သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖာပြန္တဝိုက္ KNU နဲ႔ ျမန္မာစစ္တပ္ တိုက္ပဲြဆက္ျဖစ္ေန


KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဇန္နဝါရီ ၃၁၊ ၂၀၀၄)

(Zawgyi / Unicode)

ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားတဲ့ KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး ဖာပြန္ခ႐ုိင္ တပ္မဟာ ၅ တပ္ဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔အၾကား ဖာပြန္ၿမိဳ႕နယ္ မဲဝုိင္ေဒသမွာ တိုက္ပြဲ ဆက္လက္ျဖစ္ပြားေနပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

KNU ကရင္အမ်ိဳးသားအစည္းအ႐ုံး လႈပ္ရွားေဒသမွာ တပ္မေတာ္ တပ္စခန္းေတြနဲ႔ ထပ္မံတိုးခ်ဲ႕ တပ္စခန္းေတြကို ဒီႏွစ္ကုန္ ေနာက္ဆုံးထား ႐ုပ္သိမ္းေပးဖို႔ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ကေန ေတာင္းဆုိထားအၿပီး ဒီလအတြင္း တိုက္ပြဲျဖစ္ပြားလာေနတာပါ။

ဖာပြန္ၿမိဳ႕နယ္ မဲဝုိင္ေဒသမွာ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ ၅ တပ္ရင္း ၁၀၂ တပ္ဖြဲ႔အၾကား တိုက္ပြဲျဖစ္ပြားေနဆဲလို႔ ဖာပြန္ခ႐ုိင္္ KNU တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္းက ေျပာပါတယ္။

“ေန႔စဥ္လိုလိုေတာ့ က်ေနာ္တုိ႔ ကြက္ၾကားကြက္ၾကားေတာ့ ျဖစ္ေနတယ္လို႔ေတာ့ ရွိတာေပါ့ဗ်ာ။ အဓိကကေတာ့ အစိုးရစစ္တပ္ဘက္က ဒီကၽြံလာတဲ့အေပၚမွာကိုပဲ မူတည္တာေပါ့ဗ်ာ။”

ဒီဇင္ဘာလ ၁၇ ရက္ေန႔မွာလည္း ဖာပြန္ၿမိဳ႕နယ္ ေထာ္မဲထာေက်းရြာဘက္မွာ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ သူကဆိုပါတယ္။

ေဒသတြင္း သတင္းေတြအရ ဒီတိုက္ပြဲမွာ ႏွစ္ဖက္ထိခိုက္မႈ ရွိခဲ့သလို ျမန္မာစစ္တပ္က စစ္သည္တခ်ိဳ႕ ဖမ္းဆီးခံရတယ္လို႔ သတင္းေပၚထြက္ေနေပမယ့္ သီးျခား အတည္မျပဳႏုိင္ေသးပါဘူး။

ဖာပြန္ၿမိဳ႕နယ္က တပ္မေတာ္စခန္းရွိရာ မဲဝိုင္ေက်းရြာနဲ႔ အနီးဝန္းက်င္ကို KNU တပ္မဟာ ၅ အဖြဲ႔က ဒီဇင္ဘာ ၁၅ ရက္ေန႔မွာ စၿပီး ပစ္ခတ္တုိက္ခုိက္ခဲ့တာေၾကာင့္ ထိခုိက္ေသေက်မႈေတြ ရွိခဲ့သလို ဒီတိုက္ခုိက္မႈအတြက္ တုံ႔ျပန္သြားမယ္လုိ႔လည္း တပ္မေတာ္ ေျပာေရးဆိုခြင့္ရွိသူက ေျပာပါတယ္။

ဒီတိုက္ခိုက္မႈအၿပီး ဖာပြန္ေဒသဘက္ကို ျမန္မာစစ္တပ္နဲ႔ ကရင္နယ္ျခားေစာင့္တပ္ BGF တို႔ ပူးေပါင္းအင္အားေတြ ထပ္မံ ျဖည့္တင္းလာခဲ့တာပါ။

ဖာပြန္ေဒသေရာက္ ကရင္နယ္ျခားေစာင့္တပ္ BGF တပ္မွဴးတဦးကေတာ့ မဲဝုိင္ေဒသဘက္မွာ တိုက္ပြဲျဖစ္ပြားေနတယ္လို႔ ဆိုပါတယ္။

“ဖာပြန္ဘက္မွာ ၁၇ ရက္ေန႔ ထပ္ျဖစ္တယ္လို႔၊ အဲဒါ အႀကီး (လက္နက္ႀကီး) နဲ႔ပဲေလ တေယာက္ေယာက္ အေဝးကေန လွမ္းတြယ္ပစ္ေတာ့။ မေန႔ကေတာ့ က်ေနာ့္တပ္နယ္မွဴးက သူ႔လူနဲ႔ အဆက္အသြယ္ရတယ္တဲ့။ KNU က သူတို႔ကို (တပ္မေတာ္) အရင္လာပစ္တယ္ေလ။ ေနရာဆုတ္ခိုင္းတာ ေျမယာလုတာေပါ့ကြာ။”

မဲဝုိင္ေဒသဘက္မွာ တိုက္ပြဲျဖစ္ပြားလာေနတာနဲ႔အတူ ေဒသခံရြာသား ၃၀၀ နီးပါး စစ္ေဘးတိမ္းေရွာင္ေနရဆဲလို႔ KNU တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္းက ေျပာပါတယ္။

“ရြာနဲ႔ ေဝးေဝးလံလံကို သူတို႔ သိပ္ေရွာင္တာမဟုတ္ဘဲနဲ႔ သူတို႕ရြာနီးခ်ဳပ္စပ္နဲ႔ က်ည္လြတ္ရာေနရာကိုပဲ ေရွာင္တဲ့အတြက္ေၾကာင့္ သူတို႔အတြက္ကေတာ့ ရြာနဲ႔ အဝင္အထြက္ အဆက္အသြယ္ကေတာ့ ရွိၾကတာေပါ့ေနာ္။ လူဦးေရ ၂၀၀ ေက်ာ္ ၃၀၀ နီးပါးေလာက္ ရွိမွာေပါ့ေနာ္။”

ဖာပြန္ေဒသဘက္ စစ္ပြဲၿငိမ္သက္ေရးအတြက္ တပ္မေတာ္ဘက္က တပ္ဆုတ္ေပးမယ့္ အေျခအေနအေပၚ မူတည္တယ္လို႔ ပဒိုမန္းမန္းက ဆက္ေျပာပါတယ္။

“KNLA ဘက္က ေတာင္းဆိုထားတဲ့ ႏွစ္ကုန္ လကုန္အထိေပါ့ဗ်ာ အဲဒီလက္က်န္အထိကိုေတာ့ ဘယ္ေလာက္အထိ အေကာင္အထည္ေဖာ္ ျပန္ဆုတ္ေပးႏုိင္မလဲေပါ့ဗ်ာ။ အဲဒီအေပၚမွာပဲ တိုက္ပြဲရဲ႕ ျဖစ္လာႏုိင္၏ မျဖစ္ႏုိင္သည္အေပၚ ဒီ ျမန္မာအစိုးရ စစ္တပ္ေတြရဲ႕အေပၚမွာ မူတည္တယ္လို႔ပဲ ေျပာရမွာျဖစ္ပါတယ္။”

ဖာပြန္ေဒသဘက္ ျမန္မာတပ္မေတာ္နဲ႔ KNU တို႔အၾကား စစ္ေရးတင္းမာမႈ အေျခအေနနဲ႔ ပတ္သက္လို႔ သိရွိဖို႔ တပ္မေတာ္ဘက္ကုိ ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။

ဖာပြန္ မဲဝိုင္ေဒသအနီး ဒီဇင္ဘာ ၁၅ ရက္ေန႔တိုက္ပြဲမွာ တပ္မေတာ္ဘက္က နယ္ေျမေက်ာ္လြန္ စစ္ခ်ီလာလို႔ တိုက္ပြဲျဖစ္ပြားတာလို႔ KNLA ဘက္က ဒီဇင္ဘာလ ၁၆ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့သလို အဲဒီေဒသမွာ အုပ္ခ်ဳပ္မႈကိစၥ ေဆာင္ရြက္ေနတဲ့ တပ္မေတာ္သားေတြကို KNLA တပ္မဟာ ၅ က မိုင္းဆြဲတိုက္ခိုက္ခဲ့ေၾကာင္း တပ္မေတာ္ဘက္က ဒီဇင္ဘာလ ၁၅ ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇူလုိင္လ ၁၆ ရက္ေန႔က ဖာပြန္ၿမဳိ႕နယ္၊ ပုိလုိထာေက်းရြာေန အမ်ဳိးသမီးတဦးကုိ အမွတ္ ၈ စစ္ကြပ္ကဲေရးဌာနခ်ဳပ္ (စကခ) လက္ေအာက္ခံ တပ္မေတာ္သားႏွစ္ဦးက ပစ္သတ္ခဲ့ၿပီးေနာက္ပိုင္း ေဒသတြင္း ျမန္မာစစ္တပ္စခန္း ႐ုပ္သိမ္းေရး ေဒသခံေထာင္နဲ႔ခ်ီ ေတာင္းဆိုမႈေတြလည္း ေပၚေပါက္ခဲ့ပါတယ္။

ဒီဇင္ဘာ ၁ ရက္ေန႔မွာလည္း ျမန္မာစစ္တပ္စခန္းေတြ ဒီဇင္ဘာလအကုန္ ႐ုပ္သိမ္းေပးဖို႔နဲ႔ ပ်က္ကြက္ခဲ့မယ္ဆုိရင္ အမ်ိဳးသားေရးနဲ႔ နယ္ေျမလုံၿခံဳေရးအတြက္ လုိအပ္သလုိ ေဆာင္ရြက္မွာျဖစ္ေၾကာင္း ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ကေန သတင္းထုတ္ျပန္ထားပါတယ္။

KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္ လက္မွတ္ေရးထိုးထားေပမယ့္ ဖာပြန္ခ႐ုိင္ဘက္မွာ တပ္မေတာ္ကေန လမ္းေဖာက္လုပ္ေနမႈနဲ႔ ပတ္သက္လုိ႔ KNU တပ္မဟာ ၅ အၾကား ၂၀၁၈ ခုႏွစ္ မတ္လကစတင္ၿပီး ႏွစ္ဖက္ စစ္ေရးပဋိပကၡေတြ စတင္ျဖစ္ပြားခဲ့တာ ဒီ ၂၀၂၀ ႏွစ္ကုန္အထိ ရွိေနဆဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ဖာပွန်တဝိုက် KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲဆက်ဖြစ်နေ

မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင် တပ်မဟာ ၅ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး လှုပ်ရှားဒေသမှာ တပ်မတော် တပ်စခန်းတွေနဲ့ ထပ်မံတိုးချဲ့ တပ်စခန်းတွေကို ဒီနှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကနေ တောင်းဆိုထားအပြီး ဒီလအတွင်း တိုက်ပွဲဖြစ်ပွားလာနေတာပါ။

ဖာပွန်မြို့နယ် မဲဝိုင်ဒေသမှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ ၅ တပ်ရင်း ၁၀၂ တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားနေဆဲလို့ ဖာပွန်ခရိုင် KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောပါတယ်။

“နေ့စဉ်လိုလိုတော့ ကျနော်တို့ ကွက်ကြားကွက်ကြားတော့ ဖြစ်နေတယ်လို့တော့ ရှိတာပေါ့ဗျာ။ အဓိကကတော့ အစိုးရစစ်တပ်ဘက်က ဒီကျွံလာတဲ့အပေါ်မှာကိုပဲ မူတည်တာပေါ့ဗျာ။”

ဒီဇင်ဘာလ ၁၇ ရက်နေ့မှာလည်း ဖာပွန်မြို့နယ် ထော်မဲထာကျေးရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သူကဆိုပါတယ်။

ဒေသတွင်း သတင်းတွေအရ ဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှု ရှိခဲ့သလို မြန်မာစစ်တပ်က စစ်သည်တချို့ ဖမ်းဆီးခံရတယ်လို့ သတင်းပေါ်ထွက်နေပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဖာပွန်မြို့နယ်က တပ်မတော်စခန်းရှိရာ မဲဝိုင်ကျေးရွာနဲ့ အနီးဝန်းကျင်ကို KNU တပ်မဟာ ၅ အဖွဲ့က ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေကျေမှုတွေ ရှိခဲ့သလို ဒီတိုက်ခိုက်မှုအတွက် တုံ့ပြန်သွားမယ်လို့လည်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအပြီး ဖာပွန်ဒေသဘက်ကို မြန်မာစစ်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းအင်အားတွေ ထပ်မံ ဖြည့်တင်းလာခဲ့တာပါ။

ဖာပွန်ဒေသရောက် ကရင်နယ်ခြားစောင့်တပ် BGF တပ်မှူးတဦးကတော့ မဲဝိုင်ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

“ဖာပွန်ဘက်မှာ ၁၇ ရက်နေ့ ထပ်ဖြစ်တယ်လို့၊ အဲဒါ အကြီး (လက်နက်ကြီး) နဲ့ပဲလေ တယောက်ယောက် အဝေးကနေ လှမ်းတွယ်ပစ်တော့။ မနေ့ကတော့ ကျနော့်တပ်နယ်မှူးက သူ့လူနဲ့ အဆက်အသွယ်ရတယ်တဲ့။ KNU က သူတို့ကို (တပ်မတော်) အရင်လာပစ်တယ်လေ။ နေရာဆုတ်ခိုင်းတာ မြေယာလုတာပေါ့ကွာ။”

မဲဝိုင်ဒေသဘက်မှာ တိုက်ပွဲဖြစ်ပွားလာနေတာနဲ့အတူ ဒေသခံရွာသား ၃၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရဆဲလို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောပါတယ်။

“ရွာနဲ့ ဝေးဝေးလံလံကို သူတို့ သိပ်ရှောင်တာမဟုတ်ဘဲနဲ့ သူတို့ရွာနီးချုပ်စပ်နဲ့ ကျည်လွတ်ရာနေရာကိုပဲ ရှောင်တဲ့အတွက်ကြောင့် သူတို့အတွက်ကတော့ ရွာနဲ့ အဝင်အထွက် အဆက်အသွယ်ကတော့ ရှိကြတာပေါ့နော်။ လူဦးရေ ၂၀၀ ကျော် ၃၀၀ နီးပါးလောက် ရှိမှာပေါ့နော်။”

ဖာပွန်ဒေသဘက် စစ်ပွဲငြိမ်သက်ရေးအတွက် တပ်မတော်ဘက်က တပ်ဆုတ်ပေးမယ့် အခြေအနေအပေါ် မူတည်တယ်လို့ ပဒိုမန်းမန်းက ဆက်ပြောပါတယ်။

“KNLA ဘက်က တောင်းဆိုထားတဲ့ နှစ်ကုန် လကုန်အထိပေါ့ဗျာ အဲဒီလက်ကျန်အထိကိုတော့ ဘယ်လောက်အထိ အကောင်အထည်ဖော် ပြန်ဆုတ်ပေးနိုင်မလဲပေါ့ဗျာ။ အဲဒီအပေါ်မှာပဲ တိုက်ပွဲရဲ့ ဖြစ်လာနိုင်၏ မဖြစ်နိုင်သည်အပေါ် ဒီ မြန်မာအစိုးရ စစ်တပ်တွေရဲ့အပေါ်မှာ မူတည်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။”

ဖာပွန်ဒေသဘက် မြန်မာတပ်မတော်နဲ့ KNU တို့အကြား စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ သိရှိဖို့ တပ်မတော်ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ဖာပွန် မဲဝိုင်ဒေသအနီး ဒီဇင်ဘာ ၁၅ ရက်နေ့တိုက်ပွဲမှာ တပ်မတော်ဘက်က နယ်မြေကျော်လွန် စစ်ချီလာလို့ တိုက်ပွဲဖြစ်ပွားတာလို့ KNLA ဘက်က ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့သလို အဲဒီဒေသမှာ အုပ်ချုပ်မှုကိစ္စ ဆောင်ရွက်နေတဲ့ တပ်မတော်သားတွေကို KNLA တပ်မဟာ ၅ က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်ဘက်က ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ဖာပွန်မြို့နယ်၊ ပိုလိုထာကျေးရွာနေ အမျိုးသမီးတဦးကို အမှတ် ၈ စစ်ကွပ်ကဲရေးဌာနချုပ် (စကခ) လက်အောက်ခံ တပ်မတော်သားနှစ်ဦးက ပစ်သတ်ခဲ့ပြီးနောက်ပိုင်း ဒေသတွင်း မြန်မာစစ်တပ်စခန်း ရုပ်သိမ်းရေး ဒေသခံထောင်နဲ့ချီ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာလည်း မြန်မာစစ်တပ်စခန်းတွေ ဒီဇင်ဘာလအကုန် ရုပ်သိမ်းပေးဖို့နဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် အမျိုးသားရေးနဲ့ နယ်မြေလုံခြုံရေးအတွက် လိုအပ်သလို ဆောင်ရွက်မှာဖြစ်ကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ကနေ သတင်းထုတ်ပြန်ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားပေမယ့် ဖာပွန်ခရိုင်ဘက်မှာ တပ်မတော်ကနေ လမ်းဖောက်လုပ်နေမှုနဲ့ ပတ်သက်လို့ KNU တပ်မဟာ ၅ အကြား ၂၀၁၈ ခုနှစ် မတ်လကစတင်ပြီး နှစ်ဖက် စစ်ရေးပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တာ ဒီ ၂၀၂၀ နှစ်ကုန်အထိ ရှိနေဆဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG