သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရြာေတြမီး႐ိႈ႕တာအပါအဝင္ အျပင္းအထန္ႏွိမ္နင္းတဲ့ၾကား ဆက္ၿပီးဆႏၵျပၾကဆဲ


မုံရြာၿမိဳ႕ စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပပြဲ (ေအၿပီ ၁၊ ၂ဝ၂၁) ဓါတ္ပုံ Facebook/AFP

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံတ၀န္း စစ္ေကာင္စီဆန္႔က်င္ေရး လႈပ္ရွားမႈေတြ အရွိန္မပ်က္ ဆက္တိုက္ျပဳလုပ္ေနတာနဲ႔အတူ စစ္တပ္ဖက္ကလည္း ဆႏၵျပ႐ြာေတြကို မီး႐ိႈ႕တာအပါအဝင္ ႏွိမ္ႏွင္ၿဖိဳခြဲေနပါတယ္။ စစ္အာဏာ႐ွင္ဆန္႔က်င္ေနတဲ့ ျပည္သူေတြကေတာ့ ေဒသစံုမွာ ဆက္ၿပီး ဆႏၵျပေနၾကသလို ရရာလက္နက္နဲ႔ ျပန္လည္ခုခံေနၾကတဲ့ အေျခအေနေတြလည္း႐ွိပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုေက်ာ္ေက်ာ္သိန္းက ေျပာျပထားပါတယ္။

စစ္တပ္အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြကို ဦးေဆာင္ခဲ့သလို CDM လႈပ္႐ွားမႈကို အားေပးလုိ႔ စစ္ေကာင္စီက ဖမ္း၀ရမ္းထုတ္ထားတဲ့ စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္ ၀ါးစိမ္းေတာင္ေဒသ သေျပေအးေက်းရြာက ဘုန္းေတာ္ႀကီးတပါးကို ဒီေန႔ အေစာပိုင္းမွာစစ္တပ္နဲ႔ရဲတပ္ဖြဲ႕က လာေရာက္ ဖမ္းဆီးခ်ိန္ ရြာသားေတြက ျပန္ခုခံတဲ့အတြက္ ႏွစ္ဖက္ အျပန္အလွန္ တိုက္ခိုက္မႈေတြ ျဖစ္ပြားခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ ပတ္သက္လို႔ သေျပေအး ေက်းရြာက ဆရာေတာ္ ဥဴးေသာဘာသက အခုလိုမိန္႔ပါတယ္။

“ရြာအေရွ႕ဘက္ ဘုန္းႀကီးေက်ာင္းရွိတယ္။ ဘုန္းႀကီးေက်ာင္းကုန္းေပၚကေန သူတို႔က တည္ပစ္တာ။ ဒီနားက ေကာင္းတာတခုက ရြာသူရြာသားေတြက အရမ္းညီေတာ့ သူတို႔မွာလည္း ဒီေဒသမွာလုပ္တဲ့ တူမီးေသနတ္ေတြရွိတယ္။ အဲဒါေတြနဲ႔ခံပစ္ၾကေတာ့ အင္အားက အရမ္းမ်ားတဲ့အခါက်ေတာ့ ေနာက္ဆံုး မနက္ ၃ နာရီ ၄ နာရီေလာက္ကေန စပစ္တာ ေန႔ခင္း ၂ နာရီေလာက္အထိၾကာတယ္။ ေနာက္ဆံုးေတာ့ ပစ္ၾကခတ္ၾကရင္းနဲ႔ ဦးဇင္းတို႔ဆီက ဓားစာခံေတြေခၚသြားၿပီးေတာ့ ထြက္သြားၿပီ။ ထြက္သြားတာကို ရြာသားေတြက ျပန္ေပးဖို႔ဆိုၿပီး လိုက္ညွိရင္းနဲ႔ အခုထိ ပစ္တုန္းရွိေသးတယ္။ ေသဆံုးလည္းရွိတယ္ေျပာတယ္။ ေလာေလာဆယ္ ခုနကေလးတင္ ဖုန္း၀င္လာတာက တေယာက္ေတာ့ က်သြားၿပီဆိုၿပီး သတင္းပို႔တယ္။ ေရွ႕တန္းကေနေပါ့ေနာ္။ အဲ့ဒါ ဒဏ္ရာရတာလည္း ၃ ဦး ၄ ဦးရွိတယ္။ မနက္ကတင္ ၃ ဦး ၄ ဦးရွိတယ္။ အနည္းဆံုး ဒဏ္ရာရတဲ့သူ ၇ ဦး ၈ ဦးရွိမယ္။ ေသဆံုးကေတာ့ ဦးဇင္းလည္း အတိအက်မေျပာႏိုင္ဘူး ၂ ဦး ၃ ဦးေတာ့ရွိမယ္ထင္တယ္။”

စစ္ကိုင္းတုိင္းထဲက စစ္ကိုင္းၿမိဳ႕မွာေတာ့ ညကင္းေစာင့္ေနသူကုိ စစ္တပ္နဲ႔ရဲတပ္ဖြဲ႕က ပစ္ခတ္တာေၾကာင့္ ပြဲခ်င္းၿပီးေသဆံုးသြားၿပီး နာေရးကို ေန႔ခ်င္းလုပ္လိုက္ရပါတယ္။
ဒါ့အျပင္ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ခရိုင္ စဥ့္ကူးၿမိဳ႕နယ္ ေညာင္၀န္းေက်းရြာမွာ ဧၿပီ ၁ ရက္ ညပိုင္းက ညသပိတ္ ဆႏၵျပလို႔ စစ္တပ္နဲ႔ရဲက ရြာကို ေရာက္လာၿပီး ေနအိမ္တခ်ိဳ႕ကို မီးရႈိ႕ဖ်က္စီးခဲ့တယ္လို႔ ေက်းရြာသားတဦးကေျပာပါတယ္။

“၉ နာရီေလာက္မွာ ကား ၃ စီး ၄ စီးနဲ႔ က်ေနာ္တို႔ရြာထဲကို ၀င္လာၿပီး ရြာအေရွ႕ပိုင္းေလာက္ က်တဲ့အိမ္ေပါ့ဗ်ာ အဲ့အိမ္ ၃ အိမ္ကို မီးရိႈ႕သြားတယ္ခင္ဗ်။ ေသနတ္မိုးေပၚ ေထာင္ေဖာက္ၿပီးေတာ့ ၀င္လာတာေပါ့ဗ်ာ။ ၀င္လာၿပီးေတာ့ ဘူဒိုဇာဘတ္ဟိုးတစီးပါတယ္။ ဘူဒိုဇာနဲ႔ ၂ ထပ္အိမ္ေတြကို တြန္းလွဲၿပီးေတာ့ ဓာတ္ဆီေတြေလာင္းၿပီး မီးေတြရိႈ႕သြားတာေပါ့။ ေက်းရြာက လူ ၄ ေယာက္လည္း မေန႔ညက တခါထဲဖမ္းသြားတယ္။ မေန႔ညတုန္းက ကြ်န္ေတာ္တို႔ ေညာင္၀န္းက အားကစားကြင္းေပါ့။ ေဘာလံုးကြင္းထဲမွာ လူ ၃၀၊ ၄၀ေလာက္ ညသပိတ္အေနနဲ႔လုပ္တဲ့ဟာမ်ိဳးကို သတင္းေပးတဲ့သူကရွိလို႔ သူတို႔က၀င္ၿပီး ၿဖိဳတာလို႔ေတာ့ ကြ်န္ေတာ္တို႔ ေက်းရြာကို အဲ့လိုေတာ့ ေျပာတယ္။”

ဒီလိုေနအိမ္ေတြကိုမီးရိႈ႕တာ၊ ညသပိတ္ကိုၿဖိဳခြင္းတာေၾကာင့္ ေက်းရြာေနသူတခ်ိဳ႕ဟာ အနီးနားက ေက်းရြာေတြဆီမွာ ထြက္ေျပးခိုလႈံေနရပါတယ္။ၿပီးခဲ့တဲ့ရက္ေတြက စစ္ေကာင္စီဆန္႔က်င္ေရး ဆႏၵျပလို႔ ပစ္ခတ္တာေတြရွိခဲ့တဲ့ ျမစ္ႀကီးနားၿမိဳ႕မွာ ဒီေန႔လည္း ဆႏၵျပၾကပါတယ္။ ဒီေန႔ေတာ့ အၾကမ္းဖက္ၿဖိဳခြဲတာမရွိဘူးလို႔ ေဒသခံတဦးက ေျပာပါတယ္။

“အေျခအေနက သပိတ္ကေတာ့ ပံုမွန္အတိုင္းပဲရွိတယ္ ေလာေလာဆယ္ေတာ့၊ စစ္တပ္ကေတာ့ အေနာက္ကေန လိုက္တာရွိတယ္။ ေပ်ာက္ၾကားသပိတ္ပံုစံမ်ိဳးနဲ႔ ရပ္ကြက္အလိုက္လုပ္ေနၾကတာေတာ့ ေတြ႕တယ္။”

ျမစ္ႀကီးနားၿမိဳ႕ေပၚက ဆႏၵျပပြဲေတြကို တပ္ကပစ္လို႔ ေသဆံုးသူ ၃ ဦးအထိရွိခဲ့ၿပီး အမ်ားအျပားဒဏ္ရာရရွိခဲ့သလို လူ ၇၀ ဦးထက္မနည္း ဖမ္းဆီးခံခဲ့ရပါတယ္။
ကခ်င္ျပည္ထဲကပဲ မိုးညွင္းၿမိဳ႕မွာလည္း ဆႏၵျပပြဲေတြ ရပ္မသြားဘဲ ပံုစံမ်ိဳးစံုနဲ႔ ဆက္ရွိေနတယ္လို႔ မိုးညွင္းၿမိဳ႕ခံတဦးက ေျပာျပပါတယ္။

“ဆႏၵျပတာလည္း ကိုယ့္အိမ္ေရွ႕သူ႔အိမ္ေရွ႕ထြက္ၿပီးေတာ့မွ ဆႏၵျပၾကတာေလးေတြရွိတယ္။ ဆႏၵျပတာေတြ ရပ္သြားမယ္ေတာ့မထင္ဘူး၊ တနည္းတဖံုနဲ႔ ထပ္ၿပီး ဆႏၵျပၾကလိမ့္အံုးမယ္လို႔ထင္တယ္။ ဟိုတခါ ပစ္ခတ္မႈေလးေတြရွိထားေတာ့ ေလာေလာဆယ္ ၿငိမ္ေနၾကတဲ့သေဘာပါ။ မေန႔တုန္းကေတာ့ ဆိုင္ကယ္ သပိတ္ေတာ့ လုပ္ၾကတယ္ခင္ဗ်။ ဆိုင္ကယ္သပိတ္မွာလည္း လူတေယာက္ အဖမ္းခံရတယ္ခင္ဗ်။ ေကာင္ေလးတေယာက္။”

ရန္ကုန္ မႏၱေလး မံုရြာ၊ ထားဝယ္အျပင္ တျခားၿမိဳ႕ႀကီးေတြမွာလည္း စစ္အာဏာသိမ္းမႈကို ပံုစံမ်ဳိးစံုနဲ႔ကန္႔ကြက္ေနၾကပါတယ္။ ႏိုင္ငံတဝန္းမွာ ဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္တာေၾကာင့္ ေသဆံုးသူ ၅၃၀ ေက်ာ္ရွိၿပီး အမ်ားစုက ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕တို႔က ျဖစ္ပါတယ္။

.............................

မုံရြာၿမိဳ႕ စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပပြဲ
please wait

No media source currently available

0:00 0:04:23 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံတဝန်း စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အရှိန်မပျက် ဆက်တိုက်ပြုလုပ်နေတာနဲ့အတူ စစ်တပ်ဖက်ကလည်း ဆန္ဒပြရွာတွေကို မီးရှို့တာအပါအဝင် နှိမ်နှင်ဖြိုခွဲနေပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်နေတဲ့ ပြည်သူတွေကတော့ ဒေသစုံမှာ ဆက်ပြီး ဆန္ဒပြနေကြသလို ရရာလက်နက်နဲ့ ပြန်လည်ခုခံနေကြတဲ့ အခြေအနေတွေလည်းရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုကျော်ကျော်သိန်းက ပြောပြထားပါတယ်။

စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သလို CDM လှုပ်ရှားမှုကို အားပေးလို့ စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဝါးစိမ်းတောင်ဒေသ သပြေအေးကျေးရွာက ဘုန်းတော်ကြီးတပါးကို ဒီနေ့ အစောပိုင်းမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့က လာရောက် ဖမ်းဆီးချိန် ရွာသားတွေက ပြန်ခုခံတဲ့အတွက် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ သပြေအေး ကျေးရွာက ဆရာတော် ဥူးသောဘာသက အခုလိုမိန့်ပါတယ်။

“ရွာအရှေ့ဘက် ဘုန်းကြီးကျောင်းရှိတယ်။ ဘုန်းကြီးကျောင်းကုန်းပေါ်ကနေ သူတို့က တည်ပစ်တာ။ ဒီနားက ကောင်းတာတခုက ရွာသူရွာသားတွေက အရမ်းညီတော့ သူတို့မှာလည်း ဒီဒေသမှာလုပ်တဲ့ တူမီးသေနတ်တွေရှိတယ်။ အဲဒါတွေနဲ့ခံပစ်ကြတော့ အင်အားက အရမ်းများတဲ့အခါကျတော့ နောက်ဆုံး မနက် ၃ နာရီ ၄ နာရီလောက်ကနေ စပစ်တာ နေ့ခင်း ၂ နာရီလောက်အထိကြာတယ်။ နောက်ဆုံးတော့ ပစ်ကြခတ်ကြရင်းနဲ့ ဦးဇင်းတို့ဆီက ဓားစာခံတွေခေါ်သွားပြီးတော့ ထွက်သွားပြီ။ ထွက်သွားတာကို ရွာသားတွေက ပြန်ပေးဖို့ဆိုပြီး လိုက်ညှိရင်းနဲ့ အခုထိ ပစ်တုန်းရှိသေးတယ်။ သေဆုံးလည်းရှိတယ်ပြောတယ်။ လောလောဆယ် ခုနကလေးတင် ဖုန်းဝင်လာတာက တယောက်တော့ ကျသွားပြီဆိုပြီး သတင်းပို့တယ်။ ရှေ့တန်းကနေပေါ့နော်။ အဲ့ဒါ ဒဏ်ရာရတာလည်း ၃ ဦး ၄ ဦးရှိတယ်။ မနက်ကတင် ၃ ဦး ၄ ဦးရှိတယ်။ အနည်းဆုံး ဒဏ်ရာရတဲ့သူ ၇ ဦး ၈ ဦးရှိမယ်။ သေဆုံးကတော့ ဦးဇင်းလည်း အတိအကျမပြောနိုင်ဘူး ၂ ဦး ၃ ဦးတော့ရှိမယ်ထင်တယ်။”

စစ်ကိုင်းတိုင်းထဲက စစ်ကိုင်းမြို့မှာတော့ ညကင်းစောင့်နေသူကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးသွားပြီး နာရေးကို နေ့ချင်းလုပ်လိုက်ရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ညောင်ဝန်းကျေးရွာမှာ ဧပြီ ၁ ရက် ညပိုင်းက ညသပိတ် ဆန္ဒပြလို့ စစ်တပ်နဲ့ရဲက ရွာကို ရောက်လာပြီး နေအိမ်တချို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ကျေးရွာသားတဦးကပြောပါတယ်။

“၉ နာရီလောက်မှာ ကား ၃ စီး ၄ စီးနဲ့ ကျနော်တို့ရွာထဲကို ဝင်လာပြီး ရွာအရှေ့ပိုင်းလောက် ကျတဲ့အိမ်ပေါ့ဗျာ အဲ့အိမ် ၃ အိမ်ကို မီးရှို့သွားတယ်ခင်ဗျ။ သေနတ်မိုးပေါ် ထောင်ဖောက်ပြီးတော့ ဝင်လာတာပေါ့ဗျာ။ ဝင်လာပြီးတော့ ဘူဒိုဇာဘတ်ဟိုးတစီးပါတယ်။ ဘူဒိုဇာနဲ့ ၂ ထပ်အိမ်တွေကို တွန်းလှဲပြီးတော့ ဓာတ်ဆီတွေလောင်းပြီး မီးတွေရှို့သွားတာပေါ့။ ကျေးရွာက လူ ၄ ယောက်လည်း မနေ့ညက တခါထဲဖမ်းသွားတယ်။ မနေ့ညတုန်းက ကျွန်တော်တို့ ညောင်ဝန်းက အားကစားကွင်းပေါ့။ ဘောလုံးကွင်းထဲမှာ လူ ၃၀၊ ၄၀လောက် ညသပိတ်အနေနဲ့လုပ်တဲ့ဟာမျိုးကို သတင်းပေးတဲ့သူကရှိလို့ သူတို့ကဝင်ပြီး ဖြိုတာလို့တော့ ကျွန်တော်တို့ ကျေးရွာကို အဲ့လိုတော့ ပြောတယ်။”

ဒီလိုနေအိမ်တွေကိုမီးရှို့တာ၊ ညသပိတ်ကိုဖြိုခွင်းတာကြောင့် ကျေးရွာနေသူတချို့ဟာ အနီးနားက ကျေးရွာတွေဆီမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြလို့ ပစ်ခတ်တာတွေရှိခဲ့တဲ့ မြစ်ကြီးနားမြို့မှာ ဒီနေ့လည်း ဆန္ဒပြကြပါတယ်။ ဒီနေ့တော့ အကြမ်းဖက်ဖြိုခွဲတာမရှိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။

“အခြေအနေက သပိတ်ကတော့ ပုံမှန်အတိုင်းပဲရှိတယ် လောလောဆယ်တော့၊ စစ်တပ်ကတော့ အနောက်ကနေ လိုက်တာရှိတယ်။ ပျောက်ကြားသပိတ်ပုံစံမျိုးနဲ့ ရပ်ကွက်အလိုက်လုပ်နေကြတာတော့ တွေ့တယ်။”

မြစ်ကြီးနားမြို့ပေါ်က ဆန္ဒပြပွဲတွေကို တပ်ကပစ်လို့ သေဆုံးသူ ၃ ဦးအထိရှိခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သလို လူ ၇၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ကချင်ပြည်ထဲကပဲ မိုးညှင်းမြို့မှာလည်း ဆန္ဒပြပွဲတွေ ရပ်မသွားဘဲ ပုံစံမျိုးစုံနဲ့ ဆက်ရှိနေတယ်လို့ မိုးညှင်းမြို့ခံတဦးက ပြောပြပါတယ်။

“ဆန္ဒပြတာလည်း ကိုယ့်အိမ်ရှေ့သူ့အိမ်ရှေ့ထွက်ပြီးတော့မှ ဆန္ဒပြကြတာလေးတွေရှိတယ်။ ဆန္ဒပြတာတွေ ရပ်သွားမယ်တော့မထင်ဘူး၊ တနည်းတဖုံနဲ့ ထပ်ပြီး ဆန္ဒပြကြလိမ့်အုံးမယ်လို့ထင်တယ်။ ဟိုတခါ ပစ်ခတ်မှုလေးတွေရှိထားတော့ လောလောဆယ် ငြိမ်နေကြတဲ့သဘောပါ။ မနေ့တုန်းကတော့ ဆိုင်ကယ် သပိတ်တော့ လုပ်ကြတယ်ခင်ဗျ။ ဆိုင်ကယ်သပိတ်မှာလည်း လူတယောက် အဖမ်းခံရတယ်ခင်ဗျ။ ကောင်လေးတယောက်။”

ရန်ကုန် မန္တလေး မုံရွာ၊ ထားဝယ်အပြင် တခြားမြို့ကြီးတွေမှာလည်း စစ်အာဏာသိမ်းမှုကို ပုံစံမျိုးစုံနဲ့ကန့်ကွက်နေကြပါတယ်။ နိုင်ငံတဝန်းမှာ ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်တာကြောင့် သေဆုံးသူ ၅၃၀ ကျော်ရှိပြီး အများစုက ရန်ကုန်နဲ့ မန္တလေးမြို့တို့က ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG