သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္ ၿဖိဳခြဲမႈေတြၾကားက ရန္ကုန္ ဆႏၵျပပြဲမ်ား


ရန္ကုန္ၿမိဳ႕ အလုံၿမိဳ႕နယ္မွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပေနသူအခ်ဳိ႕။ (ဧၿပီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံတဝန္း စစ္အာဏာသိမ္း ဆႏၵျပပြဲေတြ ဆက္လက္ေပၚေပါက္ေနတာမွာ ဒီကေန႔လည္း ရန္ကုန္ၿမိဳ႕ ေနရာတခ်ိဳ႕မွာ ဆႏၵျပပြဲေတြ ရွိခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ ဆူးေလတဝိုက္မွာ စစ္ေကာင္စီဆန္႔က်င္ဆႏၵျပတဲ့ လူငယ္တခ်ိဳ႕ အီစတာပြဲေတာ္ေန႔ အထိမ္းအမွတ္ ၾကက္ဥေပၚမွာ စာတန္းေတြ၊ ႐ုပ္ပုံေတြ ေရးဆြဲၿပီး လူေတြကို လိုက္ေဝေပးခဲ့ၾကပါတယ္။

“အီစတာဆုိတာက ေမွ်ာ္လင့္ခ်က္ ျပန္လည္စတင္ျခင္းနဲ႔ ဘဝသစ္ကုိ ရည္ညႊန္းတယ္လုိ႔ ဆုိပါတယ္။ ဒီေန႔မွာ က်မတုိ႔ေရးဆြဲတဲ့ Easter Egg ေလးေတြက ျမန္မာႏုိင္ငံရဲ႕ ေႏြဦးေတာ္လွန္ေရးကို ကုိယ္စားျပဳပါတယ္။ အာဏာရွင္ကို လက္မခံေၾကာင္း မရရတဲ့နည္းနဲ႔ က်မတို႔ ဆန္႔က်င္ ဆႏၵျပေနတာ ျဖစ္ပါတယ္။”

အီစတာ ၾကက္ဥသပိတ္မွာ ကုိယ္တုိင္ပါဝင္ ေရးဆြဲ ဆႏၵေဖာ္ထုတ္ခဲ့တဲ့ ရန္ကုန္က ပန္းခ်ီသင္တန္း ဆရာမတဦးက ဗြီအိုေအကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ဒီလို အီစတာပြဲေတာ္ေန႔ ၾကက္ဥသပိတ္လႈပ္ရွားမႈကို ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္နဲ႔ တျခားေနရာေတြကလည္း ပူးေပါင္းပါဝင္ခဲ့ၾကတာပါ။ ရန္ကုန္ တာေမြ ေက်ာက္ေျမာင္းဘက္မွာလည္း ဆႏၵျပ လူငယ္တခ်ိဳ႕ကို ရဲတပ္ဖြဲ႔ဝင္ေတြဘက္က အၾကမ္းဖက္ ႐ိုက္ႏွက္ဖမ္းဆီးမႈေတြ ရွိခဲ့ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ေနာက္ပိုင္း စစ္အုပ္ခ်ဳပ္ေရးေကာင္စီ အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြကို စစ္တပ္က ဆက္တိုက္ အင္အားသုံး ႏွိမ္နင္းေနတာေၾကာင့္ စေနေန႔ေႏွာင္းပိုင္းထိ ေသဆုံးသူ အနည္းဆုံး ၅၇၇ ေယာက္ရွိၿပီး ဆႏၵျပပြဲေတြအတြင္း ဖမ္းဆီးခံရသူ အနည္းဆုံး ၂,၆၅၀ ေက်ာ္ရွိတယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP) က ေျပာပါတယ္။

အခုလို လက္နက္မဲ့ျပည္သူလူထုကို စစ္ေကာင္စီဘက္က အၾကမ္းဖက္ သတ္ျဖတ္ ပစ္ခတ္ ႏွိမ္နင္းမႈေတြကို ခ်က္ခ်င္းရပ္တန႔္ေပးဖို႔ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး NCA စာခ်ဳပ္ လက္မွတ္ေရးထိုးထားတဲ့ အပစ္ရပ္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ ၁၀ ဖြဲ႔ကလည္း ဒီကေန႔ တပ္ေပါင္းစုံရဲ႕ ဘုံသေဘာထား ေၾကညာခ်က္ ထုတ္ျပန္ ေတာင္းဆိုလိုက္ပါတယ္။

ဖမ္းဆီးထိန္းသိမ္းထားသူေတြ အားလုံးကို ႁခြင္းခ်က္မရွိ အျမန္ဆုံးလႊတ္ေပးဖို႔ အပါအဝင္ ျပည္သူေတြရဲ႕ ေႏြဦးေတာ္လွန္ေရး CDM လႈပ္ရွားမႈကို ပံ့ပိုးကူညီမယ့္အေၾကာင္းနဲ႔ CRPH ရဲ႕ ထုတ္ျပန္ေၾကညာခ်က္ေတြျဖစ္တဲ့ ၂၀၀၈ ဖြဲ႔စည္းပုံ ဖ်က္သိမ္းေၾကာင္းနဲ႔ ဖက္ဒရယ္ဒီမိုကေရစီ ပဋိညာဥ္စာတမ္းကို ႀကိဳဆိုေထာက္ခံေၾကာင္းလည္း ထည့္သြင္းေဖာ္ျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

အကြမ်းဖက် ဖြိုခွဲမှုတွေကြားက ရန်ကုန် ဆန္ဒပြပွဲများ

မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေ ဆက်လက်ပေါ်ပေါက်နေတာမှာ ဒီကနေ့လည်း ရန်ကုန်မြို့ နေရာတချို့မှာ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ ရန်ကုန်မြို့ ဆူးလေတဝိုက်မှာ စစ်ကောင်စီဆန့်ကျင်ဆန္ဒပြတဲ့ လူငယ်တချို့ အီစတာပွဲတော်နေ့ အထိမ်းအမှတ် ကြက်ဥပေါ်မှာ စာတန်းတွေ၊ ရုပ်ပုံတွေ ရေးဆွဲပြီး လူတွေကို လိုက်ဝေပေးခဲ့ကြပါတယ်။

“အီစတာဆိုတာက မျှော်လင့်ချက် ပြန်လည်စတင်ခြင်းနဲ့ ဘဝသစ်ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ဒီနေ့မှာ ကျမတို့ရေးဆွဲတဲ့ Easter Egg လေးတွေက မြန်မာနိုင်ငံရဲ့ နွေဦးတော်လှန်ရေးကို ကိုယ်စားပြုပါတယ်။ အာဏာရှင်ကို လက်မခံကြောင်း မရရတဲ့နည်းနဲ့ ကျမတို့ ဆန့်ကျင် ဆန္ဒပြနေတာ ဖြစ်ပါတယ်။”

အီစတာ ကြက်ဥသပိတ်မှာ ကိုယ်တိုင်ပါဝင် ရေးဆွဲ ဆန္ဒဖော်ထုတ်ခဲ့တဲ့ ရန်ကုန်က ပန်းချီသင်တန်း ဆရာမတဦးက ဗွီအိုအေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီလို အီစတာပွဲတော်နေ့ ကြက်ဥသပိတ်လှုပ်ရှားမှုကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်နဲ့ တခြားနေရာတွေကလည်း ပူးပေါင်းပါဝင်ခဲ့ကြတာပါ။ ရန်ကုန် တာမွေ ကျောက်မြောင်းဘက်မှာလည်း ဆန္ဒပြ လူငယ်တချို့ကို ရဲတပ်ဖွဲ့ဝင်တွေဘက်က အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုတွေ ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အုပ်ချုပ်ရေးကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေကို စစ်တပ်က ဆက်တိုက် အင်အားသုံး နှိမ်နင်းနေတာကြောင့် စနေနေ့နှောင်းပိုင်းထိ သေဆုံးသူ အနည်းဆုံး ၅၇၇ ယောက်ရှိပြီး ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ အနည်းဆုံး ၂,၆၅၀ ကျော်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

အခုလို လက်နက်မဲ့ပြည်သူလူထုကို စစ်ကောင်စီဘက်က အကြမ်းဖက် သတ်ဖြတ် ပစ်ခတ် နှိမ်နင်းမှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကလည်း ဒီကနေ့ တပ်ပေါင်းစုံရဲ့ ဘုံသဘောထား ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားသူတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အပါအဝင် ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေး CDM လှုပ်ရှားမှုကို ပံ့ပိုးကူညီမယ့်အကြောင်းနဲ့ CRPH ရဲ့ ထုတ်ပြန်ကြေညာချက်တွေဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကြောင်းနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်စာတမ်းကို ကြိုဆိုထောက်ခံကြောင်းလည်း ထည့်သွင်းဖော်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG