သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ျပည္ နယ္ျခားေစာင့္တပ္ BGF နဲ႔ တပ္မေတာ္အရာရွိေတြ ေဆြးေႏြး


BGF တပ္မွဴးတစ္ဦးျဖစ္သူ ဗိုလ္မွဴးႀကီးေစာခ်စ္သူ။ (ဓာတ္ပံု - KIC - ၾသဂုတ္ ၂၀၊ ၂၀၁၉)

[Zawgyi/Unicode]

ကရင္ျပည္နယ္မွာ နယ္ျခားေစာင့္တပ္ BGF အဖြဲ႔က အရာရွိ ၉၀ ေက်ာ္ ႏုတ္ထြက္စာ တင္လုိက္တဲ့အတြက္ စစ္ေရးတင္းမာမႈေတြ ေပၚေပါက္လာမွာ စုိးရိမ္ေနခ်ိန္မွာပဲ တပ္မေတာ္နဲ႔ နယ္ျခားေစာင့္တပ္ အဆင့္ျမင့္ အရာရွိေတြ ဒီကေန႔ ေတြ႔ဆုံေဆြးေႏြးၾကတဲ့အေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပပါမယ္။

BGF တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပံု - KIC - ၾသဂုတ္ ၂၀၊ ၂၀၁၉)
BGF တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပံု - KIC - ၾသဂုတ္ ၂၀၊ ၂၀၁၉)

ကရင္တုိင္းရင္းသား နယ္ျခားေစာင့္တပ္ BGF ေခါင္းေဆာင္ ၃ ဦးကို ရာထူးကေန ႏုတ္ထြက္ဖို႔ ျမန္မာစစ္တပ္ကေန ဖိအားေပးခဲ့ၿပီးေနာက္ တပ္ဖြဲ႔ေခါင္းေဆာင္ ဗိုလ္မႉးႀကီးေစာခ်စ္သူ အပါ၀င္ အရာရွိ ၉၀ ေက်ာ္ မေန႔ကပဲ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ထံ ႏုတ္ထြက္စာ တင္ခဲ့တဲ့အတြက္ ညွိႏႈိင္းဖုိ႔ ဒီကေန႔ပဲ ေဆြးေႏြးၾကတာ ျဖစ္ပါတယ္။

BGF တပ္ဖဲြ႔က အရာရွိေတြ ႏုတ္ထြက္စာတင္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ဌာနခ်ဳပ္ျဖစ္တဲ့ ၿမိဳင္ႀကီးငူမွာ တပ္မေတာ္ အမွတ္ ၄ စစ္ဆင္ေရးအထူးအဖြဲ႕မွဴး ဒုဗိုလ္ခ်ဳပ္ၾကီးေအာင္စိုး အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ကိုကိုေမာင္ ဦးေဆာင္တဲ့ အဖဲြ႔က လာေရာက္ေတြ႔ဆုံခဲ့ၿပီး ႏုတ္ထြက္မယ့္ အစီအစဥ္ကုိ ျပန္စဥ္းစားဖုိ႔ တုိက္တြန္းခဲ့တယ္လုိ႔လည္း BGF အဖဲြ႔ ျပန္ၾကားေရးအရာရွိ ဗိုလ္မွဴး နိုင္ေမာင္ေဇာ္က ေျပာပါတယ္။

“က်ေနာ္တို႔ဘက္က လက္မွတ္ထိုးေတာင္းထြက္တဲ့ ဥစၥာကို ျပန္စဥ္းစားဖို႔ လာရွင္းျပတယ္။ ျပန္စဥ္းစားဖို႔ က်ေနာ္တို႔ကို အဲဒီလိုေျပာတယ္။”

ကိုႏိုင္ကြန္းအိန္။ ။ BGF ေခါင္းေဆာင္ ၃ ဦးကို ႏုတ္ထြက္ခိုင္းတဲ့ကိစၥကိုေရာ တပ္မေတာ္ဘက္က ဘာေတြဆက္ေဆြးေႏြးပါလဲခင္ဗ်။

ဗိုလ္မွဴး နိုင္ေမာင္ေဇာ္။ ။ အဲဒါကေတာ့ဘာမွမေျပာဘူး။ အဲဒါ မေျပာင္းလဲဘူး ထင္ပါတယ္။ မေျပာင္းလဲဘူး ယူဆတယ္။

ဒီလဆန္းပိုင္းမွာပဲ BGF ေခါင္းေဆာင္ ၃ ဦးျဖစ္တဲ့ ဗိုလ္မႉးႀကီးေစာခ်စ္သူ၊ ဗိုလ္မႉးေစာတင္ဝင္း၊ ဗိုလ္မႉးေစာမုတ္သုန္ တို႔ကို ရာထူးကေန ႏုတ္ထြက္ဖို႔ တပ္မေတာ္က ဖိအားေပးခဲ့ရာက တင္းမာမႈေတြ ေပၚေပါက္ေနတာ ျဖစ္ပါတယ္။ ဖိအားေပးခံရသူေတြထဲက ဗိုလ္မႉးေစာမိုသို ကေတာ့ ၿပီးခဲ့တဲ့ တပတ္ကပဲ ႏုတ္ထြက္စာတင္ခဲ့ပါတယ္။

လိႈင္းဘြဲျမိဳ႕နယ္ အေျခစုိက္ BGF တပ္မွဴးတဦးကေတာ့ BGF ထိပ္တန္းေခါင္းေဆာင္ ၃ ဦးကို ႏုတ္ထြက္ခိုင္းတဲ့ကိစၥကုိ လက္မခံနိုင္ေၾကာင္းနဲ႔ ဖိအားေပးမႈေတြေၾကာင့္ စစ္ေရးတင္းမာမႈေတြ ေပၚေပါက္လာႏုိင္တယ္လုိ႔လည္း သတိေပးပါတယ္။

“ရႈပ္ေထြးလာနိုင္တာေပါ့။ ငါတို႔အဖြဲ႕ေတြ အရင္တုန္းကလိုပဲ ျပန္ေနမွာေပါ့။ လက္နက္ကိုယ့္လက္ထဲအဲဒီလိုမ်ိဳး။ က်ေနာ္တို႔အဖြဲ႕ပဲ အတူေနမွာေပါ့ အဲဒီလိုမ်ိဳး။”

ကရင္ျပည္နယ္ထဲက ကာစီႏုိ ေလာင္းကစား႐ုံေတြနဲ႔ ဥပေဒမဲ့လုပ္ရပ္ေတြ ႀကီးစုိးေနတယ္ဆုိၿပီး သတင္းေတြထြက္ခဲ့တဲ့ ေရႊကုကၠိဳလ္ စီမံကိန္းမွာ ေဒသခံ BGF တပ္ဖဲြ႔ေတြရဲ႕ ပါ၀င္ပတ္သက္မႈေတြ ရွိေနတာေၾကာင့္ ႏုတ္ထြက္ဖုိ႔ ဖိအားေပးခံရတာလုိ႔လည္း အမ်ားက ယူဆထားၾကပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ ဒီကေန႔ ႏွစ္ဘက္တပ္ေတြ႕ဆုံမႈ ရလဒ္ကို မသိေသးေပမဲ့ စီးပြားေရးလုပ္ငန္းေတြမွာ BGF ေခါင္းေဆာင္ေတြ ပတ္သက္ဆက္ႏြယ္ေနတာေတြ ရွိေနတဲ့အတြက္ ညွိႏႈိင္းေနေၾကာင္း ေျပာပါတယ္။

“က်ေနာ္တို႔ ေတြ႕ဆုံတာရွိတယ္။ အေျခအေနရလဒ္ေတြ က်ေနာ္တို႔လည္း မသိဘူး။ က်ေနာ္တို႔အေနနဲ႔ ညိွႏိႈင္း ေဆာင္ရြက္လွ်က္ရွိပါတယ္။ BGF တပ္ဖြဲ႕ဆိုတာလည္း DKBA ကေနျပီးေတာ့ဒါ ၾကီးထြားလာတယ္။ တရား၀င္အဖြဲ႕အစည္း နယ္ျခားေစာင့္တပ္အျဖစ္ ဖန္တီးတဲ့ေနရာမွာ က်ေနာ္တို႔အေနနဲ႔ကေတာ့ BGF တပ္ဖြဲ႕၀င္ေတြ စားေသာက္ ေနထိုင္ေရး အေနက တပ္မေတာ္က ေဆာင္ရြက္ေပးခဲ့တယ္။ BGF တပ္ဖြဲ႕၀င္ေတြရဲ႕ တပ္တည္ေနရာေတြမွာ အေဆာက္အဦးေနရာမွာ တပ္မေတာ္တပ္ရင္းတပ္ဖြဲ႕ေတြရဲ႕ အေဆာက္အဦးေတြအတိုင္းပဲ ေဆာက္လုပ္လာခဲ့တယ္။ က်ေနာ္တို႔ တရား၀င္ လက္နက္ကိုင္အဖြဲ႕အစည္းအေနနဲ႔ အခုခ်ိန္မွာေတာ့ တရားမ၀င္စီးပြါးေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတဲ့ေခါင္းေဆာင္ တခ်ိဳ႕ရွိတယ္။ ဒါေတြနဲ႔ ပတ္သက္ျပီးေတာ့သူတို႔ကို စီးပြါးေရးလုပ္ငန္းေတြ လုပ္ေဆာင္ ယူနီေဖာင္းနဲ႔ လုပ္ေဆာင္တာသည္ နည္းလမ္းလည္း မက်၊ တရားလည္း မ၀င္တဲ့အတြက္ ဒီလိုမလုပ္ေဆာင္ဖို႔အတြက္တားျမစ္တာ ရွိတယ္။”

ျမန္မာအာဏာပုိင္ေတြက စုံစမ္းစစ္ေဆးမႈေတြ လုပ္လာခ်ိန္မွာပဲ ထုိင္းႏုိင္ငံနဲ႔ နယ္စပ္ ကရင္ျပည္နယ္ထဲမွာ တ႐ုတ္ ရင္းႏွီးျမႇုဳပ္ႏွံသူေတြက အေမရိကန္ ေဒၚလာ ၁၅ ဘီလီယံ အကုန္အက်ခံ တည္ေဆာက္ေနတဲ့ ေရႊကုကၠိဳလ္ ၿမိဳ႕သစ္ စီမံကိန္းဟာ တ႐ုတ္နိုင္ငံက အေကာင္အထည္ေဖာ္ေနတဲ့ BRI ခါးပတ္လမ္း စီမံကိန္းနဲ႔ ပတ္သက္မႈ မရွိေၾကာင္း ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ တ႐ုတ္နိုင္ငံက ေျပာဆုိထားပါတယ္။

တ႐ုတ္ႏုိင္ငံအေနနဲ႔ ႏုိင္ငံရပ္ျခားက ေလာင္းကစားလုပ္ငန္းေတြမွာ ရင္းႏွီးျမွဳပ္ႏွံတာေတြကုိ ခြင့္မျပဳသလုိ၊ တ႐ုတ္ႏုိင္ငံသားေတြ ေလာင္းကစား႐ုံ လုပ္ငန္းေတြ လုပ္ကုိင္တာကုိ ခြင့္ျပဳမထားေၾကာင္းလည္း ရန္ကုန္ၿမိဳ႕က တ႐ုတ္သံ႐ုံးက ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကရင်ပြည် နယ်ခြားစောင့်တပ် BGF နဲ့ တပ်မတော်အရာရှိတွေ ဆွေးနွေး

ကရင်ပြည်နယ်မှာ နယ်ခြားစောင့်တပ် BGF အဖွဲ့က အရာရှိ ၉၀ ကျော် နုတ်ထွက်စာ တင်လိုက်တဲ့အတွက် စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်လာမှာ စိုးရိမ်နေချိန်မှာပဲ တပ်မတော်နဲ့ နယ်ခြားစောင့်တပ် အဆင့်မြင့် အရာရှိတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပါမယ်။

ကရင်တိုင်းရင်းသား နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ၃ ဦးကို ရာထူးကနေ နုတ်ထွက်ဖို့ မြန်မာစစ်တပ်ကနေ ဖိအားပေးခဲ့ပြီးနောက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါဝင် အရာရှိ ၉၀ ကျော် မနေ့ကပဲ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ နုတ်ထွက်စာ တင်ခဲ့တဲ့အတွက် ညှိနှိုင်းဖို့ ဒီကနေ့ပဲ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

BGF တပ်ဖွဲ့က အရာရှိတွေ နုတ်ထွက်စာတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဌာနချုပ်ဖြစ်တဲ့ မြိုင်ကြီးငူမှာ တပ်မတော် အမှတ် ၄ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီးအောင်စိုး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် ဦးဆောင်တဲ့ အဖွဲ့က လာရောက်တွေ့ဆုံခဲ့ပြီး နုတ်ထွက်မယ့် အစီအစဉ်ကို ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့တယ်လို့လည်း BGF အဖွဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပါတယ်။

“ကျနော်တို့ဘက်က လက်မှတ်ထိုးတောင်းထွက်တဲ့ ဥစ္စာကို ပြန်စဉ်းစားဖို့ လာရှင်းပြတယ်။ ပြန်စဉ်းစားဖို့ ကျနော်တို့ကို အဲဒီလိုပြောတယ်။”

ကိုနိုင်ကွန်းအိန်။ ။ BGF ခေါင်းဆောင် ၃ ဦးကို နုတ်ထွက်ခိုင်းတဲ့ကိစ္စကိုရော တပ်မတော်ဘက်က ဘာတွေဆက်ဆွေးနွေးပါလဲခင်ဗျ။

ဗိုလ်မှူး နိုင်မောင်ဇော်။ ။ အဲဒါကတော့ဘာမှမပြောဘူး။ အဲဒါ မပြောင်းလဲဘူး ထင်ပါတယ်။ မပြောင်းလဲဘူး ယူဆတယ်။

ဒီလဆန်းပိုင်းမှာပဲ BGF ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးစောမုတ်သုန် တို့ကို ရာထူးကနေ နုတ်ထွက်ဖို့ တပ်မတော်က ဖိအားပေးခဲ့ရာက တင်းမာမှုတွေ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ဖိအားပေးခံရသူတွေထဲက ဗိုလ်မှူးစောမိုသို ကတော့ ပြီးခဲ့တဲ့ တပတ်ကပဲ နုတ်ထွက်စာတင်ခဲ့ပါတယ်။

လှိုင်းဘွဲမြို့နယ် အခြေစိုက် BGF တပ်မှူးတဦးကတော့ BGF ထိပ်တန်းခေါင်းဆောင် ၃ ဦးကို နုတ်ထွက်ခိုင်းတဲ့ကိစ္စကို လက်မခံနိုင်ကြောင်းနဲ့ ဖိအားပေးမှုတွေကြောင့် စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်လာနိုင်တယ်လို့လည်း သတိပေးပါတယ်။

“ရှုပ်ထွေးလာနိုင်တာပေါ့။ ငါတို့အဖွဲ့တွေ အရင်တုန်းကလိုပဲ ပြန်နေမှာပေါ့။ လက်နက်ကိုယ့်လက်ထဲအဲဒီလိုမျိုး။ ကျနော်တို့အဖွဲ့ပဲ အတူနေမှာပေါ့ အဲဒီလိုမျိုး။”

ကရင်ပြည်နယ်ထဲက ကာစီနို လောင်းကစားရုံတွေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ကြီးစိုးနေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တဲ့ ရွှေကုက္ကိုလ် စီမံကိန်းမှာ ဒေသခံ BGF တပ်ဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတာကြောင့် နုတ်ထွက်ဖို့ ဖိအားပေးခံရတာလို့လည်း အများက ယူဆထားကြပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီကနေ့ နှစ်ဘက်တပ်တွေ့ဆုံမှု ရလဒ်ကို မသိသေးပေမဲ့ စီးပွားရေးလုပ်ငန်းတွေမှာ BGF ခေါင်းဆောင်တွေ ပတ်သက်ဆက်နွယ်နေတာတွေ ရှိနေတဲ့အတွက် ညှိနှိုင်းနေကြောင်း ပြောပါတယ်။

“ကျနော်တို့ တွေ့ဆုံတာရှိတယ်။ အခြေအနေရလဒ်တွေ ကျနော်တို့လည်း မသိဘူး။ ကျနော်တို့အနေနဲ့ ညှိနှိုင်း ဆောင်ရွက်လျှက်ရှိပါတယ်။ BGF တပ်ဖွဲ့ဆိုတာလည်း DKBA ကနေပြီးတော့ဒါ ကြီးထွားလာတယ်။ တရားဝင်အဖွဲ့အစည်း နယ်ခြားစောင့်တပ်အဖြစ်ဖန်တီးတဲ့နေရာမှာ ကျနော်တို့အနေနဲ့ကတော့ BGF တပ်ဖွဲ့ဝင်တွေ စားသောက် နေထိုင်ရေး အနေက တပ်မတော်က ဆောင်ရွက်ပေးခဲ့တယ်။ BGF တပ်ဖွဲ့ဝင်တွေရဲ့ တပ်တည်နေရာတွေမှာ အဆောက်အဦးနေရာမှာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေရဲ့ အဆောက်အဦးတွေအတိုင်းပဲ ဆောက်လုပ်လာခဲ့တယ်။ ကျနော်တို့ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ အခုချိန်မှာတော့ တရားမဝင်စီးပွါးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ခေါင်းဆောင် တချို့ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့သူတို့ကို စီးပွါးရေးလုပ်ငန်းတွေ လုပ်ဆောင် ယူနီဖောင်းနဲ့ လုပ်ဆောင်တာသည် နည်းလမ်းလည်း မကျ၊ တရားလည်း မဝင်တဲ့အတွက် ဒီလိုမလုပ်ဆောင်ဖို့အတွက်တားမြစ်တာ ရှိတယ်။”

မြန်မာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်လာချိန်မှာပဲ ထိုင်းနိုင်ငံနဲ့ နယ်စပ် ကရင်ပြည်နယ်ထဲမှာ တရုတ် ရင်းနှီးမြှုုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်နေတဲ့ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ BRI ခါးပတ်လမ်း စီမံကိန်းနဲ့ ပတ်သက်မှု မရှိကြောင်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ တရုတ်နိုင်ငံက ပြောဆိုထားပါတယ်။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရပ်ခြားက လောင်းကစားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေကို ခွင့်မပြုသလို၊ တရုတ်နိုင်ငံသားတွေ လောင်းကစားရုံ လုပ်ငန်းတွေ လုပ်ကိုင်တာကို ခွင့်ပြုမထားကြောင်းလည်း ရန်ကုန်မြို့က တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG