆိုမႈေတြကိုလည္း စာတင္ၿပီးေတာ့ ေတာင္းဆိုတာေတြ က်ေနာ္တို႔ ေတြ႔ရွိရပါတယ္။ ေနာက္ဆံုးလႊတ္ေတာ္အတြင္းထဲမွာေတာင္မွ လႊတ္ေတာ္အမတ္ေတြ အကုန္လံုးတုိင္ပင္ဆံုးျဖတ္ၿပီးေတာ့မွ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ ကိုရီးယား လႊတ္ေတာ္တရပ္လံုးက ပူးေပါင္းပါဝင္ၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚျပန္လည္ေရာက္ရွိသြားေအာင္ ေဆာင္ရြက္မယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္ကိုလည္း ကိုရီးယားလႊတ္ေတာ္ကေနၿပီးေတာ့ ခ်မွတ္ထားၿပီးသား ျဖစ္ပါတယ္ခင္ဗ်။ ထို႔အတူ ကိုရီးယားႏုိင္ငံအတြင္းမွာ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသားေက်ာင္းသူေတြကိုလည္း ကိုရီးယားအစိုးရကေနၿပီးေတာ့ တလကို တကၠသိုလ္္ေတြအလိုက္ေပါ့ေလ၊ သတ္မွတ္တဲ့ေငြေၾကးေတြ ေထာက္ပံ့ေပးဖို႔အထိကိုေၾကညာထားတာေတြရွိပါတယ္ခင္ဗ်။

ခြါညိဳ။။ ဟုတ္ကဲ့၊ ကိုရန္ႏုိင္ထြန္း။ ေက်းဇူးတင္ပါတယ္ေနာ္။

တိုက္႐ိုက္ လင့္ခ္


Unicode

တောင်ကိုရီယားလွှတ်တော်အမတ်တွေနဲ့ CRPH ဒေါ်ဇင်မာအောင် ဖုန်းနဲ့စကားပြော

ဒီကနေ့ မတ်လ ၂၀ ရက်၊ စနေနေ့မှာ တောင်ကိုရီးယားနိုင်ငံရဲ့ လက်ရှိလွှတ်တော်အမတ်လည်းဖြစ်၊ တောင်နဲ့မြောက် ကိုရီးယားပေါင်းစည်းရေးဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဆုန်ယောင်ဂီလ်း က မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို တယ်လီဖုန်းနဲ့ဆက်သွယ်ပြီး မြန်မာ့လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ CRPH ရဲ့ကိုယ်စားပြုမှု အနေအထားတွေကို မေးမြန်းခဲ့ပါတယ်။ ဒီလိုပြောဆိုချိန်မှာ မစ္စတာဆုန်ယောင်ဂီလ်းနဲ့အတူ တခြား မြန်မာ့အရေးလှုပ်ရှားပေးနေကြတဲ့ တောင်ကိုရီးယားလွှတ်တော် အမတ် ၁၆ ဦးတို့လည်း ရှိနေခဲ့ပါတယ်။ ဆက်သွယ်ပြောဆိုနေတဲ့ တောင်ကိုရီးယားလွှတ်တော် အဆောက်အဦးအတွင်း နိုင်ငံခြားရေးရုံးခန်းမထဲမှာရှိနေခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာ စည်းရုံးရေးကော်မတီ (ကိုရီးယား) ရဲ့ ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းကို ကျမ ခွါညိုက ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးရန်နိုင်ထွန်း။။ အဓိက-ကတော့ လက်ရှိမှာ နိုင်ငံခြားရေးရာဌာနနဲ့ တောင်-မြောက်ကိုရီးယားပေါင်းစည်းရေးမှာ ဥက္ကဋ္ဌလုပ်နေတဲ့ မစ္စတာဆုန်ယောင်ဂီလ်းဆိုတာက ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှာသြဇာအရှိန်အဝါ ကြီးမားတဲ့သူတယောက်လည်းဖြစ်ပါတယ်။ သူကနေပြီးတော့ လွှတ်တော်အဆောက်အဦးထဲမှာရှိတဲ့ သူ့ရဲ့နိုင်ငံခြားရေးဌာနရုံးခန်းထဲကို ကျနော်တို့ကို ဖိတ်ခေါ်ပါတယ်။ မြန်မာ့နိုင်ငံရေးကိစ္စရပ်တွေကို ဆွေးနွေးချင်ပါတယ်ဆိုပြီးတော့ ကျနော်တို့ကို ဖိတ်တာပါ။ သွားတွေ့တဲ့အချိန်မှာ သူက လက်ရှိမှာ မြန်မာနိုင်ငံအတွင်းမှာ CRPH ဖွဲ့စည်းထားတယ်ဆိုတာလည်း သူတို့ကြားသိပါတယ်။ လွှတ်တော်ထဲမှာလည်း ဒီကိစ္စတွေကို ထောက်ခံဖို့၊ CRPH နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ သူတို့ အစီအစဉ်တွေ ဆွဲနေပါတယ်-တဲ့။ အဲဒါကြောင့်မို့လို့ CRPH က အဓိက ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင်တဦးဦးနဲ့ သူတို့ တရားဝင်စကားပြောချင်ပါတယ်လို့ သူတို့အနေနဲ့ပြောပါတယ်။

မေး။။ အရင်တုန်းကရော အခုလိုမျိုး တောင်ကိုရီးယားလွှတ်တော်အစိုးရတွေကနေပြီးတော့ စတင်ဆက်သွယ်တာမျိုး ရှိခဲ့ဖူးလား။

ဦးရန်နိုင်ထွန်း။။ အရင်တုန်းကဆိုလို့ရှိရင်တော့ ကျနော်တို့ကနေသွားသွားပြီးတော့ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေ၊ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေအရပ်ရပ်ကို သူတို့ကို ကျနော်တို့ကပြောပြတယ်။ မြန်မာနိုင်ငံအတွက် ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးဖို့၊ ကျနော်တို့မြန်မာနိုင်ငံအရေးကို ကိုရီးယားနိုင်ငံအနေနဲ့လည်း အားတက်သရောနဲ့ ပါဝင် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းပြီးတော့ သွားပြောတာတွေရှိပါတယ်။ အခုတခေါက်မှာလည်း ကျနော်တို့က လွှတ်တော်အထိ ထိုးဖောက်ပြီး ပြောထားတာတွေ ရှိတယ်။ သမ္မတအိမ်တော်ကိုသွားပြီးတော့ သမ္မတမွန်ဂျေအင်းကို အိတ်ဖွင့်ပေးစာတွေ ပေးတာရှိတယ်။ အဲဒီလိုပေးပြီးတဲ့နောက်ပိုင်းတွေမှာ ဒါက ထူးခြားလာတဲ့ ကိစ္စရပ်တွေပေါ့လေ။ ကျနော်တို့က တော့ CRPH ကိုထောက်ခံဖို့နဲ့ CRPH ကို တရားဝင်အစိုးရအနေနဲ့ ကိုရီးယားအစိုးရကသတ်မှတ်ပေးပြီးတော့ နောက်ပိုင်း နိုင်ငံခြားရေးကိစ္စရပ်တွေ၊ အစိုးရပိုင်းဆိုင်ရာကိစ္စရပ်တွေကို CRPH နဲ့အတူ ပူးတွဲပြီးတော့ လုပ်ဆောင်သွားဖို့အတွက် ကိုရီးယားမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကနေပြီးတော့ အင်တိုက်အားတိုက် ကြိုးစားနေတာတွေ ရှိပါတယ်။ အခုအချိန်မှာတော့ သူတို့ကိုယ်တိုင်ကနေပြီးတော့ CRPH တရားဝင်ပုဂ္ဂိုလ်တယောက်ယောက်နဲ့စကားပြောချင်တယ်ဆိုပြီးတော့ ကမ်းလှမ်းမှုတွေဖြစ်လာတာတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က CRPH က နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်ဇင်မာအောင်နဲ့ ဒီဘက်က နိုင်ငံခြားရေးဌာနထိပ်တန်းအရာရှိနဲ့ချိတ်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်ခင်ဗျ။

မေး။။ သူတို့အနေနဲ့ပေါ့နော်-အခုလိုမျိုး CRPH နဲ့ ဆက်သွယ်တယ်ဆိုတော့- ဒါက သူတို့က CRPH ကိုပဲ အသိအမှတ်ပြုတယ်၊ စစ်အုပ်ချုပ်ရေးကောင်စီကို အသိအမှတ်မပြုဘူးဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်မှာပေါ့-တချိန်တည်းမှာ။

ဦးရန်နိုင်ထွန်း။။ တောင်ကိုရီးယားနိုင်ငံရဲ့သမ္မတမွန်ဂျေအင်း၊ တောင်ကိုရီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်တွေရဲ့ တရားဝင် တွစ်တာတွေ၊ ဖေ့စ်ဘုတ်တွေမှာ စစ်အာဏာရှင်စနစ်ကို လုံးဝကန့်ကွက်ကြောင်း၊ ရှုတ်ချကြောင်း၊ စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေကို သူတို့အနေနဲ့အလိုမရှိကြောင်း၊ လုပ်ဆောင်ချက်တွေအားလုံးကို ရပ်တန်းကရပ်ဖို့ဆိုတာကို သူတို့အတိအလင်းကြေညာထားပြီးသားဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် ကိုရီးယားအစိုးရတင်မက ကိုရီးယားတနိုင်ငံလုံးက မြန်မာ့နိုင်ငံရေးကိစ္စကို တက်ကြွစွာနဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ဆောင်ရွက်နေတာဖြစ်ပါတယ်။ပြောတဲ့စကားကိုက ရှင်းပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံအနာဂတ်ရှေ့ရေးအတွက်ကို..တဲ့။CRPH စကားပြောချင်ပါတယ်ဆိုတဲ့စကားကို ထောက်ရှုခြင်းအားဖြင့် ကိုရီးယားအစိုးရအနေနဲ့တော့ စစ်အာဏာရှင်တွေက ဒီအတိုင်းပဲဆက်သွားနေမယ်ဆိုလို့ရှိရင် နောက်ပိုင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေကို CRPH နဲ့ပဲ ဆက်သွယ်လာ့မယ့်အလားအလာတွေရှိတယ်လို့ ကျနော်တို့က ယူဆပါတယ်ခင်ဗျ။

မေး။။ ဒါကတော့ နိုင်ငံရေးပိုင်းတာဝန်ရှိသူတွေဘက်က မြန်မာပြည်အပေါ် စိတ်ဝင်စားမှုအပိုင်းပေါ့နော်။ ဟိုတလောကတော့ အဆိုတော်လေးတွေက ကမ္ဘာမကြေဘူးသီချင်းဆိုပြီးတော့ အသံသွင်းနေတာကို တင်ထားတာတွေ့ရပါတယ်။ ဆိုတော့…အနုပညာရှင်တွေရဲ့ တွန်းအားနဲ့ဖိအားကိုရော ဘယ်လောက် မျှော်လင့်လို့ရပါသလဲ။

ဦးရန်နိုင်ထွန်း။။ ကမ္ဘာမကြေသီချင်းတပုဒ်တည်းတင်မဟုတ်ပါဘူး။ မြန်မာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေအကုန်လုံးကို ကိုရီးယားဘာသာတွေပြန်ပြီးတော့လုပ်နေတာရှိပါတယ်။ မြန်မာ့ဒီမိုကရေစီရေးရာ ပြဇာတ်တွေကိုလည်း ကိုရီးယားဘာသာနဲ့လုပ်နေတာရှိပါတယ်။ မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီးတော့ ဓာတ်ပုံပြပွဲတွေ၊ ပန်းချီပြပွဲတွေကိုလည်း လုပ်နေတာ တွေ ရှိပါတယ်။ အဲဒီတော့ အစစအရာရာ အဘက်ဘက်ကနေပြီးတော့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပြီးခဲ့တဲ့ အပတ်ကဆိုလို့ရှိရင် ဂွမ်ဂျူး-ပေါ့လေ။ ဂွမ်ဂျူးဆိုတာက စစ်အာဏာရှင်ကို အဓိကတော်လှန်ပုန်ကန်ခဲ့တဲ့အဓိကဒေသကြီး ဖြစ်ပါတယ်။ အဲဒီဒေသမှာ သံပုံးများတီးခြင်းတို့၊ ထဘီကိုကြိုးတန်းလုပ်ပြီးလှမ်းတဲ့ ကမ်ပိန်းတို့ကို တောင်ကိုရီးယားပြည်သူတွေက ဦးဆောင်ပြီးလုပ်လာတာတွေ့ရပါတယ်။ မတ်လ ၂၇ ရက်နေ့မှာဆိုရင်လည်း ကျနော်တို့ မနက် ၁၁ နာရီကနေ နေ့လည် ၁ နာရီအထိကို ကိုရီးယားတနိုင်ငံလုံးအတိုင်းအတာနဲ့ စီတန်းလှည့်လည်ပွဲတွေကို ပြုလုပ်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ စစ်အာဏာရှင်တွေ အမြန်ဆုံးပြုတ်ကျစေဖို့အတွက် စစ်အာဏာရှင်တွေကို ကန့်ကွက် ရှုတ်ချတဲ့ဆန္ဒပြသမှုတွေကို ကိုရီးယားနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ထပ်တူပူးပေါင်းပြီးတော့ ကိုရီးယားနိုင်ငံမှာရှိတဲ့ ပြည်သူပြည်သားတွေအားလုံးက တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်မှာဖြစ်ပါတယ်ခင်ဗျ။

မေး။။ ဟုတ်ကဲ့။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တွေကရော ရှေ့ဆက်ပြီးတော့ ပူးပေါင်းဆောင်ဖို့အတွက် အစီအစဉ်တွေနဲ့ပတ်သက်လို့ အလားအလာဘယ်လိုရှိပါသလဲ။

ဦးရန်နိုင်ထွန်း။။ အခုလက်ရှိမှာဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်တွေက အင်တိုက်အားတိုက်နဲ့လက်မှတ်ထိုးပြီးတော့ ဆောင်ရွက်နေတဲ့ကမ်ပိန်းတွေကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်နေတာ ရှိပါတယ်။ နောက်ဆုံး UN မှာရှိတဲ့ဆွေးနွေးပွဲတွေမှာလည်း မြန်မာ့နိုင်ငံရေးကိစ္စကို ထဲထဲဝင်ဝင်ဆောင်ရွက်ပေးဖို့တောင်းဆိုမှုတွေကိုလည်း စာတင်ပြီးတော့ တောင်းဆိုတာတွေ ကျနော်တို့ တွေ့ရှိရပါတယ်။ နောက်ဆုံးလွှတ်တော်အတွင်းထဲမှာတောင်မှ လွှတ်တော်အမတ်တွေ အကုန်လုံးတိုင်ပင်ဆုံးဖြတ်ပြီးတော့မှ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကိုရီးယား လွှတ်တော်တရပ်လုံးက ပူးပေါင်းပါဝင်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိသွားအောင် ဆောင်ရွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကိုရီးယားလွှတ်တော်ကနေပြီးတော့ ချမှတ်ထားပြီးသား ဖြစ်ပါတယ်ခင်ဗျ။ ထို့အတူ ကိုရီးယားနိုင်ငံအတွင်းမှာ ကျောင်းတက်နေတဲ့ ကျောင်းသားကျောင်းသူတွေကိုလည်း ကိုရီးယားအစိုးရကနေပြီးတော့ တလကို တက္ကသိုလ်တွေအလိုက်ပေါ့လေ၊ သတ်မှတ်တဲ့ငွေကြေးတွေ ထောက်ပံ့ပေးဖို့အထိကိုကြေညာထားတာတွေရှိပါတယ်ခင်ဗျ။

ခွါညို။။ ဟုတ်ကဲ့၊ ကိုရန်နိုင်ထွန်း။ ကျေးဇူးတင်ပါတယ်နော်။

#MyanmarMilitaryCoup #MyanmarSouthKorea #CRPH #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG