သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

CDM လှုပ်ရှားသူ အနုပညာရှင်တွေကို အာဏာပိုင်တွေ အရေးယူဖို့ကြေညာ


ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်းထုတ် အရေးယူ ခံထားရတဲ့ အနုပညာရှင်များ ( Photo - တပ်မတော် ပြန်ကြားရေးအဖွဲ့ dsinfo )
ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်းထုတ် အရေးယူ ခံထားရတဲ့ အနုပညာရှင်များ ( Photo - တပ်မတော် ပြန်ကြားရေးအဖွဲ့ dsinfo )

[ Zawgyi / Unicode ]

စစ်အာဏာသိမ်းမှုကို အကြမ်းမဖက်ဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အပါအဝင် မြန်မာအနုပညာရှင် အတော်များများကို အာဏာသိမ်းစစ်တပ်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်နေပါတယ်။

ဒီအနုပညာရှင်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ CDM လှုပ်ရှားမှုမှာ ပါလာစေဖို့နဲ့ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် သွေးထိုး လှုံ့ဆော်မှုတွေကို သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖေါ်ပြနေတာကြောင့် အခုလို အရေးယူတာဖြစ်ကြောင်း စစ်တပ်ပိုင် သတင်းဌာနတွေကနေ ဧပြီလ ၂ နဲ့ ၃ ရက်တွေမှာ ကြေညာခဲ့တာဖြစ်ပါတယ်။

အရေးယူခံရတဲ့ အနုပညာရှင်တွေထဲမှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေး၊ အကယ်ဒမီ သက်မွန်မြင့် ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ပိုင်ဖြိုးသူ၊ အကယ်ဒမီ မင်းမော်ကွန်း၊ ရဲတိုက်၊ နိုင်ငံကျော် အဆိုတော်တွေဖြစ်တဲ့ ကော်နီ ၊ အာဇာနည်၊ ကျားပေါက်၊ ချမ်းချမ်း စတဲ့သူတွေ အပါအဝင် အနုပညာရှင် ၄၀ ကျော်ကို အရေးယူထားကြောင်း ကြေညာ ခဲ့တာပါ။ ဒါ့အပြင် နောက်ထပ် အရေးယူမယ့် သူတွေကို ဆက်ပြီး ကြေညာဖို့ ရှိကြောင်းလည်း ပြောပါတယ်။

(နောက် နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ခင်ဝင့်ဝါ၊ ညီနန္ဒ၊ အောင်မြင့်မြတ်၊ ဇင်အောင်၊ နိုဗန်ထူး၊ ချမ်းမြေ့မောင်ချို၊ ညီထွဋ်ခေါင်၊ ပိုပို ၊ ဝါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ထက်အောင်ရှိုင်း၊ အောင်သူလွင်၊ မေဦး၊ မေတိုးခိုင်၊ သန္တာလှိုင်၊ ဖြိုးဖြိုးအောင်၊ ဒေါက်တာသူရိန်လှိုင်ဝင်း၊ မိတ်ကပ် မထက်၊ ဇင်သော်နိုင်၊ ဒေါက်တာမြဝတ်ရည်၊ မေဇွန်ဝင်း၊ စည်သူဝင်း၊ ဒေါ်နန်းမြတ်စော၊ မိတ်ကပ် မေဦးမောင်၊ ကျော်ရဲထွန်း၊ အလှမယ် နှင်းသွေးယုအောင်၊ မယ်ရီနဲ့ အိန်ဂျယ်လမုန်တို့လည်း အရေးယူခံရတဲ့ ထဲမှာ ပါဝင်ပါတယ်။)

ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်း ထုတ်ခံရသူ အနုပညာရှင်များ
ပုဒ်မ (၅၀၅-က)နဲ့ ဖမ်းဝရမ်း ထုတ်ခံရသူ အနုပညာရှင်များ


အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ မတရားမှု ဖြစ်တဲ့အပြင် ရေရှည်ဆိုးကျိုးဖြစ်မှာကို စိုးရိမ်တဲ့ အတွက် ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ အဆိုတော် တူးတူး၊ သရုပ်ဆောင် ဒေါင်း အပါအဝင် အနုပညာရှင်တချို့ CDM လှုပ်ရှားမှုကို ထောက်ခံလှုပ်ရှား လာကြတာပါ။

ဖေဖေါ်ဝါရီ လဆန်းမှာပဲ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ လူမင်း၊ ဒါရိုက်တာ ကိုပေါက်၊ အကယ်ဒမီ ဒါရိုက်တာဝိုင်းနဲ့ ဒါရိုက်တာ ဏ အပြင် အဆိုတော် အနဂ္ဂတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝမ်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

[ Unicode ]








တိုက်ရိုက် လင့်ခ်
XS
SM
MD
LG