သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU နဲ႔ တပ္မေတာ္ၾကား စစ္ေရးေၾကာင့္ ေဒသခံေတြ အိုးအိမ္စြန္႔ထြက္ေျပးေနရ


Karen National Union (KNU) ကရင္ တပ္မဟာတပ္သားမ်ား။ (ဇြန္နဝါရီ ၃၁-၂၀၀၆)

ကရင္ျပည္နယ္ဘက္မွာ KNLA တပ္မဟာ ၅ နဲ႔ တပ္မေတာ္ၾကား စစ္ေရးဂယက္ေၾကာင့္ ေဒသခံေတြ စစ္ေဘးတိမ္း ေရွာင္ေနရၿပီး ျမဝတီၿမိဳ႕မွာလည္း လံုျခံဳေရးတပ္းၾကပ္ထားတဲ့ အေျခအေန ျဖစ္ေနပါတယ္။

(ZAWGYI/UNICODE)ကရင္ျပည္နယ္ဘက္မွာ KNLA တပ္မဟာ ၅ နဲ႔ တပ္မေတာ္ၾကား စစ္ေရးဂယက္ေၾကာင့္ ေဒသခံေတြ စစ္ေဘးတိမ္း ေရွာင္ေနရၿပီး ျမဝတီၿမိဳ႕မွာလည္း လံုျခံဳေရးတပ္းၾကပ္ထားတဲ့ အေျခအေနကို VOA ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ဒီဇင္ဘာ(၁၅)ရက္ေန႕မွာ ဖာပြန္ျမိဳ႕နယ္မဲ၀ိုင္ေဒသအတြင္း KNLA တပ္မဟာ ၅ နဲ႕ျမန္မာတပ္မေတာ္တုိ႔ ပစ္ခတ္တိုက္ခိုက္မွဳျဖစ္ပြါး အျပီး လက္ရွိတပ္မေတာ္ဘက္က စစ္အင္အားျဖည့္တင္းလာသလို ေဒသခံေတြလဲ ရပ္ရြာကေန တိမ္းေရွာင္ေနရတယ္လို႕ စစ္ေရွာင္ေနရတဲ့ မဲ၀ိုင္ရြာသားေစာထီးကေျပာပါတယ္။

“မဲ၀ိုင္ဘက္မွာ အခုက တပ္လဲတက္သြားတယ္။ တပ္တို႕ BGFတို႕လဲတက္သြားတယ္။ အခုက။ ရြာသားေတြဘယ္ေန ရဲမလဲ ရြာသားေတြထြက္ေျပးတာေပါ့။ ဘုန္းၾကီးေတာင္မွအကုန္လုံးထြက္ေျပးတယ္ေလ။ ”

မဲ၀ိုင္ေက်းရြာအျပင္ ေဟာဝါး ေခါဖိုးခီး ဗိုလ္တဲကုန္းေက်းရြာသားေတြလဲ နီးစပ္ရာေက်းရြာအျပင္ မြန္ျပည္နယ္ဘီးလင္း ျမိဳ႕နယ္ဘက္ကိုလဲထြက္ေျပးလာခဲ့ပါတယ္။ မဲ၀ိုင္ေဒသကရြာသား၂၀၀ ေက်ာ္ထြက္ေျပးေနရတယ္လို႕ စစ္ေရွာင္အေရးကူညီေဆာင္ရြက္ေနတဲ့ ပဒိုမန္းမန္းက ေျပာပါတယ္။

“ပုန္းေရွာင္ထြက္ေျပးတာေတာ့ အဲဒီမဲ၀ိုင္ပတ္၀န္းက်င္ကရြာေတြဘဲေလ။ အိမ္ေထာင္စုေလး ငါးဆယ္ဆိုေတာ့ မိသားစု ကေတာ့(၃၀၀) (၂၀၀)ေလာက္ေတာ့ရွိမွာေပါ့ေနာ။”

ဒီဇင္ဘာ(၁၅)ရက္ေန႕မနက္ပိုင္းမွာ KNLA တပ္မဟာ(၅)အဖြဲ႕ကေန မိုင္းဆြဲ တိုက္ခိုက္လို႕ ႏွစ္ဖက္အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့ျပီး တပ္မေတာ္သားတခ်ိဳ႕ ထိခိုက္မွဳေတြရွိခဲ့ေၾကာင္းနဲ႔ ဒီလထဲမွာပဲ မဲဝိုင္ရြာအနီး သတ္မွတ္နယ္ ေျမေက်ာ္လြန္ျပီးမိုင္းဆြဲ တိုက္ခိုက္မႈ ၅ ႀကိမ္နဲ႕ ေခ်ာင္းေျမာင္းပစ္ခတ္တိုက္ခိုက္မႈ ၄ ႀကိမ္ ရွိခဲ့ေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားပါတယ္။
တပ္မေတာ္ဘက္ကေန နယ္ေျမတည္ၿငိမ္ေရးႏွင့္ လုံျခဳံေရးအတြက္ လိုအပ္တဲ့ အေရးယူေဆာင္ရြက္မႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လို႕ သတင္းထုတ္ျပန္အျပီး တပ္အင္အားေတြတိုးျမင့္လာေနတာလဲျဖစ္ပါတယ္။

ဖာပြန္ျမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္နဲ႕ KNUတပ္ဖြဲ႕တို႕အၾကား ပဋိပကၡျဖစ္ပြါးေနတာနဲ႕ပက္သက္လို႕ KNLA တပ္မ ဟာ(၅) တာ၀န္ရွိသူေတြနဲ႕ KNU ဌာနခ်ဳပ္တာ၀န္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

တပ္မေတာ္ဘက္ကေန NCA စည္းမ်ည္းစည္းကမ္းေတြခ်ိဳးေဖာက္ျပီး သတ္မွတ္နယ္ေျမကိုေက်ာ္လြန္လို႕ ဖာပြန္ၿမိဳ႕ နယ္ မဲဝိုင္ေဒသ တပ္မဟာ(၅)နဲ႕ထိပ္တိုက္ထိေတြ႕ပစ္ခတ္မႈျဖစ္ပြားခဲ့ရ ေၾကာင္း KNU သတင္းႏွင့္ျပန္ၾကားေရးဌာန သူးေလသတင္းစဥ္ကေတာ့ ဒီဇင္ဘာလ (၁၆) ရက္ေန႔မွာ သတင္းထုတ္ျပန္ ခဲ့ပါတယ္။

ဖာပြန္ခ႐ိုင္ မဲဝိုင္ေဒသမွာ ႏွစ္ဖက္စစ္ေရးတင္းမာမွဳနဲ႕ဆက္စပ္ျပီး ျမ၀တီျမိဳ႕အတြင္းမွာလည္း တပ္မေတာ္ႏွင့္ နယ္ျခား ေစာင့္တပ္ BGF တပ္ဖြဲ႔တို႔ ပူးေပါင္းျပီး လံုၿခံဳေရးတိုးျမႇင့္ ေဆာင္ရြက္ေနတယ္လို႕BGF သတင္းႏွင့္ျပန္ၾကားေရး အရာရွိ ဗိုလ္မွဴးနိုင္ေမာင္ေဇာ္ကေျပာပါတယ္။

“BGF ကြ်န္ေတာ္တို႕လဲၿမိဳ႕လုံျခံဳေရးအရေပါ့ေနာ္။ ဟိုဘက္မွာလဲ တပ္မဟာ(၅)ဘက္မွာျဖစ္ေနတဲ့ တိုက္ပြဲအေနအထားနဲ႕ ကြ်န္ေတာ္တို႕ဒီဘက္ျခမ္းကိုလဲ နဲနဲကာတဲ့သေဘာျဖစ္တာေပါ့။ အဲဒီလိုမ်ိဳး ကူးစက္လာမွာစိုးလို႕ေပါ့။ လုံျခံဳေရးကေတာ့ ကြ်န္ေတာ္တို႕ျမိဳ႕ေပၚ ပုံမွန္လွည့္ကင္း ပတ္ကင္း ကြ်န္ေတာ္တို႕အဲဒီလိုမ်ိဳးေတြ။”

ၿမိဳ႕တြင္းသို႔ ဝင္ေရာက္လာႏိုင္မယ့္လမ္းေၾကာင္းေတြကို တပ္မေတာ္နဲ႕ နယ္ျခားေစာင့္တပ္ BGF တပ္ဖြဲ႔တို႔ ပူးေပါင္းျပီး ကင္းပုန္းခ်ထားမႈေတြ႐ွိေနသလို ညပိုင္းမွာလည္း လံုၿခံဳေရးလွည့္လည္ ေဆာင္ရြက္မႈမ်ား႐ွိေနတယ္လို႕ ေဒသခံ ေတြကဆိုပါတယ္။

KNLA ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ ကေတာ့ တပ္မေတာ္အေနနဲ႔ အရင္တပ္စခန္းခ်ထားတဲ့ တပ္စ ခန္းေတြနဲ႕ ထပ္မံတိုးခ်ဲ႕တပ္စခန္းေတြကို ဒီႏွစ္ကုန္ ေနာက္ဆုံးထား ရုပ္သိမ္းေပးဖို႔ ေတာင္းဆုိထားၿပီး ပ်က္ကြက္ ခဲ့မယ္ဆုိရင္ အမ်ိဳးသားေရးနဲ႔ နယ္ေျမလုံျခံဳေရး အတြက္ လုိအပ္သလုိ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ဒီလဆန္းမွာပဲ သတင္းထုတ္ျပန္ထားပါတယ္။

KNU ကရင္အမ်ိဳးသားအစည္းအရံုးဟာ ျမန္မာအစိုးရနဲ႕ NCA လက္မွတ္ေရးထိုးထားေပမဲ့ တပ္မဟာ(၅)နယ္ေျမ ဖာပြန္ခရိုင္မွာ ေဒသတြင္းလမ္းေဖါက္လုပ္ေနတဲ့ျမန္မာစစ္တပ္နဲ႕ KNU တပ္မဟာ(၅) တပ္ဖြဲ႔တို႔ၾကား စစ္ေရး တင္းမာေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


(UNICODE)ကရင်ပြည်နယ်ဘက်မှာ KNLA တပ်မဟာ ၅ နဲ့ တပ်မတော်ကြား စစ်ရေးဂယက်ကြောင့် ဒေသခံတွေ စစ်ဘေးတိမ်း ရှောင်နေရပြီး မြဝတီမြို့မှာလည်း လုံခြုံရေးတပ်းကြပ်ထားတဲ့ အခြေအနေကို VOA မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာ(၁၅)ရက်နေ့မှာ ဖာပွန်မြို့နယ်မဲဝိုင်ဒေသအတွင်း KNLA တပ်မဟာ ၅ နဲ့မြန်မာတပ်မတော်တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါး အပြီး လက်ရှိတပ်မတော်ဘက်က စစ်အင်အားဖြည့်တင်းလာသလို ဒေသခံတွေလဲ ရပ်ရွာကနေ တိမ်းရှောင်နေရတယ်လို့ စစ်ရှောင်နေရတဲ့ မဲဝိုင်ရွာသားစောထီးကပြောပါတယ်။

“မဲဝိုင်ဘက်မှာ အခုက တပ်လဲတက်သွားတယ်။ တပ်တို့ BGFတို့လဲတက်သွားတယ်။ အခုက။ ရွာသားတွေဘယ်နေ ရဲမလဲ ရွာသားတွေထွက်ပြေးတာပေါ့။ ဘုန်းကြီးတောင်မှအကုန်လုံးထွက်ပြေးတယ်လေ။ ”

မဲဝိုင်ကျေးရွာအပြင် ဟောဝါး ခေါဖိုးခီး ဗိုလ်တဲကုန်းကျေးရွာသားတွေလဲ နီးစပ်ရာကျေးရွာအပြင် မွန်ပြည်နယ်ဘီးလင်း မြို့နယ်ဘက်ကိုလဲထွက်ပြေးလာခဲ့ပါတယ်။ မဲဝိုင်ဒေသကရွာသား၂၀၀ ကျော်ထွက်ပြေးနေရတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ ပဒိုမန်းမန်းက ပြောပါတယ်။

“ပုန်းရှောင်ထွက်ပြေးတာတော့ အဲဒီမဲဝိုင်ပတ်ဝန်းကျင်ကရွာတွေဘဲလေ။ အိမ်ထောင်စုလေး ငါးဆယ်ဆိုတော့ မိသားစု ကတော့(၃၀၀) (၂၀၀)လောက်တော့ရှိမှာပေါ့နော။”

ဒီဇင်ဘာ(၁၅)ရက်နေ့မနက်ပိုင်းမှာ KNLA တပ်မဟာ(၅)အဖွဲ့ကနေ မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်သားတချို့ ထိခိုက်မှုတွေရှိခဲ့ကြောင်းနဲ့ ဒီလထဲမှာပဲ မဲဝိုင်ရွာအနီး သတ်မှတ်နယ် မြေကျော်လွန်ပြီးမိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။
တပ်မတော်ဘက်ကနေ နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်အပြီး တပ်အင်အားတွေတိုးမြင့်လာနေတာလဲဖြစ်ပါတယ်။

ဖာပွန်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ KNUတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွါးနေတာနဲ့ပက်သက်လို့ KNLA တပ်မ ဟာ(၅) တာဝန်ရှိသူတွေနဲ့ KNU ဌာနချုပ်တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

တပ်မတော်ဘက်ကနေ NCA စည်းမျည်းစည်းကမ်းတွေချိုးဖောက်ပြီး သတ်မှတ်နယ်မြေကိုကျော်လွန်လို့ ဖာပွန်မြို့ နယ် မဲဝိုင်ဒေသ တပ်မဟာ(၅)နဲ့ထိပ်တိုက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ရ ကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန သူးလေသတင်းစဉ်ကတော့ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။

ဖာပွန်ခရိုင် မဲဝိုင်ဒေသမှာ နှစ်ဖက်စစ်ရေးတင်းမာမှုနဲ့ဆက်စပ်ပြီး မြဝတီမြို့အတွင်းမှာလည်း တပ်မတော်နှင့် နယ်ခြား စောင့်တပ် BGF တပ်ဖွဲ့တို့ ပူးပေါင်းပြီး လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေတယ်လို့BGF သတင်းနှင့်ပြန်ကြားရေး အရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။

“BGF ကျွန်တော်တို့လဲမြို့လုံခြုံရေးအရပေါ့နော်။ ဟိုဘက်မှာလဲ တပ်မဟာ(၅)ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲအနေအထားနဲ့ ကျွန်တော်တို့ဒီဘက်ခြမ်းကိုလဲ နဲနဲကာတဲ့သဘောဖြစ်တာပေါ့။ အဲဒီလိုမျိုး ကူးစက်လာမှာစိုးလို့ပေါ့။ လုံခြုံရေးကတော့ ကျွန်တော်တို့မြို့ပေါ် ပုံမှန်လှည့်ကင်း ပတ်ကင်း ကျွန်တော်တို့အဲဒီလိုမျိုးတွေ။”

မြို့တွင်းသို့ ဝင်ရောက်လာနိုင်မယ့်လမ်းကြောင်းတွေကို တပ်မတော်နဲ့ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ကင်းပုန်းချထားမှုတွေရှိနေသလို ညပိုင်းမှာလည်း လုံခြုံရေးလှည့်လည် ဆောင်ရွက်မှုများရှိနေတယ်လို့ ဒေသခံ တွေကဆိုပါတယ်။

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကတော့ တပ်မတော်အနေနဲ့ အရင်တပ်စခန်းချထားတဲ့ တပ်စ ခန်းတွေနဲ့ ထပ်မံတိုးချဲ့တပ်စခန်းတွေကို ဒီနှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပြီး ပျက်ကွက် ခဲ့မယ်ဆိုရင် အမျိုးသားရေးနဲ့ နယ်မြေလုံခြုံရေး အတွက် လိုအပ်သလို ဆောင်ရွက်မှာဖြစ်ကြောင်း ဒီလဆန်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားပေမဲ့ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ ဒေသတွင်းလမ်းဖေါက်လုပ်နေတဲ့မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ(၅) တပ်ဖွဲ့တို့ကြား စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG