သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿငိမ္းခ်မ္းစြာဆႏၵျပတဲ့ ျမန္မာလူငယ္ေတြကုိ Easter Sunday မွာ ပုပ္ရဟန္းမင္းႀကီး ခ်ီးက်ဴး


ပုပ္ရဟန္းမင္းႀကီး Francis. (ဧၿပီ ၁၊ ၂၀၂၁)

(Zawgyi / Unicode)

ဗာတီကန္မွာ ဒီေန႔က်င္းပတဲ့ ေယ႐ႈခရစ္ေတာ္ ရွင္ျပန္ထေျမာက္တဲ့ေန႔ အီစတာပဲြေတာ္အတြင္း ပုပ္ရဟန္းမင္းႀကီး Francis က ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီေရးကို ၿငိမ္းခ်မ္းစြာနဲ႔ ေတာင္းဆုိဆႏၵျပေနၾကတဲ့ လူငယ္ေတြကို ခ်ီးက်ဴးေျပာဆုိလိုက္ပါတယ္။

“ျမန္မာႏုိင္ငံက လူငယ္ေတြဟာ ဒီမုိကေရစီေရးကို ေထာက္ခံတဲ့ လႈပ္ရွားမႈေတြကို ဆက္လက္ လုပ္ေဆာင္ေနၾကၿပီး သူတုိ႔ရဲ႕ ဆႏၵသေဘာထားေတြကို ၿငိမ္းခ်မ္းစြာနဲ႔ ေဖာ္ျပေနၾကတယ္” လုိ႔ ပုပ္ရဟန္းမင္းႀကီးက ေျပာၾကားလိုက္တာပါ။

ကမာၻတဝန္းက ပဋိပကၡျဖစ္ေနတဲ့ ေနရာေတြနဲ႔ ပတ္သက္ၿပီး ေျပာၾကားခဲ့စဥ္အတြင္း ပုပ္ရဟန္းမင္းႀကီးက အဲဒီလို ေျပာၾကားလိုက္တာပါ။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ႏုိင္ငံတဝန္းက ဆႏၵျပမႈေတြကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က အၾကမ္းဖက္ ၿဖိဳခဲြခဲ့တာေၾကာင့္ အခုဆုိရင္ ေသဆုံးသူဟာ ၅၅၀ ေက်ာ္သြားၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၁၇ ရက္ေန႔တုန္းကလည္း ျမန္မာႏုိင္ငံက ေသြးေခ်ာင္းစီးမႈေတြကို ရပ္တန္႔ေစဖို႔အတြက္ ျမန္မာႏုိင္ငံမွာ အၾကမ္းဖက္ေနတာေတြကို ရပ္တန္႔ဖို႔ ေတာင္းဆုိတယ္လို႔ ပုပ္ရဟန္းမင္းႀကီးက ေျပာၾကားခဲ့ပါေသးတယ္။

ပုပ္ရဟန္းမင္းႀကီး Francis ဟာ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ႏုိဝင္ဘာလက ျမန္မာႏုိင္ငံကို သြားေရာက္ခဲ့ၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ အဲဒီအခ်ိန္က ႏုိင္ငံေတာ္သမၼတအျဖစ္ တာဝန္ယူခဲ့တဲ့ သမၼတ ဦးထင္ေက်ာ္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ဘာသာေပါင္းစုံက ေခါင္းေဆာင္ေတြ၊ ခရစ္ယာန္ဘာသာဝင္ေတြနဲ႔ ေတြ႔ဆုံခဲ့တာ ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီး Francis က ဒီေန႔ အီစတာပဲြေတာ္ အခမ္းအနားအတြင္း ကမာၻတဝန္း ကပ္ေရာဂါက်ေရာက္ေနခ်ိန္အတြင္း လက္နက္အတြက္ အသုံးျပဳေနတာေတြကိုလည္း ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ငြိမ်းချမ်းစွာဆန္ဒပြတဲ့ မြန်မာလူငယ်တွေကို Easter Sunday မှာ ပုပ်ရဟန်းမင်းကြီး ချီးကျူး

ဗာတီကန်မှာ ဒီနေ့ကျင်းပတဲ့ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့ အီစတာပွဲတော်အတွင်း ပုပ်ရဟန်းမင်းကြီး Francis က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ငြိမ်းချမ်းစွာနဲ့ တောင်းဆိုဆန္ဒပြနေကြတဲ့ လူငယ်တွေကို ချီးကျူးပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံက လူငယ်တွေဟာ ဒီမိုကရေစီရေးကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဆက်လက် လုပ်ဆောင်နေကြပြီး သူတို့ရဲ့ ဆန္ဒသဘောထားတွေကို ငြိမ်းချမ်းစွာနဲ့ ဖော်ပြနေကြတယ်” လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်တာပါ။

ကမ္ဘာတဝန်းက ပဋိပက္ခဖြစ်နေတဲ့ နေရာတွေနဲ့ ပတ်သက်ပြီး ပြောကြားခဲ့စဉ်အတွင်း ပုပ်ရဟန်းမင်းကြီးက အဲဒီလို ပြောကြားလိုက်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတဝန်းက ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် အခုဆိုရင် သေဆုံးသူဟာ ၅၅၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့တုန်းကလည်း မြန်မာနိုင်ငံက သွေးချောင်းစီးမှုတွေကို ရပ်တန့်စေဖို့အတွက် မြန်မာနိုင်ငံမှာ အကြမ်းဖက်နေတာတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါသေးတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အဲဒီအချိန်က နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ သမ္မတ ဦးထင်ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis က ဒီနေ့ အီစတာပွဲတော် အခမ်းအနားအတွင်း ကမ္ဘာတဝန်း ကပ်ရောဂါကျရောက်နေချိန်အတွင်း လက်နက်အတွက် အသုံးပြုနေတာတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG