သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္မွာ ပန္းသပိတ္ဆင္ႏႊဲ


ရန္ကုန္ၿမိဳ႕က ပန္းသပိတ္ (ေအၿပီ၊၀၂၊၂၀၂၁)

{{Zawgyi/Unicode}}

စစ္ေကာင္စီ အာဏာသိမ္းၿပီး ၆၁ ရက္ေျမာက္ ဒီေန႔ ဧၿပီလ ၂ ရက္ေန႔မွာလည္း ႏိုင္ငံအႏွံ႔မွာ အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပပြဲေတြဆက္ရွိေနပါတယ္။ ရန္ကုန္ၿမိဳ႕မွာ စစ္တပ္ရဲ႕ ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့သူေတြအတြက္ ပန္းေတြနဲ႔ ဂုဏ္ျပဳတဲ့ ပန္းသပိတ္အပါအဝင္ စစ္ေကာက္စီ အာဏာသိမ္းထားတဲ့ လုပ္ရပ္အေပၚျပည္သူေတြက ဆန႔္က်င္ဆႏၵျပခဲ့ၾကပါတယ္။ စစ္ေကာင္စီလက္ေအာက္ခံ တပ္ဖြဲ႕ဝင္ေတြက လက္နက္နဲ႔ ေျခာက္လွန႔္တာေတြရွိေပမယ့္ ျပည္သူေတြကေတာ့ ပုံစံမ်ိဳးစုံနဲ႔ ဆန႔္က်င္ဆႏၵျပခဲ့ၾကတာပါ။ ရန္ကုန္ကလာတဲ့ ဆႏၵျပပဲြအေျခအေနေတြကို မခင္ျဖဴေထြး ေျပာျပထားပါတယ္။

အိမ္မျပန္ႏိုင္ဘဲ က်ဆုံးသြားၿပီျဖစ္တဲ့ ေႏြဦးပန္းကေလးေတြကို ရည္စူးၿပီး ဒီကေန႔မွာေတာ့ ရန္ကုန္ၿမိဳ႕က ေနရာေတာ္ေတာ္မ်ားမ်ားမွာ ပန္းသပိတ္ ျပဳလုပ္ခဲ့ပါတယ္။ စစ္ေကာင္စီ အာဏာသိမ္းၿပီး ၂ လေက်ာ္ ကာလအတြင္းမွာ တပ္ေတြရဲ႕ အင္အားသံုး ပစ္ခတ္ႏွိမ္ႏွင္းမႈအတြင္း ေသဆံုးခဲ့ၾကသူေတြအတြက္ ဘတ္စ္ကားမွတ္တိုင္ေတြနဲ႔ ဆႏၵျပသပိတ္ရွိရာ ေနရာေတြအပါအဝင္ လမ္းေလွ်ာက္သပိတ္ေတြမွာလည္း ပန္းေတြကို ကိုင္ေဆာင္ၿပီး အာဏာရွင္က်ဆုံးေရးအတြက္ ဆႏၵျပခဲ့ၾကတာပါ။

ေႏြဦးေတာ္လွန္ေရးလို႔ အမည္ေပးထားတဲ့ အာဏာရွင္က်ဆုံးေရး ဆႏၵျပသပိတ္ေတြထဲ က်ဆုံးသူမ်ားခဲ့တဲ့ ေျမာက္ဥကၠလာၿမိဳ႕နယ္မွာလည္း ဒီကေန႔ က်ည္အစစ္နဲ႔ပစ္ခတ္တာေတြ ရွိခဲ့ပါတယ္။ ခရီးသည္တင္ေဆာင္လာတဲ့ ဘတ္စ္ကားကို ရပ္ခိုင္းတာ၊ လမ္းထဲဝင္လာတဲ့ ကားေတြကို ထြက္ၾကည့္တဲ့ ျပည္သူေတြကို ဆဲဆိုတာနဲ႔ က်ည္အစစ္နဲ႔ ပစ္တာေတြရွိခဲ့တယ္လို႔ အဲဒီအနီးမွာ ေနထိုင္သူတဦးက VOA ကိုေျပာပါတယ္။

"YBS ကိုရပ္ခိုင္းေတာ့ YBS ကားေပၚက လူေတြကိုဆင္းခိုင္းၿပီး စစ္လည္းစစ္တယ္၊ ပစ္လည္းပစ္တယ္။ မေန႔တုန္းေတာ့ အစ္မတို႔က( ဈ) ေစ်းမွာ မနက္ပိုင္းသပိတ္လုပ္တယ္။ အင္တာနက္လိုင္းက မရေတာ့ သုံးလို႔လည္းမရဘူး ျဖစ္ေနတယ္။ သတင္းအေမွာင္ခ်ထားတာ။"

အခုလို ပစ္ခတ္ၿခိမ္းေျခာက္တာေတြ ရွိခဲ့တဲ့ ရပ္ကြက္ထဲကို မေန႔ညေနကပဲ လက္နက္ကိုင္တပ္ဖြဲ႕ေတြ ေရာက္လာၿပီးေတာ့ ျပည္သူေတြကို အႏုနည္းသုံး ႏႈတ္ဆက္တာေတြ လုပ္ခဲ့ေပမဲ့၊ ဒီကေန႔မွာေတာ့ ဆိုင္ကယ္ေတြကို သိမ္းဆည္းၿပီး လူတခ်ိဳ႕ကို ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ရန္ကုန္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ CNN သတင္းေထာက္ကို ဒီေန႔ အင္တာဗ်ဴးေျဖခဲ့တဲ့ ျပည္သူေတြကိုလည္း အရပ္ဝတ္နဲ႔ လာေရာက္ဖမ္းဆီးေခၚေဆာင္သြားတာ ညေနအခ်ိန္အထိ ျပန္လြတ္မလာေသးဘူးလို႔ အနီးဝန္းက်င္မွာ ေနထိုင္သူေတြက ေျပာပါတယ္။ မဂၤဒံုၿမိဳ႕နယ္ ၁၀ မိုင္ေစ်းက ၂ ေယာက္နဲ႔ မဂၤလာဒံုေစ်းက ၂ ေယာက္စုစုေပါင္း ၄ ေယာက္ျဖစ္ပါတယ္။

မတ္လ ၃၁ ရက္ ဗုဒၶဟူးေန႔ ညေနပိုင္းတုန္းက ဦးခ်စ္ေမာင္လမ္းမွာ ေမာင္းႏွင္လာတဲ့ ဝန္ထမ္းႀကိဳပို႔ယာဥ္ကို စစ္တပ္နဲ႔ရဲေတြဘက္က ပစ္ခတ္လို႔ ဦးေခါင္းကိုက်ည္ထိခဲ့တဲ့ Shinhan ေတာင္ကိုရီးယားဘဏ္ဝန္ထမ္း အမ်ဳိးသမီးကေတာ့ ဒီကေန႔မွာ ကြယ္လြန္သြားပါတယ္။ စစ္ေကာင္စီရဲ႕ ဖိအားေပးမႈေၾကာင့္ ဒီကေန႔မွာပဲ ခ်က္ခ်င္း သၿဂိဳလ္ခဲ့ရတယ္လို႔လည္း နီးစပ္သူေတြက ေျပာပါတယ္။

အၾကမ္းဖက္ပစ္ခတ္ခံရၿပီး က်ဆုံးသူမ်ားခဲ့တဲ့ ေတာင္ဒဂုံၿမိဳ႕နယ္မွာလည္း ဒီေန႔အထိ ဆႏၵျပသပိတ္ေတြရွိေနတုန္းပါ။ ေတာင္ဒဂုံၿမိဳ႕နယ္ထဲက စည္ပင္ဝင္း ၁ မွာ ၿပီးခဲ့တဲ့ ဗုဒၶဟူးညတုန္းက တိုက္ေပၚထိဝင္ေရာက္ ပစ္ခတ္ခံလိုက္ရသူ အမ်ိဳးသားတဦးရဲ႕ အေလာင္းကိုေတာ့ ဒီကေန႔အခ်ိန္အထိ ျပန္မရေသးဘူးလို႔ ရပ္ကြက္ေနျပည္သူတဦးက VOA ကိုေျပာပါတယ္။

"အဲဒီ စည္ပင္ဝင္း ၁ ကို ဝင္ေရာက္ပစ္ခတ္မႈ ျဖစ္စဥ္တုန္းက တေယာက္ေသတယ္၊ အေလာင္းျပန္မရလိုက္ဘူး။ ေသနပ္လုတယ္ဆိုၿပီးေတာ့ ရင္ဘတ္ကို ၃ ခ်က္ ေတ့ပစ္သြားတယ္။ သူကဆုံးသြားတယ္၊ အေလာင္းျပန္မရဘူး။ ဒီေန႔ေတာ့ ၅၆ လမ္းဆုံမွာေတာ့ ျပေနၾကတယ္။ ၁၀၇ ဘက္ျခမ္းကေတာ့ နည္းနည္းၿငိမ္သြားတယ္ေပါ့။ ၿငိမ္သြားတယ္ဆိုတာက သူတို႔က တပ္စြဲထားတာေရာ၊ ပစ္ခတ္ခံထားရေတာ့ ဘယ္လိုမွလႈပ္လို႔မရတဲ့ အေနအထားမ်ိဳးမွာ ၿငိမ္ေနရတာေပါ့။"
တပ္ေတြဖက္ အၾကမ္းဖက္ ပစ္ခတ္တာေတြ၊ လက္နက္ကိုင္ ၿခိမ္းေျခာက္တာေတြရွိေနလို႔ ဆႏၵျပသူေတြဖက္ကလည္း ရတဲ့နည္းနဲ႔ ခုခံကာကြယ္ ဆႏၵျပေနၾကပါတယ္။ ဒီလိုအေျခအေနမွာပဲ ျမန္မာႏိုင္ငံမွာ Fiber optic ဖန္ႀကိဳးမ ွ်င္ႀကိဳးနဲ႔ သြယ္ထားတာ မဟုတ္တဲ့ ႀကိဳးမဲ့ Broadband အင္တာနက္ဆက္သြယ္မႈေတြကို မေန႔ညကစလို႔ အကန႔္အသတ္မရွိ ပိတ္ထားသလို၊ လက္ကိုင္ဖုန္းေပၚကေန အင္တာနက္ သုံးႏိုင္တဲ့ Wifi နဲ႔ Mobile date အင္တာနက္ဆက္သြယ္မႈေတြကိုလည္း စစ္အာဏာသိမ္းၿပီးထဲက ပိတ္ပင္ထားတဲ့အတြက္ ျပည္သူေတြဟာ သတင္းမွန္ရရွိေရးအတြက္ကိုလည္း စိုးရိမ္ေနၾကပါတယ္။

................................

ရန္ကုန္ၿမိဳ႕က ပန္းသပိတ္
please wait

No media source currently available

0:00 0:03:22 0:00
တိုက္႐ိုက္ လင့္ခ္


{{Unicode}}

စစ်ကောင်စီ အာဏာသိမ်းပြီး ၆၁ ရက်မြောက် ဒီနေ့ ဧပြီလ ၂ ရက်နေ့မှာလည်း နိုင်ငံအနှံ့မှာ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဆက်ရှိနေပါတယ်။ ရန်ကုန်မြို့မှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေအတွက် ပန်းတွေနဲ့ ဂုဏ်ပြုတဲ့ ပန်းသပိတ်အပါအဝင် စစ်ကောက်စီ အာဏာသိမ်းထားတဲ့ လုပ်ရပ်အပေါ်ပြည်သူတွေက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လက်နက်နဲ့ ခြောက်လှန့်တာတွေရှိပေမယ့် ပြည်သူတွေကတော့ ပုံစံမျိုးစုံနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာပါ။ ရန်ကုန်ကလာတဲ့ ဆန္ဒပြပွဲအခြေအနေတွေကို မခင်ဖြူထွေး ပြောပြထားပါတယ်။

အိမ်မပြန်နိုင်ဘဲ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးပန်းကလေးတွေကို ရည်စူးပြီး ဒီကနေ့မှာတော့ ရန်ကုန်မြို့က နေရာတော်တော်များများမှာ ပန်းသပိတ် ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီး ၂ လကျော် ကာလအတွင်းမှာ တပ်တွေရဲ့ အင်အားသုံး ပစ်ခတ်နှိမ်နှင်းမှုအတွင်း သေဆုံးခဲ့ကြသူတွေအတွက် ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ဆန္ဒပြသပိတ်ရှိရာ နေရာတွေအပါအဝင် လမ်းလျှောက်သပိတ်တွေမှာလည်း ပန်းတွေကို ကိုင်ဆောင်ပြီး အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြခဲ့ကြတာပါ။

နွေဦးတော်လှန်ရေးလို့ အမည်ပေးထားတဲ့ အာဏာရှင်ကျဆုံးရေး ဆန္ဒပြသပိတ်တွေထဲ ကျဆုံးသူများခဲ့တဲ့ မြောက်ဥက္ကလာမြို့နယ်မှာလည်း ဒီကနေ့ ကျည်အစစ်နဲ့ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ခရီးသည်တင်ဆောင်လာတဲ့ ဘတ်စ်ကားကို ရပ်ခိုင်းတာ၊ လမ်းထဲဝင်လာတဲ့ ကားတွေကို ထွက်ကြည့်တဲ့ ပြည်သူတွေကို ဆဲဆိုတာနဲ့ ကျည်အစစ်နဲ့ ပစ်တာတွေရှိခဲ့တယ်လို့ အဲဒီအနီးမှာ နေထိုင်သူတဦးက VOA ကိုပြောပါတယ်။

"YBS ကိုရပ်ခိုင်းတော့ YBS ကားပေါ်က လူတွေကိုဆင်းခိုင်းပြီး စစ်လည်းစစ်တယ်၊ ပစ်လည်းပစ်တယ်။ မနေ့တုန်းတော့ အစ်မတို့က( ဈ) ဈေးမှာ မနက်ပိုင်းသပိတ်လုပ်တယ်။ အင်တာနက်လိုင်းက မရတော့ သုံးလို့လည်းမရဘူး ဖြစ်နေတယ်။ သတင်းအမှောင်ချထားတာ။"

အခုလို ပစ်ခတ်ခြိမ်းခြောက်တာတွေ ရှိခဲ့တဲ့ ရပ်ကွက်ထဲကို မနေ့ညနေကပဲ လက်နက်ကိုင်တပ်ဖွဲ့တွေ ရောက်လာပြီးတော့ ပြည်သူတွေကို အနုနည်းသုံး နှုတ်ဆက်တာတွေ လုပ်ခဲ့ပေမဲ့၊ ဒီကနေ့မှာတော့ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး လူတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ CNN သတင်းထောက်ကို ဒီနေ့ အင်တာဗျူးဖြေခဲ့တဲ့ ပြည်သူတွေကိုလည်း အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာ ညနေအချိန်အထိ ပြန်လွတ်မလာသေးဘူးလို့ အနီးဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။ မင်္ဂဒုံမြို့နယ် ၁၀ မိုင်ဈေးက ၂ ယောက်နဲ့ မင်္ဂလာဒုံဈေးက ၂ ယောက်စုစုပေါင်း ၄ ယောက်ဖြစ်ပါတယ်။

မတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့ ညနေပိုင်းတုန်းက ဦးချစ်မောင်လမ်းမှာ မောင်းနှင်လာတဲ့ ဝန်ထမ်းကြိုပို့ယာဉ်ကို စစ်တပ်နဲ့ရဲတွေဘက်က ပစ်ခတ်လို့ ဦးခေါင်းကိုကျည်ထိခဲ့တဲ့ Shinhan တောင်ကိုရီးယားဘဏ်ဝန်ထမ်း အမျိုးသမီးကတော့ ဒီကနေ့မှာ ကွယ်လွန်သွားပါတယ်။ စစ်ကောင်စီရဲ့ ဖိအားပေးမှုကြောင့် ဒီကနေ့မှာပဲ ချက်ချင်း သဂြိုလ်ခဲ့ရတယ်လို့လည်း နီးစပ်သူတွေက ပြောပါတယ်။

အကြမ်းဖက်ပစ်ခတ်ခံရပြီး ကျဆုံးသူများခဲ့တဲ့ တောင်ဒဂုံမြို့နယ်မှာလည်း ဒီနေ့အထိ ဆန္ဒပြသပိတ်တွေရှိနေတုန်းပါ။ တောင်ဒဂုံမြို့နယ်ထဲက စည်ပင်ဝင်း ၁ မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးညတုန်းက တိုက်ပေါ်ထိဝင်ရောက် ပစ်ခတ်ခံလိုက်ရသူ အမျိုးသားတဦးရဲ့ အလောင်းကိုတော့ ဒီကနေ့အချိန်အထိ ပြန်မရသေးဘူးလို့ ရပ်ကွက်နေပြည်သူတဦးက VOA ကိုပြောပါတယ်။

"အဲဒီ စည်ပင်ဝင်း ၁ ကို ဝင်ရောက်ပစ်ခတ်မှု ဖြစ်စဉ်တုန်းက တယောက်သေတယ်၊ အလောင်းပြန်မရလိုက်ဘူး။ သေနပ်လုတယ်ဆိုပြီးတော့ ရင်ဘတ်ကို ၃ ချက် တေ့ပစ်သွားတယ်။ သူကဆုံးသွားတယ်၊ အလောင်းပြန်မရဘူး။ ဒီနေ့တော့ ၅၆ လမ်းဆုံမှာတော့ ပြနေကြတယ်။ ၁၀၇ ဘက်ခြမ်းကတော့ နည်းနည်းငြိမ်သွားတယ်ပေါ့။ ငြိမ်သွားတယ်ဆိုတာက သူတို့က တပ်စွဲထားတာရော၊ ပစ်ခတ်ခံထားရတော့ ဘယ်လိုမှလှုပ်လို့မရတဲ့ အနေအထားမျိုးမှာ ငြိမ်နေရတာပေါ့။"

တပ်တွေဖက် အကြမ်းဖက် ပစ်ခတ်တာတွေ၊ လက်နက်ကိုင် ခြိမ်းခြောက်တာတွေရှိနေလို့ ဆန္ဒပြသူတွေဖက်ကလည်း ရတဲ့နည်းနဲ့ ခုခံကာကွယ် ဆန္ဒပြနေကြပါတယ်။ ဒီလိုအခြေအနေမှာပဲ မြန်မာနိုင်ငံမှာ Fiber optic ဖန်ကြိုးမ ျှင်ကြိုးနဲ့ သွယ်ထားတာ မဟုတ်တဲ့ ကြိုးမဲ့ Broadband အင်တာနက်ဆက်သွယ်မှုတွေကို မနေ့ညကစလို့ အကန့်အသတ်မရှိ ပိတ်ထားသလို၊ လက်ကိုင်ဖုန်းပေါ်ကနေ အင်တာနက် သုံးနိုင်တဲ့ Wifi နဲ့ Mobile date အင်တာနက်ဆက်သွယ်မှုတွေကိုလည်း စစ်အာဏာသိမ်းပြီးထဲက ပိတ်ပင်ထားတဲ့အတွက် ပြည်သူတွေဟာ သတင်းမှန်ရရှိရေးအတွက်ကိုလည်း စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG