သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ပိုင္းမဟာမိတ္နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ေႏွာင့္ေႏွး


၂၀၁၉ ခုႏွစ္ စက္တင္ဘာလတုန္းက ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ေတြနဲ႔ ျငိမ္းခ်မ္းေရးေဆြးေႏြးပဲြ ျမင္ကြင္း။ (စက္တင္ဘာ ၁၇၊ ၂၀၁၉)

[Zawgyi/Unicode]

ျမန္မာအစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္ တိုင္းရင္းသားလက္နက္ကိုင္ ၄ ဖဲြ႔တို႔ ေဆြးေႏြးမယ့္ အစီအစဥ္ဟာ ေတြ႔ဆုံမယ့္ေနရာအတြက္ သေဘာတူညီမႈ မရေသးတာေၾကာင့္ စီစဥ္ထားတဲ့အတုိင္း ဒီလထဲ ေတြ႔ဆုံႏုိင္မယ့္ အလားအလာမရွိေတာ့တဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

ေျမာက္ပိုင္းမဟာမိတ္ ၄ ဖဲြ႔ျဖစ္တဲ့ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ေတြနဲ႔ ျမန္မာအစုိးရ ကုိယ္စားလွယ္ေတြ ကခ်င္ျပည္နယ္၊ ျမစ္ၾကီးနား ဒါမွမဟုတ္ ရွမ္းျပည္နယ္၊ က်ိဳင္းတံုၿမိဳ႕မွာ ဒီလဒုတိယပတ္ေလာက္ ေတြ႔ဆံုဖို႔ ကမ္းလွမ္းထားေပမဲ့ သေဘာတူညီခ်က္ မရေသးဘဲ ျဖစ္ေနတာပါ။

ျမန္မာအစုိးရဘက္က ေတြ႔ဆုံဖုိ႔ ကမ္းလွမ္းထားတဲ့ ေဒသေတြမွာ ကုိဗစ္ကပ္ေရာဂါ ကူးစက္မႈေတြေၾကာင့္ အခက္အခဲ ရွိေနေၾကာင္းလည္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မွဴးၾကီးေနာ္ဘူက VOA ကို ေျပာပါတယ္။

“အခုေလာေလာဆယ္မွာ ကခ်င္ျပည္နယ္မွာက COVID ေရာဂါ ကူးစက္မႈကလည္း ေတာ္ေတာ္ေလး ဆုိးဆိုး၀ါး၀ါးျဖစ္ေနတယ္။ ဒါေၾကာင့္ ျမစ္ၾကီးနားဆုိတာလည္း သတ္မွတ္ဖို႔ အခက္အခဲရိွတယ္။ က်ိဳင္းတံုမွာလည္းပဲ ဝေဒသတို႔၊ မုိင္းလားေဒသတုိ႔မွာ ကူးစက္မႈကေတာ့ ျဖစ္ေနတယ္။ အဲဒါေၾကာင့္ သြားေရး၊ လာေရး ကိစၥက အစေပါ့။ က်ိဳင္းတံုကလည္း အခက္အခဲရိွေနတယ္။ အဲဒါေၾကာင့္ ေနရာ သတ္မွတ္တာကေတာ့ အခက္အခဲရိွေနလို႔ ဇန္န၀ါရီလမွာ ေတြ႔ဆံုဖို႔ ဆုိတဲ့ဟာကေတာ့ မျဖစ္ေသးတဲ့အေနအထားျဖစ္ပါတယ္။ အခုေလာေလာဆယ္ က်ေနာ္တုိ႔ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖဲြ႔ေတြက ေဆြးေႏြးေနတုန္းပဲ ျဖစ္ပါတယ္။”

ေတြ႔ဆံုေဆြးေႏြးမယ့္ေနရာ ေရြးျခယ္ရာမွာ မဟာမိတ္ ၄ ဖဲြ႔ၾကား ညိွႏိႈင္းၿပီးတဲ့အခါ၊ အစိုးရကုိယ္စားလွယ္ေတြနဲ႔ ျပန္လည္ညိွႏိႈင္းဖို႔ လုိအပ္လိမ့္မယ္လုိ႔လည္း ေျပာပါတယ္။

ကခ်င္ျပည္နယ္မွာေတာ့ COVID ကူးစက္လူနာ ၉၃၀ ေက်ာ္ရိွၿပီး ဒီလ ၂၆ ရက္ေန႔ ညေနပိုင္းမွာ ကူးစက္လူနာ ၁၁ ေယာက္ ထပ္တိုးခဲ့သလို ၀ေဒသမွာေတာ့ ကူးစက္လူနာ ၃၀၄ ေယာက္ ရိွရာမွာ ဒီလ ၂၅ ရက္ေန႔မွာ ထပ္တိုးလူနာ ၁ ေယာက္ရိွေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။ မုိင္းလားေဒသမွာေတာ့ COVDI ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ ဒီလ ၂၃ ရက္ေန႔က စတင္ၿပီး အသြားအလာ ကန္႔သတ္တာေတြကို စတင္ ေျဖေလ်ာ့ထားပါတယ္။

အစိုးရ ၿငိမ္းခ်မ္းေရးေကာ္မရွင္ရဲ့ အၾကံေပးအဖဲြ႔၀င္ ဦးလွေမာင္ေရႊကေတာ့ အစုိးရဘက္က ကမ္းလွမ္းထားတဲ့ ေနရာေတြမွာ က်င္းပမယ္ဆုိရင္ ျဖစ္ႏုိင္ေၾကာင္း ေျပာပါတယ္။

“က်ေနာ္တုိ႔ ဘက္ကလည္း အျခားေနရာေတြက ေလာေလာဆယ္မွာ ဥပမာဗ်ာ... တရုတ္ျပည္တုိ႔ ဘာတို႔ဆို အခုခ်ိန္မွာ သြားရလာရတာ ခက္မွာလည္း စိုးရတာေပါ့။ ဒါေပမဲ့ အခုက တစ္ႏိုင္ငံလံုးမွာ COVID က်သြားပါၿပီ။ ျမစ္ၾကီးနားဆိုတာလည္း ေတာ္ေတာ္ကို နည္းသြားပါၿပီ။ အခုက တုိင္းေဒသၾကီးေတြအားလံုးမွာ က်သြားပါၿပီ။ ၄၀၀ ေအာက္ကို တစ္ႏိုင္ငံလံုးမွာ ေရာက္သြားၿပီဆုိေတာ့ ဒီလိုပဲ ညိွၿပီးေတာ့ေတာ့ လုပ္ဖို႔ ေမွ်ာ္လင့္တာေပါ့ဗ်ာ။ ဒါေပမဲ့လုိ႔ တဘက္က အဖဲြ႔ေတြ ေရြးျခယ္တဲ့ ကိစၥေတာ့ က်ေနာ္တုိ႔ ေျပာလုိ႔ေတာ့ မရဘူး။ က်ေနာ္တုိ႔ဘက္ကေတာ့ က်န္တဲ့အခက္အခဲ သိပ္မရိွဘူး။ ေနရာကိစၥပဲ ညိွဖုိ႔ က်န္တဲ့သေဘာျဖစ္တယ္။”

လာမယ့္ ေဆြးေႏြးပဲြမွာေတာ့ အစိုးရနဲ႔ ေျမာက္ပိုင္း မဟာမိတ္အဖဲြ႔ဝင္ေတြအၾကား အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆိုေရးကိစၥေတြကုိ အဓိက ေဆြးေႏြးျဖစ္မယ္လုိ႔လည္း ခန္႔မွန္းထားၾကပါတယ္။ ဦးလွေမာင္ေရႊကေတာ့ သေဘာတူညီခ်က္ရဖုိ႔ နီးစပ္ေနၿပီလုိ႔ ေျပာပါတယ္။

“ဒီဇင္ဘာလ ဒုတိယပတ္၊ တတိယပတ္က သူတို႔ကို ပဏာမ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ မူၾကမ္းပို႔ခဲ့တယ္။ သူတို႔ဆီကလည္း က်ေနာ္တုိ႔ NRPC ဘက္ကို ျပန္ၿပီးေတာ့ ပို႔တယ္လု႔ိ က်ေနာ္တုိ႔ နားလည္တယ္။ အခု အဲဒီဟာက ႏွစ္ဘက္ လက္မွတ္ထုိးႏိုင္ဖို႔ ညိွႏိႈင္းဖုိ႔ကေတာ့ သိပ္မက်န္ေတာ့ဘူးလုိ႔ပဲ က်ေနာ္ နားလည္တယ္။”

ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔၀င္ျဖစ္တဲ့ AA ရခုိင္လက္နက္ကုိင္အဖဲြ႔နဲ႔ တပ္မေတာ္ၾကား ရခုိင္ျပည္နယ္က တုိက္ပဲြေတြကုိေတာ့ ၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာလ ေရြးေကာက္ပဲြ ေနာက္ပုိင္းကတည္းက ရပ္စဲထားႏိုင္ခဲ့တာ အခုခ်ိန္ထိ ျဖစ္ပါတယ္။

ႏိုင္ငံေရးေလ့လာသံုးသပ္သူေတြကေတာ့ တပ္မေတာ္နဲ႔ AA အၾကား တုိက္ပဲြေတြ ရပ္ဆိုင္းေနခ်ိန္မွာ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပဲြေတြ စတင္ဖို႔ အလားအလာေကာင္းေတြ ရွိေနတယ္လုိ႔ ယူဆေနၾကပါတယ္။

မနက္ျဖန္ ၾကာသပေတးေန႔မွာေတာ့ အစိုးရနဲ႔ အပစ္ရပ္စာခ်ဳပ္ NCA လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖဲြ႔ ၁၀ ဖဲြ႔တို႔ online ကေန အလြတ္သေဘာေဆြးေႏြးဖို႔ ရိွေနသလို ဒီရက္ပိုင္းအတြင္း စစ္ေရးတင္းမာမႈေတြ ရိွေနတဲ့ KNU နဲ႔လည္း ေဆြးေႏြးဖြယ္ ရိွေနပါတယ္။

ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၇ ရက္ေန႔ကေတာ့ အစိုးရနဲ႔ အပစ္ရပ္စာခ်ဳပ္ NCA ကို လက္မွတ္ မေရးထိုးေသးတဲ့ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ KNPP တို႔ online ကေန ေတြ႔ဆံုၿပီး ၿငိမ္းခ်မ္းေရးနဲ႔ ေဒသဖံြ႔ျဖိဳးေရးအတြက္ ေဆြးေႏြးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ပိုင်းမဟာမိတ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှောင့်နှေး

မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ဖွဲ့တို့ ဆွေးနွေးမယ့် အစီအစဉ်ဟာ တွေ့ဆုံမယ့်နေရာအတွက် သဘောတူညီမှု မရသေးတာကြောင့် စီစဉ်ထားတဲ့အတိုင်း ဒီလထဲ တွေ့ဆုံနိုင်မယ့် အလားအလာမရှိတော့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ဖြစ်တဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေ ကချင်ပြည်နယ်၊ မြစ်ကြီးနား ဒါမှမဟုတ် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့မှာ ဒီလဒုတိယပတ်လောက် တွေ့ဆုံဖို့ ကမ်းလှမ်းထားပေမဲ့ သဘောတူညီချက် မရသေးဘဲ ဖြစ်နေတာပါ။

မြန်မာအစိုးရဘက်က တွေ့ဆုံဖို့ ကမ်းလှမ်းထားတဲ့ ဒေသတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေကြောင့် အခက်အခဲ ရှိနေကြောင်းလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“အခုလောလောဆယ်မှာ ကချင်ပြည်နယ်မှာက COVID ရောဂါ ကူးစက်မှုကလည်း တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်နေတယ်။ ဒါကြောင့် မြစ်ကြီးနားဆိုတာလည်း သတ်မှတ်ဖို့ အခက်အခဲရှိတယ်။ ကျိုင်းတုံမှာလည်းပဲ ဝဒေသတို့၊ မိုင်းလားဒေသတို့မှာ ကူးစက်မှုကတော့ ဖြစ်နေတယ်။ အဲဒါကြောင့် သွားရေး၊ လာရေး ကိစ္စက အစပေါ့။ ကျိုင်းတုံကလည်း အခက်အခဲရှိနေတယ်။ အဲဒါကြောင့် နေရာ သတ်မှတ်တာကတော့ အခက်အခဲရှိနေလို့ ဇန်နဝါရီလမှာ တွေ့ဆုံဖို့ ဆိုတဲ့ဟာကတော့ မဖြစ်သေးတဲ့အနေအထားဖြစ်ပါတယ်။ အခုလောလောဆယ် ကျနော်တို့ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွေက ဆွေးနွေးနေတုန်းပဲ ဖြစ်ပါတယ်။”

တွေ့ဆုံဆွေးနွေးမယ့်နေရာ ရွေးခြယ်ရာမှာ မဟာမိတ် ၄ ဖွဲ့ကြား ညှိနှိုင်းပြီးတဲ့အခါ၊ အစိုးရကိုယ်စားလှယ်တွေနဲ့ ပြန်လည်ညှိနှိုင်းဖို့ လိုအပ်လိမ့်မယ်လို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်မှာတော့ COVID ကူးစက်လူနာ ၉၃၀ ကျော်ရှိပြီး ဒီလ ၂၆ ရက်နေ့ ညနေပိုင်းမှာ ကူးစက်လူနာ ၁၁ ယောက် ထပ်တိုးခဲ့သလို ဝဒေသမှာတော့ ကူးစက်လူနာ ၃၀၄ ယောက် ရှိရာမှာ ဒီလ ၂၅ ရက်နေ့မှာ ထပ်တိုးလူနာ ၁ ယောက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ မိုင်းလားဒေသမှာတော့ COVDI ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တာကြောင့် ဒီလ ၂၃ ရက်နေ့က စတင်ပြီး အသွားအလာ ကန့်သတ်တာတွေကို စတင် ဖြေလျော့ထားပါတယ်။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေကတော့ အစိုးရဘက်က ကမ်းလှမ်းထားတဲ့ နေရာတွေမှာ ကျင်းပမယ်ဆိုရင် ဖြစ်နိုင်ကြောင်း ပြောပါတယ်။

“ကျနော်တို့ ဘက်ကလည်း အခြားနေရာတွေက လောလောဆယ်မှာ ဥပမာဗျာ... တရုတ်ပြည်တို့ ဘာတို့ဆို အခုချိန်မှာ သွားရလာရတာ ခက်မှာလည်း စိုးရတာပေါ့။ ဒါပေမဲ့ အခုက တစ်နိုင်ငံလုံးမှာ COVID ကျသွားပါပြီ။ မြစ်ကြီးနားဆိုတာလည်း တော်တော်ကို နည်းသွားပါပြီ။ အခုက တိုင်းဒေသကြီးတွေအားလုံးမှာ ကျသွားပါပြီ။ ၄၀၀ အောက်ကို တစ်နိုင်ငံလုံးမှာ ရောက်သွားပြီဆိုတော့ ဒီလိုပဲ ညှိပြီးတော့တော့ လုပ်ဖို့ မျှော်လင့်တာပေါ့ဗျာ။ ဒါပေမဲ့လို့ တဘက်က အဖွဲ့တွေ ရွေးခြယ်တဲ့ ကိစ္စတော့ ကျနော်တို့ ပြောလို့တော့ မရဘူး။ ကျနော်တို့ဘက်ကတော့ ကျန်တဲ့အခက်အခဲ သိပ်မရှိဘူး။ နေရာကိစ္စပဲ ညှိဖို့ ကျန်တဲ့သဘောဖြစ်တယ်။”

လာမယ့် ဆွေးနွေးပွဲမှာတော့ အစိုးရနဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်တွေအကြား အပစ်ရပ်စာချုပ် ချုပ်ဆိုရေးကိစ္စတွေကို အဓိက ဆွေးနွေးဖြစ်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ ဦးလှမောင်ရွှေကတော့ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ပြောပါတယ်။

“ဒီဇင်ဘာလ ဒုတိယပတ်၊ တတိယပတ်က သူတို့ကို ပဏာမ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းပို့ခဲ့တယ်။ သူတို့ဆီကလည်း ကျနော်တို့ NRPC ဘက်ကို ပြန်ပြီးတော့ ပို့တယ်လု့ိ ကျနော်တို့ နားလည်တယ်။ အခု အဲဒီဟာက နှစ်ဘက် လက်မှတ်ထိုးနိုင်ဖို့ ညှိနှိုင်းဖို့ကတော့ သိပ်မကျန်တော့ဘူးလို့ပဲ ကျနော် နားလည်တယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်ကြား ရခိုင်ပြည်နယ်က တိုက်ပွဲတွေကိုတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ နောက်ပိုင်းကတည်းက ရပ်စဲထားနိုင်ခဲ့တာ အခုချိန်ထိ ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ တပ်မတော်နဲ့ AA အကြား တိုက်ပွဲတွေ ရပ်ဆိုင်းနေချိန်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ စတင်ဖို့ အလားအလာကောင်းတွေ ရှိနေတယ်လို့ ယူဆနေကြပါတယ်။

မနက်ဖြန် ကြာသပတေးနေ့မှာတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့ online ကနေ အလွတ်သဘောဆွေးနွေးဖို့ ရှိနေသလို ဒီရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ KNU နဲ့လည်း ဆွေးနွေးဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ကတော့ အစိုးရနဲ့ အပစ်ရပ်စာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ online ကနေ တွေ့ဆုံပြီး ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG