သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းဆန္႔က်င္ေရး ဆႏၵျပပြဲေတြ အၾကမ္းဖက္ၿဖိဳခြဲခံရတာေၾကာင့္ စစ္ကိုင္းတိုင္းမွာ ၂ ဦးေသ


စစ္ကိုင္းတိုင္း မံုရြာၿမိဳ႕ဆႏၵျပပဲြအတြင္း ပစ္ခတ္ျဖိဳခဲြမႈေၾကာင့္ ဒဏ္ရာရသူတဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (ဧၿပီ ၀၂၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတဝန္း စစ္အာဏာသိမ္းမႈ ဆန္႔က်င္ဆႏၵျပပြဲေတြ ဆက္လုပ္ေနၾကတာမွာ စစ္ကိုင္းတိုင္းေဒသႀကီး ပင္လယ္ဘူး၊ အင္းေတာ္စတဲ့ ၿမိဳ႕ေတြမွာ တပ္ေတြရဲ႕ပစ္ခတ္ ၿဖိဳခြင္းမႈေၾကာင့္ ၂ ဦးေသဆံုးၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။ ေတာ္ေတာ္မ်ားမ်ားလည္း ဖမ္းဆီးခံခဲ့ရတဲ့ အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကိုေတာ့ ကိုခင္ေမာင္စိုးမင္းက တင္ျပေပးပါမယ္။

ဒီကေန႔ ဧၿပီ ၅ ရက္ေန႔မွာ စစ္ကိုင္းတိုင္းေဒသႀကီး ေကာလင္းခရိုင္ ပင္လယ္ဘူး ၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပသူေတြအေပၚ စစ္တပ္နဲ႔ ရဲက ပစ္ခတ္လုိ႔ ၁ ဦးေသဆံုးၿပီး ၅ ဦး ဒဏ္ရာရခဲ့ပါတယ္။ ဆႏၵျပသူေတြထဲက ၂ ေယာက္လည္း ဖမ္းဆီးခံခဲ့ရတဲ့ အေျခအေနကို ပင္လယ္ဘူး ေဒသခံတဦးက ေျပာျပပါတယ္။

“ပင္လယ္ဘူး အေျခအေန ျပည္သူေတြဘက္က တေယာက္ေတာ့က်တယ္။ ၅ ေယာက္ ဒဏ္ရာရတယ္ေျပာတယ္။ မနက္ ၉ နာရီခြဲေလာက္က ဆႏၵျပေနတဲ့အခ်ိန္ ၿမိဳ႕ထဲက လက္ဖက္ရည္ဆိုင္ေရွ႕ေရာက္တဲ့အခါမွာ ေရွ႕က အလံကိုင္တဲ့ ၂ ေယာက္ကို ဖမ္းတယ္။ ဖမ္းၿပီးေတာ့မွ ကသာကို အခ်ဳပ္ကားနဲ႔ ပို႔လိုက္တယ္ အိမ္စီးကားနဲ႔ေလ။ ပို႔လိုက္ၿပီးတဲ့အခ်ိန္မွာ လူေတြစုတာေပါ့။ လူေတြစုတဲ့အခါက်ေတာ့ သူတို႔က ေသနတ္နဲ႔ ပစ္တယ္ေျပာတယ္။ အဲ့မွာ တေယာက္ထိသြားတယ္။ ပဋိပကၡေတာ္ေတာ္ကို တင္းမာၿပီးေတာ့မွ ေလာေလာဆယ္ ၿငိမ္ေနတဲ့ အေနအထား ေတြ႕ရတယ္။ လြန္ခဲ့တဲ့ ၁ နာရီေလာက္က ပစ္သံၾကားတယ္။ အခုက ၿငိမ္ေနတယ္။”

စစ္တပ္က အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလထဲက ပင္လယ္ဘူးၿမိဳ႕မွာ ဆႏၵျပေနၾကတာျဖစ္ပါတယ္။ စစ္ကိုင္းတိုင္းထဲကပဲ အင္းေတာ္ၿမိဳ႕မွာလည္း ပညာေရးသပိတ္စစ္ေၾကာင္း ထြက္ဖုိ႔ ျပင္ဆင္ေနတဲ့ ေက်ာင္းဆရာ ၂ ဦးနဲ႔ အရပ္သား ၄ ဦး ဖမ္းဆီးခံခဲ့ရပါတယ္။ ဆႏၵျပဖုိ႔ ရြာဘက္က တက္လာတဲ့ လူေတြကိုု စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ေျခာက္လွန္႔ပစ္ခတ္တာေၾကာင့္ ဆႏၵထုတ္ေဖာ္သူေတြဟာ ထြက္ေျပးရင္း ကားနဲ႔တိုက္မိတဲ့အတြက္ အမ်ိဳးသမီးတဦးလည္း ေသဆံုးခဲ့ပါတယ္။

ဒါ့အျပင္ ေနအိမ္ေတြထဲပါ ဖမ္းဆီးတာေတြရွိလို႔ ထြက္ေျပးတိမ္းေရွာင္ေနရတာေတြရွိပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ အင္းေတာ္ၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“မနက္က ၂ ေယာက္ဖမ္းတယ္။ ေနာက္ၿပီး ေနာက္ထပ္ ၄ ေယာက္ထပ္မိသြားတယ္။ ေက်ာင္းဆရာ ၂ ေယာက္ အရပ္သား ၄ ေယာက္ေပါ့ေနာ္။ ထပ္ဖမ္းေတာ့ ေပါင္း ၆ ေယာက္ျဖစ္သြားတာေပါ့ေနာ္။ ေပါင္း ၆ ေယာက္ ျဖစ္သြားတဲ့အခ်ိန္မွာ ရြာဘက္က လူေတြက ကြ်န္ေတာ္တုိ႔ ၿမိဳ႕ထဲမွာ ဆႏၵျပဖို႔ တက္လာတာေပါ့ေနာ္။ တက္လာတဲ့ အခ်ိန္မွာ တပ္နဲ႔ရဲနဲ႔က ၿမိဳ႕ျပင္ထြက္ၿပီး တားတာေပါ့ေလ။ တားၿပီး လိုက္ေျခာက္လွန္ပစ္ေတာ့ သူတို႔ကျပန္ၿပီး ထြက္ေျပးတာေပါ့ဗ်ာ။ ထြက္ေျပးတဲ့အခ်ိန္မွာ အမ်ိဳးသမီးတေယာက္ေတာ့ ကိုယ့္ကားနဲ႔ ကိုယ္ခ်ိတ္မိၿပီး တေယာက္ေတာ့ ဆံုးသြားၿပီ။ အဲ့ဒီမွာ ၿမိဳ႕ထဲက လူေတြကလည္း တပ္နဲ႔ရဲက လူေတြ ၿမိဳ႕ထဲကို ျပန္ဆုတ္ရင္ ၿမိဳ႕ထဲကို ေတာ္ေတာ္နဲ႔ ၀င္လို႔မရေအာင္ ၿမိဳ႕အထြက္မွာ အတားအဆီးေတြနဲ႔ ေပပါပိုင္းေတြနဲ႔ ကာထားတာေပါ့ေနာ္။ အဲ့ဒါၿပီးေတာ့ ၿမိဳ႕ထဲမွာ ဆႏၵျပဖို႔ လူစုျပန္တာေပါ့။ သူတို႔လည္း ေတာ္ေတာ္နဲ႔ ၀င္လာလို႔ မရေအာင္ သူတို႔လည္း ၀င္လာၿပီးေတာ့ ေသနတ္ အခ်က္ေပါင္းမ်ားစြာ ေဖာက္ၿပီးေတာ့ ေတြ႕သမွ်အိမ္ေတြ အကုန္၀င္ၿပီးေတာ့ ေတြ႕သမွ်လူ အကုန္လိုက္ဆြဲေနတာေပါ့ေနာ္။ တံခါးေတြကို ကန္ဖြင့္ ရိုက္ဖြင့္ၿပီးေတာ့ လက္မခံထားၾကဖို႔ေပါ့ေျပာတယ္။ က်ေနာ္ ကိုယ္တိုင္ ေျပးေနရတယ္။”

အာဏာသိမ္းထားတဲ့ စစ္ေကာင္စီ တပ္ေတြနဲ႔ ကခ်င္လက္နက္ကိုင္ KIA တပ္ေတြၾကား စစ္ေရး အေျခအေန တင္းမာေနတဲ့ ကခ်င္ျပည္နယ္ နမၼတီးၿမိဳ႕မွာလည္း စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္တာေတြ ဆက္ရွိေနတယ္လို႔ ၿမိဳ႕ခံ တဦးက ေျပာပါတယ္။

“မနက္ပိုင္း ၇ နာရီခြဲကေန ၈ နာရီ ၄၅ မိနစ္အထိ က်ေနာ္တို႔ ကေလးေတြ ဆႏၵျပပါတယ္။ အခု ညသပိတ္ ရွိပါတယ္။ အေျခအေနက လမ္းေၾကာင္း လံုၿခံဳေရးေတြ ပိုခ်လာတယ္ေပါ့ေနာ္ စစ္ေကာင္စီဘက္ကေန။ လမ္းေၾကာင္းေတြမွာ တေန႔က ျဖစ္သြားတဲ့ နမၼတီးနဲ႔ မရမ္းၾကား တိုက္ခိုက္မႈျဖစ္စဥ္ မိုင္းဆြဲမႈ ျဖစ္စဥ္မွာလည္း သိပ္မၾကာေသးခင္က ျဖစ္သြားတာဆိုေတာ့ နမၼတီး မရမ္းၾကား လံုၿခံဳေရး အင္အား တိုးခ်ဲ႕ထားတယ္လို႔ ဒီေန႔ သိရတယ္။”

၀န္ထမ္းအင္အား အမ်ားစု ရွိတဲ့ နမၼတီးၿမိဳ႕မွာ အာဏာဖီဆန္႔ေရး လႈပ္ရွားမႈ CDM မွာ ပါ၀င္သူ ၀န္ထမ္း ၁၀၀ ေက်ာ္ရွိတယ္လို႔လည္း သိရပါတယ္။

လူအင္အား အေျမာက္အမ်ားနဲ႔ ဆက္တိုက္ ဆႏၵျပေနတဲ့ မံုရြာက ၿမိဳ႕မွာလည္း ပင္မသပိတ္ စစ္ေၾကာင္း ထြက္သလို၊ ခ်င္းတြင္း ျမစ္ကမ္းေဘး ေသာင္ျပင္မွာ ေရာင္စံုစကၠဴေတြနဲ႔ ေလွေလးေတြ ျပဳလုပ္ၿပီးဆႏၵ ထုတ္ေဖာ္ခဲ့ၾကပါတယ္။ မႏၱေလးၿမိဳ႕မွာလည္း သံဃာ သပိတ္စစ္ေၾကာင္း၊ ပညာေရး သပိတ္စစ္ေၾကာင္း၊ ျမေတာင္ သပိတ္စစ္ေၾကာင္း၊ ဆိုင္ကယ္ သပိတ္စစ္ေၾကာင္းစတဲ့ သပိတ္စစ္ေၾကာင္းမ်ဳိးစံုနဲ႔ စစ္ေကာင္စီ ဆန္႔က်င္ေရး လႈပ္ရွားတာေတြ ဆက္လက္ ျပဳလုပ္ေနပါတယ္။

ဒါ့အျပင္ အရင္ေန႔ေတြက ဆႏၵျပသူေတြ ပစ္ခတ္ ခံရတဲ့ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားၿမိဳ႕၊ ကေလးၿမိဳ႕ တမူး ၿမိဳ႕ေတြမွာလည္း စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵျပလႈပ္ရွားမႈေတြဟာ အရွိန္အဟုန္မျပတ္ ရွိေနပါတယ္။ အလားတူ ပဲခူး၊ တန႔္ဆည္၊ ဖားကန႔္၊ ကသာ ၿမိဳ႕ေတြမွာ ဒီကေန႔လည္း လူေထာင္ခ်ီ စုေဝးဆႏၵျပၾကပါတယ္။ စစ္ကိုင္း၊ ေမာ္လၿမိဳင္၊ ေက်ာက္ဆည္၊ ေက်ာက္မဲ၊ ထားဝယ္၊ မိုးကုတ္၊ ေရဦးၿမိဳ႕ေတြမွာလည္း တပ္ေတြနဲ႔ ထိပ္တိုက္မေတြ႕ေအာင္ ေရွာင္ၿပီး ခ်ီတက္ဆႏၵျပၾကပါတယ္။

ျမန္မာႏိုင္ငံတ၀ွမ္းမွာ စစ္ေကာင္စီ ဆန္႔က်င္ေရး ဆႏၵထုတ္ေဖာ္တာ ၂ လေက်ာ္ေနခ်ိန္မွာ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ တႏိုင္ငံလံုးမွာ ေသဆံုး ၅၅၀ ေက်ာ္လာေပမယ့္ ျပည္သူေတြက ဆက္ၿပီး ဆႏၵျပေနၾကဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွဲခံရတာကြောင့် စစ်ကိုင်းတိုင်းမှာ ၂ ဦးသေ

မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်လုပ်နေကြတာမှာ စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး၊ အင်းတော်စတဲ့ မြို့တွေမှာ တပ်တွေရဲ့ပစ်ခတ် ဖြိုခွင်းမှုကြောင့် ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ တော်တော်များများလည်း ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကိုတော့ ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ဒီကနေ့ ဧပြီ ၅ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ပင်လယ်ဘူး မြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ ရဲက ပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူတွေထဲက ၂ ယောက်လည်း ဖမ်းဆီးခံခဲ့ရတဲ့ အခြေအနေကို ပင်လယ်ဘူး ဒေသခံတဦးက ပြောပြပါတယ်။

“ပင်လယ်ဘူး အခြေအနေ ပြည်သူတွေဘက်က တယောက်တော့ကျတယ်။ ၅ ယောက် ဒဏ်ရာရတယ်ပြောတယ်။ မနက် ၉ နာရီခွဲလောက်က ဆန္ဒပြနေတဲ့အချိန် မြို့ထဲက လက်ဖက်ရည်ဆိုင်ရှေ့ရောက်တဲ့အခါမှာ ရှေ့က အလံကိုင်တဲ့ ၂ ယောက်ကို ဖမ်းတယ်။ ဖမ်းပြီးတော့မှ ကသာကို အချုပ်ကားနဲ့ ပို့လိုက်တယ် အိမ်စီးကားနဲ့လေ။ ပို့လိုက်ပြီးတဲ့အချိန်မှာ လူတွေစုတာပေါ့။ လူတွေစုတဲ့အခါကျတော့ သူတို့က သေနတ်နဲ့ ပစ်တယ်ပြောတယ်။ အဲ့မှာ တယောက်ထိသွားတယ်။ ပဋိပက္ခတော်တော်ကို တင်းမာပြီးတော့မှ လောလောဆယ် ငြိမ်နေတဲ့ အနေအထား တွေ့ရတယ်။ လွန်ခဲ့တဲ့ ၁ နာရီလောက်က ပစ်သံကြားတယ်။ အခုက ငြိမ်နေတယ်။”

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလထဲက ပင်လယ်ဘူးမြို့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းထဲကပဲ အင်းတော်မြို့မှာလည်း ပညာရေးသပိတ်စစ်ကြောင်း ထွက်ဖို့ ပြင်ဆင်နေတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ အရပ်သား ၄ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ဆန္ဒပြဖို့ ရွာဘက်က တက်လာတဲ့ လူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်တာကြောင့် ဆန္ဒထုတ်ဖော်သူတွေဟာ ထွက်ပြေးရင်း ကားနဲ့တိုက်မိတဲ့အတွက် အမျိုးသမီးတဦးလည်း သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် နေအိမ်တွေထဲပါ ဖမ်းဆီးတာတွေရှိလို့ ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ အင်းတော်မြို့ခံတဦးက အခုလိုပြောပါတယ်။

“မနက်က ၂ ယောက်ဖမ်းတယ်။ နောက်ပြီး နောက်ထပ် ၄ ယောက်ထပ်မိသွားတယ်။ ကျောင်းဆရာ ၂ ယောက် အရပ်သား ၄ ယောက်ပေါ့နော်။ ထပ်ဖမ်းတော့ ပေါင်း ၆ ယောက်ဖြစ်သွားတာပေါ့နော်။ ပေါင်း ၆ ယောက် ဖြစ်သွားတဲ့အချိန်မှာ ရွာဘက်က လူတွေက ကျွန်တော်တို့ မြို့ထဲမှာ ဆန္ဒပြဖို့ တက်လာတာပေါ့နော်။ တက်လာတဲ့ အချိန်မှာ တပ်နဲ့ရဲနဲ့က မြို့ပြင်ထွက်ပြီး တားတာပေါ့လေ။ တားပြီး လိုက်ခြောက်လှန်ပစ်တော့ သူတို့ကပြန်ပြီး ထွက်ပြေးတာပေါ့ဗျာ။ ထွက်ပြေးတဲ့အချိန်မှာ အမျိုးသမီးတယောက်တော့ ကိုယ့်ကားနဲ့ ကိုယ်ချိတ်မိပြီး တယောက်တော့ ဆုံးသွားပြီ။ အဲ့ဒီမှာ မြို့ထဲက လူတွေကလည်း တပ်နဲ့ရဲက လူတွေ မြို့ထဲကို ပြန်ဆုတ်ရင် မြို့ထဲကို တော်တော်နဲ့ ဝင်လို့မရအောင် မြို့အထွက်မှာ အတားအဆီးတွေနဲ့ ပေပါပိုင်းတွေနဲ့ ကာထားတာပေါ့နော်။ အဲ့ဒါပြီးတော့ မြို့ထဲမှာ ဆန္ဒပြဖို့ လူစုပြန်တာပေါ့။ သူတို့လည်း တော်တော်နဲ့ ဝင်လာလို့ မရအောင် သူတို့လည်း ဝင်လာပြီးတော့ သေနတ် အချက်ပေါင်းများစွာ ဖောက်ပြီးတော့ တွေ့သမျှအိမ်တွေ အကုန်ဝင်ပြီးတော့ တွေ့သမျှလူ အကုန်လိုက်ဆွဲနေတာပေါ့နော်။ တံခါးတွေကို ကန်ဖွင့် ရိုက်ဖွင့်ပြီးတော့ လက်မခံထားကြဖို့ပေါ့ပြောတယ်။ ကျနော် ကိုယ်တိုင် ပြေးနေရတယ်။”

အာဏာသိမ်းထားတဲ့ စစ်ကောင်စီ တပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တပ်တွေကြား စစ်ရေး အခြေအနေ တင်းမာနေတဲ့ ကချင်ပြည်နယ် နမ္မတီးမြို့မှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာတွေ ဆက်ရှိနေတယ်လို့ မြို့ခံ တဦးက ပြောပါတယ်။

“မနက်ပိုင်း ၇ နာရီခွဲကနေ ၈ နာရီ ၄၅ မိနစ်အထိ ကျနော်တို့ ကလေးတွေ ဆန္ဒပြပါတယ်။ အခု ညသပိတ် ရှိပါတယ်။ အခြေအနေက လမ်းကြောင်း လုံခြုံရေးတွေ ပိုချလာတယ်ပေါ့နော် စစ်ကောင်စီဘက်ကနေ။ လမ်းကြောင်းတွေမှာ တနေ့က ဖြစ်သွားတဲ့ နမ္မတီးနဲ့ မရမ်းကြား တိုက်ခိုက်မှုဖြစ်စဉ် မိုင်းဆွဲမှု ဖြစ်စဉ်မှာလည်း သိပ်မကြာသေးခင်က ဖြစ်သွားတာဆိုတော့ နမ္မတီး မရမ်းကြား လုံခြုံရေး အင်အား တိုးချဲ့ထားတယ်လို့ ဒီနေ့ သိရတယ်။”

ဝန်ထမ်းအင်အား အများစု ရှိတဲ့ နမ္မတီးမြို့မှာ အာဏာဖီဆန့်ရေး လှုပ်ရှားမှု CDM မှာ ပါဝင်သူ ဝန်ထမ်း ၁၀၀ ကျော်ရှိတယ်လို့လည်း သိရပါတယ်။

လူအင်အား အမြောက်အများနဲ့ ဆက်တိုက် ဆန္ဒပြနေတဲ့ မုံရွာက မြို့မှာလည်း ပင်မသပိတ် စစ်ကြောင်း ထွက်သလို၊ ချင်းတွင်း မြစ်ကမ်းဘေး သောင်ပြင်မှာ ရောင်စုံစက္ကူတွေနဲ့ လှေလေးတွေ ပြုလုပ်ပြီးဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။ မန္တလေးမြို့မှာလည်း သံဃာ သပိတ်စစ်ကြောင်း၊ ပညာရေး သပိတ်စစ်ကြောင်း၊ မြတောင် သပိတ်စစ်ကြောင်း၊ ဆိုင်ကယ် သပိတ်စစ်ကြောင်းစတဲ့ သပိတ်စစ်ကြောင်းမျိုးစုံနဲ့ စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားတာတွေ ဆက်လက် ပြုလုပ်နေပါတယ်။

ဒါ့အပြင် အရင်နေ့တွေက ဆန္ဒပြသူတွေ ပစ်ခတ် ခံရတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကလေးမြို့ တမူး မြို့တွေမှာလည်း စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေဟာ အရှိန်အဟုန်မပြတ် ရှိနေပါတယ်။ အလားတူ ပဲခူး၊ တန့်ဆည်၊ ဖားကန့်၊ ကသာ မြို့တွေမှာ ဒီကနေ့လည်း လူထောင်ချီ စုဝေးဆန္ဒပြကြပါတယ်။ စစ်ကိုင်း၊ မော်လမြိုင်၊ ကျောက်ဆည်၊ ကျောက်မဲ၊ ထားဝယ်၊ မိုးကုတ်၊ ရေဦးမြို့တွေမှာလည်း တပ်တွေနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်ပြီး ချီတက်ဆန္ဒပြကြပါတယ်။

မြန်မာနိုင်ငံတဝှမ်းမှာ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်တာ ၂ လကျော်နေချိန်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် တနိုင်ငံလုံးမှာ သေဆုံး ၅၅၀ ကျော်လာပေမယ့် ပြည်သူတွေက ဆက်ပြီး ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG