သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ႏုိင္ငံတကာအကူအညီေပးဖုိ႔ ျပည္ပေရာက္ျမန္မာေတြ ဆႏၵျပလႈပ္ရွား


DC ဆႏၵျပပဲြ ( စေနေန႔ ၃ ရက္ ဧၿပီ ၂၀၂၁ )

[ Zawgyi / Unicode ]

ျမန္မာ့အေရး ႏုိင္ငံတကာအကူအညီေပးဖုိ႔ ျပည္ပေရာက္ျမန္မာေတြ ဆႏၵျပလႈပ္ရွား

ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ဆႏၵျပသူေတြအေပၚ ဖိႏွိပ္ၿဖဳိခဲြမႈ ဆက္လက္ျဖစ္ေပၚေနၿပီး ေသဆုံးမႈေတြ ဆက္ရွိေနတာေၾကာင့္ ဒါေတြရပ္တန္႔သြားေအာင္နဲ႔ အေျပာင္းအလဲေတြ ျဖစ္ေပၚလာေစဖို႔ ႏုိင္ငံတကာ အသုိင္းအ၀န္းက အေရးယူေဆာင္ရြက္ ေပးလာေအာင္ ကမၻာတလႊား ႏိုင္ငံတခ်ဳိ႕မွာ စေနေန႔က ျမန္မာေတြ စုရုံးဆႏၵျပတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီၿမဳိ႕ေတာ္မွာေတာ့ တုိင္းရင္းသားေပါင္းစုံ ပါဝင္ၿပီး ရာခ်ီတဲ့ ျမန္မာေတြက ျမန္မာစစ္တပ္ကို အကာအကြယ္ေပးေနတဲ့ ရုရွားသံ႐ုံး ၊ အိႏိၵယ သံရုံးေတြအျပင္ ျမန္မာသံရုံး ေရွ႕ကိုပါ ခ်ီတက္ သြားေရာက္ ဆႏၵျပခဲ့ၾကပါတယ္။

DC ရုရွားသံရုံးေရွ႕ ဆႏၵျပပဲြ
DC ရုရွားသံရုံးေရွ႕ ဆႏၵျပပဲြ

ဆႏၵျပပဲြမွာ ကုိယ္တိုင္ပါဝင္ ေဟာေျပာခဲ့တဲ့ ျမန္မာ့အေရးလႈပ္ရွားသူ ေဒါက္တာ ႏိုင္ေအာင္က ဒီစီ ဆႏၵျပပဲြနဲ႔ ပတ္သက္လို႔ ခုလို ေျပာပါတယ္။

" အိႏၵိယသံရုံးေရွ႕မွာ ေျပာျဖစ္တာကေတာ့ နယ္စပ္မွာ ဒုကၡသည္ေတြ ေရာက္ေနတာကို မီဇိုရမ္ဝန္ႀကီးခ်ဳပ္က လက္ခံတယ္ဆိုေပမဲ့ အိႏိၵယအစိုးရက လက္မခံဘူးလို႔ ျငင္းေနတဲ့ကိစၥအေပၚမွာ ဆႏၵျပတာပါ။ က်ေနာ္တို႔နဲ႔ အိမ္နီးနားခ်င္းေကာင္း မျဖစ္ခ်င္ဘူးလားေပါ့ ၊ ျဖစ္ခ်င္တယ္ဆိုရင္ က်ေနာ္တုိ႔ ဒီမုိကေရစီတုိက္ပဲြနဲ႔အတူ ပူးေပါငး္ေဆာင္ရြက္ဖုိ႔ လိုတယ္ဆိုတဲ့ သတင္းစကားမ်ဳိး ေျပာျဖစ္ပါတယ္။ "

အလားတူ အေမရိကန္ အေရွ႕ျခမ္း နယူးေယာက္ၿမဳိ႕ Time Square မွာလည္း ေဒသစံေတာ္ခ်ိန္ မြန္းလဲြပိုင္းမွာ ျမန္မာေတြ ရာနဲ႔ခ်ီ တက္ေရာက္ ဆႏၵျပခဲ့ၾကပါတယ္။ အဲဒီဆႏၵျပပဲြမွာ ၈၈ မ်ဳိးဆက္ ဒီမုိကေရစီေရး တက္ၾကြလႈပ္ရွားသူ ဦးေနတင္ျမင့္ကလည္း ခုလို ေျပာသြားပါတယ္။

New York ဆႏၵျပပဲြ
New York ဆႏၵျပပဲြ

" က်ေနာ္တုိ႔ ဒီမုိကေရစီႏိုင္ငံေတာ္ ျဖစ္သြားမွာကို လက္မခံဘူး ၊ ျပည္သူေတြ လူ႔အခြင့္အေရးေတြ အျပည့္အဝ ရမွာကို မလိုလားတဲ့အတြက္ စစ္တပ္က အၾကမ္းဖက္ အာဏာသိမ္းလိုက္တာပါ။ အဲဒီအတြက္ က်ေနာ္တို႔ဟာ ၂၀၂၀ ေရြးေကာက္ပဲြ ရလဒ္အရ CRPH ေပၚထြက္လာပါတယ္။ အခု CRPH ဟာ တုိင္းရင္းသားေပါင္းစုံ ေခါင္းေဆာင္ေတြနဲ႔ စုစည္းညီညာမႈ ၊ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ေဆြးေႏြးမႈကေန ၂၀၀၈ အေျခခံဥပေဒဆိုတဲ့ စာအုပ္အစိမ္းႀကီးကို ဖ်က္သိမ္းႏို္င္ခဲ့ပါၿပီ။ ၂၀၀၈ ေျခဥ မရွိေတာ့ဘူးဆိုတာ ကမၻာကသိေအာင္ အခုေျပာေနျခင္း ျဖစ္ပါတယ္။ ေနာက္တခ်က္က CRPH က ေၾကညာထားတဲ့ ပဋိဥာဥ္စာတမ္းအရ က်ေနာ္တို႔ ဖဲြ႔စည္းပုံအေျခခံဥပေဒသစ္ အျပည့္စုံ မေရးဆဲြႏိုင္ခင္ ကာလမွာ ဒီပဋိဥာဥ္စာတမ္းအရ ဆက္လက္ အုပ္ခ်ဳပ္သြားမယ့္ သေဘာလုိ႔ နားလည္ပါတယ္။ "

အေမရိကန္ အေနာက္ဖက္ျခမ္း ဆန္ဖရန္စစၥကိုၿမဳိ႕မွာလည္း ကုလသမဂၢ ပလာဇာေရွ႕မွာ ရာေက်ာ္တဲ့ ျမန္မာေတြ စေနေန႔က စုေဝး ဆႏၵျပခဲ့ၾကတာပါ။ ဆႏၵျပပဲြအတြင္း ဦးေဆာင္ပါဝင္သူ ဦးကိုကိုေလး ေဟာေျပာတာက -

" ျပည္တြင္းမွာ မတရားသတ္ျဖတ္ခံေနရတယ္။ လူငယ္ေလးေတြ ေသဆုံးေနရတယ္ အမ်ဳိးသမီးေတြ ေက်ာင္းသားငယ္ေတြ ေသေနၾကတာ အားလုံးအသိျဖစ္တယ္။ ဒီေန႔ က်ေနာ္တို႔ရဲ႕ တုိက္ပဲြဟာ လူမ်ဳိးတူကၽြန္ျပဳခ်င္တဲ့ စစ္ဖိနပ္သံခြာေအာက္ကေန လြတ္ေျမာက္ဖို႔ ျပည္သူအားလုံး တိုက္ပဲြဝင္ေနတာျဖစ္တယ္။ အခုဆိုရင္ သမိုင္းမွာ မႀကဳံဘူးတဲ့.. ျပည္သူေတြက ငုံ႔မခံဘူး နည္းေပါင္းစုံနဲ႔ တုိက္ပဲြဝင္မယ္ဆိုတာ ဆုံးျဖတ္ခ်က္ ခ်ၿပီးသားျဖစ္တယ္။ နည္းေပါင္းစုံထဲမွာ လက္နက္ကိုင္ ေတာ္လွန္မယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ေတြလည္း ပါတယ္။ GenZ ေတြဟာ ၿမဳိ႕ရြာတိုင္းမွာ အေသခံ တုိက္ပဲြဝင္ေနတာျဖစ္တယ္ ။ သူတို႔ေနာက္မွာ က်ေနာ္တုိ႔ ရွိၾကမယ္။ "

ဆန္ဖရန္စစၥကို UN plaza ေရွ႕က ဆႏၵျပပဲြ
ဆန္ဖရန္စစၥကို UN plaza ေရွ႕က ဆႏၵျပပဲြ

အေမရိကန္ ျပည္ေထာင္စုမွာလိုပဲ ဥေရာပထဲက ၿဗိတိန္ႏိုင္ငံထဲမွာရွိတဲ့ ၿမဳိ႕နယ္အသီးသီးက ေထာင္ဂဏန္းရွိတဲ့ ဗမာနဲ႔ တုိင္းရင္းသားေတြဟာ ၿဗိတိသွ်ပါလီမန္ ၊ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ရုံးေရွ႕ ၊ ရုရွားသံရုံး ၊ ျမန္မာသံရုံးေရွ႕တို႔ကို သြားေရာက္ လွည့္လည္ ဆႏၵျပခဲ့ၾကေၾကာင္း ဆႏၵျပပဲြ ျဖစ္ေျမာက္ေရး ဦးေဆာင္စီစဥ္သူေတြထဲမွာ ပါဝင္သူတဦးျဖစ္တဲ့ ကိုမင္းဟိန္းက VOA ကို ေျပာပါတယ္။

" ၿဗိတိန္ ပါလီမန္ကေန ၿဗိတိန္ဝန္ႀကီးခ်ဳပ္အိမ္ေရွ႕သ ြားခဲ့ပါတယ္။ ထူးျခားခ်က္က ဒီေန႔က်ေနာ္တို႔ ဆႏၵျပလူအုပ္စုေတြက အနည္းဆုံး ၃၀၀၀ ေလာက္ရွိတယ္လို႔ ရဲကုိယ္တိုင္ေျပာသြားတယ္။ လမ္းမွာ ကားေတြေတာင္ သြားမရဘူး၊ ဘတ္စ္ကားေတြဆို ရဲက ရပ္ထားေပးရတာ ေတာ္ေတာ္ေလးၾကာတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ အိမ္ေရွ႕ေရာက္ေတာ့ ဝန္ႀကီးခ်ဳပ္အေနနဲ႔ ျမန္မာျပည္ အေရးကိစၥကို အေလးထား ေဆာင္ရြက္ေပးဖို႔ ေအာ္ၾကတယ္။ အဲဒီကေန ျမန္မာသံရုံးေရွ႕ကို ဆက္လက္ခ်ီတက္ ဆႏၵျပၾကတယ္။ ျမန္္မာသံရုံးေရွ႕မွာ အနည္းဆုံး ၄၅ မိနစ္ေလာက္ၾကာမယ္ လူေတြက ပုံသ႑ာန္မ်ဳိးစုံနဲ႔ မေၾကခ်က္ေတြ ေအာ္ေျပာၾကတယ္။ မင္းေအာင္လႈိင္ဓါတ္ပုံကို နင္းတယ္။ ရုရွားသံရုံေရွ႕လည္း သြားခဲ့တယ္။ ျမန္္မာႏိုင္ငံကို စစ္လက္နက္ေတြ မေရာင္းဖို႔၊ မေထာက္ပံ့ဖို႔ ေတာင္းဆိုၾကတယ္။ "

လန္ဒန္ၿမဳိ႕ ဆႏၵျပပဲြမွာ ပူးေပါင္း ပါဝင္လာသူတဦးကေတာ့ ျမန္မာျပည္မွာ လူသိမ်ားၾကတဲ့ ဖိလစ္ပိုင္လူမ်ဳိး ေမာ္ဒယ္ Sinon Loresca ပဲ ျဖစ္ပါတယ္။ အခုလို ျမန္မာေတြနဲ႔ ပူးေပါင္းၿပီး သူ ဘာေၾကာင့္ ဆႏၵျပေနရသလဲ ဆိုတာကို ရွင္းျပပါတယ္။

" က်ေနာ္က ျမန္မာႏိုင္ငံမွာ ၂ ႏွစ္ေလာက္ ေနခဲ့တာပါ။ ျမန္မာျပည္သားေတြရဲ႕ဘဝကုိ က်ေနာ္ သိခဲ့ရပါတယ္။ ျမန္မာေတြရဲ႕ ယဥ္ေက်းမႈကိုလည္း က်ေနာ္ နားလည္ခဲ့ရသလို ၊ ျမန္မာေတြဟာ ဘယ္ေလာက္ စိတ္ေကာင္း ေစတနာရွိသလဲ ဆိုတာကိုလည္း ျမင္ခဲ့ရပါတယ္ ။ က်ေနာ္ ျမန္မာႏိုင္ငံကေန ထြက္ခြာ လာခဲ့ေပမယ့္ က်ေနာ့္ စိတ္ႏွလုံးသားေတြက ျမန္မာျပည္မွာ က်န္ေနခဲ့တာပါ။ ဒါေၾကာင့္ ျမန္မာျပည္သူေတြနဲ႔အတူ ျမန္မာျပည္ လြတ္ျေမာက္ေရး ဒီမုိကေရစီရရွိေရးနဲ႔ ျပန္လည္ ၿငိမ္းခ်မ္းဖို႔အတြက္ က်ေနာ္လည္း တုိက္ပဲြဝင္သြားမွာ ျဖစ္ပါတယ္။ အန္တီ ေဒၚေအာင္ဆန္းစုၾကည္လည္း အျမန္ဆုံး ျပန္လြတ္ေျမာက္ၿပီး ၊ စစ္အာဏာရွင္စနစ္ က်ဆုံးေရးအတြက္ လုပ္ေဆာင္ သြားမွာပါ။ " လုိ႔ ေျပာသြားပါတယ္။

ျမန္မာေတြသိၾကတဲ့ ဖိလစ္ပိုင္ ေမာ္ဒယ္ Sinon
ျမန္မာေတြသိၾကတဲ့ ဖိလစ္ပိုင္ ေမာ္ဒယ္ Sinon

လန္ဒန္မွာရွိတဲ့ ျမန္မာမ်ားရဲ႕စာရင္းကုိင္အသင္းက ဦးစီးၿပီး ျမန္မာျပည္တြင္း CDM လႈပ္ရွားမႈမွာ ပါဝင္ ေနသူေတြအတြက္ ရံပုံေငြ ရွာတဲ့အေနနဲ႔ ျမန္မာ့ရုိးရာ မုန္႔ပဲသြားေရစာေတြ ၊ ျမန္မာဟင္းမ်ဳိးစုံ ေၾကာ္ခ်က္ၿပီး ေရာင္းခ် ေနၾကတာမ်ဳိးလည္း ရွိပါတယ္။

ဧၿပီ ၄ ရက္ တနဂၤေႏြ ဒီကေန႔မွာေတာ့ ဂ်ပန္ေရာက္ျမန္မာေတြ စုရုံးၿပီး တုိက်ဳိၿမိဳ႕လယ္မွာ ခ်ီတက္ဆႏၵျပပဲြႀကီး တရပ္ ျပဳလုပ္ၾကမယ္လို႔ သိရပါတယ္ ခင္ဗ်ား။

[ Unicode ]

မြန်မာ့အရေး နိုင်ငံတကာအကူအညီပေးဖို့ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် ဖိနှိပ်ဖြိုခွဲမှု ဆက်လက်ဖြစ်ပေါ်နေပြီး သေဆုံးမှုတွေ ဆက်ရှိနေတာကြောင့် ဒါတွေရပ်တန့်သွားအောင်နဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ နိုင်ငံတကာ အသိုင်းအဝန်းက အရေးယူဆောင်ရွက် ပေးလာအောင် ကမ္ဘာတလွှား နိုင်ငံတချို့မှာ စနေနေ့က မြန်မာတွေ စုရုံးဆန္ဒပြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာတော့ တိုင်းရင်းသားပေါင်းစုံ ပါဝင်ပြီး ရာချီတဲ့ မြန်မာတွေက မြန်မာစစ်တပ်ကို အကာအကွယ်ပေးနေတဲ့ ရုရှားသံရုံး ၊ အိန္ဒိယ သံရုံးတွေအပြင် မြန်မာသံရုံး ရှေ့ကိုပါ ချီတက် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင် ဟောပြောခဲ့တဲ့ မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ နိုင်အောင်က ဒီစီ ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ခုလို ပြောပါတယ်။

" အိန္ဒိယသံရုံးရှေ့မှာ ပြောဖြစ်တာကတော့ နယ်စပ်မှာ ဒုက္ခသည်တွေ ရောက်နေတာကို မီဇိုရမ်ဝန်ကြီးချုပ်က လက်ခံတယ်ဆိုပေမဲ့ အိန္ဒိယအစိုးရက လက်မခံဘူးလို့ ငြင်းနေတဲ့ကိစ္စအပေါ်မှာ ဆန္ဒပြတာပါ။ ကျနော်တို့နဲ့ အိမ်နီးနားချင်းကောင်း မဖြစ်ချင်ဘူးလားပေါ့ ၊ ဖြစ်ချင်တယ်ဆိုရင် ကျနော်တို့ ဒီမိုကရေစီတိုက်ပွဲနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်ဆိုတဲ့ သတင်းစကားမျိုး ပြောဖြစ်ပါတယ်။ "

လန္ဒန္က ဆႏၵျပပဲြ
လန္ဒန္က ဆႏၵျပပဲြ

အလားတူ အမေရိကန် အရှေ့ခြမ်း နယူးယောက်မြို့ Time Square မှာလည်း ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ မြန်မာတွေ ရာနဲ့ချီ တက်ရောက် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးနေတင်မြင့်ကလည်း ခုလို ပြောသွားပါတယ်။

" ကျနော်တို့ ဒီမိုကရေစီနိုင်ငံတော် ဖြစ်သွားမှာကို လက်မခံဘူး ၊ ပြည်သူတွေ လူ့အခွင့်အရေးတွေ အပြည့်အဝ ရမှာကို မလိုလားတဲ့အတွက် စစ်တပ်က အကြမ်းဖက် အာဏာသိမ်းလိုက်တာပါ။ အဲဒီအတွက် ကျနော်တို့ဟာ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အရ CRPH ပေါ်ထွက်လာပါတယ်။ အခု CRPH ဟာ တိုင်းရင်းသားပေါင်းစုံ ခေါင်းဆောင်တွေနဲ့ စုစည်းညီညာမှု ၊ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှုကနေ ၂၀၀၈ အခြေခံဥပဒေဆိုတဲ့ စာအုပ်အစိမ်းကြီးကို ဖျက်သိမ်းနိုင်ခဲ့ပါပြီ။ ၂၀၀၈ ခြေဥ မရှိတော့ဘူးဆိုတာ ကမ္ဘာကသိအောင် အခုပြောနေခြင်း ဖြစ်ပါတယ်။ နောက်တချက်က CRPH က ကြေညာထားတဲ့ ပဋိဉာဉ်စာတမ်းအရ ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အပြည့်စုံ မရေးဆွဲနိုင်ခင် ကာလမှာ ဒီပဋိဉာဉ်စာတမ်းအရ ဆက်လက် အုပ်ချုပ်သွားမယ့် သဘောလို့ နားလည်ပါတယ်။ "

နယူးေယာက္ၿမဳိ႕က ဆႏၵျပပဲြ
နယူးေယာက္ၿမဳိ႕က ဆႏၵျပပဲြ

အမေရိကန် အနောက်ဖက်ခြမ်း ဆန်ဖရန်စစ္စကိုမြို့မှာလည်း ကုလသမဂ္ဂ ပလာဇာရှေ့မှာ ရာကျော်တဲ့ မြန်မာတွေ စနေနေ့က စုဝေး ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြပွဲအတွင်း ဦးဆောင်ပါဝင်သူ ဦးကိုကိုလေး ဟောပြောတာက -

" ပြည်တွင်းမှာ မတရားသတ်ဖြတ်ခံနေရတယ်။ လူငယ်လေးတွေ သေဆုံးနေရတယ် အမျိုးသမီးတွေ ကျောင်းသားငယ်တွေ သေနေကြတာ အားလုံးအသိဖြစ်တယ်။ ဒီနေ့ ကျနော်တို့ရဲ့ တိုက်ပွဲဟာ လူမျိုးတူကျွန်ပြုချင်တဲ့ စစ်ဖိနပ်သံခွာအောက်ကနေ လွတ်မြောက်ဖို့ ပြည်သူအားလုံး တိုက်ပွဲဝင်နေတာဖြစ်တယ်။ အခုဆိုရင် သမိုင်းမှာ မကြုံဘူးတဲ့.. ပြည်သူတွေက ငုံ့မခံဘူး နည်းပေါင်းစုံနဲ့ တိုက်ပွဲဝင်မယ်ဆိုတာ ဆုံးဖြတ်ချက် ချပြီးသားဖြစ်တယ်။ နည်းပေါင်းစုံထဲမှာ လက်နက်ကိုင် တော်လှန်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း ပါတယ်။ GenZ တွေဟာ မြို့ရွာတိုင်းမှာ အသေခံ တိုက်ပွဲဝင်နေတာဖြစ်တယ် ။ သူတို့နောက်မှာ ကျနော်တို့ ရှိကြမယ်။ "

အမေရိကန် ပြည်ထောင်စုမှာလိုပဲ ဥရောပထဲက ဗြိတိန်နိုင်ငံထဲမှာရှိတဲ့ မြို့နယ်အသီးသီးက ထောင်ဂဏန်းရှိတဲ့ ဗမာနဲ့ တိုင်းရင်းသားတွေဟာ ဗြိတိသျှပါလီမန် ၊ ဗြိတိန်ဝန်ကြီးချုပ်ရုံးရှေ့ ၊ ရုရှားသံရုံး ၊ မြန်မာသံရုံးရှေ့တို့ကို သွားရောက် လှည့်လည် ဆန္ဒပြခဲ့ကြကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူတွေထဲမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုမင်းဟိန်းက VOA ကို ပြောပါတယ်။

" ဗြိတိန် ပါလီမန်ကနေ ဗြိတိန်ဝန်ကြီးချုပ်အိမ်ရှေ့သ ွားခဲ့ပါတယ်။ ထူးခြားချက်က ဒီနေ့ကျနော်တို့ ဆန္ဒပြလူအုပ်စုတွေက အနည်းဆုံး ၃၀၀၀ လောက်ရှိတယ်လို့ ရဲကိုယ်တိုင်ပြောသွားတယ်။ လမ်းမှာ ကားတွေတောင် သွားမရဘူး၊ ဘတ်စ်ကားတွေဆို ရဲက ရပ်ထားပေးရတာ တော်တော်လေးကြာတယ်။ ဗြိတိန်ဝန်ကြီးချုပ် အိမ်ရှေ့ရောက်တော့ ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည် အရေးကိစ္စကို အလေးထား ဆောင်ရွက်ပေးဖို့ အော်ကြတယ်။ အဲဒီကနေ မြန်မာသံရုံးရှေ့ကို ဆက်လက်ချီတက် ဆန္ဒပြကြတယ်။ မြန်မာသံရုံးရှေ့မှာ အနည်းဆုံး ၄၅ မိနစ်လောက်ကြာမယ် လူတွေက ပုံသဏ္ဍာန်မျိုးစုံနဲ့ မကြေချက်တွေ အော်ပြောကြတယ်။ မင်းအောင်လှိုင်ဓါတ်ပုံကို နင်းတယ်။ ရုရှားသံရုံရှေ့လည်း သွားခဲ့တယ်။ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောင်းဖို့၊ မထောက်ပံ့ဖို့ တောင်းဆိုကြတယ်။ "

protest in London
protest in London

လန်ဒန်မြို့ ဆန္ဒပြပွဲမှာ ပူးပေါင်း ပါဝင်လာသူတဦးကတော့ မြန်မာပြည်မှာ လူသိများကြတဲ့ ဖိလစ်ပိုင်လူမျိုး မော်ဒယ် Sinon Loresca ပဲ ဖြစ်ပါတယ်။ အခုလို မြန်မာတွေနဲ့ ပူးပေါင်းပြီး သူ ဘာကြောင့် ဆန္ဒပြနေရသလဲ ဆိုတာကို ရှင်းပြပါတယ်။

" ကျနော်က မြန်မာနိုင်ငံမှာ ၂ နှစ်လောက် နေခဲ့တာပါ။ မြန်မာပြည်သားတွေရဲ့ဘဝကို ကျနော် သိခဲ့ရပါတယ်။ မြန်မာတွေရဲ့ ယဉ်ကျေးမှုကိုလည်း ကျနော် နားလည်ခဲ့ရသလို ၊ မြန်မာတွေဟာ ဘယ်လောက် စိတ်ကောင်း စေတနာရှိသလဲ ဆိုတာကိုလည်း မြင်ခဲ့ရပါတယ် ။ ကျနော် မြန်မာနိုင်ငံကနေ ထွက်ခွာ လာခဲ့ပေမယ့် ကျနော့် စိတ်နှလုံးသားတွေက မြန်မာပြည်မှာ ကျန်နေခဲ့တာပါ။ ဒါကြောင့် မြန်မာပြည်သူတွေနဲ့အတူ မြန်မာပြည် လွတ်ြမောက်ရေး ဒီမိုကရေစီရရှိရေးနဲ့ ပြန်လည် ငြိမ်းချမ်းဖို့အတွက် ကျနော်လည်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်လည်း အမြန်ဆုံး ပြန်လွတ်မြောက်ပြီး ၊ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် လုပ်ဆောင် သွားမှာပါ။ " လို့ ပြောသွားပါတယ်။

လန်ဒန်မှာရှိတဲ့ မြန်မာများရဲ့စာရင်းကိုင်အသင်းက ဦးစီးပြီး မြန်မာပြည်တွင်း CDM လှုပ်ရှားမှုမှာ ပါဝင် နေသူတွေအတွက် ရံပုံငွေ ရှာတဲ့အနေနဲ့ မြန်မာ့ရိုးရာ မုန့်ပဲသွားရေစာတွေ ၊ မြန်မာဟင်းမျိုးစုံ ကြော်ချက်ပြီး ရောင်းချ နေကြတာမျိုးလည်း ရှိပါတယ်။

ဧပြီ ၄ ရက် တနင်္ဂနွေ ဒီကနေ့မှာတော့ ဂျပန်ရောက်မြန်မာတွေ စုရုံးပြီး တိုကျိုမြို့လယ်မှာ ချီတက်ဆန္ဒပြပွဲကြီး တရပ် ပြုလုပ်ကြမယ်လို့ သိရပါတယ် ခင်ဗျား။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG