သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အာဏာသိမ်းမှု ကန့်ကွက်ပွဲ ကမ္ဘာအနှံ့ဆက်လက်ဖြစ်ပွား


[ Zawgyi / Unicode ]

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွင်းမှုအတွင်း နေ့စဉ်နဲ့အမျှ လူတွေ သေဆုံးနေရတာကို အမြန်ရပ်တန့်သ ွားစေရေးနဲ့ အာဏာသိမ်းကောင်စီအပေါ် နိုင်ငံတကာရဲ့ ထိရောက်တဲ့ ဖိအားပေး ကျရောက်လာစေဖို့ အမေရိကန် ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ တရားရုံးရှေ့မှာ တနင်္ဂနွေနေ့က ရာချီတဲ့ မြန်မာတွေ စုရုံးဆန္ဒပြခဲ့တဲ့ အကြောင်း ဆန္ဒပြပွဲမှာ ပါဝင်သူ ဦးကျော်သက်က VOA ကို ပြောပါတယ်။

" ဒီနေ့ ဆန္ဒပြပွဲမှာတော့ ကျနော်တို့ရဲ့ မြို့တော်ဝန် Tom Henry ဆိုတာ၊ သူကလာပြီး လက်ရှိ ကျနော်တို့ ပြည်တွင်းမှာ စစ်အကြမ်းဖက်အုပ်စုရဲ့ သတ်ဖြတ်မှုမှာ အပြစ်မဲ့ ပြည်သူတွေ သေကြေနေတဲ့အတွက် သူတို့ဝမ်းနည်းကြောင်း၊ ပြီးတော့ သူတို့အနေနဲ့ အမေရိကန်အစိုးရကို ထပ်မံ တိုက်တွန်းပြီး မြန်မာပြည်အရေး ကူညီသွားဖို့ကိုလည်း ပြောကြားသွားပါတယ်။ ကျနော်တို့ကလည်း ခု ဘာတွေလုပ်နေသလဲဆိုရင် CRPH ကိုထောက်ခံတဲ့ အနေနဲ့ လူအား၊ ငွေအား စိတ်ဓါတ်ရေးရာအရ ထောက်ပံ့ပေးဖို့အတွက် စတင်စီစဉ်နေပါတယ်။ မနေ့ကဆိုရင် ဝါရှင်တန်ဒီစီက သမ္မတဘိုင်ဒန် နေတဲ့ အိမ်ဖြူတော်ရှေ့ သွားပြီးတော့ မြန်မာပြည်ကို စစ်ရေးအရ ဝင်ရောက်စွက်ဖက်ပေးဖို့ ကျနော်တို့ တောင်းဆို ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။ "

အာရှတိုက်ထဲက ထိုင်ဝမ်ကျွန်းမှာလည်း မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအခြေချလာကြတဲ့ မြန်မာကျောင်းသားမိသားစုတွေက လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်စေတဲ့ စစ်တပ်နဲ့ရဲက ဆန္ဒပြသတွေကို အကြမ်းဖက်နှိမ်နင်းတဲ့ စင်တင်ပြဇာတ်တခုကို တနင်္ဂနွေနေ့က ကပြခဲ့ကြတာကို လူမှုကွန်ယက် ဗီဒီယိုမှာ တွေ့ရပါတယ်။

အလားတူ ဥရောပတိုက်ထဲက ဒိန်းမတ်နိုင်ငံမှာလည်း မြန်မာနဲ့ ကရင် ကချင် တိုင်းရင်းသားပေါင်းစုံ လူ(၁၀၀)နီးပါးစုဝေးပြီး တနင်္ဂနွေနေ့က တရုတ်သံရုံးရှေ့ ဆန္ဒပြတဲ့ပွဲမှာ မြန်မာနိုင်ငံသားတဦးက ခုလို ဟောပြောသွားပါတယ်။

ဖို့ဝိန်း ဆန္ဒပြပွဲ
ဖို့ဝိန်း ဆန္ဒပြပွဲ

" ပြည်တွင်းက ပြည်သူတွေ ခံစားနေရသလိုပဲ ကျနော်တို့လည်း ဒီမှာ ထပ်တူခံစားနေရတယ် ဆိုတာကို ဒီနေရာမှာ ဖေါ်ပြချင်ပါတယ်။ ဒီလူသတ်သမားတွေကို ရှင်းပစ်နိုင်ဖို့အတွက် ကျနော်တို့ ပြည်သူပြည်သား မြန်မာနိုင်ငံသားတွေ တစည်းတရုံးထဲ ဘုံရန်သူကို ဖြိုချရမှာ ဖြစ်ပါတယ်။ "

အမေရိကန် ပြည်ထောင်စုနဲ့ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း လာမယ့် သီတင်းပတ်ထဲ မြန်မာသံရုံးနဲ့ စစ်ကောင်စစ်ဝန်ရုံးတွေ ရှေ့မှာ သွားရောက် ဆန္ဒပြကြဦးမယ်လို့ သိရပါတယ်။

[ Unicode ]





တိုင်ဝမ်က စင်တင်ပြဇာတ်
တိုင်ဝမ်က စင်တင်ပြဇာတ်




တိုက်ရိုက် လင့်ခ်


XS
SM
MD
LG