သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM ဝန်ထမ်းတွေ ကိုထောက်ပံ့ဖို့ ဝါရှင်တန်မြို့တော်တဝိုက် မြန်မာလူငယ်တွေ ဈးရောင်းရံပုံငွေရှာ


CDM ဝန်ထမ်းတွေ ကိုထောက်ပံ့ဖို့ ဝါရှင်တန်မြို့တော်တဝိုက် မြန်မာလူငယ်တွေ ဈးရောင်းရံပုံငွေရှာ Photo Credit- Moses Tan
CDM ဝန်ထမ်းတွေ ကိုထောက်ပံ့ဖို့ ဝါရှင်တန်မြို့တော်တဝိုက် မြန်မာလူငယ်တွေ ဈးရောင်းရံပုံငွေရှာ Photo Credit- Moses Tan

စစ်အာဏာသိမ်းမှု ဆန့်ကျင်ပြီး ရုံးမတက်ကြတဲ့ အစိုးရ ဝန်ထမ်းတွေကို ထောက်ပံ့ရေး အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီ ဧရိယာက မြန်မာ လူငယ်တွေ တနင်္ဂနွေနေ့က ရန်ပုံငွေ ဈေးရောင်းပွဲ တခုကို မြန်မာ ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့ကြပါတယ်။ မြန်မာ အစားအသောက်တွေ စုပေါင်း ရောင်းချခဲ့ကြတဲ့ တနင်္ဂနွေနေ့ ရန်ပုံငွေ ရှာဖွေပွဲကနေ အမေရိကန် ဒေါ်လာ ၁ သောင်းကျော် ရရှိခဲ့တယ်လို့မြန်မာ လူငယ်တွေ စုဖွဲ့ထားတဲ့ အလင်းရောင် လူငယ် အဖွဲ့က ကိုထိုက်က ပြောပါတယ်။

ကိုထိုက်။ ။ အကြမ်းဖျဉ်း ရောင်းရငွေကတော့ (အမေရိကန် ဒေါ်လာ) ၁၂,၀၀၀ ဝန်းကျင်လောက် ရခဲ့ပါတယ်။ ဟင်းပွဲ စုစုပေါင်းက ၈၀၀ ဝန်းကျင်လောက် ရောင်းခဲ့ပါတယ်။

သိင်္ဂ ီထိုက်။ ။ အလင်းရောင် လူငယ် အဖွဲ့တွေက ကိုယ်တိုင် ချက်ပြုတ်ကြပါလား။ ဘယ်လို စီစဉ်ကြပါလဲ။

ကိုထိုက်။ ။ အဓိကကတော့ အစားအသောက် စုစုပေါင်း ၁၀ မျိုး ဝန်းကျင်လောက် ရှိပါတယ်။ အဲဒီထဲက အဓိက ဟင်းလျာတွေကိုတော့ ကျနော်တို့ ကိုယ်တိုင် ချက်ပြီး ရောင်းတဲ့ဟာကို စီစဉ်ပါတယ်။ ကျန်တဲ့ အမယ် မျိုးစုံကိုတော့ ဒီမှာ ရှိတဲ့ မြန်မာ မိသားစုတွေ အလှူရှင် မြန်မာ မိသားစုတွေက နေပြီးတော့မှ အစားအသောက် အတွက် အခကြေးငွေ မယူဘဲနဲ့ အစားအသောက် လှူပြီး ပံ့ပိုးပေးတာ ဖြစ်ပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ ဒီ ရန်ပုံငွေ အားလုံးက မြန်မာပြည်က CDM ဝန်ထမ်းတွေဆီကို သွားမှာလား။ ဘယ်လို ခွဲေ၀ လှူဒါန်းသွားမလဲ။

ကိုထိုက်။ ။ ဒီပွဲ မတိုင်ခင် ကတည်းကလည်း ကျနော်တို့ အလင်းရောင် လူငယ်များ အနေနဲ့ CDM ဝန်ထမ်းတွေကို အဓိက ထားပြီး အကူအညီပေးတာကို အဓိက လုပ်ဆောင်နေပါတယ်။ ပြည်နယ်နဲ့ တိုင်း ၅ ခု လောက်ကို ပို့ပြီး လှူဒါန်းတာ လုပ်နေပါတယ်။ ဖေဖော်ဝါရီ ကတည်းက စလုပ်နေတာပါ။ အလင်းရောင် လူငယ်များကနေ ဖေဖော်ဝါရီကတည်းက အလှူငွေ စကောက်ပြီးတော့ ပေးပို့လှူဒါန်းနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ ကျနော်တို့တွေက ရလာတဲ့ အလှူငွေတွေကို ဖေဖော်ဝါရီနဲ့ မတ်လက လှူဒါန်းပြီးသွားပါပြီ။

အခု ဧပြီလမှာလည်း မြန်မာပြည်မှာက အခြေအနေက ပြောင်းလဲလာတဲ့ အခြေအနေ မရှိသေးတဲ့ အတွက်ကြောင့် CDM ဝန်ထမ်းတွေကို ရှေ့ဆက်ပြီး ထောက်ပံ့နေရတဲ့ အခြေအနေမျိုးမှာ ရန်ပုံငွေ ရတဲ့ အနေအထား နည်းလာတဲ့ အတွက် လတ်တလော လိုတဲ့ ရန်ပုံငွေ ရအောင် ကျနော်တို့ ဈေးရောင်းပွဲကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခု ရတဲ့ ရန်ပုံငွေကိုလည်း မြန်မာပြည်က CDM လုပ်နေတဲ့ သူရဲကောင်းတွေကို ပေးပို့လှူဒါန်းတာကိုဘဲ လုပ်မှာပါ ခင်ဗျ။

သိင်္ဂ ီထိုက်။ ။ လတိုင်း ပေးပို့ လှူဒါန်းနေတာ တွေ့ပါတယ်။ စုစုပေါင်း ဘယ်လောက် ရှိပါပြီလဲရှင့်။

ကိုထိုက်။ ။ မတ်လ ကုန် အထိ ဆိုရင် (ကျပ်) သိန်း ၆၀၀ ဖိုး ပေးဖို့ လှူဒါန်းပြီး ဖြစ်ပါတယ်။

သိင်္ဂ ီထိုက်။ ။ ကျေးဇူးပါ။

တိုက်ရိုက် လင့်ခ်

------------------------










သိငျ်ဂ ီထိုကျ။ ။ ကြေးဇူးပါ။

XS
SM
MD
LG