သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှု ကနေဒါနဲ့ အမေရိကန်ရောက် မြန်မာတွေ ဆက်လက်ဆန္ဒပြ


[ Zawgyi / Unicode ]

စစ်တပ်ကအာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ ပြည်သူတွေ မဲပေး ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရတရပ် ပြန်လည် ပေါ်ထွန်းလာစေရေးအတွက် အမေရိကန်နဲ့ ကနေဒါနိုင်ငံရောက် မြန်မာတွေက ဒေသစံတော်ချိန် တနင်္ဂနွေ နေ့လည်ပိုင်းမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ ဆန္ဒထုတ်ဖေါ် တောင်းဆိုခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ တရားရုံးရှေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသားတွေနဲ့ ဗမာတွေ လူရာချီစုရုံးပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတရပ် ကျင်းပခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ချင်းတိုင်းရင်းသူ ဂျင်လျန်နန်းက ပြောပါတယ်။

" ဖေဖေါ်ဝါရီ ၁ ရက်မှာ စစ်တပ်က မတရား အာဏာသိမ်းခဲ့တာရယ်၊ ကျမတို့ရဲ့ သမ္မတကြီး ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပြင် ကျမတို့ရဲ့ ခေါင်းဆောင်ပိုင်း အချို့ကို ဖမ်းသွားတာကို ပြန်လွှတ်ပေးဖို့နဲ့ ကျမတို့က ပေးထားတဲ့မဲအရ အနိုင်ရတဲ့ ရွေးကောက်ပွဲရလဒ်ကို ပြန်အကောင်ထည်ဖေါ်ပေးဖို့ ၊ အခုလက်ရှိ မတရား အသတ်ခံနေရတဲ့ ပြည်သူတွေကို ထပ်မသတ်ဖို့ လိုတယ်။ CRPH ကိုကျမတို့ အပြည့်ဝ ထောက်ခံကြောင်း ဒီနေ့ ကျမတို့ဆန္ဒပြကြတာ ဖြစ်တယ်။ သူတို့ဖက်ကတော့ အလျော့ပေးမယ့်ပုံ မပေါ်ဘူးဆိုတော့ ကျမတို့ဖက်ကလည်း တန်ပြန်ပြီး တိုက်ခိုက်သွားမှာပဲ ။ "

ဖို့ဝိန်း ဆန္ဒပြပွဲ
ဖို့ဝိန်း ဆန္ဒပြပွဲ


အလားတူ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာရှိတဲ့ မြန်မာနိုင်ငံသားတွေကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာကို နိုင်ငံတကာရဲ့အာရုံစိုက်မှု ပိုရလာပြီး ဖိအားတွေတိုးလာစေဖို့ တိုရွန်တို မြို့တော်ခမ်းမရှေ့ အပါအဝင် မြို့ထဲလမ်းတလျှောက် ကားတွေနဲ့လှည့်လည် ဆန္ဒဖေါ်ထုတ် ပြသခဲ့တယ်လို့ ABSDF တပ်ဖွဲ့ဝင်ဟောင်း ကိုလင်းအောင်က ပြောပါတယ်။

" တိုရွန်တိုမြို့မှာ ကျနော်တို့ မြန်မာကွန်မြူနတီ တခုထဲ မဟုတ်ပဲနဲ့ တိုင်းရင်းသားပေါင်းစုံပါတယ်။ ပြီးတော့ ကမ္ဘောဒီးယား ၊ ဗီယက်နမ် ဟောင်ကောင်က လူငယ်တွေပါ ကျနော်တို့နဲ့အတူ ပူးပေါင်းပီး လုပ်ကြတယ်။ အခု ကျနော်တို့ ကားတွေနဲ့ လှည့်ပြီးဆန္ဒထုတ်ဖေါ် နေတယ်။ ပုလိပ်တွေကလည်း လုံခြုံရေးယူထားပေးတယ်။ ကား အစီးပေါင်း (၂၀၀)လောက် ရှိမယ်။ လမ်းတလျှောက် ကြွေးကြော်သံတွေ တိုင်တယ်။ မြို့တော်ခမ်းမရှေ့ဖြတ်တယ်။ အခုလောလောဆယ် တိုရွန်တို ဒေါင်းတောင်းမှာပါ ခင်ဗျ။ ကျနော်တို့က ဒီစစ်အုပ်စုကို ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်ဘူး ။ ပြည်တွင်းပြည်သူတွေနဲ့ တသားထဲရှိတယ်။ ရောက်ရာ နေရာကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကျနော်တို့ အဆုံးထိ ဆက်လုပ်သွားမယ်။ "

ကနေဒါနဲ့ အမေရိကန်မှာလိုပဲ တောင်ကိုရီးယား ၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေမှာလည်း စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲ တွေကို အဲဒီနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။

[ Unicode ]





Fort Wayne
Fort Wayne




တိုက်ရိုက် လင့်ခ်
XS
SM
MD
LG