သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဏာသိမ္းမႈဆန္႔က်င္ေရး ျပည္ပေရာက္ျမန္မာေတြ ဆႏၵျပလႈပ္ရွား


DC ၿမဳိ႕လယ္ ဆႏၵျပပဲြ

[ Zawgyi / Unicode ]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္သူေတြက မတ္လ(၂၇)ရက္ေန႔ကို ဖက္ဆစ္ေတာ္လွန္ေရးေန႔အျဖစ္ သတ္မွတ္ၿပီး ဆႏၵျပလႈပ္ရွားခဲ့ၾကသလုိ၊ အေမရိကန္နဲ႔ ကေနဒါႏိုင္ငံ အပါအ၀င္ ျပည္ပေရာက္ ျမန္မာႏုိင္ငံသားေတြလည္း စေနေန႔က စုေ၀းလႈပ္ရွားခဲ့ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္ စုစည္း တင္ျပထားပါတယ္။

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီ ၿမဳိ႕ေတာ္မွာေတာ့ အမ်ဳိးသမီးေပါင္းစုံ ေႏြဦးေတာ္လွန္ေရး သပိတ္စစ္ေၾကာင္းဆိုၿပီး အနီေရာင္ေတြ ဆင္တူဝတ္ထားၾကတဲ့ လူအင္အား(၂၀၀)ေက်ာ္က တရုတ္သံရုံးေရွ႕နဲ႔ ျမန္မာ စစ္သံရုံးေရွ႕တို႔မွာ သြားေရာက္ဆႏၵျပခဲ့ၾကပါတယ္။

DC protest ဆႏၵျပပဲြ
DC protest ဆႏၵျပပဲြ


ဒီဆႏၵျပပဲြျဖစ္ေျမာက္ေအာင္ စီစဥ္သူေတြထဲက တဦးျဖစ္တဲ့ ခ်င္းတုိင္းရင္းသူ မမူက ခုလို ေျပာပါတယ္။

" က်မတို႔ ဝါရွင္တန္ဒီစီမွာ အမ်ဳိးသမီးေပါင္းစုံ လူထုေတာ္လွန္ေရး သပိတ္စစ္ေၾကာင္းႀကီးနဲ႔ ဆႏၵျပေနတာပါရွင့္ ။ က်မတို႔ အဓိက ရည္ရြယ္ခ်က္က ျမန္မာျပည္မွာ လက္ရွိျဖစ္ေနတဲ့ စစ္အာဏာရွင္ေတြရဲ႕ ရက္စက္ယုတ္မာမႈကို က်မတို႔ ျပည္ပမွာရွိေနတဲ့ အမ်ဳိးသမီးေတြ အားလုံးက လုံးဝ လက္မခံႏိုင္ဘူးဆိုတာရယ္ ၊ လုံးဝ ဆန္႔က်င္ရႈတ္ခ်ယ္ ဆိုတဲ့အေၾကာင္း ဒီမွာလာၿပီး ဆႏၵျပေနတာပါ။ ဒီေန႔ဟာ တပ္မေတာ္ေန႔ မဟုတ္ပါဘူး ၊ ျပည္ေထာင္စုသားမ်ားရဲ႕ ေတာ္လွန္ေရးေန႔ ျဖစ္ပါတယ္။ စစ္အစိုးရက ပစ္ခတ္တဲ့အတြက္ ေသြးေခ်ာင္းစီးတဲ့ ကိစၥက မျဖစ္သင့္တဲ့ကိစၥပါ။ ဒီ စစ္အစိုးရကုိ ဒီအခ်ိန္မွာမွ မျဖဳတ္ခ်ရင္ မရေတာ့တဲ့ အေၾကာင္းကို ေဖၚထုတ္ဖုိ႔ ဒီမတ္လ(၂၇)ကို ေရြးၿပီးေတာ့ လုပ္ၾကတာ ျဖစ္ပါတယ္။ "

အလားတူ နယူးေယာက္ၿမဳိ႕မွာလည္း ျမန္မာေတြနဲ႔အတူ အျခား ႏိုင္ငံတကာက ႏုိင္ငံသားေတြ စုစုေပါင္း(၅၀၀)ဝန္းက်င္ ပါဝင္ၿပီး ျမန္မာႏုိင္ငံတြင္း စစ္တပ္ရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြကို ရႈတ္ခ်ဆန္႔က်င္တဲ့ ခ်ီတက္ဆႏၵျပပဲြတခု က်င္းပခဲ့ေၾကာင္း အဲဒီပဲြမွာပါဝင္တဲ့ ကို ေနလင္းထြန္းက ေျပာပါတယ္။

" အဓိက ဒီပဲြကေတာ့ ဒီမုိကေရစီေရး တိုက္ပဲြဝင္ေနၾကတဲ့ ေဟာင္ေကာင္၊ ထိုင္ဝမ္၊ တိဘက္၊ ထုိင္းႏုိင္ငံေတြ အေနနဲ႔ ျမန္မာျပည္မွာ လက္ရွိျဖစ္ေပၚေနတဲ့ စစ္အာဏာရွင္ရဲ႕ မတရားသတ္ျဖတ္မႈေတြကို သူတို႔ကလည္း ပူးေပါင္းပါဝင္ၿပီးေတာ့ စုေပါင္းလုပ္ၾကတဲ့ပြဲေပါ့ေနာ္။ ေန႔လည္ ၂ နာရီမွာစၿပီး ၃ နာရီမွာ အခု ဘရုကလင္တံတားကိုျဖတ္ၿပီး ေလွ်ာက္ေနၾကတယ္ေပါ့။ စစ္အစိုးရက လက္ရွိ အၾကမ္းဖက္သတ္ျဖတ္ေနတာေတြကို က်ေနာ္တို႔ လုံး၀ရႈတ္ခ်တယ္။ ေနာက္ထပ္ မသတ္ဖို႔ကိုလည္း သတိေပးတယ္။ ႏိုင္ငံတကာကို ေတာင္းဆိုတာကေတာ့ UN အေနနဲ႔ R2P အေနနဲ႔ေရာ ဒီအၾကမ္းဖက္ စစ္အုပ္စုကို အျမန္ဆုံးဝင္ေရာက္ ဖယ္ရွားေပးပါလို႔ က်ေနာ္တုိ႔ ေျပာလိုပါတယ္။ "

New York ဆႏၵျပပဲြ
New York ဆႏၵျပပဲြ


အေမရိကန္ အေနာက္ဖက္ ဆန္ဖရန္စစၥကိုၿမဳိ႕မွာလည္း ျမန္မာ့ေႏြဦးေတာ္လွန္ေရးေန႔အျဖစ္ စေနေန႔ ေန႔လည္ပုိင္းက က်င္းပခဲ့ပါတယ္။ ဆႏၵျပပဲြမွာ ဦးကိုကိုေလး ေျပာၾကားတာက -

" ဒီအေမရိကန္ ျပည္ေထာင္စုမွာရွိၾကတဲ့ ျပည္နယ္ေတြ ၿမဳိ႕ေတြ အေတာ္မ်ားမ်ားမွာ က်ေနာ္တို႔ ဆႏၵျပေနၾကတာ ျဖစ္ပါတယ္။ တကမၻာလုံးမွာလည္း Global Action အေနနဲ႔ ဆႏၵျပေနတာ ျဖစ္ပါတယ္။ က်ဳပ္တုိ႔ရဲ႕ ေတာ္လွန္ေရးက အရမ္းကို ရွင္းပါတယ္။ ပါတီစဲြ ဘာအစဲြမွ မရွိဘူး။ ယေန႔ျဖစ္ေနတဲ့ တိုက္ပဲြဟာ ဖိႏွိပ္တဲ့ စစ္အာဏာရွင္တစုနဲ႔ အဖိႏွိပ္ခံ ျပည္သူတရပ္လုံးရဲ႕ တိုက္ပဲြျဖစ္တယ္။ ဒီေန႔ဟာ ျပည္သူေတြရဲ႕ ေတာ္လွန္ေရးေန႔လည္း ျဖစ္တယ္။ "

ကန္တပ္ကီျပည္နယ္ လူဝစ္ဇ္ေဗးၿမဳိ႕မွာလည္း တုိင္းရင္းသားေပါင္းစုံ စုေဝးၿပီး ျမန္မာစစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပဲြ ျပဳလုပ္ၾကေၾကာင္း အဲဒီ ေနရာကို ေရာက္ေနတဲ့ ေဒါက္တာ တင့္ေဆြက ခုလုိ ေျပာပါတယ္။

" ေဒသခံ ၿမဳိ႕ေတာ္ဝန္ ရုံးကေရာ၊ ျပည္နယ္အစိုးရ ရုံးက ပုဂၢိဳလ္ ၂ဦးကလည္း ဆႏၵျပပဲြမွာ စကားလာေျပာပါတယ္။ က်ေနာ္တို႔က ျမန္မာျပည္မွာ လက္ရွိ ျဖစ္ေနတာေတြကို အေမရိကန္ျပည္ေထာင္စုက သိေစခ်င္တာရယ္။ ေနာက္ အေရးႀကီးတဲ့တခ်က္ တင္ျပခ်င္တာက အေမရိကန္မွာ လူမ်ဳိးေပါင္းစုံ၊ အတန္းစား ေပါင္းစုံ၊ ဘာသာေပါင္းစုံနဲ႔ ေနေသာ္လည္းပဲ သူတို႔အသုံးအႏႈန္းအရ အဂၤလိပ္ဆုိ Melting Pot ေပါ့ေနာ္။ အရာရာ စားေကာင္းေသာက္ဖြယ္ အမယ္မယ္ကို အိုးႀကီးတခုထဲ ထည့္ၿပီးခ်က္တဲ့အခါ အားလုံးေပ်ာ္ဝင္ၿပီး တခုတည္းေသာ ေကာင္းမြန္တဲ့ ဟင္းလ်ာႀကီးျဖစ္တယ္လို႔ ဒီမွာတင္စားၾကတယ္။ အလားတူပဲ က်ေနာ္တို႔ ဒီကေန႔ ျမန္မာႏိုင္ငံမွာ Gen-Z ေတြ ဦးစီးၿပီးလုပ္ေနတဲ့ လႈပ္ရွားမႈေတြဟာ Melting Pot Burma ျဖစ္လာေအာင္ ေဆာင္ရြက္ေနၾကတယ္ဆိုတဲ့ အေၾကာင္းကိုလည္း က်ေနာ္တင္ျပခဲ့ပါတယ္။ "

မက္ဆာခ်ဳးဆက္ျပည္နယ္ ေဘာ့စတြန္ၿမဳိ႕မွာလည္း ျပည္နယ္လႊတ္ေတာ္ အေဆာက္အဦေရွ႕ ဆႏၵျပခဲ့ၾကေၾကာင္း မေသာ္တာထြန္းေက်ာ္ က ေျပာပါတယ္။

" က်မတို႔က ပုံမွန္ဆိုရင္ ေဘာ့စတြန္မွာ စေနေန႔တိုင္း ဆႏၵျပေလ့ရွိေပမယ့္ ဒီေန႔ကေတာ့ ပိုတိုက္ဆိုင္တာက ျမန္မာႏိုင္ငံမွာ စစ္အုပ္စုကို ေတာ္လွန္တဲ့ ဖက္ဆက္ေတာ္လွန္ေရးေန႔ နဲ႔လည္း တုိက္ဆိုင္ေနပါတယ္။ ျမန္မာျပည္မွာရွိတဲ့ သန္း(၅၀)ေသာ ျပည္သူေတြနဲ႔အတူ က်မတို႔ ဒီမွာ တေသြးတသားထဲ ရပ္တည္ေနၾကတာပါ။ က်မတို႔ ဒီမွာ ဆႏၵထုတ္ေဖၚပဲြေတြအျပင္ ေငြအား လူအား ရွိသမွ်အင္အားနဲ႔ ႀကဳိးစားေနၾကပါတယ္။ ကုိယ့္ျပည္နယ္က လႊတ္ေတာ္အမတ္ေတြဆီကို စာေရးတဲ့လူေတြ ရွိသလို၊ ျမန္မာျပည္ထဲ ေငြေၾကးေထာက္ပ့ံဖို႔အတြက္ေရာ ဘက္စုံက က်မတို႔လုပ္ေနပါတယ္။ "

ေဘာ့စတြန္ၿမဳိ႕က ဆႏၵျပပဲြ
ေဘာ့စတြန္ၿမဳိ႕က ဆႏၵျပပဲြ


အလားတူ ကေနဒါႏိုင္ငံ တုိရြန္တုိၿမဳိ႕ ၿမဳိ႕ေတာ္ခမ္းမ ေရွ႕မွာ ျမန္မာႏိုင္ငံသားေတြ ဆႏၵျပခဲ့ၾကေၾကာင္း ဦးညြန္႔လွ နဲ႔ ျမန္မာကေနဒီယန္ ကြက္ယက္က ကိုတင္မသီ ေဇာ္ေဇာ္ တို႔က ေျပာပါတယ္ ။

ဦးညြန္႔လွ - " က်ေနာ္တို႔ ဒီေန႔ တုိရြန္တိုၿမဳိ႕မွာေတာ့ ျမန္မာဖက္ဆစ္ ေတာ္လွန္ေရးေန႔ ဆိုၿပီး လုပ္ေနၾကတာပါ။ ရွမ္းခ်င္းကရင္ကခ်င္ စတဲ့ တိုင္းရင္းသားေပါင္းစုံအျပင္ အာဆီယံႏိုင္ငံက လူေတြပါ ပူးေပါင္းၿပီးေတာ့ က်ေနာ္တို႔ဆႏၵျပပဲြမွာ ပါဝင္ေနၾကပါတယ္။ က်ေနာ္တို႔ အဓိက ရည္ရြယ္တာက CDM ကို ဝန္းရံေရး ၊ CRPH ကိုအျပည့္အဝ ဝုိင္းဝန္းကူညီ ပံ့ပိုးေပးေရးနဲ႔ ျမန္မာႏိုင္ငံမွာ ဖယ္ဒရယ္ဒီမုိကေရစီ ေပၚထြန္းေရးအတြက္ က်ေနာ္တို႔ဒီမွာ ဆႏၵျပစည္းရုံးျခင္း ျဖစ္ပါတယ္။ "

Vancouver ဆႏၵျပပဲြ
Vancouver ဆႏၵျပပဲြ


ကိုတင္မသီ ေဇာ္ေဇာ္ - " တိုရန္တိုၿမဳိ႕ရဲ႕ စီးတီေဟာ ေရွ႕မွာ က်ေနာ္တုိ႔ ဆႏၵျပေနတာ ျဖစ္ပါတယ္။ မတ္လ ၂၇ ဆုိတာက ဖက္ဆစ္ဂ်ပန္ကို ေတာ္လွန္တဲ့ေန႔ပါ ၊ ဒါကုိ တပ္မေတာ္ေန႔အျဖစ္ အဓမၼ ေျပာင္းထားတာကို အာဏာသိမ္းေကာင္စီက က်င္းပခဲ့တာကိုလည္း က်ေနာ္တုိ႔က ဆန္႔က်င္တယ္ဆုိတာ ျပခ်င္တယ္။ ၿပီးေတာ့ ျမန္မာျပည္ထဲက ျပည္သူေတြနဲ႔ က်ေနာ္တို႔ တသားတည္း ရွိေနတယ္ဆိုတာကို ျပခ်င္တယ္။ က်ေနာ္တို႔ သတင္းစကားေပးခ်င္တာက က်ေနာ္တို႔ ျပည္သူေတြသည္ ပစ္သတ္ျပလို႔ ေၾကာက္သြားမွာ မဟုတ္ဘူး၊ က်ေနာ္တို႔ ၿပီးဆုံးေအာင္ျမင္တဲ့အထိ တိုက္ပဲြဝင္သြားမွာပါ။ "

ကေနဒါႏိုင္ငံ ဗန္ကူးဗားၿမဳိ႕လယ္ေခါင္ လူစည္ကားတဲ့ အရပ္မွာ ျမန္မာတုိင္းရင္းသားေတြ ျမန္္မာစစ္အာဏာသိမ္း ရႈတ္ခ်ေရး ဆႏၵျပခဲ့ၾကတယ္လို႔ ဦးေဆာင္ပါဝင္သူ Myanmar Students Coalition (British Columbia)အဖြဲ႔က ကိုလင္ဒန္ေက်ာ္က ေျပာပါတယ္။

" က်ေနာ္တို႔ ဆႏၵျပေနရတာကေတာ့ CRPH ကို နိုင္ငံတကာအေနနဲ႔ ဝိုင္းၿပီး အသိအမွတ္ျပဳေပးေစခ်င္တယ္။ အဲဒီလို အသိမွတ္ ျပဳလိုက္မွပဲ CRPH ရဲ႕လုပ္ရပ္ေတြကို ႏိုင္ငံတကာအစိုးရေတြက တရားဝင္ ပံ့ပိုးလုိ႔ရေအာင္ အဓိက လိုခ်င္တာပါ။ ေနာက္တခ်က္က က်ေနာ္က Gen-Z ဆိုေတာ့ ဒီစစ္အာဏာရွင္စနစ္ကို က်ေနာ္တုိ႔ မ်ဳိးဆက္လက္ထက္မွာပဲ အဆုံးသတ္ေစခ်င္တယ္။ ေနာက္ လာမယ့္ မ်ဳိးဆက္ေတြကို မခံစားခုိင္းေစခ်င္ဘူး။ ေနာက္ တတိယအခ်က္က ကေနဒါအစိုးရက ျမန္မာစစ္အုပ္စုေပၚ ခ်ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ရွိတယ္။ ရွိေပမယ့္ ဖိအားေပးမႈ နည္းေနတုန္းပဲ။ ဒါေၾကာင့္ ကေနဒါအစိုးရက ဖိအားပိုေပးဖို႔ က်ေနာ္တို ႔ကေနဒါေရာက္ျမန္မာေတြက လိုလားတယ္။ "

ျမန္မာႏိုင္ငံမွာ မတ္လ (၂၇) ရက္ေန႔က ဆႏၵျပပဲြ ေတြကို စစ္တပ္ရဲက ပစ္ခတ္ ျဖဳိခဲြမႈအတြင္း လူေပါင္း (၁၀၀)ေက်ာ္ ေသဆုံးခဲ့တဲ့ လုပ္ရပ္ကို ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ကေရာ ၿဗိတိန္ႏိုင္ငံကပ ါအျပင္းထန္ ရႈတ္ခ်ခဲ့ပါတယ္။

[ Unicode ]

အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်ပရောက်မြန်မာတွေ ဆန္ဒပြလှုပ်ရှား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေက မတ်လ(၂၇)ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး ဆန္ဒပြလှုပ်ရှားခဲ့ကြသလို၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေလည်း စနေနေ့က စုဝေးလှုပ်ရှားခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာတော့ အမျိုးသမီးပေါင်းစုံ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းဆိုပြီး အနီရောင်တွေ ဆင်တူဝတ်ထားကြတဲ့ လူအင်အား(၂၀၀)ကျော်က တရုတ်သံရုံးရှေ့နဲ့ မြန်မာ စစ်သံရုံးရှေ့တို့မှာ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲဖြစ်မြောက်အောင် စီစဉ်သူတွေထဲက တဦးဖြစ်တဲ့ ချင်းတိုင်းရင်းသူ မမူက ခုလို ပြောပါတယ်။

" ကျမတို့ ဝါရှင်တန်ဒီစီမှာ အမျိုးသမီးပေါင်းစုံ လူထုတော်လှန်ရေး သပိတ်စစ်ကြောင်းကြီးနဲ့ ဆန္ဒပြနေတာပါရှင့် ။ ကျမတို့ အဓိက ရည်ရွယ်ချက်က မြန်မာပြည်မှာ လက်ရှိဖြစ်နေတဲ့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ယုတ်မာမှုကို ကျမတို့ ပြည်ပမှာရှိနေတဲ့ အမျိုးသမီးတွေ အားလုံးက လုံးဝ လက်မခံနိုင်ဘူးဆိုတာရယ် ၊ လုံးဝ ဆန့်ကျင်ရှုတ်ချယ် ဆိုတဲ့အကြောင်း ဒီမှာလာပြီး ဆန္ဒပြနေတာပါ။ ဒီနေ့ဟာ တပ်မတော်နေ့ မဟုတ်ပါဘူး ၊ ပြည်ထောင်စုသားများရဲ့ တော်လှန်ရေးနေ့ ဖြစ်ပါတယ်။ စစ်အစိုးရက ပစ်ခတ်တဲ့အတွက် သွေးချောင်းစီးတဲ့ ကိစ္စက မဖြစ်သင့်တဲ့ကိစ္စပါ။ ဒီ စစ်အစိုးရကို ဒီအချိန်မှာမှ မဖြုတ်ချရင် မရတော့တဲ့ အကြောင်းကို ဖေါ်ထုတ်ဖို့ ဒီမတ်လ(၂၇)ကို ရွေးပြီးတော့ လုပ်ကြတာ ဖြစ်ပါတယ်။ "

DC ဆႏၵျပပဲြ
DC ဆႏၵျပပဲြ


အလားတူ နယူးယောက်မြို့မှာလည်း မြန်မာတွေနဲ့အတူ အခြား နိုင်ငံတကာက နိုင်ငံသားတွေ စုစုပေါင်း(၅၀၀)ဝန်းကျင် ပါဝင်ပြီး မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရှုတ်ချဆန့်ကျင်တဲ့ ချီတက်ဆန္ဒပြပွဲတခု ကျင်းပခဲ့ကြောင်း အဲဒီပွဲမှာပါဝင်တဲ့ ကို နေလင်းထွန်းက ပြောပါတယ်။

" အဓိက ဒီပွဲကတော့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေကြတဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ တိဘက်၊ ထိုင်းနိုင်ငံတွေ အနေနဲ့ မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ စစ်အာဏာရှင်ရဲ့ မတရားသတ်ဖြတ်မှုတွေကို သူတို့ကလည်း ပူးပေါင်းပါဝင်ပြီးတော့ စုပေါင်းလုပ်ကြတဲ့ပွဲပေါ့နော်။ နေ့လည် ၂ နာရီမှာစပြီး ၃ နာရီမှာ အခု ဘရုကလင်တံတားကိုဖြတ်ပြီး လျှောက်နေကြတယ်ပေါ့။ စစ်အစိုးရက လက်ရှိ အကြမ်းဖက်သတ်ဖြတ်နေတာတွေကို ကျနော်တို့ လုံးဝရှုတ်ချတယ်။ နောက်ထပ် မသတ်ဖို့ကိုလည်း သတိပေးတယ်။ နိုင်ငံတကာကို တောင်းဆိုတာကတော့ UN အနေနဲ့ R2P အနေနဲ့ရော ဒီအကြမ်းဖက် စစ်အုပ်စုကို အမြန်ဆုံးဝင်ရောက် ဖယ်ရှားပေးပါလို့ ကျနော်တို့ ပြောလိုပါတယ်။ "

အမေရိကန် အနောက်ဖက် ဆန်ဖရန်စစ္စကိုမြို့မှာလည်း မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် စနေနေ့ နေ့လည်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ ဦးကိုကိုလေး ပြောကြားတာက -

" ဒီအမေရိကန် ပြည်ထောင်စုမှာရှိကြတဲ့ ပြည်နယ်တွေ မြို့တွေ အတော်များများမှာ ကျနော်တို့ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာလည်း Global Action အနေနဲ့ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ ကျုပ်တို့ရဲ့ တော်လှန်ရေးက အရမ်းကို ရှင်းပါတယ်။ ပါတီစွဲ ဘာအစွဲမှ မရှိဘူး။ ယနေ့ဖြစ်နေတဲ့ တိုက်ပွဲဟာ ဖိနှိပ်တဲ့ စစ်အာဏာရှင်တစုနဲ့ အဖိနှိပ်ခံ ပြည်သူတရပ်လုံးရဲ့ တိုက်ပွဲဖြစ်တယ်။ ဒီနေ့ဟာ ပြည်သူတွေရဲ့ တော်လှန်ရေးနေ့လည်း ဖြစ်တယ်။ "

နယူးေယာက္ ဆႏၵျပပဲြ
နယူးေယာက္ ဆႏၵျပပဲြ

ကန်တပ်ကီပြည်နယ် လူဝစ်ဇ်ဗေးမြို့မှာလည်း တိုင်းရင်းသားပေါင်းစုံ စုဝေးပြီး မြန်မာစစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ ပြုလုပ်ကြကြောင်း အဲဒီ နေရာကို ရောက်နေတဲ့ ဒေါက်တာ တင့်ဆွေက ခုလို ပြောပါတယ်။

" ဒေသခံ မြို့တော်ဝန် ရုံးကရော၊ ပြည်နယ်အစိုးရ ရုံးက ပုဂ္ဂိုလ် ၂ဦးကလည်း ဆန္ဒပြပွဲမှာ စကားလာပြောပါတယ်။ ကျနော်တို့က မြန်မာပြည်မှာ လက်ရှိ ဖြစ်နေတာတွေကို အမေရိကန်ပြည်ထောင်စုက သိစေချင်တာရယ်။ နောက် အရေးကြီးတဲ့တချက် တင်ပြချင်တာက အမေရိကန်မှာ လူမျိုးပေါင်းစုံ၊ အတန်းစား ပေါင်းစုံ၊ ဘာသာပေါင်းစုံနဲ့ နေသော်လည်းပဲ သူတို့အသုံးအနှုန်းအရ အင်္ဂလိပ်ဆို Melting Pot ပေါ့နော်။ အရာရာ စားကောင်းသောက်ဖွယ် အမယ်မယ်ကို အိုးကြီးတခုထဲ ထည့်ပြီးချက်တဲ့အခါ အားလုံးပျော်ဝင်ပြီး တခုတည်းသော ကောင်းမွန်တဲ့ ဟင်းလျာကြီးဖြစ်တယ်လို့ ဒီမှာတင်စားကြတယ်။ အလားတူပဲ ကျနော်တို့ ဒီကနေ့ မြန်မာနိုင်ငံမှာ Gen-Z တွေ ဦးစီးပြီးလုပ်နေတဲ့ လှုပ်ရှားမှုတွေဟာ Melting Pot Burma ဖြစ်လာအောင် ဆောင်ရွက်နေကြတယ်ဆိုတဲ့ အကြောင်းကိုလည်း ကျနော်တင်ပြခဲ့ပါတယ်။ "

မက်ဆာချုးဆက်ပြည်နယ် ဘော့စတွန်မြို့မှာလည်း ပြည်နယ်လွှတ်တော် အဆောက်အဦရှေ့ ဆန္ဒပြခဲ့ကြကြောင်း မသော်တာထွန်းကျော် က ပြောပါတယ်။

" ကျမတို့က ပုံမှန်ဆိုရင် ဘော့စတွန်မှာ စနေနေ့တိုင်း ဆန္ဒပြလေ့ရှိပေမယ့် ဒီနေ့ကတော့ ပိုတိုက်ဆိုင်တာက မြန်မာနိုင်ငံမှာ စစ်အုပ်စုကို တော်လှန်တဲ့ ဖက်ဆက်တော်လှန်ရေးနေ့ နဲ့လည်း တိုက်ဆိုင်နေပါတယ်။ မြန်မာပြည်မှာရှိတဲ့ သန်း(၅၀)သော ပြည်သူတွေနဲ့အတူ ကျမတို့ ဒီမှာ တသွေးတသားထဲ ရပ်တည်နေကြတာပါ။ ကျမတို့ ဒီမှာ ဆန္ဒထုတ်ဖေါ်ပွဲတွေအပြင် ငွေအား လူအား ရှိသမျှအင်အားနဲ့ ကြိုးစားနေကြပါတယ်။ ကိုယ့်ပြည်နယ်က လွှတ်တော်အမတ်တွေဆီကို စာရေးတဲ့လူတွေ ရှိသလို၊ မြန်မာပြည်ထဲ ငွေကြေးထောက်ပံ့ဖို့အတွက်ရော ဘက်စုံက ကျမတို့လုပ်နေပါတယ်။ "

အလားတူ ကနေဒါနိုင်ငံ တိုရွန်တိုမြို့ မြို့တော်ခမ်းမ ရှေ့မှာ မြန်မာနိုင်ငံသားတွေ ဆန္ဒပြခဲ့ကြကြောင်း ဦးညွန့်လှ နဲ့ မြန်မာကနေဒီယန် ကွက်ယက်က ကိုတင်မသီ ဇော်ဇော် တို့က ပြောပါတယ် ။

ဦးညွန့်လှ - " ကျနော်တို့ ဒီနေ့ တိုရွန်တိုမြို့မှာတော့ မြန်မာဖက်ဆစ် တော်လှန်ရေးနေ့ ဆိုပြီး လုပ်နေကြတာပါ။ ရှမ်းချင်းကရင်ကချင် စတဲ့ တိုင်းရင်းသားပေါင်းစုံအပြင် အာဆီယံနိုင်ငံက လူတွေပါ ပူးပေါင်းပြီးတော့ ကျနော်တို့ဆန္ဒပြပွဲမှာ ပါဝင်နေကြပါတယ်။ ကျနော်တို့ အဓိက ရည်ရွယ်တာက CDM ကို ဝန်းရံရေး ၊ CRPH ကိုအပြည့်အဝ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရေးနဲ့ မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ကျနော်တို့ဒီမှာ ဆန္ဒပြစည်းရုံးခြင်း ဖြစ်ပါတယ်။ "

ကိုတင်မသီ ဇော်ဇော် - " တိုရန်တိုမြို့ရဲ့ စီးတီဟော ရှေ့မှာ ကျနော်တို့ ဆန္ဒပြနေတာ ဖြစ်ပါတယ်။ မတ်လ ၂၇ ဆိုတာက ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့ပါ ၊ ဒါကို တပ်မတော်နေ့အဖြစ် အဓမ္မ ပြောင်းထားတာကို အာဏာသိမ်းကောင်စီက ကျင်းပခဲ့တာကိုလည်း ကျနော်တို့က ဆန့်ကျင်တယ်ဆိုတာ ပြချင်တယ်။ ပြီးတော့ မြန်မာပြည်ထဲက ပြည်သူတွေနဲ့ ကျနော်တို့ တသားတည်း ရှိနေတယ်ဆိုတာကို ပြချင်တယ်။ ကျနော်တို့ သတင်းစကားပေးချင်တာက ကျနော်တို့ ပြည်သူတွေသည် ပစ်သတ်ပြလို့ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျနော်တို့ ပြီးဆုံးအောင်မြင်တဲ့အထိ တိုက်ပွဲဝင်သွားမှာပါ။ "

ဗန္ကူးဗား
ဗန္ကူးဗား

ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့လယ်ခေါင် လူစည်ကားတဲ့ အရပ်မှာ မြန်မာတိုင်းရင်းသားတွေ မြန်မာစစ်အာဏာသိမ်း ရှုတ်ချရေး ဆန္ဒပြခဲ့ကြတယ်လို့ ဦးဆောင်ပါဝင်သူ Myanmar Students Coalition (British Columbia)အဖွဲ့က ကိုလင်ဒန်ကျော်က ပြောပါတယ်။

" ကျနော်တို့ ဆန္ဒပြနေရတာကတော့ CRPH ကို နိုင်ငံတကာအနေနဲ့ ဝိုင်းပြီး အသိအမှတ်ပြုပေးစေချင်တယ်။ အဲဒီလို အသိမှတ် ပြုလိုက်မှပဲ CRPH ရဲ့လုပ်ရပ်တွေကို နိုင်ငံတကာအစိုးရတွေက တရားဝင် ပံ့ပိုးလို့ရအောင် အဓိက လိုချင်တာပါ။ နောက်တချက်က ကျနော်က Gen-Z ဆိုတော့ ဒီစစ်အာဏာရှင်စနစ်ကို ကျနော်တို့ မျိုးဆက်လက်ထက်မှာပဲ အဆုံးသတ်စေချင်တယ်။ နောက် လာမယ့် မျိုးဆက်တွေကို မခံစားခိုင်းစေချင်ဘူး။ နောက် တတိယအချက်က ကနေဒါအစိုးရက မြန်မာစစ်အုပ်စုပေါ် ချထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရှိတယ်။ ရှိပေမယ့် ဖိအားပေးမှု နည်းနေတုန်းပဲ။ ဒါကြောင့် ကနေဒါအစိုးရက ဖိအားပိုပေးဖို့ ကျနော်တို့ကနေဒါရောက်မြန်မာတွေက လိုလားတယ်။ "

မြန်မာနိုင်ငံမှာ မတ်လ (၂၇) ရက်နေ့က ဆန္ဒပြပွဲ တွေကို စစ်တပ်ရဲက ပစ်ခတ် ဖြိုခွဲမှုအတွင်း လူပေါင်း (၁၀၀)ကျော် သေဆုံးခဲ့တဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကရော ဗြိတိန်နိုင်ငံကပ ါအပြင်းထန် ရှုတ်ချခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG