သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပုံစံသစ္ေတြနဲ႔ ရန္ကုန္က စစ္အာဏာသိမ္း ဆန္႔က်င္ ဆႏၵျပပြဲမ်ား


က်ဆုံးသြားၾကတဲ့သူေတြကို သတိရေအာက္ေမ့တဲ့အေနနဲ႔ အနက္ေရာင္ဝတ္စုံ ဝတ္ထားတဲ့သူမ်ားကို ရန္ကုန္ဆႏၵျပပဲြ တခုတြင္ ေတြ႔ရ။ (ဧၿပီ ၀၅၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ ေႏြဦးေတာ္လွန္ေရးဆႏၵျပမႈေတြကို ရန္ကုန္ၿမိဳ႕မွာ ဒီေန႔လည္း ပံုစံသစ္ေတြနဲ႔ လုပ္ၾကပါတယ္။ ျမန္မာႏွစ္ကူး သေကၤတတခုျဖစ္တဲ့ ပိေတာက္ပန္းေတြနဲ႔ သပိတ္ေမွာက္ ဆႏၵေဖာ္ထုတ္ၾကတာ ႐ွိသလို၊ တ႐ုတ္ႏိုင္ငံအလံေတြကို မီး႐ႈိ ႔ၿပီး ဆႏၵျပၾကသူေတြလည္း ႐ွိပါတယ္။ ရန္ကုန္ကလာတဲ့ ဆႏၵျပပြဲေတြရဲ႕ အေျခအေနကိုေတာ့ မဆုမြန္က ေျပာျပေပးပါမယ္။

စစ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဧၿပီလပြင့္တဲ့ ပိေတာက္ပန္းေတြဟာ ဒီႏွစ္မွာေတာ့ သၾကၤန္ပန္းအျဖစ္ မဟုတ္ေတာ့ဘဲ ေတာ္လွန္ေရးရဲ႕ သေကၤတတခု ျဖစ္လာပါတယ္။ ဒီကေန႔မွာ ရန္ကုန္ၿမိဳ႕မွာပြင့္တဲ့ ပိေတာက္ပန္းေတြနဲ႔အတူ အာဏာရွင္ဆန႔္က်င္ေရး လႈပ္ရွားသူေတြဟာ ပိေတာက္သပိတ္ကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာ တင္းၾကပ္တဲ့လံုၿခံဳေရးေၾကာင့္ ဆႏၵျပပဲြ လုပ္ဖုိ႔ ခက္ခဲတဲ့ၾကားကပဲ ဆႏၵျပသူေတြကေတာ့

စစ္ေကာင္စီလက္ေအာက္ခံ လက္နက္ကိုင္တပ္ေတြနဲ႔ ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္ဖယ္ဆႏၵျပေနၾကတာမွာ တခ်ိဳ႕ေတြက အရင္ဆႏၵျပတဲ့ ကိုယ့္ၿမိဳ႕နယ္ကို စြန႔္ခြာၿပီး တျခားတေနရာ ေျပာင္းေ႐ႊ႕ၿပီး ဆႏၵျပလာၾကပါတယ္။

"မေန႔က လႈိင္မွာ ရွိတဲ့ လူငယ္ေတြေရာ၊ က်ေနာ္တို႔ အင္ဂ်င္နီယာေတြေရာ ေပါင္းစုၿပီးေတာ့ ကမာ႐ြတ္ကို ေ႐ႊ႕ၿပီးေတာ့ UN ကို တ႐ုတ္က ပါးစပ္ပိတ္ထားတယ္ဆိုတဲ့ စတစ္ကာေတြ ကပ္ထားတဲ့၊ မ်က္ႏွာဖုံးေတြ တပ္ထားတဲ့ ကမ္ပိန္းကို မေန႔က လုပ္ျဖစ္တယ္။ ဒီေန႔ကေတာ့ က်ေနာ္တို႔ Plan အရေပါ့ေနာ္ ... ေႏြဦးေတာ္လွန္ေရးအတြင္းမွာ က်ဆုံးသြားၾကတဲ့သူေတြကို သတိရေအာက္ေမ့တဲ့အေနနဲ႔ အနက္ေရာင္ဝတ္စုံ ဝတ္ထားတဲ့သူေတြ၊ အနက္ေရာင္ ေဘာလုံးေတြ ကိုင္ၿပီးေတာ့ လုပ္ျဖစ္တယ္။ အဲဒါလုပ္တဲ့ဟာကိုလည္း က်ေနာ္တို႔ လႈိင္ထဲမွာ မလုပ္ျဖစ္ဘဲနဲ႔ အလုံဘက္မွာ သြားလုပ္ျဖစ္တယ္။ အဲဒါမ်ိဳးေတြ ေ႐ႊ႕ေနတာေပါ့။ လုံးဝႀကီး ရပ္သြားတာ၊ ၿငိမ္သြားတာမ်ိဳးေတာ့ မဟုတ္ဘူး။ ဒါေပမဲ့ လႈိင္အေနနဲ႔ကေတာ့ ေတာ္ေတာ္ႀကီး ၾကပ္သြားတယ္။ လႈပ္လို႔မရလို႔ လႈပ္လို႔ရတဲ့ေနရာေတြ က်ေနာ္တို႔သြားတယ္။"

ဧၿပီလ ၅ ရက္ေန႔ ဒီကေန႔မွာ ျပဳလုပ္တဲ့ ပိေတာက္သပိတ္နဲ႔အတူ၊ လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပၾကတာအပါအဝင္ တ႐ုတ္အလံကို မီးရႈိ႕တဲ့ကမ္ပိန္းကိုလည္း လူငယ္ေတြက ထည့္သြင္းဆႏၵျပခဲ့ၾကပါတယ္။ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြကို ဖမ္းဆီးၿပီး အာဏာသိမ္းထားတဲ့ စစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြအေပၚနည္းအမ်ိဳးမ်ိဳးနဲ႔ ဆန႔္က်င္ေနသူေတြထဲက နာမည္ေက်ာ္ လူသိမ်ားသူေတြကို ရာဇသတ္ႀကီးဥပေဒ ပုဒ္မ ၅၀၅-က နဲ႔ အေရးယူတာေတြလည္း ရွိလာပါတယ္။ တပ္မေတာ္ၿပိဳကြဲေအာင္ လုပ္ေဆာင္မႈ၊ လႈ႔ံေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔ တရားစဲြထားတယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားသူ နာမည္ေက်ာ္ ၇၀ ေလာက္႐ွိပါတယ္။ ၅၀၅-က နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရသူေတြထဲက ႐ုပ္ရွင္သ႐ုပ္ေဆာင္ ရဲတိုက္ကိုေတာ့ ဧၿပီလ ၃ ရက္ စေနေန႔က ဖမ္းမိတယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ပါတယ္။ ဖမ္းဝရမ္း ထုတ္ခံထားရသူေတြထဲက The Myanmar Post ဂ်ာနယ္ အယ္ဒီတာေဟာင္းျဖစ္သူ ကိုဇင္ေသာ္ႏိုင္လည္း မေန႔ညတုန္းက ဖမ္းဆီးခံရတယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

အခုလို ေက်ာင္းသားလူငယ္ေတြ၊ သ႐ုပ္ေဆာင္ေတြနဲ႔ နယ္ပယ္အသီးသီးက ထင္ေပၚသူေတြကို ၅၀၅-က နဲ႔ အေရးယူထားတဲ့အေပၚျပည္သူေတြက ေဝဖန္ေနၾကပါတယ္။

"သူတို႔ (စစ္ေကာင္စီ) ရဲ႕ တရားမဝင္ ဝါဒျဖန႔္ခ်ီတဲ့ ယႏၲယားေတြကေန ေျပာေနတာကေတာ့ ဒီလူမႈကြန္ယက္ လႊမ္းမိုးမႈကို အသုံးခ်ၿပီးေတာ့မွ CRPH ကိစၥေတြ၊ ျပည္သူလူထုကေနၿပီးေတာ့ CDM ဝင္ဖို႔ ကိစၥေတြကို လႈံ႕ေဆာ္တယ္ေပါ့ေနာ္။ အဲဒီလိုမ်ိဳး အခ်က္ေတြေၾကာင့္ ဒီ ၅၀၅ (က) ျပစ္မႈေျမာက္တယ္ဆိုၿပီးေတာ့ သူတို႔ကဖြင့္ဆိုထားတာေပါ့ေနာ္။ ဒီကိစၥျဖစ္စဥ္ႀကီး (စစ္ေကာင္စီက အာဏာသိမ္းတဲ့လုပ္ရပ္) မွာ တိုင္းရင္းသား ျပည္သူေတြအကုန္လုံးေပါ့ေနာ္၊ ဘယ္သူကမွ ဒီအေျခအေနႀကီးကို လက္သင့္ခံႏိုင္တဲ့ အေနအထားေတာ့ မဟုတ္ပါဘူးခင္ဗ်။ အဲဒီေတာ့ က်ေနာ္တို႔ လြတ္လပ္စြာေျပာဆိုခြင့္ ဆိုတာလည္း ေပ်ာက္ဆုံးေနတယ္။ ကင္မရာကိုင္ထားတာ ျမင္ရင္ေတာင္မွလည္း အားလုံးက ဖမ္းဆီးဖို႔အတြက္ အဆင္သင့္ျဖစ္ေနတယ္ေပါ့ေနာ္။ မဲမဲျမင္ရာ ပစ္ခတ္ၿဖိဳခြင္းေနတဲ့ အေနအထားေပါ့။ အဲဒါမ်ိဳးေတြ က်ေနာ္တို႔အားလုံး ရင္ဆိုင္ေနရတာေပါ့။"

ရန္ကုန္ၿမိဳ႕ခံတေယာက္က သူ႔ရဲ႕ အျမင္ကို ေျပာျပတာပါ။

အာဏာသိမ္းထားတဲ့ ကာလအတြင္းမွာ ေသဆုံးသူ ရာနဲ႔ခ်ီၿပီး အၾကမ္းဖက္ဖိႏွိပ္ခံေနရတဲ့ၾကားက ဒီကေန႔အခ်ိန္အထိ အာဏာရွင္ဆန႔္က်င္ေတာ္လွန္ေနၾကသူေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ညေန ၅ နာရီအခ်ိန္မွာ ၿမိဳ႕နယ္အသီးသီးမွာ ရွိတဲ့ ရပ္ကြက္ေနျပည္သူေတြဟာ ၅မိနစ္ၾကာ လက္ခုတ္တီး ဂုဏ္ျပဳအားေပးခဲ့ၾကပါတယ္။ လူေနရပ္ကြက္ေတြအနီးက အေျခခံပညာေက်ာင္းေတြမွာလည္း တပ္စြဲေနရာယူထားတာေတြရွိေနေပမဲ့ ျပည္သူေတြကေတာ့ ည ၈ နာရီတိုင္းမွာ ၁၅ မိနစ္ေလာက္ၾကာေအာင္ ေန႔တိုင္း သံပုံးတီးၿပီး အာဏာရွင္ကို အံတုေနၾကပါတယ္။

ျမန္မာႏိုင္ငံမွာ Fiber optic ဖန္ႀကိဳးမွ်င္နဲ႔ သြယ္ထားတာ မဟုတ္တဲ့ ႀကိဳးမဲ့ Broadband အင္တာနက္ဆက္သြယ္မႈေတြကို အကန႔္အသတ္မရွိ ပိတ္ထားသလို၊ လက္ကိုင္ဖုန္းေပၚကေန အင္တာနက္သုံးႏိုင္တဲ့ Wifi နဲ႔ Mobile data အင္တာနက္ ဆက္သြယ္မႈေတြကိုလည္း စစ္အာဏာသိမ္းၿပီးထဲက ပိတ္ပင္ထားတဲ့အတြက္ ျပည္သူေတြဟာ သတင္းမွန္ရရွိေရးအတြက္ကိုလည္း စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပုံစံသစ်တွေနဲ့ ရန်ကုန်က စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲများ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးဆန္ဒပြမှုတွေကို ရန်ကုန်မြို့မှာ ဒီနေ့လည်း ပုံစံသစ်တွေနဲ့ လုပ်ကြပါတယ်။ မြန်မာနှစ်ကူး သင်္ကေတတခုဖြစ်တဲ့ ပိတောက်ပန်းတွေနဲ့ သပိတ်မှောက် ဆန္ဒဖော်ထုတ်ကြတာ ရှိသလို၊ တရုတ်နိုင်ငံအလံတွေကို မီးရှို့ပြီး ဆန္ဒပြကြသူတွေလည်း ရှိပါတယ်။ ရန်ကုန်ကလာတဲ့ ဆန္ဒပြပွဲတွေရဲ့ အခြေအနေကိုတော့ မဆုမွန်က ပြောပြပေးပါမယ်။

စစ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဧပြီလပွင့်တဲ့ ပိတောက်ပန်းတွေဟာ ဒီနှစ်မှာတော့ သင်္ကြန်ပန်းအဖြစ် မဟုတ်တော့ဘဲ တော်လှန်ရေးရဲ့ သင်္ကေတတခု ဖြစ်လာပါတယ်။ ဒီကနေ့မှာ ရန်ကုန်မြို့မှာပွင့်တဲ့ ပိတောက်ပန်းတွေနဲ့အတူ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဟာ ပိတောက်သပိတ်ကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ တင်းကြပ်တဲ့လုံခြုံရေးကြောင့် ဆန္ဒပြပွဲ လုပ်ဖို့ ခက်ခဲတဲ့ကြားကပဲ ဆန္ဒပြသူတွေကတော့

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်တွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ဖယ်ဆန္ဒပြနေကြတာမှာ တချို့တွေက အရင်ဆန္ဒပြတဲ့ ကိုယ့်မြို့နယ်ကို စွန့်ခွာပြီး တခြားတနေရာ ပြောင်းရွှေ့ပြီး ဆန္ဒပြလာကြပါတယ်။

"မနေ့က လှိုင်မှာ ရှိတဲ့ လူငယ်တွေရော၊ ကျနော်တို့ အင်ဂျင်နီယာတွေရော ပေါင်းစုပြီးတော့ ကမာရွတ်ကို ရွှေ့ပြီးတော့ UN ကို တရုတ်က ပါးစပ်ပိတ်ထားတယ်ဆိုတဲ့ စတစ်ကာတွေ ကပ်ထားတဲ့၊ မျက်နှာဖုံးတွေ တပ်ထားတဲ့ ကမ်ပိန်းကို မနေ့က လုပ်ဖြစ်တယ်။ ဒီနေ့ကတော့ ကျနော်တို့ Plan အရပေါ့နော် ... နွေဦးတော်လှန်ရေးအတွင်းမှာ ကျဆုံးသွားကြတဲ့သူတွေကို သတိရအောက်မေ့တဲ့အနေနဲ့ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့သူတွေ၊ အနက်ရောင် ဘောလုံးတွေ ကိုင်ပြီးတော့ လုပ်ဖြစ်တယ်။ အဲဒါလုပ်တဲ့ဟာကိုလည်း ကျနော်တို့ လှိုင်ထဲမှာ မလုပ်ဖြစ်ဘဲနဲ့ အလုံဘက်မှာ သွားလုပ်ဖြစ်တယ်။ အဲဒါမျိုးတွေ ရွှေ့နေတာပေါ့။ လုံးဝကြီး ရပ်သွားတာ၊ ငြိမ်သွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ လှိုင်အနေနဲ့ကတော့ တော်တော်ကြီး ကြပ်သွားတယ်။ လှုပ်လို့မရလို့ လှုပ်လို့ရတဲ့နေရာတွေ ကျနော်တို့သွားတယ်။"

ဧပြီလ ၅ ရက်နေ့ ဒီကနေ့မှာ ပြုလုပ်တဲ့ ပိတောက်သပိတ်နဲ့အတူ၊ လမ်းလျှောက်ချီတက် ဆန္ဒပြကြတာအပါအဝင် တရုတ်အလံကို မီးရှို့တဲ့ကမ်ပိန်းကိုလည်း လူငယ်တွေက ထည့်သွင်းဆန္ဒပြခဲ့ကြပါတယ်။ အရပ်သားအစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ်နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေသူတွေထဲက နာမည်ကျော် လူသိများသူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က နဲ့ အရေးယူတာတွေလည်း ရှိလာပါတယ်။ တပ်မတော်ပြိုကွဲအောင် လုပ်ဆောင်မှု၊ လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားသူ နာမည်ကျော် ၇၀ လောက်ရှိပါတယ်။ ၅၀၅-က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူတွေထဲက ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်ကိုတော့ ဧပြီလ ၃ ရက် စနေနေ့က ဖမ်းမိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဖမ်းဝရမ်း ထုတ်ခံထားရသူတွေထဲက The Myanmar Post ဂျာနယ် အယ်ဒီတာဟောင်းဖြစ်သူ ကိုဇင်သော်နိုင်လည်း မနေ့ညတုန်းက ဖမ်းဆီးခံရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ကျောင်းသားလူငယ်တွေ၊ သရုပ်ဆောင်တွေနဲ့ နယ်ပယ်အသီးသီးက ထင်ပေါ်သူတွေကို ၅၀၅-က နဲ့ အရေးယူထားတဲ့အပေါ်ပြည်သူတွေက ဝေဖန်နေကြပါတယ်။

"သူတို့ (စစ်ကောင်စီ) ရဲ့ တရားမဝင် ဝါဒဖြန့်ချီတဲ့ ယန္တယားတွေကနေ ပြောနေတာကတော့ ဒီလူမှုကွန်ယက် လွှမ်းမိုးမှုကို အသုံးချပြီးတော့မှ CRPH ကိစ္စတွေ၊ ပြည်သူလူထုကနေပြီးတော့ CDM ဝင်ဖို့ ကိစ္စတွေကို လှုံ့ဆော်တယ်ပေါ့နော်။ အဲဒီလိုမျိုး အချက်တွေကြောင့် ဒီ ၅၀၅ (က) ပြစ်မှုမြောက်တယ်ဆိုပြီးတော့ သူတို့ကဖွင့်ဆိုထားတာပေါ့နော်။ ဒီကိစ္စဖြစ်စဉ်ကြီး (စစ်ကောင်စီက အာဏာသိမ်းတဲ့လုပ်ရပ်) မှာ တိုင်းရင်းသား ပြည်သူတွေအကုန်လုံးပေါ့နော်၊ ဘယ်သူကမှ ဒီအခြေအနေကြီးကို လက်သင့်ခံနိုင်တဲ့ အနေအထားတော့ မဟုတ်ပါဘူးခင်ဗျ။ အဲဒီတော့ ကျနော်တို့ လွတ်လပ်စွာပြောဆိုခွင့် ဆိုတာလည်း ပျောက်ဆုံးနေတယ်။ ကင်မရာကိုင်ထားတာ မြင်ရင်တောင်မှလည်း အားလုံးက ဖမ်းဆီးဖို့အတွက် အဆင်သင့်ဖြစ်နေတယ်ပေါ့နော်။ မဲမဲမြင်ရာ ပစ်ခတ်ဖြိုခွင်းနေတဲ့ အနေအထားပေါ့။ အဲဒါမျိုးတွေ ကျနော်တို့အားလုံး ရင်ဆိုင်နေရတာပေါ့။"

ရန်ကုန်မြို့ခံတယောက်က သူ့ရဲ့ အမြင်ကို ပြောပြတာပါ။

အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ သေဆုံးသူရာနဲ့ချီပြီး အကြမ်းဖက်ဖိနှိပ်ခံနေရတဲ့ကြားက ဒီကနေ့အချိန်အထိ အာဏာရှင်ဆန့်ကျင်တော်လှန်နေကြသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ညနေ ၅ နာရီအချိန်မှာ မြို့နယ်အသီးသီးမှာရှိတဲ့ ရပ်ကွက်နေပြည်သူတွေဟာ ၅မိနစ်ကြာ လက်ခုတ်တီး ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။ လူနေရပ်ကွက်တွေအနီးက အခြေခံပညာကျောင်းတွေမှာလည်း တပ်စွဲနေရာယူထားတာတွေရှိနေပေမဲ့ ပြည်သူတွေကတော့ ည ၈နာရီတိုင်းမှာ ၁၅ မိနစ်လောက်ကြာအောင် နေ့တိုင်း သံပုံးတီးပြီး အာဏာရှင်ကို အံတုနေကြပါတယ်။

မြန်မာနိုင်ငံမှာ Fiber optic ဖန်ကြိုးမျှင်နဲ့ သွယ်ထားတာမဟုတ်တဲ့ ကြိုးမဲ့ Broadband အင်တာနက်ဆက်သွယ်မှုတွေကို အကန့်အသတ်မရှိ ပိတ်ထားသလို၊ လက်ကိုင်ဖုန်းပေါ်ကနေ အင်တာနက်သုံးနိုင်တဲ့ Wifi နဲ့ Mobile data အင်တာနက် ဆက်သွယ်မှုတွေကိုလည်း စစ်အာဏာသိမ်းပြီးထဲက ပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေဟာ သတင်းမှန်ရရှိရေးအတွက်ကိုလည်း စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG