သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး တုိင္းရင္းသားလက္နက္ကုိင္ ၁၀ ဖဲြ႔ ေဆြးေႏြး


KNU တပ္ဖဲြ႔ဝင္မ်ား

[ Zawgyi - Unicode ]

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာကိုဆန္႔က်င္တဲ့ လႈပ္ရွားမႈကို ေထာက္ခံေၾကာင္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔ ၁၀ ဖြဲ႔က ေျပာၾကားလုိက္တာေၾကာင့္ စစ္တပ္နဲ႔ ကာလတာရွည္ တိုက္ပြဲဆင္ႏႊဲေနတဲ့တိုင္းရင္းသား လက္နက္ကိုင္ေတြၾကား တိုက္ပြဲေတြ ပိုႀကီးမားလာမွာကို စိုးရိမ္လာၾကပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႔ဟာ စေနေန႔မွာ အြန္လိုင္းကေန လက္ရွိျမန္မာႏိုင္ငံရဲ့ အေျခအေနကို ေဆြးေႏြးခဲ့ၾကတာ ျဖစ္ၿပီး စစ္တပ္က ဆႏၵျပျပည္သူေတြ အေပၚ က်ည္အစစ္ေတြနဲ႔ ပစ္ခတ္တာ အပါအ၀င္ အၾကမ္းဖက္ၿဖိဳခြင္းတဲ့ လုပ္ရပ္အေပၚမွာလည္း ျပစ္တင္ရႈတ္ခ်ခဲ့ၾကတာပါ။

စစ္တပ္ကအာဏာသိမ္းၿပီး ၂ လအၾကာမွာ ဆႏၵျပသူ ၅၅၀ ေက်ာ္ ေသဆံုးခဲ့ရတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ျမန္မာစစ္တပ္က တလတာ အပစ္အခတ္ ရပ္စဲေရး ေၾကညာခဲ့ေပမယ့္ လံုၿခံဳေရးနဲ႔ အုပ္ခ်ဳပ္ေရး ယႏၱရားကို ထိပါးသူေတြအတြက္ မပါဘူးလို႔ ေၾကညာခဲ့တာပါ။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS ကဗိုလ္ခ်ဳပ္ႀကီး ယြတ္ဆက္ကေတာ့ အၾကမ္းဖက္ၿဖိဳခဲြတဲ့ လုပ္ရပ္ေတြအတြက္ အာဏာသိမ္းစစ္ကာင္စီက တာဝန္ခံမႈရွိရမွာ ျဖစ္ေၾကာင္းနဲ႔ ဆႏၵျပသူေတြအေပၚ လုံၿခံဳေရးတပ္ဖဲြ႔ေတြက ႏွိမ္နင္းေနတာေတြ အပါအ၀င္ အၾကမ္းဖက္လုပ္ရပ္ေတြ အားလုံးကုိ ရပ္တန္႔ရမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တယ္လုိ႔လည္း AFP သတင္းမွာ ေဖၚျပထားပါတယ္။

NLD အစိုးရလက္ထက္ ရရွိထားတဲ့ တႏိုင္ငံလံုးဆိုင္ရာ အပစ္ရပ္သေဘာတူညီခ်က္ NCA မွာ လက္မွတ္ေရးထုိးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ ၁၀ ဖြဲ႔ အေနနဲ႔ အြန္လိုင္းေဆြးေႏြးပြဲအတြင္း ဒီ NCA ကို ျပန္သံုးသပ္ခဲ့ၾက တာ ျဖစ္ၿပီး ျမန္မာႏိုင္ငံမွာ အာဏာရွင္စံနစ္က်ဆံုးဖို႔ ေတာင္းဆိုတဲ့ ျပည္သူေတြနဲ႔အတူ တသားထည္း ရပ္တည္သြားမွာ ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္ႀကီး ယြတ္ဆက္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ကရင္လက္နက္ကိုင္တပ္ဖြဲ႔ KNU က တပ္မဟာ ၅ နယ္ေျမမွာ ျမန္မာတပ္စခန္းတခုကို ဝင္ေရာက္ သိမ္းပိုက္ခဲ့တဲ့ အတြက္ တပ္ကမေတာ္က ေလေၾကာင္းကေနပါ တုန္႔ျပန္ တုိက္ခိုက္ေနသလို ကခ်င္ျပည္နယ္ဘက္မွာလည္း KIA နဲ႔ ျမန္မာစစ္တပ္တို႔ၾကား တုိက္ပြဲေတြတိုးလာေန ခ်ိန္မွာပဲအခုလို တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ ၁၀ ဖြဲ႔ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ဆွေးနွေး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ထောက်ခံကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့က ပြောကြားလိုက်တာကြောင့် စစ်တပ်နဲ့ ကာလတာရှည် တိုက်ပွဲဆင်နွှဲနေတဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ပိုကြီးမားလာမှာကို စိုးရိမ်လာကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ဟာ စနေနေ့မှာ အွန်လိုင်းကနေ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး စစ်တပ်က ဆန္ဒပြပြည်သူတွေ အပေါ် ကျည်အစစ်တွေနဲ့ ပစ်ခတ်တာ အပါအဝင် အကြမ်းဖက်ဖြိုခွင်းတဲ့ လုပ်ရပ်အပေါ်မှာလည်း ပြစ်တင်ရှုတ်ချခဲ့ကြတာပါ။

စစ်တပ်ကအာဏာသိမ်းပြီး ၂ လအကြာမှာ ဆန္ဒပြသူ ၅၅၀ ကျော် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မြန်မာစစ်တပ်က တလတာ အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့် လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားကို ထိပါးသူတွေအတွက် မပါဘူးလို့ ကြေညာခဲ့တာပါ။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကဗိုလ်ချုပ်ကြီး ယွတ်ဆက်ကတော့ အကြမ်းဖက်ဖြိုခွဲတဲ့ လုပ်ရပ်တွေအတွက် အာဏာသိမ်းစစ်ကာင်စီက တာဝန်ခံမှုရှိရမှာ ဖြစ်ကြောင်းနဲ့ ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းနေတာတွေ အပါအဝင် အကြမ်းဖက်လုပ်ရပ်တွေ အားလုံးကို ရပ်တန့်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့လည်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။

NLD အစိုးရလက်ထက် ရရှိထားတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်သဘောတူညီချက် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ အနေနဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း ဒီ NCA ကို ပြန်သုံးသပ်ခဲ့ကြ တာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ အာဏာရှင်စံနစ်ကျဆုံးဖို့ တောင်းဆိုတဲ့ ပြည်သူတွေနဲ့အတူ တသားထည်း ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွတ်ဆက်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ကရင်လက်နက်ကိုင်တပ်ဖွဲ့ KNU က တပ်မဟာ ၅ နယ်မြေမှာ မြန်မာတပ်စခန်းတခုကို ဝင်ရောက် သိမ်းပိုက်ခဲ့တဲ့ အတွက် တပ်ကမတော်က လေကြောင်းကနေပါ တုန့်ပြန် တိုက်ခိုက်နေသလို ကချင်ပြည်နယ်ဘက်မှာလည်း KIA နဲ့ မြန်မာစစ်တပ်တို့ကြား တိုက်ပွဲတွေတိုးလာနေ ချိန်မှာပဲအခုလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG