ျမန္မာႏုိင္ငံရဲ ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အေရးပါတဲ့ NCA တႏုိင္ငံလံုးအပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ လက္မွတ္ေရးထိုးခဲ့တာ အခုဆိုရင္ (၅) နွစ္ ရိွသြားပါၿပီ။ ဒီ (၅) နွစ္တာ ျဖတ္သန္းမႈအတြင္း ေအာင္ျမင္မႈေတြ ဘယ္ေလာက္ေတာင္ ရခဲ့သလဲ။ ေရွ ႔အနာဂတ္မွာ ဘာေတြေမွ်ာ္လင့္ႏုိင္မလဲ။ စိန္ေခၚမႈေတြက ဘာေတြရိွေနသလဲဆိုတာကို တုိင္းရင္းသားေရးရာ ကၽြမ္းက်င္သူ ဦးေမာင္ေမာင္စိုး ကို ကိုေအာင္လြင္ဦးက ဆက္သြယ္ေမးျမန္း ေဆြးေႏြးထားပါတယ္
ေမး ။ ။ မဂၤလာပါ။ NCA တႏုိင္ငံလံုး အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္က အခုဆိုရင္ (၅) ႏွစ္ သက္တမ္း ရိွသြားပါၿပီ။ ၂၀၁၅ ခုႏွစ္တုန္းက ပထမဦးဆံုး သေဘာတူညီခ်က္ရတဲ့အခ်ိန္မွာ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ (၈) ဖြဲ႔ ရိွခဲ့ရက အခုဆိုရင္ ေနာက္ထပ္ (၂) ဖြဲ႔တိုးၿပီး (၁၀) ဖြဲ႔ ရိွေနပါၿပီ။ ဆိုေတာ့ သေဘာတူညီခ်က္ရတဲ့ အခ်ိန္ကစလို႔ ဒီ (၅) နွစ္တာ ကာလအတြင္း အဓိကေအာင္ျမင္မႈအေနနဲ႔ ေျပာပါဆိုရင္ ဘာေတြမ်ား ရိွမလဲ။
ေျဖ ။ ။ အဓိကေတာ့ ျပႆနာေတြ အမ်ားႀကီးရိွတယ္။ ျပႆနာေတြအမ်ားႀကီးအထဲက ပထမတစ္ခ်က္ေျပာမယ္ဆိုရင္ NCA ထိုးၿပီးၿပီဆိုတဲ့အထဲမွာက က်ေနာ္တို႔က သေဘာတူညီခ်က္ မရဘူး။ NCA ထိုးၿပီးတဲ့အထဲက ပထမတစ္ခ်က္ေျပာမယ္ဆိုရင္ တပ္ေနရာခ်ထားေရးနဲ႔ ပတ္သက္ၿပီးေတာ့ သေဘာတူညီခ်က္ မရၾကဘူး။ ဥပမာဆို RCSS တပ္အင္အားတစံုတရာရိွတယ္။ လက္မွတ္ထိုးထားတယ့္ RCSS, KNU တုိ႔နဲ႔ ပတ္သက္ၿပီးေတာ့ တပ္ေနရာခ်ထားေရးမွာ သေဘာတူညီခ်က္ မရိွေတာ့ KNU ဖားပြန္ဧရီယာ၊ KNU တပ္မဟာ (၅) ဧရီယာမွာ တိုက္ပြဲေတြ ျဖစ္တယ္။ RCSS ဆိုလဲ အဲဒီလိုပဲ သူတို႔ထိန္းခ်ဳပ္နယ္ေျမေတြမွာ တိုက္ပြဲေတြ ျဖစ္တယ္။ RCSS ဆိုရင္ေတာ့ တိုက္ပြဲေတြ အမ်ားဆံုး။ ႏွစ္ရာေက်ာ္၊ သံုးရာေလာက္ လက္မွတ္ထိုးၿပီးမွ ျဖစ္ခဲ့တယ္။ ဒါကလဲ bilateral လက္မွတ္ထိုး၊ NCA လက္မွတ္ထိုးၿပီးေနာက္ပိုင္းမွာ တပ္ေနရာခ်ထားေရး သေဘာတူညီခ်က္မွာ နားလည္မႈ အမ်ားႀကီးကြဲျပားလာတယ္။ ကြဲျပားတဲ့အခ်ိန္မွာ ဒီျပႆနာကို က်ေနာ္တို႔က မေျဖရွင္းႏိုင္ဘူး။ မေျဖရွင္းႏိုင္တဲ့အခါမွာ ၂၀၁၈ ႏွစ္ကုန္ဆိုရင္ KNU ကလဲ NCA သေဘာတူညီခ်က္ပါ JMC တို႔က ေခတၱရပ္နားမယ္ဆိုတဲ့အထိ ျဖစ္လာတယ္။ RCSS ကလဲ တပ္ရပ္နားတယ္ဆိုတာ ျဖစ္လာတယ္။ ဒါေၾကာင့္မို႔ NCA လုပ္ငန္းစဥ္ၿပီး ၂၀၁၈ ကေန ၂၀၁၉ တစ္ႏွစ္လံုး ရပ္ဆိုင္းသြားတယ္လို႔ ေျပာလို႔ရတယ္။
NCA လက္မွတ္မထိုးထားတဲ့ အဖြဲ႔ေတြနဲ႔ ပတ္သက္ၿပီး ေျပာရရင္ ရခိုင္မွာကေတာ့ တုိက္ပြဲက ၂၀၂၀ အတြင္းမွာ ျပင္းျပင္းထန္ထန္ ျဖစ္တယ္။ ၂၀၁၉ တုန္းကလဲ ျပင္းျပင္းထန္ထန္ ျဖစ္တယ္။ လံုးဝေျဖရွင္းလို႔ရမတဲ့ ျပႆနာ ျဖစ္ေနတယ္။ အဲဒါ ရခိုင္ျပႆနာကလဲ သီးျခားျပႆနာတစ္ရပ္အေနနဲ႔ မဟုတ္ဘဲနဲ႔ ေျမာက္ပိုင္း ႏွစ္ဖြဲ႔စလံုးရဲ ႔ ျပႆနာ ျဖစ္ေနတာကို က်ေနာ္တို႔ ေတြ႔ရတယ္။ ေျမာက္ပိုင္းအဖြဲ႔ကလဲ စတုတၳအႀကိမ္ ဖိတ္တဲ့အခ်ိန္မွာလဲ AA ကို ေပးမတက္တာေၾကာင့္ မတက္တာ ေတြ႔ရတယ္။ ဒါေၾကာင့္မို႔ ျပႆနာကေတာ့ ေျဖရွင္းစရာေတြက မ်ားေသးတယ္လို႔ ေျပာႏိုင္ပါတယ္.
ေမး ။ ။ အခု NCA (၅) နွစ္ျပည့္မွာပဲ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္စတဲ့ အဓိကေခါင္းေဆာင္ေတြလည္း မိန္႔ခြန္းေတြေျပာတာကို ေတြ႔ရပါတယ္။ အစိုးရနဲ႔ ထိပ္တန္းေခါင္းေဆာင္ေတြရဲ ႔ မိန္႔ခြန္းေတြထဲမွာလဲ NCA (၅) နွစ္တာကာလအတြင္း ႀကံဳရတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြကို အသိအမွတ္ျပဳ၊ လက္ခံေျပာသြားတာေတြကို ေတြ႔ရပါတယ္။ ဥပမာ NCA သေဘာတူညီခ်က္ထဲမွာ အေရးႀကီးတဲ့ အမ်ဳိးသားအဆင့္၊ ႏိုင္ငံေရးအဆင့္ ေဆြးေႏြးပြဲဆိုတာကို အျဖစ္ေလာက္ပဲ ထည့္ထားတာေတြက - မေကာင္းဘူးဆိုတာမ်ဳိး ေဒၚေအာင္ဆန္းစုၾကည္မိန္႔ခြန္းထဲမွာ ထည့္ေျပာပါတယ္။ ဒီလိုကိစၥေတြက NCA လမ္းေၾကာင္းမွာ ဘယ္ေလာက္အထိ အဟန္႔အတား ျဖစ္ခဲ့တယ္လို႔ ယူဆပါလဲ။
ေျဖ ။ ။ စဥ္းစားမႈ ကြဲလြဲမႈ ရိွေနတာေတြကို က်ေနာ့္အျမင္ေျပာရရင္ အစိုးရနဲ႔ တပ္မေတာ္။ အဓိကတပ္မေတာ္ဘက္က လက္ရိွေဆြးေႏြးပြဲမွာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြမွာ တိုင္းရင္းသားလက္နက္ကိုင္ေတြရဲ ႔ ျပႆနာကို ေျဖရွင္းဖို႔ ေဇာင္းေပးၿပီး စဥ္းစားတယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ တုိင္းရင္းသားလက္နက္ကိုင္ဘက္က ေျပာမယ္ဆိုရင္ေတာ့ တိုင္းရင္းသားလက္နက္ကိုင္ေတြဟာ သူတုိ႔ရဲ ႔ အမ်ဳိးသားတန္းတူေရး ျပႆနာေတြကို ေဇာင္းေပးၿပီး စဥ္းစားတယ္ ထင္ပါတယ္။ အဲဒီအခ်က္ ေဆြးေႏြးမႈနွစ္ခုက စဥ္းစားမႈအေျခခံ မတူညီပါဘူး။ ဒါ့အျပင္ ႏိုင္ငံေရးေဆြးေႏြးမႈေတြမွာ မေျပလည္တာကေတာ့ တုိင္းရင္းသားလက္နက္ကိုင္ေတြအဖို႔က ဘာကိုအေျခခံ စဥ္းစားသလဲဆိုေတာ့ ယေန႔ျပည္ေထာင္စုသည္ ၁၉၄၇ ခုႏွစ္ ပင္လံုသေဘာတူညီခ်က္ အေျခခံေပၚမွာ ေပၚလာတဲ့ ျပည္ေထာင္စု ျဖစ္တယ္ဆိုတဲ့ အေျခခံမူေပၚ ျဖစ္တဲ့အတြက္ဆိုတဲ့ ႏိုင္ငံေရးသေဘာထားေတြကို ေဆြးေႏြးပါတယ္။ အစိုးရနဲ႔ တပ္မေတာ္ဘက္ကေတာ့ ဒီ ၄၇ ခုနွစ္ သေဘာတူညီခ်က္ကို အသိအမွတ္ျပဳဖို႔ ဝန္ေလးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၄၇ သေဘာတူညီခ်က္မွာ ခြဲထုတ္လိုက ခြဲထြက္ႏုိင္ခြင့္နဲ႔ (၁၀) ႏွစ္အတြင္း ခြဲထြက္ခြင့္ေပးမယ္တို႔ သေဘာတူညီခ်က္ကို သူတို႔ သေဘာမတူပါဘူး။ သူတို႔အေနနဲ႔ကေတာ့ ဒီေန႔အေျခအေနနဲ႔ ကိုက္ညီတဲ့ ျပည္ေထာင္စုတစ္ခု တည္ေဆာက္ဖို႔ဆိုတဲ့ဘက္က စဥ္းစားပါတယ္။ ပထမအခ်က္မွာ စဥ္းစားမႈက အေျခခံလြဲပါတယ္။ ဒုတိယအခ်က္အရ ေျပာမယ္ဆိုရင္ တိုင္းရင္းသားလက္နက္ကိုင္ေတြဘက္က စဥ္းစားတာက အမ်ဳိးသားတန္းတူေရးနဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ဆိုတဲ့ အမ်ဳိးသားလကၡဏာေပၚကေန ဒီျပႆနာကို စဥ္းစားပါတယ္။ ဒါေပမဲ့ အစိုးရနဲ႔ တပ္မေတာ္ဘက္က ဖယ္ဒရယ္ဒီမိုကေရစီလို႔ ေျပာေပမယ့္လဲ အစိုးရနဲ႔ တပ္မေတာ္ဘက္ အေျခခံစဥ္းစားတာက ဗဟိုခ်ဳပ္ကိုင္မႈ ေလွ်ာ့ခ်ၿပီးေတာ့ ျပည္နယ္ေတြကို တစတစ အာဏာတုိးေပးလိုက္တာမ်ဳိးကို စဥ္းစားပါတယ္။ အဲဒီေတာ့ ဒီအေျခခံ စဥ္းစားမႈ ကြဲလြဲေနတာကို တဘက္က အျပန္အလွန္ သေဘာေပါက္ၿပီးေတာ့ ဒီအေျခခံကိုက ေျပလည္ႏိုင္လိမ့္မယ္။
ေမး ။ ။ ေဒၚေအာင္ဆန္းစုၾကည္မိန္႔ခြန္းထဲမွာ ေျပာသြားတဲ့တစ္ခ်က္ကိုလဲ သတိထားမိပါတယ္။ တာဝန္ရိွတဲ့ ေခါင္းေဆာင္ေတြ ကိုယ့္တာဝန္ကို ျပတ္ျပတ္သားသားလုပ္ဖို႔၊ ပုဂၢိဳလ္ေရး၊ ႏုိင္ငံေရး၊ ကိုယ္က်ဳိးစီးပြားၾကည့္ၿပီး အခ်ိန္ဆြဲတာမ်ဳိးေတြ မလုပ္ဖို႔။ လုပ္တယ္ဆိုရင္လဲ ဒါက ၿငိမ္းခ်မ္းေရးကို ဖ်က္ဆီးရာ ေရာက္တယ္လို႔ သတိေပးသြားပါတယ္။ ဘယ္သူဘယ္ဝါဆိုတာကို ေျပာသြားတာေတာ့ မရိွပါဘူး။ ဆိုေတာ့ တိုးတက္မႈရေအာင္ လုပ္ႏိုင္ရက္နဲ႔ ဒီလို ကိုယ္က်ဳိးၾကည့္ၿပီးေတာ့ မလုပ္ဘူးလို႔ ေျပာႏိုင္တဲ့ကိစၥေတြ။ တကယ္ပဲ ရိွေနလို႔ အခုလိုေျပာသြားတာလား။ ဘယ္လိုယူဆပါသလဲ
ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ ဒါမ်ဳိးက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ ဒီလိုျပစ္တင္ေဝဖန္မႈမ်ဳိးက မလုပ္သင့္ဘူးလို႔ ထင္ပါတယ္။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို တကယ္စတာက ၂၀၁၁ ခုႏွစ္မွာ သမၼတဦးသိန္းစိန္မွာ ျပည္ေထာင္စုအစိုးရက ေခၚတာပါ။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို တကယ္တမ္း ေခၚဆိုႏိုင္သူက အစိုးရပဲ ျဖစ္ပါတယ္။ အဲဒီေတာ့ -- အစိုးရျဖစ္ျဖစ္၊ NLD အစိုးရပဲျဖစ္ျဖစ္ ဘာျဖစ္လို႔လဲဆိုေတာ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းကေန ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေဖာ္လို႔မရဘူး။ အစိုးရကပဲ ေဖာ္လုိ႔ရမယ္။ ဒီေန႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ဦးေဆာင္ေနတာသည္ အစိုးရ။ အဲဒီေတာ့ တကယ္တမ္းက ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ေအာင္ျမင္ဖို႔အတြက္ သြက္သြက္လက္လက္ အားေပးဖုိ႔လိုတယ္။ တြန္းတြန္းတိုက္တိုက္ လိုတယ္ဆိုရင္လဲ အဓိကေတာ့ အစိုးရက ဦးေဆာင္ၿပီးေတာ့ လုပ္ဖုိ႔လိုအပ္မယ္ ထင္ပါတယ္။ ဒါကေတာ့ က်ေနာ္က ျပည္ခိုင္ၿဖိဳး၊ NLD တို႔ကို ရည္ညႊန္းေျပာတာ မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တရပ္ရဲ ႔ အဓိကတာဝန္ခံမႈက တည္ဆဲအစိုးရ ျဖစ္တယ္ဆိုတာကို ေျပာခ်င္တာပါ။
ေမး ။ ။ (၅) နွစ္ျပည့္ မိန္႔ခြန္းေတြ၊ ထုတ္ျပန္ခ်က္ေတြမွာ ၿပီးခဲ့တဲ့ကာလအတြင္း ေအာင္ျမင္မႈေတြ၊ စိန္ေခၚမႈေတြကို သံုးသပ္တာေတြ ရိွပါတယ္။ ဒီေနရာမွာ ကြဲလြဲခ်က္ေတြ ရိွေနတာကိုလဲ သတိထားမိပါတယ္။ ဆိုေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ တဘက္နဲ႔တဘက္ ခ်ဥ္းကပ္ပံု အျမင္ေတြမွာ အဓိက ဘာေတြမ်ားကြဲလြဲေနလို႔ ေရွ ႔မတုိးႏုိင္ ျဖစ္ေနရတယ္လို႔ ဦးေမာင္ေမာင္စိုး နားလည္ထားသလဲ။
ေျဖ ။ ။ ေအာက္တိုဘာလ (၁၅) ရက္ NCA (၅) နွစ္ျပည့္မွာ Statements (၃) ခု ထြက္ပါတယ္။ တစ္ခုက NLD အစိုးရက ထုတ္တာပါ။ ေနာက္တစ္ခုက ကာကြယ္ေရးဦးစီးခ်ဳပ္က ထုတ္တာပါ။ ေနာက္တစ္ခုကေတာ့ EAO တုိိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ ထုတ္တာပါ။ အစိုးရရဲ ႔ ထုတ္ျပန္ခ်က္မွာ အပိုင္း (၃) ပိုင္း အဓိကပါတယ္။ ပထမပိုင္းကေတာ့ ၂၀၂၀ ေနာက္ပိုင္းမွာ NCA လက္မွတ္မထိုးေသးတဲ့ တုိင္းရင္းသားလက္နက္ကိုင္ေတြကိုလဲပဲ ႏုိင္ငံေရးေဆြးေႏြးပြဲ စားပြဲေရာက္ေအာင္ ႀကိဳးစားသြားမွာ ျဖစ္သလို၊ NCA လက္မွတ္ထိုးထားတဲ့ အပစ္အခတ္ရပ္စဲေရးကို အခိုင္အမာ ဆက္လုပ္သြားမယ္။ ဒုတိယပိုင္းမွာဆိုရင္ေတာ့ -- အစည္းအေဝးပြဲမွာ ျပည္နယ္အေျခခံေတြနဲ႔ ပတ္သက္ၿပီး ေရးဆြဲေရးကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားမယ္။ တတိယမွာ ဒီအေကာင္အထည္ေဖာ္ထားတဲ့ ဥပေဒေတြကို အေျခခံဥပေဒ ျပင္ဆင္ေရးမွာ ေဆာင္ရြက္သြားမယ္ဆိုၿပီး အစိုးရေၾကညာခ်က္မွာ ေတြ႔ပါတယ္။ တပ္မေတာ္ဘက္က ေၾကညာခ်က္မွာေတာ့ အဲဒီလို အေသးစိတ္ေတြ မပါဘူး။ တပ္မေတာ္ေၾကညာခ်က္မွာ ေဇာင္းေပးသြားတာကေတာ့ NCA လမ္းေၾကာင္းကေန ေလွ်ာက္မယ္ဆိုတဲ့ဟာကို ေဇာင္းေပးေျပာသြားတာကို ေတြ႔ရပါတယ္။ ဒီမွာ ထူးျခားတာတစ္ခုကေတာ့ NCA ထိုးထားတဲ့ EAO ေၾကညာခ်က္မွာ ထူးျခားတဲ့အခ်က္တစ္ခ်က္က ဘာလဲဆိုေတာ့ (၁) ႏိုင္ငံေရးေဆြးေႏြးပြဲ NCA နဲ႔ ပတ္သက္ၿပီး ႏုိင္ငံေရးေဆြးေႏြးလမ္းေၾကာင္းေပၚမွာ အားလံုးပါဝင္ႏိုင္ေရးကို သူတုိ႔ႀကိဳးစားသြားမယ္ဆိုတဲ့အခ်က္ကို ေဇာင္းေပးေဖာ္ျပထားတာကို ေတြ႔ရပါတယ္။ ဒုတိယတစ္ခ်က္အေနနဲ႔ ေျပာမယ္ဆိုရင္ ရခိုင္ျပည္နယ္ျပႆနာကို ႏိုင္ငံေရးအရ ေဆြးေႏြးေျဖရွင္းဖို႔ဆိုၿပီးေတာ့ key point ႏွစ္ခ်က္ကို ေထာက္ျပထားတာ ေတြ႔ရပါတယ္။ ဒီေၾကညာ (၃) ခုစလံုးကို ခ်ဳပ္ၿပီးေျပာမယ္ဆိုရင္ အစိုးရအေနနဲ႔ အဆင့္လိုက္သြားမယ့္လမ္းေၾကာင္းကို ေဖာ္ျပထားတာကို ေတြ႔ရတယ္။ တပ္မေတာ္ဘက္ကေတာ့ NCA လမ္းေၾကာင္းကို ေဖာ္ျပထားၿပီး၊ EAO ေတြဘက္က ေျပာမယ္ဆိုရင္ေတာ့ လက္ေတြ႔ေျဖရွင္းရမယ့္လမ္းေၾကာင္း ႏွစ္ခုကို ေထာက္ျပသြားတယ္လို႔ပဲ ျမင္ပါတယ္။
ေမး ။ ။ NCA လမ္းေၾကာင္းနဲ႔ပဲသြားသြား၊ ဘာနဲ႔ပဲသြားသြားေပါ့ ျမန္မာႏိုိင္ငံမွာ ၿငိမ္းခ်မ္းေရးရဖို႔ လိုတယ္ဆိုတာေတာ့ ေသခ်ာပါတယ္။ ၿငိမ္းခ်မ္းေရး၊ အပစ္အခတ္ရပ္စဲေရး ရဖို႔တုိ႔ လိုလားတယ္ဆိုၿပီးေတာ့ အားလံုးကလဲ ေျပာေနပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ တုိက္ပြဲေတြ စစ္ရိပ္စစ္ေငြ႔ေတြကလဲ သန္ေနတုန္းမွာ တိုက္ပြဲေတြရပ္ဖို႔၊ ၿငိမ္းခ်မ္းေရးရဖို႔ လတ္တေလာ အခင္းအက်င္းအရ ဘယ္ေလာက္မ်ား ေမွ်ာ္လင့္ႏိုင္မလဲ။ နိဂံုးခ်ဳပ္အေနနဲ႔ သိခ်င္ပါတယ္။
ေျဖ ။ ။ ခက္ေနတာက NCA ထိုးၿပီတဲ့အဖြဲ႔ေတြမွာ အဓိက ပစ္ခတ္မႈေတြ ရိွေနတာက KNU, RCSS တို႔ေပါ့။ လက္မွတ္ေရးထိုးတယ္၊ အပစ္ရပ္စဲထားေပမယ့္ တပ္ေနရာခ်ထားေရးမွာ ကြဲလြဲေနတယ္။ အဲဒီမွာ KNU တပ္မဟာ (၅) တင္းမာမႈေတြ ရိွေနတယ္။ ဒါေပမဲ့ ဒါကေတာ္ေသးတယ္ ေလာေလာဆယ္မွာေတာ့ တိုက္ခိုက္မႈေတြ မၾကားရဘူး။ ဒါေပမဲ့ RCSS နဲ႔ ပတ္သက္ၿပီးေတာ့ ဒီလပိုင္း အေစာပိုင္း (၁၀) ရက္ေလာက္ တုိက္ပြဲေတြ ဆက္တိုက္ျဖစ္ေနတာေတြကို ေတြ႔ရတယ္။ ဒီရက္ပိုင္းမွာေတာ့ မဟုတ္ပါဘူး။ အရင္လက္မွတ္ေရးထုိးထားၿပီးေနာက္ပိုင္း RCSS နဲ႔ တိုက္ပြဲေတြျဖစ္တာ အမ်ားဆံုး။ သံုးရာေက်ာ္ေလာက္ ရိွပါတယ္။ အဲဒီေတာ့ ဒီျပႆနာကို က်ေနာ္တို႔က JMC နဲ႔ ေျဖရွင္းမွာလား။ ဘာနဲ႔ေျဖရွင္းမလဲဆိုတာကို အာရံုစိုက္ၿပီးေတာ့ လုပ္ေဆာင္မႈေပးဖို႔ လိုအပ္ပါတယ္။ အဲဒါၿပီးရင္ေတာ့ ေျမာက္ပိုင္း (၇)ဖြဲ႔ေတြနဲ႔ KNPP လက္မွတ္မထိုးထားေသးတဲ့ အဖြဲ႔ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ေျဖရွင္းဖို႔ လိုအပ္ပါတယ္။ ေျဖရွင္းမယ္ဆိုရင္ေတာ့ ဝ၊ မိုင္းလား၊ SSDP, ေျမာက္ပိုင္း (၇) ဖြဲ႔ ဒီ (၃) ဖြဲ႔က bilateral ထိုးထားပါတယ္။ KNPP ေျမာက္ပိုင္း (၇) ဖြဲ႔ထဲမွာ မပါေပမယ့္ bilateral ထိုးၿပီးသားပါ။ အဲဒီေတာ့ က်န္တဲ့ (၄) ဖြဲ႔ bilateral ထိုးဖို႔ ျပႆနာ ရိွေနတယ္။ က်န္တဲ့ (၄) ဖြဲ႔ bilateral ထိုးဖို႔ထဲမွာ ေလာေလာဆယ္ ရခိုင္မွာက AA ကို အသိအမွတ္မျပဳႏိုင္ဘူး၊ ရခိုင္မွာ တည္ရိွခြင့္လည္း မျပဳႏိုင္ဘူး။ ေစာေစာပိုင္း လိုင္ဇာမွာ တည္ရိွပိုင္ခြင့္လည္း အခုမျပဳေတာ့ဘူးဆိုတဲ့အခါမွာ ဒီျပႆနာက လိပ္ခဲတင္းတင္း ျဖစ္ေနတယ္။ ဆုိေတာ့ ဒီျပႆနာကို AA ျပႆနာ၊ ရခုိင္မွာ AA တည္ရိွေနတဲ့ ျပႆနာ။ AA ကို bilateral ထုိးဖို႔ ျပႆနာက အဓိကျပႆနာ ျဖစ္ေနပါတယ္။ အဲဒါနဲ႔ AA နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔ေတြျဖစ္တဲ့ ကိုးကန္႔၊ KIA တုိ႔ကလဲ ေရြးေကာက္ပြဲ ၿပီးတဲ့အထိပဲ အပစ္ရပ္ထားတာ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ ရခိုင္မွာ စစ္ပြဲေတြ ျပင္းထန္လာရင္ ရွမ္းေျမာက္မွာေကာ ျဖစ္လာမလားဆိုတဲ့ အပိုင္းကို က်ေနာ္တို႔က သတိထားဖို႔ လုိပါတယ္။ တတိယအခ်က္အေနနဲ႔ KIA က ၂၀၀၈ စစ္ပြဲေတြေနာက္ပိုင္းမွာ ခ်ီေဗြနဲ႔ ေထာ့ေလာ္ၾကားထဲက စခန္းေတြကို ေနရာယူထားတဲ့အတြက္ေၾကာင့္ အဲဒီလမ္း ေဖာက္လို႔မရဘူး။ အဲဒီစခန္းေတြ ဖယ္ခိုင္းေနတဲ့ ျပႆနာကို မေျဖရွင္းႏုိင္ရင္ ကခ်င္မွာလဲ တုိက္ပြဲေတြ ေပၚလာမွာ။ ဆိုလိုတာကေတာ့ က်ေနာ္တို႔မွာ အပစ္အခတ္ရပ္စဲေရးနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံေရးေဆြးေႏြးပြဲနဲ႔ ပတ္သက္ၿပီး အပစ္အခတ္ ရပ္စဲေရးနဲ႔ ပတ္သက္ၿပီးေတာ့ လက္ေတြ႔က်က် ေျဖရွင္းရမယ့္ ျပႆနာေတြကို အာရံုစိုက္ ေျဖရွင္းဖို႔ လိုေသးတယ္လို႔ပဲ ေျပာခ်င္ပါတယ္။
ေမး ။ ။ အခုလို အခ်ိန္္ေပးၿပီး ေျဖၾကားေပးခဲ့တဲ့ တိုင္းရင္းသားေရးရာကၽြမ္းက်င္သူ ဦးေမာင္ေမာင္စိုးနဲ႔ ေသာတရွင္မ်ားကို ေက်းဇူးတင္ပါတယ္။
==Unicode==
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့တာ အခုဆိုရင် (၅) နှစ် ရှိသွားပါပြီ။ ဒီ (၅) နှစ်တာ ဖြတ်သန်းမှုအတွင်း အောင်မြင်မှုတွေ ဘယ်လောက်တောင် ရခဲ့သလဲ။ ရှေ့အနာဂတ်မှာ ဘာတွေမျှော်လင့်နိုင်မလဲ။ စိန်ခေါ်မှုတွေက ဘာတွေရှိနေသလဲဆိုတာကို တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုး ကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်း ဆွေးနွေးထားပါတယ်
မေး ။ ။ မင်္ဂလာပါ။ NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်က အခုဆိုရင် (၅) နှစ် သက်တမ်း ရှိသွားပါပြီ။ ၂၀၁၅ ခုနှစ်တုန်းက ပထမဦးဆုံး သဘောတူညီချက်ရတဲ့အချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့ ရှိခဲ့ရက အခုဆိုရင် နောက်ထပ် (၂) ဖွဲ့တိုးပြီး (၁၀) ဖွဲ့ ရှိနေပါပြီ။ ဆိုတော့ သဘောတူညီချက်ရတဲ့ အချိန်ကစလို့ ဒီ (၅) နှစ်တာ ကာလအတွင်း အဓိကအောင်မြင်မှုအနေနဲ့ ပြောပါဆိုရင် ဘာတွေများ ရှိမလဲ။
ဖြေ ။ ။ အဓိကတော့ ပြဿနာတွေ အများကြီးရှိတယ်။ ပြဿနာတွေအများကြီးအထဲက ပထမတစ်ချက်ပြောမယ်ဆိုရင် NCA ထိုးပြီးပြီဆိုတဲ့အထဲမှာက ကျနော်တို့က သဘောတူညီချက် မရဘူး။ NCA ထိုးပြီးတဲ့အထဲက ပထမတစ်ချက်ပြောမယ်ဆိုရင် တပ်နေရာချထားရေးနဲ့ ပတ်သက်ပြီးတော့ သဘောတူညီချက် မရကြဘူး။ ဥပမာဆို RCSS တပ်အင်အားတစုံတရာရှိတယ်။ လက်မှတ်ထိုးထားတယ့် RCSS, KNU တို့နဲ့ ပတ်သက်ပြီးတော့ တပ်နေရာချထားရေးမှာ သဘောတူညီချက် မရှိတော့ KNU ဖားပွန်ဧရီယာ၊ KNU တပ်မဟာ (၅) ဧရီယာမှာ တိုက်ပွဲတွေ ဖြစ်တယ်။ RCSS ဆိုလဲ အဲဒီလိုပဲ သူတို့ထိန်းချုပ်နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်တယ်။ RCSS ဆိုရင်တော့ တိုက်ပွဲတွေ အများဆုံး။ နှစ်ရာကျော်၊ သုံးရာလောက် လက်မှတ်ထိုးပြီးမှ ဖြစ်ခဲ့တယ်။ ဒါကလဲ bilateral လက်မှတ်ထိုး၊ NCA လက်မှတ်ထိုးပြီးနောက်ပိုင်းမှာ တပ်နေရာချထားရေး သဘောတူညီချက်မှာ နားလည်မှု အများကြီးကွဲပြားလာတယ်။ ကွဲပြားတဲ့အချိန်မှာ ဒီပြဿနာကို ကျနော်တို့က မဖြေရှင်းနိုင်ဘူး။ မဖြေရှင်းနိုင်တဲ့အခါမှာ ၂၀၁၈ နှစ်ကုန်ဆိုရင် KNU ကလဲ NCA သဘောတူညီချက်ပါ JMC တို့က ခေတ္တရပ်နားမယ်ဆိုတဲ့အထိ ဖြစ်လာတယ်။ RCSS ကလဲ တပ်ရပ်နားတယ်ဆိုတာ ဖြစ်လာတယ်။ ဒါကြောင့်မို့ NCA လုပ်ငန်းစဉ်ပြီး ၂၀၁၈ ကနေ ၂၀၁၉ တစ်နှစ်လုံး ရပ်ဆိုင်းသွားတယ်လို့ ပြောလို့ရတယ်။
NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီး ပြောရရင် ရခိုင်မှာကတော့ တိုက်ပွဲက ၂၀၂၀ အတွင်းမှာ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ၂၀၁၉ တုန်းကလဲ ပြင်းပြင်းထန်ထန် ဖြစ်တယ်။ လုံးဝဖြေရှင်းလို့ရမတဲ့ ပြဿနာ ဖြစ်နေတယ်။ အဲဒါ ရခိုင်ပြဿနာကလဲ သီးခြားပြဿနာတစ်ရပ်အနေနဲ့ မဟုတ်ဘဲနဲ့ မြောက်ပိုင်း နှစ်ဖွဲ့စလုံးရဲ့ ပြဿနာ ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ မြောက်ပိုင်းအဖွဲ့ကလဲ စတုတ္ထအကြိမ် ဖိတ်တဲ့အချိန်မှာလဲ AA ကို ပေးမတက်တာကြောင့် မတက်တာ တွေ့ရတယ်။ ဒါကြောင့်မို့ ပြဿနာကတော့ ဖြေရှင်းစရာတွေက များသေးတယ်လို့ ပြောနိုင်ပါတယ်.
မေး ။ ။ အခု NCA (၅) နှစ်ပြည့်မှာပဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်စတဲ့ အဓိကခေါင်းဆောင်တွေလည်း မိန့်ခွန်းတွေပြောတာကို တွေ့ရပါတယ်။ အစိုးရနဲ့ ထိပ်တန်းခေါင်းဆောင်တွေရဲ့ မိန့်ခွန်းတွေထဲမှာလဲ NCA (၅) နှစ်တာကာလအတွင်း ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို အသိအမှတ်ပြု၊ လက်ခံပြောသွားတာတွေကို တွေ့ရပါတယ်။ ဥပမာ NCA သဘောတူညီချက်ထဲမှာ အရေးကြီးတဲ့ အမျိုးသားအဆင့်၊ နိုင်ငံရေးအဆင့် ဆွေးနွေးပွဲဆိုတာကို အဖြစ်လောက်ပဲ ထည့်ထားတာတွေက - မကောင်းဘူးဆိုတာမျိုး ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းထဲမှာ ထည့်ပြောပါတယ်။ ဒီလိုကိစ္စတွေက NCA လမ်းကြောင်းမှာ ဘယ်လောက်အထိ အဟန့်အတား ဖြစ်ခဲ့တယ်လို့ ယူဆပါလဲ။
ဖြေ ။ ။ စဉ်းစားမှု ကွဲလွဲမှု ရှိနေတာတွေကို ကျနော့်အမြင်ပြောရရင် အစိုးရနဲ့ တပ်မတော်။ အဓိကတပ်မတော်ဘက်က လက်ရှိဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ပြဿနာကို ဖြေရှင်းဖို့ ဇောင်းပေးပြီး စဉ်းစားတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလက်နက်ကိုင်ဘက်က ပြောမယ်ဆိုရင်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ သူတို့ရဲ့ အမျိုးသားတန်းတူရေး ပြဿနာတွေကို ဇောင်းပေးပြီး စဉ်းစားတယ် ထင်ပါတယ်။ အဲဒီအချက် ဆွေးနွေးမှုနှစ်ခုက စဉ်းစားမှုအခြေခံ မတူညီပါဘူး။ ဒါ့အပြင် နိုင်ငံရေးဆွေးနွေးမှုတွေမှာ မပြေလည်တာကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအဖို့က ဘာကိုအခြေခံ စဉ်းစားသလဲဆိုတော့ ယနေ့ပြည်ထောင်စုသည် ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက် အခြေခံပေါ်မှာ ပေါ်လာတဲ့ ပြည်ထောင်စု ဖြစ်တယ်ဆိုတဲ့ အခြေခံမူပေါ် ဖြစ်တဲ့အတွက်ဆိုတဲ့ နိုင်ငံရေးသဘောထားတွေကို ဆွေးနွေးပါတယ်။ အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ဒီ ၄၇ ခုနှစ် သဘောတူညီချက်ကို အသိအမှတ်ပြုဖို့ ဝန်လေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ၄၇ သဘောတူညီချက်မှာ ခွဲထုတ်လိုက ခွဲထွက်နိုင်ခွင့်နဲ့ (၁၀) နှစ်အတွင်း ခွဲထွက်ခွင့်ပေးမယ်တို့ သဘောတူညီချက်ကို သူတို့ သဘောမတူပါဘူး။ သူတို့အနေနဲ့ကတော့ ဒီနေ့အခြေအနေနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့ဆိုတဲ့ဘက်က စဉ်းစားပါတယ်။ ပထမအချက်မှာ စဉ်းစားမှုက အခြေခံလွဲပါတယ်။ ဒုတိယအချက်အရ ပြောမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က စဉ်းစားတာက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတဲ့ အမျိုးသားလက္ခဏာပေါ်ကနေ ဒီပြဿနာကို စဉ်းစားပါတယ်။ ဒါပေမဲ့ အစိုးရနဲ့ တပ်မတော်ဘက်က ဖယ်ဒရယ်ဒီမိုကရေစီလို့ ပြောပေမယ့်လဲ အစိုးရနဲ့ တပ်မတော်ဘက် အခြေခံစဉ်းစားတာက ဗဟိုချုပ်ကိုင်မှု လျှော့ချပြီးတော့ ပြည်နယ်တွေကို တစတစ အာဏာတိုးပေးလိုက်တာမျိုးကို စဉ်းစားပါတယ်။ အဲဒီတော့ ဒီအခြေခံ စဉ်းစားမှု ကွဲလွဲနေတာကို တဘက်က အပြန်အလှန် သဘောပေါက်ပြီးတော့ ဒီအခြေခံကိုက ပြေလည်နိုင်လိမ့်မယ်။
မေး ။ ။ ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းထဲမှာ ပြောသွားတဲ့တစ်ချက်ကိုလဲ သတိထားမိပါတယ်။ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ ကိုယ့်တာဝန်ကို ပြတ်ပြတ်သားသားလုပ်ဖို့၊ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ ကိုယ်ကျိုးစီးပွားကြည့်ပြီး အချိန်ဆွဲတာမျိုးတွေ မလုပ်ဖို့။ လုပ်တယ်ဆိုရင်လဲ ဒါက ငြိမ်းချမ်းရေးကို ဖျက်ဆီးရာ ရောက်တယ်လို့ သတိပေးသွားပါတယ်။ ဘယ်သူဘယ်ဝါဆိုတာကို ပြောသွားတာတော့ မရှိပါဘူး။ ဆိုတော့ တိုးတက်မှုရအောင် လုပ်နိုင်ရက်နဲ့ ဒီလို ကိုယ်ကျိုးကြည့်ပြီးတော့ မလုပ်ဘူးလို့ ပြောနိုင်တဲ့ကိစ္စတွေ။ တကယ်ပဲ ရှိနေလို့ အခုလိုပြောသွားတာလား။ ဘယ်လိုယူဆပါသလဲ
ဖြေ ။ ။ ကျနော့်အမြင်ကတော့ ဒါမျိုးက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီလိုပြစ်တင်ဝေဖန်မှုမျိုးက မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တကယ်စတာက ၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန်မှာ ပြည်ထောင်စုအစိုးရက ခေါ်တာပါ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တကယ်တမ်း ခေါ်ဆိုနိုင်သူက အစိုးရပဲ ဖြစ်ပါတယ်။ အဲဒီတော့ -- အစိုးရဖြစ်ဖြစ်၊ NLD အစိုးရပဲဖြစ်ဖြစ် ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်လို့မရဘူး။ အစိုးရကပဲ ဖော်လို့ရမယ်။ ဒီနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်နေတာသည် အစိုးရ။ အဲဒီတော့ တကယ်တမ်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် သွက်သွက်လက်လက် အားပေးဖို့လိုတယ်။ တွန်းတွန်းတိုက်တိုက် လိုတယ်ဆိုရင်လဲ အဓိကတော့ အစိုးရက ဦးဆောင်ပြီးတော့ လုပ်ဖို့လိုအပ်မယ် ထင်ပါတယ်။ ဒါကတော့ ကျနော်က ပြည်ခိုင်ဖြိုး၊ NLD တို့ကို ရည်ညွှန်းပြောတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တရပ်ရဲ့ အဓိကတာဝန်ခံမှုက တည်ဆဲအစိုးရ ဖြစ်တယ်ဆိုတာကို ပြောချင်တာပါ။
မေး ။ ။ (၅) နှစ်ပြည့် မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေမှာ ပြီးခဲ့တဲ့ကာလအတွင်း အောင်မြင်မှုတွေ၊ စိန်ခေါ်မှုတွေကို သုံးသပ်တာတွေ ရှိပါတယ်။ ဒီနေရာမှာ ကွဲလွဲချက်တွေ ရှိနေတာကိုလဲ သတိထားမိပါတယ်။ ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တဘက်နဲ့တဘက် ချဉ်းကပ်ပုံ အမြင်တွေမှာ အဓိက ဘာတွေများကွဲလွဲနေလို့ ရှေ့မတိုးနိုင် ဖြစ်နေရတယ်လို့ ဦးမောင်မောင်စိုး နားလည်ထားသလဲ။
ဖြေ ။ ။ အောက်တိုဘာလ (၁၅) ရက် NCA (၅) နှစ်ပြည့်မှာ Statements (၃) ခု ထွက်ပါတယ်။ တစ်ခုက NLD အစိုးရက ထုတ်တာပါ။ နောက်တစ်ခုက ကာကွယ်ရေးဦးစီးချုပ်က ထုတ်တာပါ။ နောက်တစ်ခုကတော့ EAO တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထုတ်တာပါ။ အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အပိုင်း (၃) ပိုင်း အဓိကပါတယ်။ ပထမပိုင်းကတော့ ၂၀၂၀ နောက်ပိုင်းမှာ NCA လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကိုလဲပဲ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲရောက်အောင် ကြိုးစားသွားမှာ ဖြစ်သလို၊ NCA လက်မှတ်ထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးကို အခိုင်အမာ ဆက်လုပ်သွားမယ်။ ဒုတိယပိုင်းမှာဆိုရင်တော့ -- အစည်းအဝေးပွဲမှာ ပြည်နယ်အခြေခံတွေနဲ့ ပတ်သက်ပြီး ရေးဆွဲရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်။ တတိယမှာ ဒီအကောင်အထည်ဖော်ထားတဲ့ ဥပဒေတွေကို အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဆောင်ရွက်သွားမယ်ဆိုပြီး အစိုးရကြေညာချက်မှာ တွေ့ပါတယ်။ တပ်မတော်ဘက်က ကြေညာချက်မှာတော့ အဲဒီလို အသေးစိတ်တွေ မပါဘူး။ တပ်မတော်ကြေညာချက်မှာ ဇောင်းပေးသွားတာကတော့ NCA လမ်းကြောင်းကနေ လျှောက်မယ်ဆိုတဲ့ဟာကို ဇောင်းပေးပြောသွားတာကို တွေ့ရပါတယ်။ ဒီမှာ ထူးခြားတာတစ်ခုကတော့ NCA ထိုးထားတဲ့ EAO ကြေညာချက်မှာ ထူးခြားတဲ့အချက်တစ်ချက်က ဘာလဲဆိုတော့ (၁) နိုင်ငံရေးဆွေးနွေးပွဲ NCA နဲ့ ပတ်သက်ပြီး နိုင်ငံရေးဆွေးနွေးလမ်းကြောင်းပေါ်မှာ အားလုံးပါဝင်နိုင်ရေးကို သူတို့ကြိုးစားသွားမယ်ဆိုတဲ့အချက်ကို ဇောင်းပေးဖော်ပြထားတာကို တွေ့ရပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်ပြဿနာကို နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းဖို့ဆိုပြီးတော့ key point နှစ်ချက်ကို ထောက်ပြထားတာ တွေ့ရပါတယ်။ ဒီကြေညာ (၃) ခုစလုံးကို ချုပ်ပြီးပြောမယ်ဆိုရင် အစိုးရအနေနဲ့ အဆင့်လိုက်သွားမယ့်လမ်းကြောင်းကို ဖော်ပြထားတာကို တွေ့ရတယ်။ တပ်မတော်ဘက်ကတော့ NCA လမ်းကြောင်းကို ဖော်ပြထားပြီး၊ EAO တွေဘက်က ပြောမယ်ဆိုရင်တော့ လက်တွေ့ဖြေရှင်းရမယ့်လမ်းကြောင်း နှစ်ခုကို ထောက်ပြသွားတယ်လို့ပဲ မြင်ပါတယ်။
မေး ။ ။ NCA လမ်းကြောင်းနဲ့ပဲသွားသွား၊ ဘာနဲ့ပဲသွားသွားပေါ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ လိုတယ်ဆိုတာတော့ သေချာပါတယ်။ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး ရဖို့တို့ လိုလားတယ်ဆိုပြီးတော့ အားလုံးကလဲ ပြောနေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တိုက်ပွဲတွေ စစ်ရိပ်စစ်ငွေ့တွေကလဲ သန်နေတုန်းမှာ တိုက်ပွဲတွေရပ်ဖို့၊ ငြိမ်းချမ်းရေးရဖို့ လတ်တလော အခင်းအကျင်းအရ ဘယ်လောက်များ မျှော်လင့်နိုင်မလဲ။ နိဂုံးချုပ်အနေနဲ့ သိချင်ပါတယ်။
ဖြေ ။ ။ ခက်နေတာက NCA ထိုးပြီတဲ့အဖွဲ့တွေမှာ အဓိက ပစ်ခတ်မှုတွေ ရှိနေတာက KNU, RCSS တို့ပေါ့။ လက်မှတ်ရေးထိုးတယ်၊ အပစ်ရပ်စဲထားပေမယ့် တပ်နေရာချထားရေးမှာ ကွဲလွဲနေတယ်။ အဲဒီမှာ KNU တပ်မဟာ (၅) တင်းမာမှုတွေ ရှိနေတယ်။ ဒါပေမဲ့ ဒါကတော်သေးတယ် လောလောဆယ်မှာတော့ တိုက်ခိုက်မှုတွေ မကြားရဘူး။ ဒါပေမဲ့ RCSS နဲ့ ပတ်သက်ပြီးတော့ ဒီလပိုင်း အစောပိုင်း (၁၀) ရက်လောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာတွေကို တွေ့ရတယ်။ ဒီရက်ပိုင်းမှာတော့ မဟုတ်ပါဘူး။ အရင်လက်မှတ်ရေးထိုးထားပြီးနောက်ပိုင်း RCSS နဲ့ တိုက်ပွဲတွေဖြစ်တာ အများဆုံး။ သုံးရာကျော်လောက် ရှိပါတယ်။ အဲဒီတော့ ဒီပြဿနာကို ကျနော်တို့က JMC နဲ့ ဖြေရှင်းမှာလား။ ဘာနဲ့ဖြေရှင်းမလဲဆိုတာကို အာရုံစိုက်ပြီးတော့ လုပ်ဆောင်မှုပေးဖို့ လိုအပ်ပါတယ်။ အဲဒါပြီးရင်တော့ မြောက်ပိုင်း (၇)ဖွဲ့တွေနဲ့ KNPP လက်မှတ်မထိုးထားသေးတဲ့ အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ဖြေရှင်းမယ်ဆိုရင်တော့ ဝ၊ မိုင်းလား၊ SSDP, မြောက်ပိုင်း (၇) ဖွဲ့ ဒီ (၃) ဖွဲ့က bilateral ထိုးထားပါတယ်။ KNPP မြောက်ပိုင်း (၇) ဖွဲ့ထဲမှာ မပါပေမယ့် bilateral ထိုးပြီးသားပါ။ အဲဒီတော့ ကျန်တဲ့ (၄) ဖွဲ့ bilateral ထိုးဖို့ ပြဿနာ ရှိနေတယ်။ ကျန်တဲ့ (၄) ဖွဲ့ bilateral ထိုးဖို့ထဲမှာ လောလောဆယ် ရခိုင်မှာက AA ကို အသိအမှတ်မပြုနိုင်ဘူး၊ ရခိုင်မှာ တည်ရှိခွင့်လည်း မပြုနိုင်ဘူး။ စောစောပိုင်း လိုင်ဇာမှာ တည်ရှိပိုင်ခွင့်လည်း အခုမပြုတော့ဘူးဆိုတဲ့အခါမှာ ဒီပြဿနာက လိပ်ခဲတင်းတင်း ဖြစ်နေတယ်။ ဆိုတော့ ဒီပြဿနာကို AA ပြဿနာ၊ ရခိုင်မှာ AA တည်ရှိနေတဲ့ ပြဿနာ။ AA ကို bilateral ထိုးဖို့ ပြဿနာက အဓိကပြဿနာ ဖြစ်နေပါတယ်။ အဲဒါနဲ့ AA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ KIA တို့ကလဲ ရွေးကောက်ပွဲ ပြီးတဲ့အထိပဲ အပစ်ရပ်ထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ ရခိုင်မှာ စစ်ပွဲတွေ ပြင်းထန်လာရင် ရှမ်းမြောက်မှာကော ဖြစ်လာမလားဆိုတဲ့ အပိုင်းကို ကျနော်တို့က သတိထားဖို့ လိုပါတယ်။ တတိယအချက်အနေနဲ့ KIA က ၂၀၀၈ စစ်ပွဲတွေနောက်ပိုင်းမှာ ချီဗွေနဲ့ ထော့လော်ကြားထဲက စခန်းတွေကို နေရာယူထားတဲ့အတွက်ကြောင့် အဲဒီလမ်း ဖောက်လို့မရဘူး။ အဲဒီစခန်းတွေ ဖယ်ခိုင်းနေတဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် ကချင်မှာလဲ တိုက်ပွဲတွေ ပေါ်လာမှာ။ ဆိုလိုတာကတော့ ကျနော်တို့မှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ လက်တွေ့ကျကျ ဖြေရှင်းရမယ့် ပြဿနာတွေကို အာရုံစိုက် ဖြေရှင်းဖို့ လိုသေးတယ်လို့ပဲ ပြောချင်ပါတယ်။
မေး ။ ။ အခုလို အချိန်ပေးပြီး ဖြေကြားပေးခဲ့တဲ့ တိုင်းရင်းသားရေးရာကျွမ်းကျင်သူ ဦးမောင်မောင်စိုးနဲ့ သောတရှင်များကို ကျေးဇူးတင်ပါတယ်။