သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘီးလင္းေဒသ ကရင္ေက်းရြာသားေတြ စစ္ဆန္႔က်င္ေရးဆႏၵျပ


လက္နက္ကိုင္ပဋိပကၡ အလိုမရွိေၾကာင္း ကရင္လူထု ဆႏၵေဖာ္ထုတ္။ (ဇန္နဝါရီ ၂၄၊ ၂၀၂၁။ ဓာတ္ပုံ - ေစာျမေအး)

(Zawgyi / Unicode)

လက္နက္ကိုင္တပ္ဖဲြ႔ေတြအေနနဲ႔ NCA အပစ္ရပ္သေဘာတူညီခ်က္အတိုင္း လိုက္နာ အေကာင္အထည္ေဖာ္ၾကဖို႔ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္မွာ ဒီေန႔လုပ္တဲ့ စစ္ဆန္႔က်င္ေရး လူထုဆႏၵျပပဲြမွာ ေတာင္းဆိုခဲ့ၾကပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

NCA အပစ္ရပ္အဖြဲ႔ျဖစ္တဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) နဲ႔ ျမန္မာစစ္တပ္၊ ကရင္နယ္ျခားေစာင့္တပ္ (BGF) တို႔အၾကား စစ္ေရးတင္းမာမႈေတြ ရွိေနခဲ့တာေၾကာင့္ လက္နက္ကိုင္ပဋိပကၡ အလိုမရွိေၾကာင္း ဒီကေန႔မနက္မွာ ဘီးလင္းၿမိဳ႕နယ္မွာ ကရင္ေက်းရြာသား ၈၀၀ ဝန္းက်င္ကေန ဆႏၵျပခဲ့ၾကပါတယ္။ ေနရာကေတာ့ ျမစ္က်ိဳးေက်းရြာနဲ႔ ေလးေကေက်းရြာဘက္မွာ ဆႏၵျပခဲ့ၾကတာပါ။

ဆႏၵျပအေၾကာင္းရင္းကိုေတာ့ ပါဝင္ခဲ့သူ ေဒသခံ ေစာျမေအးက အခုလိုေျပာပါတယ္။

“ဆႏၵေဖာ္ထုတ္ရတဲ့ အေၾကာင္းရင္းကေတာ့ စစ္ပြဲေတြမျဖစ္ဖို႔ ေနာက္ ရြာအနီးနားက ကင္းတပ္စခန္းေတြ တပ္ဘက္ ေျပာင္းေရႊ႕ေစဖို႔ သူတို႔ ဆႏၵေဖာ္ထုတ္တဲ့ အေၾကာင္းရင္းရွိတယ္။”

လက္နက္ကိုင္အဖြဲ႔ေတြအေနနဲ႔ NCA အပစ္ရပ္သေဘာတူညီခ်က္အတိုင္း လိုက္နာဖို႔ ေက်းရြာသားေတြကေန ဆႏၵျပတာလို႔ ကရင္ေရးရာေကာ္မတီ အတြင္းေရးမွဴး ေစာေက်ာ္စြာက ဆိုပါတယ္။

“အဲဒါကေတာ့ ကရင္လူထုေတြရဲ႕ ဆႏၵထုတ္ေဖာ္တာပဲ။ ဒီ ေလာေလာဆယ္ ျဖစ္ပ်က္ေနတဲ့ဟာက တပ္က တာဝန္ယူမႈလည္း မရွိဘူး။ ဒီတိုက္ပြဲျဖစ္တာလည္း JMC ကလည္း မကိုင္ဘူး။ အဲဒီေတာ့ ျပည္သူလူထုေတြက သူတို႔ရဲ႕ NCA ရဲ႕ လမ္းေၾကာင္းအရ ျပန္ၿပီးေတာ့ ေဖာ္ထုတ္တာပဲေလ။ ျပည္သူလူထုနဲ႔ ေဝးတဲ့ေနရာေလ တပ္ေတြ ေနရာျပန္ဖယ္ေပးဖို႔။ ၿပီးေတာ့ ျဖစ္ေနတဲ့စစ္ပြဲေတြ ရပ္ဖို႔။ ၿငိမ္းခ်မ္းစြာေနထိုင္ဖို႔ပါပဲ။”

သထုံခ႐ုိင္ ဘီးလင္းၿမိဳ႕နယ္ဘက္မွာ ဒီလဆန္းပိုင္းတုန္းက KNU တပ္မဟာ ၁ တပ္ဖြဲ႔ေတြနဲ႔ ကရင္နယ္ျခားေစာင့္တပ္ (BGF) တို႔ ပစ္ခတ္မႈ ျဖစ္ပြါးခဲ့တာလို႔ ေစာျမေအးက ဆိုပါတယ္။

“ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၂ ရက္မွာေပါ့ေလ။ တိုက္ပြဲက က်ေသာင္းဆိပ္ေက်းရြာစခန္း သူမ်ားလာေခ်ာင္းပစ္ၿပီးေတာ့ ရြာသားေတြက ေၾကာက္လန္႔ၿပီးေတာ့ စစ္ေဘးစစ္ဒဏ္ သူတို႔ ျပန္ခံစားသလို သူတို႔ ထြက္ေျပးတိမ္းေရွာင္ေနရတာေပါ့။ တခ်ိဳ႕လူေတြက။”

ကရင္ျပည္နယ္တြင္း KNU ကရင္အမ်ိဳးသားအစည္းအ႐ုံးနဲ႔ ျမန္မာစစ္တပ္တို႔အၾကား အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားၾကေပမယ့္ အခုလပိုင္းေတြအတြင္း တိုက္ပဲြတခ်ိဳ႕ ရွိခဲ့ပါတယ္။

KNU တပ္မဟာ ၁ ေဒသျဖစ္တဲ့ ဘီးလင္းၿမိဳ႕နယ္မွာ ပစ္ခတ္တိုက္ခိုက္မႈ အနည္းငယ္ပဲ ရွိေနေပမယ့္ ဆက္စပ္ရာ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ဘက္မွာျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ဘီးလင္းၿမိဳ႕နယ္ထဲ တိမ္းေရွာင္လာတဲ့ စစ္ေရွာင္ေတြ ရွိေနပါတယ္။

ဒီလဆန္းပိုင္းကစလို႔ ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္တို႔ဘက္မွာ KNU လက္ေအာက္ခံ တပ္ဖြဲ႔ေတြနဲ႔ ျမန္မာစစ္တပ္တို႔အၾကား တိုက္ပြဲျဖစ္ပြါးလာေနတာပါ။

တိုက္ပြဲအတြင္း ရြာသားေတြ ထိခိုက္ေသဆုံးမႈ ရွိေနသလို လူဦးေရ ၄,၀၀၀ ခန္႔ စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

ဒီလို KNU နဲ႔ ျမန္မာစစ္တပ္တို႔ စစ္ေရးတင္းမာမႈေၾကာင့္ ေဒသခံ ျပည္သူလူထု ၄,၀၀၀ ခန႔္ အိုးအိမ္စြန႔္ခြာ နီးစပ္ရာေဒသေတြမွာ ထြက္ေျပး တိမ္းေရွာင္ေနရတဲ့အေပၚ စိုးရိမ္ေနရတဲ့အတြက္ေၾကာင့္ အျမန္ဆုံး ကိုင္တြယ္ေျဖရွင္းေပးဖို႔ အရပ္ဘက္အဖြဲ႔အစည္း ၁၆၅ ဖြဲ႔ကေန ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ ဇန္နဝါရီလ ၂၀ ရက္ေန႔က အိတ္ဖြင့္ေပးစာ ေပးပို႔ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ဘီးလင်းဒေသ ကရင်ကျေးရွာသားတွေ စစ်ဆန့်ကျင်ရေးဆန္ဒပြ

လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ NCA အပစ်ရပ်သဘောတူညီချက်အတိုင်း လိုက်နာ အကောင်အထည်ဖော်ကြဖို့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ဒီနေ့လုပ်တဲ့ စစ်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲမှာ တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

NCA အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာစစ်တပ်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား စစ်ရေးတင်းမာမှုတွေ ရှိနေခဲ့တာကြောင့် လက်နက်ကိုင်ပဋိပက္ခ အလိုမရှိကြောင်း ဒီကနေ့မနက်မှာ ဘီးလင်းမြို့နယ်မှာ ကရင်ကျေးရွာသား ၈၀၀ ဝန်းကျင်ကနေ ဆန္ဒပြခဲ့ကြပါတယ်။ နေရာကတော့ မြစ်ကျိုးကျေးရွာနဲ့ လေးကေကျေးရွာဘက်မှာ ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြအကြောင်းရင်းကိုတော့ ပါဝင်ခဲ့သူ ဒေသခံ စောမြအေးက အခုလိုပြောပါတယ်။

“ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းရင်းကတော့ စစ်ပွဲတွေမဖြစ်ဖို့ နောက် ရွာအနီးနားက ကင်းတပ်စခန်းတွေ တပ်ဘက် ပြောင်းရွှေ့စေဖို့ သူတို့ ဆန္ဒဖော်ထုတ်တဲ့ အကြောင်းရင်းရှိတယ်။”

လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ NCA အပစ်ရပ်သဘောတူညီချက်အတိုင်း လိုက်နာဖို့ ကျေးရွာသားတွေကနေ ဆန္ဒပြတာလို့ ကရင်ရေးရာကော်မတီ အတွင်းရေးမှူး စောကျော်စွာက ဆိုပါတယ်။

“အဲဒါကတော့ ကရင်လူထုတွေရဲ့ ဆန္ဒထုတ်ဖော်တာပဲ။ ဒီ လောလောဆယ် ဖြစ်ပျက်နေတဲ့ဟာက တပ်က တာဝန်ယူမှုလည်း မရှိဘူး။ ဒီတိုက်ပွဲဖြစ်တာလည်း JMC ကလည်း မကိုင်ဘူး။ အဲဒီတော့ ပြည်သူလူထုတွေက သူတို့ရဲ့ NCA ရဲ့ လမ်းကြောင်းအရ ပြန်ပြီးတော့ ဖော်ထုတ်တာပဲလေ။ ပြည်သူလူထုနဲ့ ဝေးတဲ့နေရာလေ တပ်တွေ နေရာပြန်ဖယ်ပေးဖို့။ ပြီးတော့ ဖြစ်နေတဲ့စစ်ပွဲတွေ ရပ်ဖို့။ ငြိမ်းချမ်းစွာနေထိုင်ဖို့ပါပဲ။”

သထုံခရိုင် ဘီးလင်းမြို့နယ်ဘက်မှာ ဒီလဆန်းပိုင်းတုန်းက KNU တပ်မဟာ ၁ တပ်ဖွဲ့တွေနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပစ်ခတ်မှု ဖြစ်ပွါးခဲ့တာလို့ စောမြအေးက ဆိုပါတယ်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်မှာပေါ့လေ။ တိုက်ပွဲက ကျသောင်းဆိပ်ကျေးရွာစခန်း သူများလာချောင်းပစ်ပြီးတော့ ရွာသားတွေက ကြောက်လန့်ပြီးတော့ စစ်ဘေးစစ်ဒဏ် သူတို့ ပြန်ခံစားသလို သူတို့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ တချို့လူတွေက။”

ကရင်ပြည်နယ်တွင်း KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာစစ်တပ်တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားကြပေမယ့် အခုလပိုင်းတွေအတွင်း တိုက်ပွဲတချို့ ရှိခဲ့ပါတယ်။

KNU တပ်မဟာ ၁ ဒေသဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာ ပစ်ခတ်တိုက်ခိုက်မှု အနည်းငယ်ပဲ ရှိနေပေမယ့် ဆက်စပ်ရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ဘက်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဘီးလင်းမြို့နယ်ထဲ တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေ ရှိနေပါတယ်။

ဒီလဆန်းပိုင်းကစလို့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တို့ဘက်မှာ KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးလာနေတာပါ။ တိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်သေဆုံးမှု ရှိနေသလို လူဦးရေ ၄,၀၀၀ ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဒီလို KNU နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ပြည်သူလူထု ၄,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ နီးစပ်ရာဒေသတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့အပေါ် စိုးရိမ်နေရတဲ့အတွက်ကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၆၅ ဖွဲ့ကနေ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဇန်နဝါရီလ ၂၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG