သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၀န္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈ အရွိန္မပ်က္ေရွ႕ဆက္ၿမဲ


Civil Disobedience Movement (CDM)

ျမန္မာႏိုင္ငံမွာ အၾကမ္းမဖက္ အာဏာဖီဆန္ေရး၊ ဝန္ထမ္းေတြရဲ့ CDM လႈပ္ရွားမႈကေန ႏိုင္ငံံ့စီးပြါးေရး ယိုယြင္းလာရင္ အာဏာသိမ္းထားတဲ့ စစ္ဗိုလ္ခ်ဳပ္ႀကီးေတြ အေလ ွ်ာ့ေပးလာမယ္လို႔ ေမ ွ်ာ္လင့္ၿပီး ေသာင္းနဲ႔ခ်ီတဲ့ အလုပ္သမားေတြ ဆႏၵျပေနၾကတာ အခုဆို ၂ လေက်ာ္လာၿပီ ျဖစ္ပါတယ္။

CDM လႈပ္ရွားမႈမွာ ဘဏ္ဝန္ထမ္းေတြ၊ ဆရာဝန္ေတြ၊ အင္ဂ်င္နီယာေတြ၊ အေကာက္ခြန္အရာရွိေတြ၊ သေဘၤာက်င္းအလုပ္သမားေတြ၊ ရထားပို႔ေဆာင္ေရးက ဝန္ထမ္းေတြ အျပင္ အထည္ခ်ဳပ္စက္ရံုက အလုပ္သမားေတြလို က႑မ်ိဳးစံုမွာ တာဝန္ထမ္းေဆာင္ေနသူေတြ ပါဝင္ေနၾကတာ ျဖစ္ပါတယ္။

အာဏာသိမ္းစစ္တပ္ကို ဆန္႔က်င္တဲ့ ဆႏၵျပမႈေတြကို စစ္တပ္နဲ႔ ရဲရဲ့ အၾကမ္းဖက္ၿဖိဳခြဲမႈေၾကာင့္ အခုခ်ိန္အထိ ေသဆံုးခဲ့ရသူ ၅၅၀ ေက်ာ္ထဲမွာ CDM လုပ္ေနတဲ့ ဝန္ထမ္းေတြလည္း ပါဝင္ေနသလို တခ်ိဳ႕အဖမ္းခံရၿပီး တခ်ိဳ႕ကလည္း ခုထိ ေပ်ာက္ဆံုးေနဆဲပါ။

ဒါေပမယ့္လည္း CDM လုပ္ေနသူေတြကေတာ့ သူတုိ႔မွာ ဝင္ေငြမရွိသလို ေၾကာက္ရြ႕႔ံေနတဲ့ၾကားက ပဲ ဒီအာဏာရွင္စံနစ္ကို ေျခမႈန္းဖုိ႔မွ တပါး တျခားေရြးစရာလမ္း မရွိဘူးလို႔ ခံယူထားၾကေၾကာင္း CDM မွာ ပါဝင္ေနသူေတြရဲ့ ေျပာၾ႕ကားခ်က္ကို AFP မွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ သူတို႔ဟာ လမ္းမေတြေပၚ ထြက္ ဆႏၵျပေနတာ မဟုတ္ေပမယ့္ စစ္တပ္က ဖမ္းဆီးမယ့္ စာရင္းထဲပါမွာ ေၾကာက္ေနရသူေတြ ျဖစ္ၿပီး သူတို႔ရဲ့ ေတာ္လွန္ေရးက အသံတိတ္ေတာ္လွန္ေရး ျဖစ္ေၾကာင္း ေျပာပါတယ္။

ဘဏ္ေတြလည္ပတ္မႈ မရွိေတာ့ သလို လေၾကာင္းဌာနမွာ တာဝန္ထမ္းေဆာင္ေနတဲ့ ဝန္ထမ္း ၄၀၀ ေလာက္ထဲက ထက္ဝက္ေက်ာ္က CDM လုပ္ေနၾကတဲ့ အတြက္ ေလေၾကာင္းသြားလာေရး မွာ အခက္ႀကံဳေနရတာ ျဖစ္ၿပီး ရထားပို႔ေဆာင္ေရး ဝန္ထမ္းေတြရဲ့ CDM သပိတ္ေၾကာင့္ ရထားေျပးဆြဲမႈေတြလည္း တံ့ေနတာပါ။ အခုလို CDM လႈပ္ရွားသူေတြကို ဝန္ထမ္းအိမ္ယာေတြ ကေန အတင္းအဓမၼ ေျပာင္းေရႊ႕ခိုင္းတာေတြ ရွိေနသလို ဧၿပီလ ၂ ရက္ေန႔ကလည္းပညာေရးဝန္ထမ္းေတြ ခြင့္မဲ့ ပ်က္ကြက္မႈရွိရင္ အမည္မည္းစာရင္း သြင္းဖို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူအင္အား ဝန္ႀကီးဌာနက ဧၿပီလ ၇ ရက္ ေနာက္ဆံုးထား စာရင္းျပဳစုေန ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ျပန္တာ လိုမ်ိဳး ၿခိမ္းေျခာက္မႈေတြကိုလည္း CDM လုပ္တဲ့ ဝန္ထမ္းေတြ ရင္ဆိုင္ေနရတာပါ။

ဒါေပမယ့္လည္း CDM ဝန္ထမ္းေတြကေတာ့ အေလ ွ်ာ့မေပးပဲဆက္ၿပီး အာဏာဖီဆန္ေနၾကသလို CDM လႈပ္ရွားသူေတြလည္း တိုးလာေနတာပါ။

တိုက္႐ိုက္ လင့္ခ္

-------------------------

ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှု အရှိန်မပျက်ရှေ့ဆက်မြဲ

မြန်မာနိုင်ငံမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုကနေ နိုင်ငံံ့စီးပွါးရေး ယိုယွင်းလာရင် အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ အလေ ျှာ့ပေးလာမယ်လို့ မေ ျှာ်လင့်ပြီး သောင်းနဲ့ချီတဲ့ အလုပ်သမားတွေ ဆန္ဒပြနေကြတာ အခုဆို ၂ လကျော်လာပြီ ဖြစ်ပါတယ်။

CDM လှုပ်ရှားမှုမှာ ဘဏ်ဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အကောက်ခွန်အရာရှိတွေ၊ သင်္ဘောကျင်းအလုပ်သမားတွေ၊ ရထားပို့ဆောင်ရေးက ဝန်ထမ်းတွေ အပြင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေလို ကဏ္ဍမျိုးစုံမှာ တာဝန်ထမ်းဆောင်နေသူတွေ ပါဝင်နေကြတာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်ဖြိုခွဲမှုကြောင့် အခုချိန်အထိ သေဆုံးခဲ့ရသူ ၅၅၀ ကျော်ထဲမှာ CDM လုပ်နေတဲ့ ဝန်ထမ်းတွေလည်း ပါဝင်နေသလို တချို့အဖမ်းခံရပြီး တချို့ကလည်း ခုထိ ပျောက်ဆုံးနေဆဲပါ။

ဒါပေမယ့်လည်း CDM လုပ်နေသူတွေကတော့ သူတို့မှာ ဝင်ငွေမရှိသလို ကြောက်ရွ့ံ့နေတဲ့ကြားက ပဲ ဒီအာဏာရှင်စံနစ်ကို ခြေမှုန်းဖို့မှ တပါး တခြားရွေးစရာလမ်း မရှိဘူးလို့ ခံယူထားကြကြောင်း CDM မှာ ပါဝင်နေသူတွေရဲ့ ပြောြ့ကားချက်ကို AFP မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် သူတို့ဟာ လမ်းမတွေပေါ် ထွက် ဆန္ဒပြနေတာ မဟုတ်ပေမယ့် စစ်တပ်က ဖမ်းဆီးမယ့် စာရင်းထဲပါမှာ ကြောက်နေရသူတွေ ဖြစ်ပြီး သူတို့ရဲ့ တော်လှန်ရေးက အသံတိတ်တော်လှန်ရေး ဖြစ်ကြောင်း ပြောပါတယ်။

ဘဏ်တွေလည်ပတ်မှု မရှိတော့ သလို လကြောင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်း ၄၀၀ လောက်ထဲက ထက်ဝက်ကျော်က CDM လုပ်နေကြတဲ့ အတွက် လေကြောင်းသွားလာရေး မှာ အခက်ကြုံနေရတာ ဖြစ်ပြီး ရထားပို့ဆောင်ရေး ဝန်ထမ်းတွေရဲ့ CDM သပိတ်ကြောင့် ရထားပြေးဆွဲမှုတွေလည်း တံ့နေတာပါ။ အခုလို CDM လှုပ်ရှားသူတွေကို ဝန်ထမ်းအိမ်ယာတွေ ကနေ အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာတွေ ရှိနေသလို ဧပြီလ ၂ ရက်နေ့ကလည်း

ပညာရေးဝန်ထမ်းတွေ ခွင့်မဲ့ ပျက်ကွက်မှုရှိရင် အမည်မည်းစာရင်း သွင်းဖို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာနက ဧပြီလ ၇ ရက် နောက်ဆုံးထား စာရင်းပြုစုနေ ကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်တာ လိုမျိုး ခြိမ်းခြောက်မှုတွေကိုလည်း CDM လုပ်တဲ့ ဝန်ထမ်းတွေ ရင်ဆိုင်နေရတာပါ။

ဒါပေမယ့်လည်း CDM ဝန်ထမ်းတွေကတော့ အလေ ျှာ့မပေးပဲဆက်ပြီး အာဏာဖီဆန်နေကြသလို CDM လှုပ်ရှားသူတွေလည်း တိုးလာနေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG