သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အပစ္ခတ္ရပ္စဲထားတဲ့ KNU နဲ႔ ျမန္မာစစ္တပ္ၾကား တိုက္ပဲြေတြျဖစ္ေန


KNU ကရင္အမ်ိဳးသားအစည္းအရံုး တပ္သားမ်ား

(Zawgyi/Unicode)

ကရင္ျပည္နယ္ ဖာပြန္ေဒသမွာ ျမန္မာအစိုးရနဲ႔ အပစ္ခတ္ရပ္စဲထားတဲ့ တုိင္းရင္းသားလက္နက္ကုိင္ အဖြ႔ဲတခုျဖစ္တဲ့ KNU ကရင္အမ်ိဳးသားအစည္းအရံုးနဲ႔ တပ္မေတာ္ၾကား တုိက္ပဲြျဖစ္ပြားေနၿပီး၊ ပဋိပကၡေတြ က်ယ္ျပန္႔လာမွာကုိ စုိးရိမ္မႈေတြ ထြက္ေပၚေနတဲ့အေၾကာင္း နိုင္ကြန္းအိန္ ေျပာျပပါမယ္။

မၾကာေသးခင္ကစလုိ႔ တပ္မေတာ္နဲ႔ KNU တပ္မဟာ ၅ တပ္ဖဲြ႔တုိ႔ၾကား စစ္ေရးတင္းမာေနတဲ့ ဖာပြန္ေဒသမွာ တုိက္ပဲြေတြ ထပ္မံျဖစ္ပြားေနတာေၾကာင့္ ပဋိပကၡေတြ ႀကီးထြားလာမွာကုိ စုိးရိမ္ေနၾကတာပါ။ BGF နယ္ျခားေစာင့္ တပ္ဖဲြ႔နဲ႔ ပူးေပါင္း ထားတဲ့ ျမန္မာစစ္တပ္နဲ႔ KNUတပ္မဟာ(၅)တပ္ဖြဲ႔တုိ႔အၾကား ဖာပြန္ၿမိဳ႕နယ္ မဲဝိုင္ေဒသမွာ ေန႔စဥ္ရက္ဆက္ဆုိသလုိ တိုက္ပြဲျဖစ္ေနတယ္လုိ႔လည္း BGF တပ္မွဴးတဦး ကေျပာပါတယ္။

“ေတာ္ေတာ္ေတာ့ ေတာ္ေတာ္ပစ္တယ္။ KNU ဘက္ေတာ့။ BGFလဲထပ္ပစ္ဦးမယ္တဲ့။ ဗမာကလဲ တပ္မေတာ္ ဖက္ကေတာ့ ေန႕တိုင္းပစ္တယ္ေလ။ ေျပာက္က်ားနဲ႕ လက္နက္ၾကီးနဲ႔။ အဲဒီလိုစစ္တပ္ကို ပစ္တာ။”

KNU ရဲ႕ လက္နက္ကုိင္တပ္ဖဲြ႔ KNLA ဖာပြန္ခရိုင္ တပ္မဟာ(၅)ေျပာေရးဆိုခြင့္ရွိသူ ပဒိုမန္းမန္းကေတာ့ ျမန္မာစစ္တပ္ဖက္ က နယ္ေျမေက်ာ္လြန္လာရာက ပစ္ခတ္မွဳေတြ ျဖစ္ပြားတာလို႔ ဆိုပါတယ္။

“ရင္ဆိုင္မွဳေတြရွိေနတုန္းဘဲေျပာရမွာေပါ့။ ဟိုဖက္ကနယ္ေျမေက်ာ္လာရင္ေတာ့ ဒီဖက္ကပစ္ခတ္မွဳေတာ့ ရွိေန မွာဘဲ။ သတ္မွတ္တဲ့ေနရာေက်ာ္လာရင္ေတာ့ KNLA ဗဟိုဌာနခ်ဳပ္က ဒီအေပၚမွာသေဘာထားလဲ အၾကိမ္ၾကိမ္ ထုတ္ျပန္ခဲ့ျပီး ျဖစ္တယ္။ အဲဒီအတြက္ေၾကာင့္ ဒီဘက္ေအာက္ေျခက တပ္ေတြကေတာ့လွဳပ္ရွားမွဳ ေဆာင္ရြက္ဖို႕ ေတာ့ လုပ္သြားမယ့္ သေဘာရွိတာေပါ့ေနာ္။”

KNLA တပ္မဟာ ၁ နယ္ေျမ မြန္ျပည္နယ္ သထုံခရိုင္ဖက္မွာလဲ ဘီလင္းျမိဳ႕နယ္ က်ေသာင္းဆိပ္ရြာ ဘုန္းႀကီး ေက်ာင္းထဲ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္ေတြ ဒီလကုန္အျပီးဆုတ္ေပးဖို႕ နယ္ေျမခံတပ္က မေန႔ကပဲ သတိေပးထားပါတယ္။

တရက္တည္းမွာပဲ ဘီးလင္းျမိဳ႕နယ္အနီး KNLA တပ္မဟာ ၁ တပ္ဖြဲ႕နဲ႕ ျမန္မာစစ္တပ္အၾကား တိုက္ခုိက္မႈေတြ ရွိခဲ့ေၾကာင္း ပဒိုမန္းမန္းက ေျပာပါတယ္။

“တပ္မဟာ(၁)ကလဲ မေန႕က ရင္ဆိုင္မွဳေလး တိုက္ပြဲေလးအနည္းငယ္ရွိတယ္လို႕ ကြ်န္ေတာ္တို႕ၾကားရတယ္ ေပါ့။ တရား၀င္ေၾကးနန္းေတာ့မေတြ႕ရေသးဘူးေပါ့။ ဘီးလင္းအနီးတ၀ိုက္မွာလို႕ဘဲ ေျမျပင္သတင္းအရ သိရ တာေပါ့။”

မြန္ျပည္နယ္ဘီလင္းျမိဳ႕နယ္ က်ေသာင္းဆိပ္ရြာအနီး KNLA တပ္မဟာ ၁အဖြဲ႕နဲ႕ ျမန္မာစစ္တပ္တို႕ တိုက္ပြဲျဖစ္ ပြါးခ့ဲ့ေၾကာင္း နယ္ျခားေစာင့္တပ္BGFတပ္မွဴးတဦးကလည္း အတည္ျပဳခဲ့ပါတယ္။

တုိက္ပဲြေတြ ဆက္တုိက္ဆုိသလုိ ျဖစ္လာတာေၾကာင့္ ေနာက္ဆက္တဲြ ပဋိပကၡေတြ က်ယ္ျပန္႔လာမွာကုိလည္း ဘီးလင္းျမိဳ႕နယ္က ကိုေစာတင္ထြန္း တို႔လုိ ေဒသခံေတြ စုိးရိမ္ေနပါတယ္။

“အဲတာလဲ KNDO တပ္ရင္း ဗိုလ္မွဴးၾကီးေစာစံသိန္းလား သူကထုတ္ျပန္ထားတယ္လို႕ၾကားရတယ္ခင္ဗ်။ တိုက္ပြဲ ျဖစ္စဥ္က သတင္းမၾကားေသးဘူးခင္ဗ်။ အခုလိုမ်ား ဒီတပ္မဟာ(၁) သထုံခရိုင္မွာသာ တိုက္ပြဲေတြမ်ား မဲ၀ိုင္မွာလို ျဖစ္သြားခဲ့မယ္ဆိုရင္ ကြ်န္ေတာ္တို႕ျပည္သူလူထုတေယာက္အေနနဲ႕ေတာ့ အဲဒီေဒသအတြက္ ကြ်န္ေတာ္တို႕အေၾကာက္ တရားေတြ ျပန္လည္ျပီးေတာ့ ရရွိလာလိမ့္မယ္လို႕ခံစားမိတယ္ေပါ့ဗ်ာ။”

ဖာပြန္နဲ႕ဘီးလင္းျမိဳ႕နယ္ထဲျဖစ္ပြါးေနတဲ့ စစ္ေရးတင္းမာမွဳေတြနဲ႕ပက္သက္လို႕ တပ္မေတာ္ေျပာေရးဆိုခြင့္အပါ၀င္ ေတာင္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ဒီဇင္ဘာ(၁၅)ရက္ေန႕မွာ KNLA တပ္မဟာ(၅)အဖြဲ႕ကေန မိုင္းဆြဲ တိုက္ခိုက္လို႕ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့ျပီး တပ္မေတာ္သားတခ်ိဳ႕ ထိခိုက္မွဳေတြရွိခဲ့ေၾကာင္းနဲ႔ ဒီလထဲမွာပဲ မဲဝိုင္ရြာအနီး သတ္မွတ္နယ္ေျမ ေက်ာ္လြန္ျပီးမိုင္းဆြဲ တိုက္ခိုက္မႈ ၅ ႀကိမ္နဲ႕ ေခ်ာင္းေျမာင္းပစ္ခတ္တိုက္ခိုက္မႈ ၄ ႀကိမ္ ရွိခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဒီလိုျဖစ္ပြားတဲ့စစ္ေရးပဋိပကၡအတြင္းမဲ၀ိုင္ေဒသကရြာသား(၃၀၀)ေက်ာ္ ေဘးလြတ္ရာကိုတိမ္းေရွာင္ေနၾကရ ပါ တယ္။

KNLA ကေတာ့ တပ္မေတာ္အေနနဲ႔ အရင္တပ္စခန္း ခ်ထားတဲ့ တပ္စခန္းေတြနဲ႕ ထပ္မံတိုးခ်ဲ႕တပ္စခန္းေတြကို ဒီႏွစ္ကုန္ ေနာက္ဆုံးထား ရုပ္သိမ္းေပးဖို႔ ေတာင္းဆုိထားၿပီး၊ ပ်က္ကြက္ခဲ့မယ္ဆုိရင္ အမ်ိဳးသားေရးနဲ႔ နယ္ေျမ လုံျခံဳေရး အတြက္ လုိအပ္သလုိ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ဒီလဆန္းမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။

KNU-ကရင္အမ်ဳိးသားအစည္းအရုံးဟာ ျမန္မာအစိုးရနဲ႕ NCAအပစ္ရပ္လက္မွတ္ေရးထိုးထားေပမဲ့ ေဒသအတြင္း လမ္းေဖာက္လုပ္ေနတဲ့ျမန္မာစစ္တပ္နဲ႔ KNU ဖါပြန္ခရိုင္ တပ္မဟာ(၅) တပ္ဖြဲ႔တို႔ၾကား စစ္ေရးတင္းမာေနဆဲ ျဖစ္သလို သထုံခရိုင္ဘက္ စစ္ေရးကူးစက္လာမွာကိုလဲေဒသခံေတြစိုးရိမ္ေနၾက ပါတယ္။

တိုက္႐ိုက္ လင့္ခ္

............

အပစ်ခတ်ရပ်စဲထားတဲ့ KNU နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေဖြစ်နေ

(Unicode)

ကရင်ပြည်နယ် ဖာပွန်ဒေသမှာ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွ့ဲတခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားနေပြီး၊ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်း နိုင်ကွန်းအိန် ပြောပြပါမယ်။

မကြာသေးခင်ကစလို့ တပ်မတော်နဲ့ KNU တပ်မဟာ ၅ တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေတဲ့ ဖာပွန်ဒေသမှာ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေတာကြောင့် ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်နေကြတာပါ။ BGF နယ်ခြားစောင့် တပ်ဖွဲ့နဲ့ ပူးပေါင်း ထားတဲ့ မြန်မာစစ်တပ်နဲ့ KNUတပ်မဟာ(၅)တပ်ဖွဲ့တို့အကြား ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်နေတယ်လို့လည်း BGF တပ်မှူးတဦး ကပြောပါတယ်။

“တော်တော်တော့ တော်တော်ပစ်တယ်။ KNU ဘက်တော့။ BGFလဲထပ်ပစ်ဦးမယ်တဲ့။ ဗမာကလဲ တပ်မတော် ဖက်ကတော့ နေ့တိုင်းပစ်တယ်လေ။ ပြောက်ကျားနဲ့ လက်နက်ကြီးနဲ့။ အဲဒီလိုစစ်တပ်ကို ပစ်တာ။”

KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA ဖာပွန်ခရိုင် တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းကတော့ မြန်မာစစ်တပ်ဖက် က နယ်မြေကျော်လွန်လာရာက ပစ်ခတ်မှုတွေ ဖြစ်ပွားတာလို့ ဆိုပါတယ်။

“ရင်ဆိုင်မှုတွေရှိနေတုန်းဘဲပြောရမှာပေါ့။ ဟိုဖက်ကနယ်မြေကျော်လာရင်တော့ ဒီဖက်ကပစ်ခတ်မှုတော့ ရှိနေ မှာဘဲ။ သတ်မှတ်တဲ့နေရာကျော်လာရင်တော့ KNLA ဗဟိုဌာနချုပ်က ဒီအပေါ်မှာသဘောထားလဲ အကြိမ်ကြိမ် ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီဘက်အောက်ခြေက တပ်တွေကတော့လှုပ်ရှားမှု ဆောင်ရွက်ဖို့ တော့ လုပ်သွားမယ့် သဘောရှိတာပေါ့နော်။”

KNLA တပ်မဟာ ၁ နယ်မြေ မွန်ပြည်နယ် သထုံခရိုင်ဖက်မှာလဲ ဘီလင်းမြို့နယ် ကျသောင်းဆိပ်ရွာ ဘုန်းကြီး ကျောင်းထဲ တပ်စွဲထားတဲ့ မြန်မာစစ်တပ်တွေ ဒီလကုန်အပြီးဆုတ်ပေးဖို့ နယ်မြေခံတပ်က မနေ့ကပဲ သတိပေးထားပါတယ်။

တရက်တည်းမှာပဲ ဘီးလင်းမြို့နယ်အနီး KNLA တပ်မဟာ ၁ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်အကြား တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ပဒိုမန်းမန်းက ပြောပါတယ်။

“တပ်မဟာ(၁)ကလဲ မနေ့က ရင်ဆိုင်မှုလေး တိုက်ပွဲလေးအနည်းငယ်ရှိတယ်လို့ ကျွန်တော်တို့ကြားရတယ် ပေါ့။ တရားဝင်ကြေးနန်းတော့မတွေ့ရသေးဘူးပေါ့။ ဘီးလင်းအနီးတဝိုက်မှာလို့ဘဲ မြေပြင်သတင်းအရ သိရ တာပေါ့။”

မွန်ပြည်နယ်ဘီလင်းမြို့နယ် ကျသောင်းဆိပ်ရွာအနီး KNLA တပ်မဟာ ၁အဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ် ပွါးခဲ့ကြောင်း နယ်ခြားစောင့်တပ်BGFတပ်မှူးတဦးကလည်း အတည်ပြုခဲ့ပါတယ်။

တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတာကြောင့် နောက်ဆက်တွဲ ပဋိပက္ခတွေ ကျယ်ပြန့်လာမှာကိုလည်း ဘီးလင်းမြို့နယ်က ကိုစောတင်ထွန်း တို့လို ဒေသခံတွေ စိုးရိမ်နေပါတယ်။

“အဲတာလဲ KNDO တပ်ရင်း ဗိုလ်မှူးကြီးစောစံသိန်းလား သူကထုတ်ပြန်ထားတယ်လို့ကြားရတယ်ခင်ဗျ။ တိုက်ပွဲ ဖြစ်စဉ်က သတင်းမကြားသေးဘူးခင်ဗျ။ အခုလိုများ ဒီတပ်မဟာ(၁) သထုံခရိုင်မှာသာ တိုက်ပွဲတွေများ မဲဝိုင်မှာလို ဖြစ်သွားခဲ့မယ်ဆိုရင် ကျွန်တော်တို့ပြည်သူလူထုတယောက်အနေနဲ့တော့ အဲဒီဒေသအတွက် ကျွန်တော်တို့အကြောက် တရားတွေ ပြန်လည်ပြီးတော့ ရရှိလာလိမ့်မယ်လို့ခံစားမိတယ်ပေါ့ဗျာ။”

ဖာပွန်နဲ့ဘီးလင်းမြို့နယ်ထဲဖြစ်ပွါးနေတဲ့ စစ်ရေးတင်းမာမှုတွေနဲ့ပက်သက်လို့ တပ်မတော်ပြောရေးဆိုခွင့်အပါဝင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဒီဇင်ဘာ(၁၅)ရက်နေ့မှာ KNLA တပ်မဟာ(၅)အဖွဲ့ကနေ မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တပ်မတော်သားတချို့ ထိခိုက်မှုတွေရှိခဲ့ကြောင်းနဲ့ ဒီလထဲမှာပဲ မဲဝိုင်ရွာအနီး သတ်မှတ်နယ်မြေ ကျော်လွန်ပြီးမိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုဖြစ်ပွားတဲ့စစ်ရေးပဋိပက္ခအတွင်းမဲဝိုင်ဒေသကရွာသား(၃၀၀)ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရ ပါ တယ်။

KNLA ကတော့ တပ်မတော်အနေနဲ့ အရင်တပ်စခန်း ချထားတဲ့ တပ်စခန်းတွေနဲ့ ထပ်မံတိုးချဲ့တပ်စခန်းတွေကို ဒီနှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပြီး၊ ပျက်ကွက်ခဲ့မယ်ဆိုရင် အမျိုးသားရေးနဲ့ နယ်မြေ လုံခြုံရေး အတွက် လိုအပ်သလို ဆောင်ရွက်မှာဖြစ်ကြောင်း ဒီလဆန်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဒေသအတွင်း လမ်းဖောက်လုပ်နေတဲ့မြန်မာစစ်တပ်နဲ့ KNU ဖါပွန်ခရိုင် တပ်မဟာ(၅) တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေဆဲ ဖြစ်သလို သထုံခရိုင်ဘက် စစ်ရေးကူးစက်လာမှာကိုလဲဒေသခံတွေစိုးရိမ်နေကြ ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG