သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၿမိဳင္ႀကီးငူစစ္ေရွာင္စခန္းဒုကၡသည္မ်ား အကူအညီအေရးေပၚလိုအပ္


မယ္လ ဒုကၡသည္စခန္းက ကရင္ ဒုကၡသည္တခ်ိဳ႕။ (ေမ ၁၄၊ ၂၀၀၆)

[Zawgyi/Unicode]

ကရင္ျပည္နယ္ လႈိင္းဘြဲ႕ၿမိဳ႕နယ္ ၿမိဳင္ႀကီးငူေဒသက ေထာင္နဲ႔ခ်ီတဲ့ ဒုကၡသည္ေတြ စားနပ္ရိကၡာ ျပတ္လတ္မႈနဲ႔ ႀကံဳေနရတဲ့အေၾကာင္း ေျပာျပေပးမွာပါ။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က ေျပာျပေပးပါမယ္။

ေဒသခံ ကရင္လက္နက္ကိုင္ အဖြဲ႔အစည္းေတြနဲ႔ ျမန္မာစစ္တပ္အၾကား စစ္ေရးတင္းမာမႈေတြ ႀကံဳခဲ့ရၿပီးေနာက္ လႈိင္းဘြဲ႕ၿမိဳ႕နယ္ ၿမိဳင္ႀကီးငူ စစ္ေရွာင္စခန္းေတြမွာ ခုိလႈံေနၾကတဲ့ ဒုကၡသည္ ၄,၀၀၀ ေလာက္ ရိကၡာျပတ္လတ္မႈနဲ႔ ရင္ဆုိင္ေနရတယ္လုိ႔ စခန္းတာ၀န္ရွိသူေတြက ေျပာပါတယ္။ ေစတနာရွင္ေတြရဲ႕ ကူညီေထာက္ပံ့မႈေတြကုိ အဓိကအားထားေနရတဲ့ ဒုကၡသည္ေတြ မၾကာေသးခင္ကစလုိ႔ ရိကၡာျပတ္လပ္မႈ ႀကံဳေနရတာလုိ႔လည္း ၿမိဳင္ႀကီးငူစစ္ေရွာင္စခန္း ဥကၠ႒ေစာထြန္းကေျပာပါတယ္။

“အခုစားနပ္ရိကၡာ စား၀တ္ေနေရးက ျပတ္လတ္ေနျပီေလ။ ၾကာျပီဟာ။ သူတို႕က ဆန္ျပဳတ္ေတြဘာေတြ အဲဒီလိုပဲ စားေနၾကတာေပါ့။ ရိကၡျပတ္လတ္ေနကေတာ့ ၂၀၂၀ မွာ နိုင္ငံေတာ္အစိုးရအဖြဲ႕ကေတာ့ ၁ လပိုင္း၊ ၂ လပိုင္း၊ ၃ လပိုင္း အထိပဲ စားနပ္ရိကၡာ ပို႔ေဆာင္လာတယ္ေလ။ ေနာက္ပိုင္းျပီးေတာ့ ပုဂၢလိကအဖြဲ႕ေတြ က်ေနာ္တို႔ တေယာက္နဲ႔ တေယာက္ဆက္သြယ္ျပီးေတာ့ စားေနၾကတာေပါ့ အဲဒီလို။ အစိုးရကလည္း ၁၁ လပိုင္းအထိ အခုထိ အေျဖမလာေသးဘူး။”

ဒုကၡသည္စခန္းမွာ ရိကၡာျပတ္လတ္မႈ အေျခအေနကို ျမိဳ႕နယ္အာဏာပိုင္ေတြကို တင္ျပထားတယ္လို႔လည္း ေျပာပါတယ္။

ဒုကၡသည္စခန္းတြင္းမွာ စားနပ္ရိကၡာျပတ္လပ္မယ့္ အေျခအေနနဲ႔ ႀကံဳေနရခ်ိန္၊ ျပင္ပမွာ အလုပ္လုပ္ကုိင္ၿပီး စား၀တ္ေနေရး ျပႆနာကုိ ေျဖရွင္းဖုိ႔ကလည္း ကုိဗစ္ကပ္ေရာဂါကာလ ကန္႔သတ္မႈေတြ ရွိေနတာေၾကာင့္ အခက္အခဲရွိတယ္လုိ႔လည္း ၿမိဳင္ႀကီးငူေဒသက ေနာက္ထပ္ ဒုကၡသည္စခန္းတခုျဖစ္တဲ့ ေအးလင္းျမတ္ရွင္ စစ္ေရွာင္စခန္းတာဝန္ခံံ ေစာေရႊထြန္းက ေျပာပါတယ္။

“တဘက္တလမ္း အလုပ္လုပ္ဖို႔ကေတာ့ အဆင္မေျပဘူးျဖစ္ေနတယ္။ ဒီ COVID ေရာဂါေၾကာင့္ေလ။ လူလည္း အသြားအလာ အဆင္မေျပဘူးျဖစ္တယ္။”

ၿမိဳင္ႀကီးငူစစ္ေရွာင္စခန္းေနသူေတြဟာ ရွမ္းရြာသစ္နဲ႔ မယ္သေ၀ါေဒသခံရြာေတြျဖစ္ၾကျပီး ၂၀၁၆ ခုႏွစ္၊ စက္တင္ဘာ လမွာ ယခင္ဗိုလ္မွဴးၾကီး ေစာဆန္းေအာင္ဦးစီး DKBA ခြဲထြက္အဖြဲ႕နဲ႔ ကရင္နယ္ျခားေစာင့္တပ္ BGF ျမန္မာစစ္တပ္တို႔ တိုက္ပြဲျဖစ္ပြါးစဥ္မွာ ရပ္ရြာကေန တိမ္းေရွာင္လာခဲ့ၾကတာပါ။

လက္ရွိ မဲသေ၀ါေဒသမွာ တိုက္ပြဲျငိမ္သက္ေနျပီးလို႔ဆိုေပမဲ့ ေျမျမွဳပ္မိုင္းအႏၱရာယ္အျပင္ လက္နက္ကိုင္အဖြဲ႔ေတြရဲ႕ လႈပ္ရွားမႈေတြ ရွိေနတာေၾကာင့္ ေနရပ္ျပန္ဖို႔ မလြယ္ေသးဘူးလို႔လည္း ေအးလင္းျမတ္ရွင္ ဒုကၡသည္စခန္းတာဝန္ခံံ ေစာေရႊထြန္း ကေျပာပါတယ္။

“လုံျခံဳမႈ သိပ္မရွိေသးဘူးေပါ့။ ျပန္ဖို႔လည္း အဆင္မေျပေသးဘူးေပါ့။ ေျမျမွဳပ္မိုင္းလည္း ပါတယ္။ အဲဒီမွာေနရာေတာ့ တဖြဲ႔ မဟုတ္ဘူးေလ။ စစ္တပ္လည္း ရွိတယ္။ BGF လည္း ရွိတယ္။ DKBA လည္း ရွိတယ္။ ျပီးေတာ့ KNU လည္း ရွိတယ္ေလ။ အဲဒီ ၄ ဖြဲ႕ရဲ႕ ၾကားမွာဆိုေတာ့ မျဖစ္လည္း ေျပာလို႔မရဘူးေလ အဲဒီလိုမ်ိဳး။”

ၿမိဳင္ႀကီးငူေဒသမွာ တိမ္းေရွာင္ေနတဲ့ ဒုကၡသည္ေတြကုိ ျပင္ပမွာ ေနရာခ်ထားေပးဖုိ႔ ကရင္ျပည္နယ္ အစုိးရက မႏွစ္ကတည္းက စီစဥ္ထားေပမဲ့ လက္ေတြ႔ အေကာင္အထည္ မေပၚေသးပါဘူး။ ကရင္ျပည္နယ္အတြင္း ျမန္မာစစ္တပ္နဲ႔ ကရင္လက္နက္ကိုင္အဖြဲ႕တို႔ စစ္ေရးပဋိပကၡအတြင္း ျမိဳင္ၾကီးငူစစ္ေရွာင္ စခန္းအပါ၀င္ ထိုင္းႏုိင္ငံနဲ႔ နယ္စပ္အနီးက စခန္း ၉ ခုမွာ ခုိလႈံေနၾကတဲ့ ဒုကၡသည္ဦးေရ ၉၀,၀၀၀ ေလာက္ ရွိေနတယ္လို႔လည္း ကရင္စစ္ေရွာင္ ဒုကၡသည္ေကာ္မီတီကေျပာပါတယ္။

ကရင္လက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ KNU ကရင္အမ်ိဳးသားအစည္းအရံုး DKBA ဒီမိုကေရစီအက်ိဳးျပဳတပ္မေတာ္တုိ႔နဲ႔ ျမန္မာအစိုးရၾကား ပစ္ခတ္တိုက္ခိုက္မႈေတြ ရပ္စဲခဲ့ၿပီးေနာက္ ဒုကၡသည္ေတြ ေနရပ္ျပန္နိုင္ေရး ၾကိဳးပမ္းမႈေတြ ရွိေပမဲ့လည္း ေျမျမွဳပ္မိုင္းအႏၱရာယ္နဲ႔ ဒုကၡသည္ေတြ ေနထုိင္စားေသာက္လုပ္ကုိင္ခဲ့တဲ့ ေျမေနရာေတြ သိမ္းဆည္းခံရမႈ ျပႆနာေတြ အပါအ၀င္ ေနရပ္ျပန္ဖို႔ အဟန္႔အတားေတြလည္း ႀကံဳေနရပါတယ္။

ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ ညွိႏႈိင္းေရးမွဴး႐ုံးရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံမွာ ကရင္ျပည္နယ္အပါအ၀င္ တုိင္းရင္းသား ေဒသေတြမွာ ဒုကၡသည္စခန္းေတြနဲ႔ ဒုကၡသည္စခန္းလုိ ေနရာမ်ဳိးေတြမွာ ေနထုိင္ေနၾကရသူေပါင္း ၂၄၁,၀၀၀ ရွိတယ္လုိ႔ ခန္႔မွန္းထားပါတယ္။ ေဒသခံ အကူအညီေပးေရး အဖဲြ႔ေတြကေတာ့ မၾကာေသးခင္ အခ်ိန္အထိ လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားခဲ့တဲ့ ရခုိင္ျပည္နယ္ အပါအ၀င္ တုိင္းရင္းသား ေဒသေတြမွာ ေနရပ္စြန္႔ခြာ တိမ္းေရွာင္ေနရသူ ေနာက္ထပ္ သိန္းနဲ႔ခ်ီ ရွိမယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြိုင်ကြီးငူစစ်ရှောင်စခန်းဒုက္ခသည်များ အကူအညီအရေးပေါ်လိုအပ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်လတ်မှုနဲ့ ကြုံနေရတဲ့အကြောင်း ပြောပြပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ဒေသခံ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရပြီးနောက် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် ၄,၀၀၀ လောက် ရိက္ခာပြတ်လတ်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ စေတနာရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေကို အဓိကအားထားနေရတဲ့ ဒုက္ခသည်တွေ မကြာသေးခင်ကစလို့ ရိက္ခာပြတ်လပ်မှု ကြုံနေရတာလို့လည်း မြိုင်ကြီးငူစစ်ရှောင်စခန်း ဥက္ကဋ္ဌစောထွန်းကပြောပါတယ်။

“အခုစားနပ်ရိက္ခာ စားဝတ်နေရေးက ပြတ်လတ်နေပြီလေ။ ကြာပြီဟာ။ သူတို့က ဆန်ပြုတ်တွေဘာတွေ အဲဒီလိုပဲ စားနေကြတာပေါ့။ ရိက္ခပြတ်လတ်နေကတော့ ၂၀၂၀ မှာ နိုင်ငံတော်အစိုးရအဖွဲ့ကတော့ ၁ လပိုင်း၊ ၂ လပိုင်း၊ ၃ လပိုင်း အထိပဲ စားနပ်ရိက္ခာ ပို့ဆောင်လာတယ်လေ။ နောက်ပိုင်းပြီးတော့ ပုဂ္ဂလိကအဖွဲ့တွေ ကျနော်တို့ တယောက်နဲ့ တယောက်ဆက်သွယ်ပြီးတော့ စားနေကြတာပေါ့ အဲဒီလို။ အစိုးရကလည်း ၁၁ လပိုင်းအထိ အခုထိ အဖြေမလာသေးဘူး။”

ဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်လတ်မှု အခြေအနေကို မြို့နယ်အာဏာပိုင်တွေကို တင်ပြထားတယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်စခန်းတွင်းမှာ စားနပ်ရိက္ခာပြတ်လပ်မယ့် အခြေအနေနဲ့ ကြုံနေရချိန်၊ ပြင်ပမှာ အလုပ်လုပ်ကိုင်ပြီး စားဝတ်နေရေး ပြဿနာကို ဖြေရှင်းဖို့ကလည်း ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်မှုတွေ ရှိနေတာကြောင့် အခက်အခဲရှိတယ်လို့လည်း မြိုင်ကြီးငူဒေသက နောက်ထပ် ဒုက္ခသည်စခန်းတခုဖြစ်တဲ့ အေးလင်းမြတ်ရှင် စစ်ရှောင်စခန်းတာဝန်ခံံ စောရွှေထွန်းက ပြောပါတယ်။

“တဘက်တလမ်း အလုပ်လုပ်ဖို့ကတော့ အဆင်မပြေဘူးဖြစ်နေတယ်။ ဒီ COVID ရောဂါကြောင့်လေ။ လူလည်း အသွားအလာ အဆင်မပြေဘူးဖြစ်တယ်။”

မြိုင်ကြီးငူစစ်ရှောင်စခန်းနေသူတွေဟာ ရှမ်းရွာသစ်နဲ့ မယ်သဝေါဒေသခံရွာတွေဖြစ်ကြပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ လမှာ ယခင်ဗိုလ်မှူးကြီး စောဆန်းအောင်ဦးစီး DKBAခွဲထွက်အဖွဲ့နဲ့ ကရင်နယ်ခြားစောင့်တပ် BGF မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးစဉ်မှာ ရပ်ရွာကနေ တိမ်းရှောင်လာခဲ့ကြတာပါ။

လက်ရှိ မဲသဝေါဒေသမှာ တိုက်ပွဲငြိမ်သက်နေပြီးလို့ဆိုပေမဲ့ မြေမြှုပ်မိုင်းအန္တရာယ်အပြင် လက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ ရှိနေတာကြောင့် နေရပ်ပြန်ဖို့ မလွယ်သေးဘူးလို့လည်း အေးလင်းမြတ်ရှင် ဒုက္ခသည်စခန်းတာဝန်ခံံ စောရွှေထွန်း ကပြောပါတယ်။

“လုံခြုံမှု သိပ်မရှိသေးဘူးပေါ့။ ပြန်ဖို့လည်း အဆင်မပြေသေးဘူးပေါ့။ မြေမြှုပ်မိုင်းလည်း ပါတယ်။ အဲဒီမှာနေရာတော့ တဖွဲ့ မဟုတ်ဘူးလေ။ စစ်တပ်လည်း ရှိတယ်။ BGF လည်း ရှိတယ်။ DKBA လည်း ရှိတယ်။ ပြီးတော့ KNU လည်း ရှိတယ်လေ။ အဲဒီ ၄ ဖွဲ့ရဲ့ ကြားမှာဆိုတော့ မဖြစ်လည်း ပြောလို့မရဘူးလေ အဲဒီလိုမျိုး။”

မြိုင်ကြီးငူဒေသမှာ တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေကို ပြင်ပမှာ နေရာချထားပေးဖို့ ကရင်ပြည်နယ် အစိုးရက မနှစ်ကတည်းက စီစဉ်ထားပေမဲ့ လက်တွေ့ အကောင်အထည် မပေါ်သေးပါဘူး။ ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ကရင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးပဋိပက္ခအတွင်း မြိုင်ကြီးငူစစ်ရှောင် စခန်းအပါဝင် ထိုင်းနိုင်ငံနဲ့ နယ်စပ်အနီးက စခန်း ၉ ခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်ဦးရေ ၉၀,၀၀၀ လောက် ရှိနေတယ်လို့လည်း ကရင်စစ်ရှောင် ဒုက္ခသည်ကော်မီတီကပြောပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံး DKBA ဒီမိုကရေစီအကျိုးပြုတပ်မတော်တို့နဲ့ မြန်မာအစိုးရကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲခဲ့ပြီးနောက် ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းမှုတွေ ရှိပေမဲ့လည်း မြေမြှုပ်မိုင်းအန္တရာယ်နဲ့ ဒုက္ခသည်တွေ နေထိုင်စားသောက်လုပ်ကိုင်ခဲ့တဲ့ မြေနေရာတွေ သိမ်းဆည်းခံရမှု ပြဿနာတွေ အပါအဝင် နေရပ်ပြန်ဖို့ အဟန့်အတားတွေလည်း ကြုံနေရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကရင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ ဒုက္ခသည်စခန်းတွေနဲ့ ဒုက္ခသည်စခန်းလို နေရာမျိုးတွေမှာ နေထိုင်နေကြရသူပေါင်း ၂၄၁,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသခံ အကူအညီပေးရေး အဖွဲ့တွေကတော့ မကြာသေးခင် အချိန်အထိ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသတွေမှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ နောက်ထပ် သိန်းနဲ့ချီ ရှိမယ်လို့လည်း ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG