သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပမႈမ်ား အၾကမ္းဖက္ခံရမႈ ႏိုင္ငံတဝန္း ၅ ဦးထက္မနည္း ေသဆံုး


မႏၱေလးမွာ စစ္အာဏာသိမ္း ဆန္႔က်င္ဆႏၵျပပြဲေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔က ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ အကာအကြယ္ယူေနရတဲ့ ဆႏၵျပသူမ်ား။ (ဧၿပီ ၃၊ ၂၀၂၁)

(Zawgyi / Unicode)

ႏုိင္ငံတဝန္းက စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပသပိတ္ေတြကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြက ဒီေန႔မွာ အၾကမ္းဖက္ ၿဖိဳခဲြခဲ့တာေၾကာင့္ ဆႏၵျပျပည္သူ ၅ ဦးထက္မနည္း ေသဆုံးသြားခဲ့ပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကို ကိုရန္ႏုိင္က ေျပာျပသြားမွာျဖစ္ပါတယ္။

စစ္တပ္က အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြ ဒီေန႔မွာလည္း ႏုိင္ငံတဝန္းက ၿမိဳ႕ေတြမွာ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။ ဆႏၵျပပဲြေတြ အားေကာင္းေနတဲ့ စစ္ကိုင္းတုိင္း မုံရြာၿမိဳ႕မွာေတာ့ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြက ပစ္ခတ္တာေၾကာင့္ ဆႏၵျပတဲ့သူ ၃ ေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။

ဒီေန႔မနက္အေစာပိုင္းကေတာ့ မုံရြာမွာ ခ်ီတက္ဆႏၵျပလာတဲ့ ပင္မသပိတ္စစ္ေၾကာင္းကို စစ္ေကာင္စီဘက္က ၿဖိဳခဲြဖို႔ႀကိဳးစားစဥ္ သပိတ္စစ္ေၾကာင္းကို အကာအကြယ္ေပးေနတဲ့ အဖဲြ႔ေတြနဲ႔ ထိပ္တုိက္ေတြ႔ၿပီးေတာ့ ဆႏၵျပသပိတ္ကို အကာအကြယ္ေပးေနတဲ့ အဖဲြ႔ထဲက ၂ ေယာက္နဲ႔ ျပည္သူ ၁ ေယာက္ ေသနတ္က်ည္ထိမွန္ၿပီး ေသဆုံးသြားခဲ့တယ္လို႔ မုံရြာၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ပင္မသပိတ္စစ္ေၾကာင္း ခ်ီတက္တဲ့ ေအးရိပ္သာလမ္းနဲ႔ စက္မႈဇုန္တဝုိက္ကို မနက္အေစာႀကီးကတည္းက သူတုိ႔က ဝင္စီးတယ္။ ဝင္စီးရင္းနဲ႔ သပိတ္စစ္ေၾကာင္း ကာကြယ္ေရးအဖဲြ႔ (Defense Team) နဲ႔ ထိေတြ႔မႈျဖစ္တဲ့အခါမွာ ပထမဆုံး စက္မႈဇုန္က ျပည္သူတေယာက္ ေခါင္းထိၿပီးေတာ့ က်သြားတယ္။ အဲဒါ မနက္ ၉ နာရီေလာက္က၊ အဲဒီေနာက္မွာ ဆက္တုိက္ ထိေတြ႔မႈေတြျဖစ္တယ္။ အဲဒီအခ်ိန္မွာ ပင္မသပိတ္စစ္ေၾကာင္းကေတာ့ အာဇာနည္လမ္းတေလွ်ာက္မွာ ဆက္ၿပီး ခ်ီတက္ၿပီးေတာ့ လူစုခဲြတာ ေအာင္ျမင္သြားတယ္။ ဒါေပမယ့္ Defense Team နဲ႔ စက္မႈဇုန္ထဲမွာ ဝင္တဲ့အဖဲြ႔က ဒီဘက္ ေက်ာကၠာလမ္းဘက္ကေန ညႇပ္ၿပီးေတာ့ ပစ္ခတ္တဲ့အခါမွာ ၂ ေယာက္ထိတယ္။ အားလုံးေပါင္း က်ေနာ္တုိ႔ အတည္ျပဳရတာ ၃ ေယာက္က်သြားတယ္။”

မုံရြာက ဒီေန႔ ဆႏၵျပသပိတ္စစ္ေၾကာင္းမွာ လူေထာင္နဲ႔ခ်ီ ပါဝင္ခဲ့ၾကၿပီး ဆႏၵျပပဲြေတြကိုေတာ့ နာရီဝက္ေလာက္ပဲလုပ္ၿပီး ေအာင္ေအာင္ျမင္ျမင္နဲ႔ လူစုခဲြၿပီး အဆုံးသတ္ႏုိင္ခဲ့တယ္လို႔ ေျပာပါတယ္။ ပင္မသပိတ္စစ္ေၾကာင္းမွာ ဖမ္းဆီးခံရတာေတြ မရွိေပမယ့္ စစ္ေကာင္စီဘက္ကေတာ့ ဖမ္းဆီးႏွိမ္နင္းမႈေတြကို တေန႔လုံး ဆက္လက္လုပ္ေဆာင္ေနၿပီး ညေနပိုင္းအထိကို ၿမိဳ႕အႏွံ႔မွာ ပစ္ခတ္သံေတြ ၾကားေနရတယ္လို႔လည္း ေျပာပါတယ္။ အခုညေနပိုင္းမွာ ေနာက္ထပ္ သိရသေလာက္ေတာ့ ေသဆုံးသူဟာ ၅ ေယာက္ထက္မနည္း ရွိေနၿပီး ထိခိုက္ဒဏ္ရာရတာေတြလည္း ရွိတယ္လို႔ ေျပာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ၂ လေက်ာ္လာတဲ့အထိ မုံရြာၿမိဳ႕မွာေတာ့ ဆႏၵျပပဲြေတြဟာ အခုခ်ိန္ထိ ဆက္လက္အားေကာင္းေနဆဲ ျဖစ္ပါတယ္။ စစ္ေကာင္စီဘက္ကလည္း အခုရက္ပိုင္းေတြအတြင္း အင္အားေတြ တိုးခ်လာေနၿပီး ၿမိဳ႕ရဲ႕ လက္ရွိအေျခအေနကိုေတာ့ အဆုိပါ မုံရြာၿမိဳ႕ခံက အခုလိုေျပာပါတယ္။

“က်ေနာ္တုိ႔ မုံရြာတၿမိဳ႕လုံးနီးပါးလိုလိုမွာ သူတုိ႔တပ္ေတြ ျဖန္႔ခ်ထားတယ္။ လမ္းမႀကီးေတြနဲ႔ အဓိကလမ္းေတြေပၚမွာေတာ့ သူတုိ႔ အကုန္လုံးရွိေနတယ္။ ဒါေပမယ့္ လမ္းသြယ္၊ လမ္းေျမႇာင္ေလးေတြ၊ တျခားေနရာေတြမွာေတာ့ သူတို႔က ႐ုတ္တရက္ ဝင္ၿပီးေတာ့ အတားအဆီးေတြ ခ်ထားတာေတြကို ရွင္းတာေတြ လုပ္ေနတယ္။ ေနာက္ၿပီး ညအခ်ိန္ေတြမွာလည္း သူတုိ႔ ဖမ္းတာဆီးတာမ်ိဳးေတြ ရွိတယ္။ ေနာက္ၿပီးေတာ့ လူမႈအဖဲြ႔အစည္းေတြ လူမႈအသင္းက လူေတြကို လိုက္ၿပီးေတာ့ ဖမ္းဆီးတာေတြရွိတယ္။ အဲဒီလိုရွိေနေပမယ့္ ဒီဘက္ကလည္း အင္အားက ေလ်ာ့မသြားဘူး။”

မႏၱေလးၿမိဳ႕မွာဆုိရင္လည္း ဒီေန႔မနက္ အေစာပိုင္းကတည္းက ရတနာပုံတကၠသိုလ္ေက်ာင္းသား၊ ေက်ာင္းသူေတြက အ႐ုဏ္ဦးသပိတ္ကို ဆင္ႏဲႊခဲ့ၾကၿပီး သံဃာ့သမဂၢသပိတ္စစ္ေၾကာင္း၊ လူငယ္သပိတ္စစ္ေၾကာင္းေတြကလည္း ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

အမရပူရၿမိဳ႕က ဘုရားႀကီး ၿငိမ္းခ်မ္းေရးသပိတ္၊ ပညာေရးမိသားစုသပိတ္၊ ဗကသမ်ားအဖဲြ႔ခ်ဳပ္သပိတ္နဲ႔ ရက္ကန္းလုပ္သားမ်ားသပိတ္ေတြ စုေပါင္းၿပီး လူေတြ ေသာင္းနဲ႔ခ်ီပါဝင္တဲ့ တပ္ေပါင္းစုသပိတ္ကုိ ဆင္ႏဲႊခဲ့ၾကၿပီး ဦးပိန္တံတားအနီးက မယ္ဇယ္တန္းမွာ စစ္တပ္္နဲ႔ ရဲတပ္ဖဲြ႔ ပစ္ခတ္ၿဖိဳခဲြခဲ့တယ္လို႔ သိရပါတယ္။ အဲဒီလို ပစ္ခတ္ႏွိမ္နင္းမႈေတြ ရွိေနတဲ့ၾကားမွာပဲ ဗမာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ား အဖဲြ႔ခ်ဳပ္ သပိတ္စစ္ေၾကာင္းဟာ တကၠသိုလ္ ေကာလိပ္ ဆရာ ဆရာမေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ညေနပိုင္းမွာလည္း ဒုတိယအႀကိမ္ ထပ္ၿပီး ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ မြန္ျပည္နယ္ သထုံၿမိဳ႕က စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပဲြကို လုံၿခဳံေရးေတြဘက္က ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ၁ ေယာက္ ေသဆုံးခဲ့သလို ပဲခူးၿမိဳ႕က ဒီေန႔ဆႏၵျပပဲြအတြင္း ၁ ေယာက္ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ရန္ကုန္မွာေတာ့ အင္းစိန္ၿမိဳ႕နယ္မွာ ဒီေန႔မနက္ ၈ နာရီက လူငယ္ေတြ လမ္းေလွ်ာက္ခ်ီတက္ ဆႏၵျပခဲ့ၾကသလို အလုံၿမိဳ႕နယ္မွာလည္း ဆႏၵျပတာေတြ ရွိခဲ့ပါတယ္။ ဒါ့အျပင္ ေနျပည္ေတာ္ ပ်ဥ္းမနားနဲ႔ ကခ်င္ျပည္နယ္ မိုးေကာင္းၿမိဳ႕ေတြမွာလည္း အ႐ုဏ္ဦးသပိတ္ေတြကို ဆင္ႏဲႊခဲ့ၾကသလို မေကြးတုိင္း ေအာင္လံနဲ႔ ကံမၿမိဳ႕နယ္ေတြမွာလည္း ေရေၾကာင္းသပိတ္ေတြကို ဆင္ႏႊဲခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးခ်ိန္ကစၿပီး ႏုိင္ငံတဝန္းက ဆႏၵျပပဲြေတြကို အၾကမ္းဖက္ ၿဖိဳခဲြခဲ့တာေၾကာင့္ အခုခ်ိန္ထိ ေသဆုံးသူဦးေရဟာ ၅၅၀ ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဆန္ဒပြမှုများ အကြမ်းဖက်ခံရမှု နိုင်ငံတဝန်း ၅ ဦးထက်မနည်း သေဆုံး

နိုင်ငံတဝန်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ဒီနေ့မှာ အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြပြည်သူ ၅ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ကိုရန်နိုင်က ပြောပြသွားမှာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့မှာလည်း နိုင်ငံတဝန်းက မြို့တွေမှာ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက ပစ်ခတ်တာကြောင့် ဆန္ဒပြတဲ့သူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီနေ့မနက်အစောပိုင်းကတော့ မုံရွာမှာ ချီတက်ဆန္ဒပြလာတဲ့ ပင်မသပိတ်စစ်ကြောင်းကို စစ်ကောင်စီဘက်က ဖြိုခွဲဖို့ကြိုးစားစဉ် သပိတ်စစ်ကြောင်းကို အကာအကွယ်ပေးနေတဲ့ အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီးတော့ ဆန္ဒပြသပိတ်ကို အကာအကွယ်ပေးနေတဲ့ အဖွဲ့ထဲက ၂ ယောက်နဲ့ ပြည်သူ ၁ ယောက် သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ မုံရွာမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ပင်မသပိတ်စစ်ကြောင်း ချီတက်တဲ့ အေးရိပ်သာလမ်းနဲ့ စက်မှုဇုန်တဝိုက်ကို မနက်အစောကြီးကတည်းက သူတို့က ဝင်စီးတယ်။ ဝင်စီးရင်းနဲ့ သပိတ်စစ်ကြောင်း ကာကွယ်ရေးအဖွဲ့ (Defense Team) နဲ့ ထိတွေ့မှုဖြစ်တဲ့အခါမှာ ပထမဆုံး စက်မှုဇုန်က ပြည်သူတယောက် ခေါင်းထိပြီးတော့ ကျသွားတယ်။ အဲဒါ မနက် ၉ နာရီလောက်က၊ အဲဒီနောက်မှာ ဆက်တိုက် ထိတွေ့မှုတွေဖြစ်တယ်။ အဲဒီအချိန်မှာ ပင်မသပိတ်စစ်ကြောင်းကတော့ အာဇာနည်လမ်းတလျှောက်မှာ ဆက်ပြီး ချီတက်ပြီးတော့ လူစုခွဲတာ အောင်မြင်သွားတယ်။ ဒါပေမယ့် Defense Team နဲ့ စက်မှုဇုန်ထဲမှာ ဝင်တဲ့အဖွဲ့က ဒီဘက် ကျောက္ကာလမ်းဘက်ကနေ ညှပ်ပြီးတော့ ပစ်ခတ်တဲ့အခါမှာ ၂ ယောက်ထိတယ်။ အားလုံးပေါင်း ကျနော်တို့ အတည်ပြုရတာ ၃ ယောက်ကျသွားတယ်။”

မုံရွာက ဒီနေ့ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ လူထောင်နဲ့ချီ ပါဝင်ခဲ့ကြပြီး ဆန္ဒပြပွဲတွေကိုတော့ နာရီဝက်လောက်ပဲလုပ်ပြီး အောင်အောင်မြင်မြင်နဲ့ လူစုခွဲပြီး အဆုံးသတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပင်မသပိတ်စစ်ကြောင်းမှာ ဖမ်းဆီးခံရတာတွေ မရှိပေမယ့် စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးနှိမ်နင်းမှုတွေကို တနေ့လုံး ဆက်လက်လုပ်ဆောင်နေပြီး ညနေပိုင်းအထိကို မြို့အနှံ့မှာ ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ပြောပါတယ်။ အခုညနေပိုင်းမှာ နောက်ထပ် သိရသလောက်တော့ သေဆုံးသူဟာ ၅ ယောက်ထက်မနည်း ရှိနေပြီး ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ လကျော်လာတဲ့အထိ မုံရွာမြို့မှာတော့ ဆန္ဒပြပွဲတွေဟာ အခုချိန်ထိ ဆက်လက်အားကောင်းနေဆဲ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း အခုရက်ပိုင်းတွေအတွင်း အင်အားတွေ တိုးချလာနေပြီး မြို့ရဲ့ လက်ရှိအခြေအနေကိုတော့ အဆိုပါ မုံရွာမြို့ခံက အခုလိုပြောပါတယ်။

“ကျနော်တို့ မုံရွာတမြို့လုံးနီးပါးလိုလိုမှာ သူတို့တပ်တွေ ဖြန့်ချထားတယ်။ လမ်းမကြီးတွေနဲ့ အဓိကလမ်းတွေပေါ်မှာတော့ သူတို့ အကုန်လုံးရှိနေတယ်။ ဒါပေမယ့် လမ်းသွယ်၊ လမ်းမြှောင်လေးတွေ၊ တခြားနေရာတွေမှာတော့ သူတို့က ရုတ်တရက် ဝင်ပြီးတော့ အတားအဆီးတွေ ချထားတာတွေကို ရှင်းတာတွေ လုပ်နေတယ်။ နောက်ပြီး ညအချိန်တွေမှာလည်း သူတို့ ဖမ်းတာဆီးတာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ လူမှုအဖွဲ့အစည်းတွေ လူမှုအသင်းက လူတွေကို လိုက်ပြီးတော့ ဖမ်းဆီးတာတွေရှိတယ်။ အဲဒီလိုရှိနေပေမယ့် ဒီဘက်ကလည်း အင်အားက လျော့မသွားဘူး။”

မန္တလေးမြို့မှာဆိုရင်လည်း ဒီနေ့မနက် အစောပိုင်းကတည်းက ရတနာပုံတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေက အရုဏ်ဦးသပိတ်ကို ဆင်နွဲှခဲ့ကြပြီး သံဃာ့သမဂ္ဂသပိတ်စစ်ကြောင်း၊ လူငယ်သပိတ်စစ်ကြောင်းတွေကလည်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

အမရပူရမြို့က ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်၊ ပညာရေးမိသားစုသပိတ်၊ ဗကသများအဖွဲ့ချုပ်သပိတ်နဲ့ ရက်ကန်းလုပ်သားများသပိတ်တွေ စုပေါင်းပြီး လူတွေ သောင်းနဲ့ချီပါဝင်တဲ့ တပ်ပေါင်းစုသပိတ်ကို ဆင်နွဲှခဲ့ကြပြီး ဦးပိန်တံတားအနီးက မယ်ဇယ်တန်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပစ်ခတ်ဖြိုခွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပစ်ခတ်နှိမ်နင်းမှုတွေ ရှိနေတဲ့ကြားမှာပဲ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် သပိတ်စစ်ကြောင်းဟာ တက္ကသိုလ် ကောလိပ် ဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီးတော့ ညနေပိုင်းမှာလည်း ဒုတိယအကြိမ် ထပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် သထုံမြို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို လုံခြုံရေးတွေဘက်က ပစ်ခတ်နှိမ်နင်းတာကြောင့် ၁ ယောက် သေဆုံးခဲ့သလို ပဲခူးမြို့က ဒီနေ့ဆန္ဒပြပွဲအတွင်း ၁ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မှာတော့ အင်းစိန်မြို့နယ်မှာ ဒီနေ့မနက် ၈ နာရီက လူငယ်တွေ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြသလို အလုံမြို့နယ်မှာလည်း ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် နေပြည်တော် ပျဉ်းမနားနဲ့ ကချင်ပြည်နယ် မိုးကောင်းမြို့တွေမှာလည်း အရုဏ်ဦးသပိတ်တွေကို ဆင်နွဲှခဲ့ကြသလို မကွေးတိုင်း အောင်လံနဲ့ ကံမမြို့နယ်တွေမှာလည်း ရေကြောင်းသပိတ်တွေကို ဆင်နွှဲခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် အခုချိန်ထိ သေဆုံးသူဦးရေဟာ ၅၅၀ ကျော် ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG