[Zawgyi/Unicode]
ေဒသခံအရပ္သားတခ်ဳိ႕ ေသဆုံးတဲ့အထိ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ တခုျဖစ္တဲ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU လက္ေအာက္ခံ တပ္ေတြနဲ႔ ျမန္မာစစ္တပ္ၾကား တုိက္ခုိက္မႈေတြေၾကာင့္ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အေပၚ ဘယ္လုိသက္ေရာက္မႈေတြ ရွိလာႏုိင္သလဲဆုိတာ သုံးသပ္သူေတြရဲ႕ အျမင္ကုိ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ျပပါမယ္။
ျမန္မာအစုိးရနဲ႔ NCA အပစ္ရပ္လက္မွတ္ထိုးထားတဲ့ ကရင္အမ်ိဳးသားအစည္းအရံုး KNU တပ္မဟာ ၃ နဲ႔ တပ္မေတာ္ၾကား စစ္ေရးတင္းမာေနတဲ့ ပဲခူးတုိင္း၊ ေက်ာက္ၾကီးျမိဳ႕နယ္မွာ အရပ္သား ႏွစ္ဦး ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတာပါ။ မေန႔တုန္းက ပစ္ခတ္မႈဟာ ဘယ္သူ႔လက္ခ်က္ဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မသိရဘူးလုိ႔လည္း ေက်ာက္ၾကီးျမိဳ႕ခံတဦးကေျပာပါတယ္။
“ေသဆုံးတဲ့သူက အရပ္သားပဲ။ ႏွစ္ေယာက္။ မေန႔ကတိုက္ပြဲကေတာ့ မျဖစ္ဘူးခင္ဗ်။ ဒါေပမဲ့ သူတို႔ လမ္းမေပၚသြားရင္းနဲ႔ အပစ္ခံရတယ္လို႔ ေျပာတယ္။ အဲဒါ မူသဲအထက္ လမ္းနည္းနည္း က်တယ္။ ဟိုဘက္ကလည္း ဒီဘက္ကပစ္တာ ဆိုျပီးေတာ့ ၾကားထဲကဆို ဘယ္လိုမွေျပာလို႔မရဘူး။”
အရပ္သား ႏွစ္ ဦး ပစ္သတ္ခံရမႈအတြက္ တပ္မေတာ္နဲ႔ KNU တုိ႔ကေတာ့ အျပန္အလွန္ စြပ္စြဲထားၾကတာပါ။
ပစ္ခတ္မႈေၾကာင့္ ေသဆုံးသြားသူ ႏွစ္ ဦးဟာ ေက်ာက္ႀကီးၿမိဳ႕၊ ေတာင္ငူတန္း ရပ္ကြက္မွာေနထိုင္သူ အသက္ ၅၄ ႏွစ္အရြယ္ ဦးတာနဲ႔ အသက္ ၄၂ ႏွစ္အရြယ္ ဦးထြန္းစိုးတို႔ျဖစ္ၿပီး သူတို႔ကို KNU တပ္မဟာ ၅ ျပည္သူ႔စစ္တပ္ရင္း ၁ အဖြဲ႔က ပစ္သတ္ခဲ့ျပီး ေစ်းေရာင္းရ ေငြေတြကို လုယက္သြားခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းကစၿပီး KNU တပ္ဖဲြ႔ေတြက ေႏွာင့္ယွက္ပစ္ခတ္မႈ ၆ ႀကိမ္ထက္မနည္း ရွိခဲ့ၿပီး အခုေနာက္ဆုံး အရပ္သား ႏွစ္ ဦး ေသဆုံးမႈကုိ အျဖစ္မွန္ေပၚေပါက္ေအာင္ ဆက္လက္စုံစမ္းစစ္ေဆးေနတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။
တပ္မေတာ္ရဲ႕ စြပ္စြဲခ်က္ကုိေတာ့ KNU တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္းက ျငင္းဆန္ထားပါတယ္။
“သတင္းမွန္ျပန္ၾကားေရးဆိုျပီးေတာ့မွ တပ္မဟာ ၅ က ျပည္သူ႔စစ္တပ္ရင္းရွိလား။ တပ္မဟာ ၅ ကေက်ာက္ၾကီးမွာမွ မရွိဘဲ။ ျပည္သူ႔စစ္တပ္ရင္း ၁ လည္း မရွိဘူး။ protocol အရလြဲေနတယ္ေလ။”
အင္အားႀကီး တုိင္းရင္းသား လက္နက္ကုိင္ အဖဲြ႔တခုျဖစ္တဲ့ KNU ဟာ ျမန္မာအစုိးရနဲ႔ NCA အပစ္ရပ္စာခ်ဳပ္ကုိ ၂၀၁၅ ခုႏွစ္မွာ လက္မွတ္ေရးထုိးၿပီး ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မွာ ပါ၀င္လာခဲ့ေပမဲ့ ေဆြးေႏြးမႈေတြကုိေတာ့ ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ ရပ္ဆုိင္းထားပါတယ္။ ႏုိင္ငံေရးအရ ေဆြးေႏြးမႈေတြ မလုပ္ႏုိင္သလုိ၊ တပ္ေနရာခ်ထားေရး၊ တပ္အင္အားေလွ်ာ့ခ်ေရး အပါအ၀င္ စစ္ေရးဆုိင္ရာ ကိစၥေတြမွာလည္း သေဘာတူညီခ်က္ေတြ မရရွိေသးတာေၾကာင့္ ထိပ္တိုက္ရင္ဆုိင္မႈေတြလည္း မၾကာခဏ ႀကံဳေနရတာပါ။ အခုေနာက္ထပ္ စစ္ေရးတင္းမာမႈေတြေၾကာင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးမႈေတြကုိပါ ထိခုိက္လာမွာ စုိးရိမ္ရတယ္လုိ႔လည္း ပဲခူးတိုင္း အရပ္ဘက္ ပစ္ခတ္တိုက္ခိုက္မႈ ေစာင့္ၾကည့္ေရးအဖြဲ႔၀င္ ဦးတူးဘလက္က သုံးသပ္ပါတယ္။
“ဒီလို ပြတ္တိုက္မႈေလးေတြ ရွိလာရင္ ၾကာၾကာရင္ ပိုျပီးေတာ့ဆိုးမွာ က်ေနာ္က စိုးရိမ္တယ္။ ေနာက္ျပီးေတာ့လည္း ေဒသခံျပည္သူေတြပဲ ထိခိုက္နစ္နာတာမ်ားတဲ့အတြက္ က်ေနာ္တို႔ကေတာ့ေတြ႕ဆုံေစခ်င္တယ္။ တပ္ပိုင္း၊ လက္နက္ကိုင္ႏွစ္ဖြဲ႕ဟာ KNU နဲ႔ အစိုးရတပ္နဲ႔က အေပၚကလူၾကီးေတြ ေတြ႕ျပီးေတာ့ ေဆြးေႏြးရင္ေတာ့ အေကာင္းဆုံး အေျခအေနပဲ။ အကယ္၍ မေတြ႕ဘူးဆိုရင္ ဒီအတိုင္းျဖစ္လာရင္ နိုင္ငံေရးေဆြးေႏြးပြဲက်ေတာ့ အေထာက္အကူ မေပးနိုင္ေတာ့ဘူး ျဖစ္သြားမယ္ေလ။”
KNU ရဲ႕ လက္နက္ကုိင္တပ္ဖဲြ႔ KNLA က ကရင္ျပည္နယ္၊ ဖာပြန္ျမိဳ႕နယ္က တပ္မေတာ္ရဲ႕ အေျခစုိက္စခန္းေတြကုိ ၿပီးခဲ့တဲ့ႏွစ္မကုန္ခင္ ေနာက္ဆုံးထား ရုပ္သိမ္းေပးဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာေၾကာင့္ စစ္ေရးတင္းမာမႈေတြလည္း ႀကီးထြားလာခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြကလည္း KNU ထိန္းခ်ဳပ္ရာ ေဒသမွာ တပ္မေတာ္ရဲ႕ အေျခစုိက္စခန္းေတြ ဖယ္ရွားေပးဖုိ႔ ဆႏၵျပေတာင္းဆုိ လႈပ္ရွားမႈေတြလည္း ရွိခဲ့ပါတယ္။
[Unicode Version]
KNU နဲ့ တိုက်ပွဲများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထိခိုက်မှာ စိုးရိမ်
ဒေသခံအရပ်သားတချို့ သေဆုံးတဲ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်သလဲဆိုတာ သုံးသပ်သူတွေရဲ့ အမြင်ကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပါမယ်။
မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာနေတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အရပ်သား နှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတာပါ။ မနေ့တုန်းက ပစ်ခတ်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရဘူးလို့လည်း ကျောက်ကြီးမြို့ခံတဦးကပြောပါတယ်။
“သေဆုံးတဲ့သူကအရပ်သားပဲ။ နှစ်ယောက်။ မနေ့ကတိုက်ပွဲကတော့ မဖြစ်ဘူးခင်ဗျ။ ဒါပေမဲ့ သူတို့ လမ်းမပေါ်သွားရင်းနဲ့ အပစ်ခံရတယ်လို့ ပြောတယ်။ အဲဒါမူသဲအထက် လမ်းနည်းနည်း ကျတယ်။ ဟိုဘက်ကလည်း ဒီဘက်ကပစ်တာ ဆိုပြီးတော့ ကြားထဲကဆို ဘယ်လိုမှပြောလို့မရဘူး။”
အရပ်သား နှစ် ဦး ပစ်သတ်ခံရမှုအတွက် တပ်မတော်နဲ့ KNU တို့ကတော့ အပြန်အလှန် စွပ်စွဲထားကြတာပါ။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ နှစ် ဦးဟာ ကျောက်ကြီးမြို့၊ တောင်ငူတန်း ရပ်ကွက်မှာနေထိုင်သူ အသက် ၅၄ နှစ်အရွယ် ဦးတာနဲ့ အသက် ၄၂ နှစ်အရွယ် ဦးထွန်းစိုးတို့ဖြစ်ပြီး သူတို့ကို KNU တပ်မဟာ ၅ ပြည်သူ့စစ်တပ်ရင်း ၁ အဖွဲ့က ပစ်သတ်ခဲ့ပြီး ဈေးရောင်းရ ငွေတွေကို လုယက်သွားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး KNU တပ်ဖွဲ့တွေက နှောင့်ယှက်ပစ်ခတ်မှု ၆ ကြိမ်ထက်မနည်း ရှိခဲ့ပြီး အခုနောက်ဆုံး အရပ်သား နှစ် ဦး သေဆုံးမှုကို အဖြစ်မှန်ပေါ်ပေါက်အောင် ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မတော်ရဲ့ စွပ်စွဲချက်ကိုတော့ KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ငြင်းဆန်ထားပါတယ်။
“သတင်းမှန်ပြန်ကြားရေးဆိုပြီးတော့မှ တပ်မဟာ ၅ က ပြည်သူ့စစ်တပ်ရင်းရှိလား။ တပ်မဟာ ၅ ကကျောက်ကြီးမှာမှ မရှိဘဲ။ ပြည်သူ့စစ်တပ်ရင်း ၁ လည်း မရှိဘူး။ protocol အရလွဲနေတယ်လေ။”
အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ KNU ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာခဲ့ပေမဲ့ ဆွေးနွေးမှုတွေကိုတော့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ရပ်ဆိုင်းထားပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ မလုပ်နိုင်သလို၊ တပ်နေရာချထားရေး၊ တပ်အင်အားလျှော့ချရေး အပါအဝင် စစ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း သဘောတူညီချက်တွေ မရရှိသေးတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေလည်း မကြာခဏ ကြုံနေရတာပါ။ အခုနောက်ထပ် စစ်ရေးတင်းမာမှုတွေကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကိုပါ ထိခိုက်လာမှာ စိုးရိမ်ရတယ်လို့လည်း ပဲခူးတိုင်း အရပ်ဘက် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးတူးဘလက်က သုံးသပ်ပါတယ်။
“ဒီလို ပွတ်တိုက်မှုလေးတွေ ရှိလာရင် ကြာကြာရင် ပိုပြီးတော့ဆိုးမှာ ကျနော်က စိုးရိမ်တယ်။ နောက်ပြီးတော့လည်း ဒေသခံပြည်သူတွေပဲ ထိခိုက်နစ်နာတာများတဲ့အတွက် ကျနော်တို့ကတော့တွေ့ဆုံစေချင်တယ်။ တပ်ပိုင်း၊ လက်နက်ကိုင်နှစ်ဖွဲ့ဟာ KNU နဲ့ အစိုးရတပ်နဲ့က အပေါ်ကလူကြီးတွေ တွေ့ပြီးတော့ ဆွေးနွေးရင်တော့ အကောင်းဆုံး အခြေအနေပဲ။ အကယ်၍ မတွေ့ဘူးဆိုရင် ဒီအတိုင်းဖြစ်လာရင် နိုင်ငံရေးဆွေးနွေးပွဲကျတော့ အထောက်အကူ မပေးနိုင်တော့ဘူး ဖြစ်သွားမယ်လေ။”
KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA က ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က တပ်မတော်ရဲ့ အခြေစိုက်စခန်းတွေကို ပြီးခဲ့တဲ့နှစ်မကုန်ခင် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် စစ်ရေးတင်းမာမှုတွေလည်း ကြီးထွားလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ထောင်နဲ့ချီတဲ့ ဒေသခံတွေကလည်း KNU ထိန်းချုပ်ရာ ဒေသမှာ တပ်မတော်ရဲ့ အခြေစိုက်စခန်းတွေ ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆို လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။