သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံေရးတင္းမာမႈ ေတြ႔ဆံုေဆြးေႏြးဖို႔ တုိင္းရင္းသားလက္နက္ကိုင္ေတြ တိုက္တြန္း


ကရင္ျပည္နယ္တြင္း တေနရာတြင္ေတြ႔ရသည့္ KNU တပ္ဖြဲ႔ဝင္တခ်ဳိ႕။ (ဇန္နဝါရီ ၃၁၊ ၂၀၀၆)

[Zawgyi/Unicode]

ေရြးေကာက္ပဲြ လုပ္ငန္းစဥ္နဲ႔ ပတ္သက္လုိ႔ အစိုးရနဲ႔ တပ္မေတာ္အၾကား မၾကာေသးခင္ကစလုိ႔ ႏိုင္ငံေရးတင္းမာမႈေတြ ျမင့္တက္လာေနတာကုိ ႏွစ္ဘက္ ေတြ႔ဆံုေဆြးေႏြး ေျဖရွင္းဖို႔ တုိင္းရင္းသားလက္နက္ကုိင္ အဖဲြ႔ေတြက တုိက္တြန္းလုိက္တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

၂၀၂၀ ျပည့္ ေရြးေကာက္ပဲြ မဲမသမာမႈျဖစ္ႏိုင္တဲ့ မဲစာရင္းေတြနဲ႔ပတ္သက္လို႔ အစိုးရနဲ႔ တပ္မေတာ္အၾကား ျဖစ္ေပၚလာတဲ့ ႏိုင္ငံေရးတင္းမာမႈေတြ ျမင့္တက္လာၿပီး စစ္တပ္က အာဏာသိမ္းမလားဆိုတဲ့ တြက္ဆမႈေတြနဲ႔အတူ ႏိုင္ငံတကာကပါ စုိးရိမ္တဲ့ သေဘာထားေတြကုိ ထုတ္ေဖာ္ေျပာဆုိလာတဲ့အထိပါ။

NCA တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးစာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU ရဲ့ အေထြေထြအတြင္းေရးမွဴး ပဒိုေစာတာဒိုမႈးကေတာ့ ႏုိင္ငံေရးျပႆနာကုိ ေဆြးေႏြးေျဖရွင္းဖုိ႔ကသာ အေကာင္းဆုံးျဖစ္မယ္လုိ႔ ေျပာပါတယ္။

“အာဏာသိမ္းတာကေတာ့ ဒီႏိုင္ငံအတြက္ေတာ့ ေတာ္ေလာက္ၿပီလို႔ ထင္ပါတယ္။ ေကာင္းဖို႔ ျဖစ္လာဖုိ႔ထက္ အဆုိးဘက္ကိုပဲ သြားဖုိ႔ ရိွတာကိုး။ အဲဒီေတာ့ အစိုးရနဲ႔ တပ္မေတာ္အေနနဲ႔ အနာဂတ္ကို အေမွ်ာ္အျမင္ၾကီးၾကီးနဲ႔ ၾကည့္ၿပီးေတာ့ ၿငိမ္းခ်မ္းစြာ ေတြ႔ဆံုေျဖရွင္းသြားတဲ့ လမ္းေၾကာင္းကေနပဲ သြားသင့္တယ္ေပါ့ေနာ္။ အေျဖရွာတဲ့ ေနရာမွာလည္း ေရတိုအေျဖရွာတာထက္ ေရရွည္အတြက္ ဦးတည္ၿပီးေတာ့ က်ေနာ္တုိ႔ စည္းလံုးညီညႊတ္မႈကို ျပန္ဖန္တီးဖို႔ လုိတယ္ေလ။”

RCSS ေခၚ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗုိလ္မွဴးစိုင္းခမ္းကေတာ့ ႏုိင္ငံေရးတင္းမာမႈေတြဟာ ၂၀၀၈ ခုႏွစ္ ဖဲြ႔စည္းပုံအေပၚ အေျခခံတယ္လုိ႔ ယူဆေၾကာင္း ေျပာပါတယ္။ ႏုိင္ငံေရးတင္းမာမႈေတြကုိေတာ့ ေတြ႔ဆုံေဆြးေႏြးေရး နည္းလမ္းနဲ႔သာ ေျပလည္မႈရႏုိင္မယ္လုိ႔ ယုံၾကည္ေၾကာင္းလည္း ေျပာပါတယ္။

“RCSS အေနနဲ႔ ဖက္ဒရယ္နဲ႔ ဒီမုိကေရစီကို အေျခခံတယ္ဆိုေတာ့ ဒီမုိကေရစီရဲ့ စံႏႈန္းအတုိင္းပဲ က်ေနာ္တုိ႔က ရပ္တည္တယ္။ အဓိကက်ေတာ့ ဖဲြ႔စည္းပံုအေျခခံေၾကာင့္ေပါ့။ ၂၀၀၈ ေၾကာင့္ပဲ ျဖစ္တယ္။ အေကာင္းဆံုး နည္းလမ္းက်ေတာ့ ေတြ႔ဆံုေဆြးေႏြးဖုိ႔ပဲေလ။ တပ္ဘက္နဲ႔အတူတူ အစိုးရဘက္က်ေတာ့ ေျပလည္မႈရိွႏိုင္ရင္ ပိုေကာင္းတာေပါ့ေနာ္။”

ျမန္မာ့ႏုိင္ငံေရး အေရးႀကီးတဲ့ ျပႆနာတခုျဖစ္တဲ့ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ အဓိကက်တဲ့ အစုိးရနဲ႔ တပ္မေတာ္ၾကား မသင့္မျမတ္ ျဖစ္ေနတဲ့အတြက္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကုိပါ ထိခုိက္မွာ စုိးရိမ္မႈေတြလည္း ရွိေနပါတယ္။

PNLO ေခၚ ပအို၀္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖဲြ႔ခ်ဳပ္ ဒုဥကၠ႒ ဦးခြန္ျမင့္ထြန္းကေတာ့ ႏုိင္ငံေရးေဆြးေႏြးမႈေတြကုိ ထိခုိက္ႏုိင္မယ့္ တင္းမာမႈေတြကုိ ေျဖရွင္းႏုိင္ေအာင္ ညွိႏႈိင္းဖုိ႔လုိေနၿပီလုိ႔ ေျပာပါတယ္။

“တကယ္လုိ႔ တပ္မေတာ္က အာဏာသိမ္းတာမ်ိဳး ရိွခဲ့တယ္ဆုိရင္ေတာ့ ႏိုင္ငံေရးေဆြးေႏြးမႈေတြကေတာ့ အမ်ားၾကီး ထိခိုက္သြားလိမ့္မယ္... အဲဒီလုိေတာ့ ျမင္ပါတယ္။ က်ေနာ့္အျမင္ကေတာ့ ႏွစ္ဘက္မွာ အဓိက က်တဲ့ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးၾကဖို႔ လုိပါတယ္။ က်ေနာ္တို႔ တုိင္းျပည္ကေတာ့ အၿမဲတမ္း ေတာင္းဆိုေနၾကတာက ေတြ႔ဆံုေဆြးေႏြးေရးဆုိတဲ့အခါက်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႔ဆံုေဆြးေႏြးၾကဖို႔ လုိတယ္။ ဒီေန႔ က်ေနာ္တို႔ရဲ့ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကို မယူႏိုင္ဘူးဆိုရင္ ဘယ္သူ႔အတြက္မွ ေအာင္ျမင္မႈ မရိွႏိုင္ဘူး။ အားလံုးအတြက္ ေအာင္ပဲြ ရဖို႔ကေတာ့ က်ေနာ္တုိ႔ၾကားမွာ ေတြ႔ဆံုညိွႏိႈင္းမႈကေတာ့ လုိအပ္လိမ့္မယ္လို႔ ျမင္တယ္။ ”

ႏုိ၀င္ဘာလ ၈ ရက္ေန႔က ေရြးေကာက္ပဲြမွာ မဲမသမာမႈျဖစ္ႏုိင္ေျခရွိတဲ့ စာရင္းေတြကုိ တပ္မေတာ္က ဆက္တုိက္ဆုိသလုိ ထုတ္ျပန္ခဲ့ၿပီး ရွင္းလင္းေပးဖုိ႔ ေတာင္းဆုိရာက ႏိုင္ငံေရးတင္းမာမႈေတြ ျမင့္တက္ခဲ့တာပါ။

ဒီတပတ္ထဲမွာပဲ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္ကလည္း အေျခခံဥပေဒကို လိုက္နာမႈ မရိွရင္ ဖ်က္သိမ္းပစ္ဖို႔အထိ ျပင္းျပင္းထန္ထန္ ေျပာဆုိတာရိွခဲ့သလို တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖဲြ႔ရဲ႕ ေနျပည္ေတာ္က သတင္းစာရွင္းလင္းပဲြမွာလည္း အာဏာသိမ္းမယ့္ အလားအလာရွိ၊ မရွိ ဆုိတာကုိ ယတိျပတ္ ျငင္းဆန္တာ မရွိခဲ့တာေၾကာင့္လည္း ႏုိင္ငံေရး အၾကပ္အတည္းေတြ ႀကီးထြားလာမွာကုိ စုိးရိမ္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နိုင်ငံရေးတင်းမာမှု တွေ့ဆုံဆွေးနွေးဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်တွန်း

ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်အကြား မကြာသေးခင်ကစလို့ နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာနေတာကို နှစ်ဘက် တွေ့ဆုံဆွေးနွေး ဖြေရှင်းဖို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တိုက်တွန်းလိုက်တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

၂၀၂၀ ပြည့် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းတွေနဲ့ပတ်သက်လို့ အစိုးရနဲ့ တပ်မတော်အကြား ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာပြီး စစ်တပ်က အာဏာသိမ်းမလားဆိုတဲ့ တွက်ဆမှုတွေနဲ့အတူ နိုင်ငံတကာကပါ စိုးရိမ်တဲ့ သဘောထားတွေကို ထုတ်ဖော်ပြောဆိုလာတဲ့အထိပါ။

NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမှုးကတော့ နိုင်ငံရေးပြဿနာကို ဆွေးနွေးဖြေရှင်းဖို့ကသာ အကောင်းဆုံးဖြစ်မယ်လို့ ပြောပါတယ်။

“အာဏာသိမ်းတာကတော့ ဒီနိုင်ငံအတွက်တော့ တော်လောက်ပြီလို့ ထင်ပါတယ်။ ကောင်းဖို့ ဖြစ်လာဖို့ထက် အဆိုးဘက်ကိုပဲ သွားဖို့ ရှိတာကိုး။ အဲဒီတော့ အစိုးရနဲ့ တပ်မတော်အနေနဲ့ အနာဂတ်ကို အမျှော်အမြင်ကြီးကြီးနဲ့ ကြည့်ပြီးတော့ ငြိမ်းချမ်းစွာ တွေ့ဆုံဖြေရှင်းသွားတဲ့ လမ်းကြောင်းကနေပဲ သွားသင့်တယ်ပေါ့နော်။ အဖြေရှာတဲ့ နေရာမှာလည်း ရေတိုအဖြေရှာတာထက် ရေရှည်အတွက် ဦးတည်ပြီးတော့ ကျနော်တို့ စည်းလုံးညီညွှတ်မှုကို ပြန်ဖန်တီးဖို့ လိုတယ်လေ။”

RCSS ခေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းခမ်းကတော့ နိုင်ငံရေးတင်းမာမှုတွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအပေါ် အခြေခံတယ်လို့ ယူဆကြောင်း ပြောပါတယ်။ နိုင်ငံရေးတင်းမာမှုတွေကိုတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့သာ ပြေလည်မှုရနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

“RCSS အနေနဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံတယ်ဆိုတော့ ဒီမိုကရေစီရဲ့ စံနှုန်းအတိုင်းပဲ ကျနော်တို့က ရပ်တည်တယ်။ အဓိကကျတော့ ဖွဲ့စည်းပုံအခြေခံကြောင့်ပေါ့။ ၂၀၀၈ ကြောင့်ပဲ ဖြစ်တယ်။ အကောင်းဆုံး နည်းလမ်းကျတော့ တွေ့ဆုံဆွေးနွေးဖို့ပဲလေ။ တပ်ဘက်နဲ့အတူတူ အစိုးရဘက်ကျတော့ ပြေလည်မှုရှိနိုင်ရင် ပိုကောင်းတာပေါ့နော်။”

မြန်မာ့နိုင်ငံရေး အရေးကြီးတဲ့ ပြဿနာတခုဖြစ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အဓိကကျတဲ့ အစိုးရနဲ့ တပ်မတော်ကြား မသင့်မမြတ် ဖြစ်နေတဲ့အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုပါ ထိခိုက်မှာ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

PNLO ခေါ် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကတော့ နိုင်ငံရေးဆွေးနွေးမှုတွေကို ထိခိုက်နိုင်မယ့် တင်းမာမှုတွေကို ဖြေရှင်းနိုင်အောင် ညှိနှိုင်းဖို့လိုနေပြီလို့ ပြောပါတယ်။

“တကယ်လို့ တပ်မတော်က အာဏာသိမ်းတာမျိုး ရှိခဲ့တယ်ဆိုရင်တော့ နိုင်ငံရေးဆွေးနွေးမှုတွေကတော့ အများကြီး ထိခိုက်သွားလိမ့်မယ်... အဲဒီလိုတော့ မြင်ပါတယ်။ ကျနော့်အမြင်ကတော့ နှစ်ဘက်မှာ အဓိက ကျတဲ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ လိုပါတယ်။ ကျနော်တို့ တိုင်းပြည်ကတော့ အမြဲတမ်း တောင်းဆိုနေကြတာက တွေ့ဆုံဆွေးနွေးရေးဆိုတဲ့အခါကျတော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံဆွေးနွေးကြဖို့ လိုတယ်။ ဒီနေ့ ကျနော်တို့ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို မယူနိုင်ဘူးဆိုရင် ဘယ်သူ့အတွက်မှ အောင်မြင်မှု မရှိနိုင်ဘူး။ အားလုံးအတွက် အောင်ပွဲ ရဖို့ကတော့ ကျနော်တို့ကြားမှာ တွေ့ဆုံညှိနှိုင်းမှုကတော့ လိုအပ်လိမ့်မယ်လို့ မြင်တယ်။ ”

နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်ပွဲမှာ မဲမသမာမှုဖြစ်နိုင်ခြေရှိတဲ့ စာရင်းတွေကို တပ်မတော်က ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့ပြီး ရှင်းလင်းပေးဖို့ တောင်းဆိုရာက နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်ခဲ့တာပါ။

ဒီတပတ်ထဲမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း အခြေခံဥပဒေကို လိုက်နာမှု မရှိရင် ဖျက်သိမ်းပစ်ဖို့အထိ ပြင်းပြင်းထန်ထန် ပြောဆိုတာရှိခဲ့သလို တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာလည်း အာဏာသိမ်းမယ့် အလားအလာရှိ၊ မရှိ ဆိုတာကို ယတိပြတ် ငြင်းဆန်တာ မရှိခဲ့တာကြောင့်လည်း နိုင်ငံရေး အကြပ်အတည်းတွေ ကြီးထွားလာမှာကို စိုးရိမ်နေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG