ကရင္ျပည္နယ္နဲ႔ ထိုင္းနယ္စပ္မွာ တည္ေဆာက္ေနတဲ့ တရုတ္ၿမိဳ ႔ေတြအေၾကာင္း သတင္းထြက္ေနတာ အေတာ္ေလးၾကာေနပါၿပီ။ ျမန္မာျပည္ဆိုင္ရာ သံမွဴးေဟာင္း Priscilla Clapp နဲ႔ Jason Tower တို႔က လြန္ခဲ့တဲ့ ဧၿပီလက စာတမ္းထုတ္ေဝလိုက္တဲ့အခါမွာ နယ္စပ္က တရုတ္ၿမိဳ ႔ေတြအေၾကာင္း စိတ္ဝင္စားသူေတြ ပိုမ်ားလာ ေတြ႔ရပါတယ္။ တပ္မေတာ္လက္ေအာက္ခံ ကရင္နယ္ျခားေစာင့္တပ္ အေျခစိုက္တဲ့ ေရႊကုကိၠဳမွာ ေဟာင္ေကာင္အေျခစိုက္ ယထိုင္း (Yatai) ကုမၸဏီက နယ္စပ္ၿမိဳ ႔တည္ေဆာက္ေနတာကို လူသိမ်ားပါတယ္။ ျမဝတီမွာလည္း ကစီးႏုိးကစားဝိုင္းေတြ ေခတ္စားလာပါတယ္။
ျမဝတီေျမာက္ဘက္ ကိလို (၂၀) ကြာေဝးတဲ့ ေသာင္ရင္းျမစ္ ျမန္မာျပည္ဘက္ကမ္းမွာ ေလာင္းကစားၿမိဳ ႔ တည္ေဆာက္ေနတာပါ။ ကရင္နယ္ျခားေစာင့္တပ္ BGF က (၂၀) ရာခိုင္ႏႈန္း၊ တရုတ္ဘက္က (၈၀) ရာခိုင္ႏႈန္း အက်ဳိးအျမတ္ ရယူမယ့္ စီးပြားေရးလုပ္ငန္း ျဖစ္ပါတယ္။ ကရင္ BGF အကူအညီနဲ႔ ဝင္ေရာက္လာတဲ့ တရုတ္ေတြ ျမဝတီမွာ မ်ားျပားလာပါတယ္။ ေရႊကုကိၠဳစီမံကိန္းကို စံုစမ္းစစ္ေဆးဖို႔ လြန္ခဲ့တဲ့ ဇြန္လကမွ ျမန္မာအစိုိးရက ဆံုးျဖတ္ပါတယ္။ ကရင္ BGF ဟာ အစိုးရတပ္ ၾသဇာအရိွန္အဝါနဲ႔ ေလာင္းကစားၿမိဳ ႔ေတာ္ တည္ေဆာက္ေနတာ ထင္ရွားပါတယ္။
ျမဝတီၿမိဳ ႔နယ္ BGF ထိန္းခ်ဳပ္နယ္ေျမ သဲပံုဆိပ္က တရုတ္ အေဆာက္အဦးေတြကို ဓါတ္ပံုရိုက္ေနတဲ့ အမ်ဳိးသမီးသတင္းေထာက္ႏွစ္ဦးကို ကရင္နယ္ျခားေစာင့္က မတ္လဆန္းက ဖမ္းဆီးၿပီး ရိုက္ႏွက္တဲ့သတင္းကို လူသိမ်ားပါတယ္။ BGF ဗိုလ္မွဴးႀကီး ေစာခ်စ္သူရဲ ႔ ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ သတင္းေထာက္ေတြကို တရက္အတြင္း လႊတ္ေပးလိုက္ၿပီး ဖမ္းဆီးသူေတြကို အေရးယူတယ္လို႔ သိရပါတယ္။ တရုတ္စီးပြားေရးလုပ္ငန္းကို ကရင္ BGF တပ္ဖြဲ႔က အကာအကြယ္ေပးေနတာ ျဖစ္ပါတယ္။ ျမဝတီမွာ တရုတ္ဦးေရ တိုးပြားေနတာကို တရုတ္စာနဲ႔ ေရးထားတဲ့ ဆိုင္ဘုတ္ေတြက သက္ေသျပေနပါတယ္။ ဒါကို ဥပေဒနဲ႔ မညီညႊတ္ဘူးဆိုၿပီိး စည္ပင္သာယာေရးအဖြဲ႔က လိုက္လံျဖဳတ္သိမ္းလိုက္ပါတယ္။ ဆိုင္ဘုတ္ေတြ မရိွေတာ့ေပမယ့္ တရုတ္ေတြကေတာ့ ရိွေနပါတယ္။ ဇူလိုင္ (၁၅) ရက္ေန႔က ျမဝတီေလာင္ကစားဝိုင္းကို အာဏာပိုင္အဖြဲ႔ေတြက ဝင္ေရာက္ဖမ္းဆီးေၾကာင္း သိရပါတယ္။
ဒုတိယတရုတ္ၿမိဳ ႔ေတာ္သစ္ကို ဆိုင္ရီွကန္ Saixigang စက္မႈဇုန္လို႔ ေခၚပါတယ္။ ကေမာၻဒီးယားႏိုင္ငံက ႏွင္ထုတ္ခံရတဲ့ တရုတ္လုပ္ငန္းရွင္ေတြအတြက္ ရည္ရြယ္ၿပီး တည္ေဆာက္တာလို႔ သိရပါတယ္။ ၂၀၁၂ ကမွ ေထာက္ကလြတ္လာတဲ့ တရုတ္လူဆိုး ဝမ္ေကာ့ကိြဳင္ Wan Kuok-kui တည္ေထာင္တဲ့ ဒံုေမအုပ္စုနဲ႔ မေလးရွားလုပ္ငန္းရွင္တဦး ဖက္စပ္ၿပီး ဆိုင္ရီွကန္ စီမံကိန္းကို အေကာင္အထည္ေဖာ္ေနတာ ျဖစ္ပါတယ္။ KNU ထိန္းခ်ဳပ္တဲ့ ျမဝတီၿမိဳ ႔နယ္ ဟြမ္ယာ Huanya ၿမိဳ ႔နယ္စီမံကိန္းမွာလည္း ကေမာၻဒီယားက ႏွင္ထုတ္ခံရတဲ့ တရုတ္ေလာင္ကစားလုပ္ငန္းေတြ ပါဝင္ပါတယ္။ KNU အႀကီးအကဲ ေစာေရာဂ်ာခင္ ကိုယ္တိုင္ပါဝင္ေနတဲ့ စီမံကိန္းျဖစ္ၿပီး ကစီးႏိုးကစားဝိုင္းတခု တည္ေဆာက္ေနေၾကာင္း သိရပါတယ္။
တရုတ္ၿမိဳ ႔သစ္စီမံကိန္း အေကာင္အထည္ေဖာ္ေနတာကို တရုတ္အစိုးရရဲ ႔ ပိုးလမ္းေၾကာင္း စီမံကိန္းမွာ အႀကံဳးဝင္သလိုလို ေျပာဆိုတာမ်ဳိးေတြ ရိွလာပါတယ္။ တကယ္ေတာ့ ျပည္ပေရာက္ တရုတ္လူဆိုးေတြ တည္ေဆာက္တဲ့ တရုတ္ၿမိဳ ႔သစ္ေတြ ျဖစ္လာတာေၾကာင့္ ျပည္ပေရာက္ တရုတ္ေတြအတြက္ ရည္ရြယ္ပါတယ္။ ေဒသခံလက္နက္ကိုင္အဖြဲ႔အစည္းရဲ ႔ သေဘာတူညီခ်က္နဲ႔ ျပည္ပေရာက္ တရုတ္လုပ္ငန္းရွင္ေတြက တည္ေဆာက္တာမို႔ တရုတ္အစိုးရနဲ႔ လံုးဝမဆိုင္ဘူးလို႔ တရုတ္သုေတသီ ယြန္႔စြန္က ဇြန္လ (၂၅) ရက္ေန႔ထုတ္ Frontier Myanmar ျမန္မာစာေစာင္မွာ ေရးသားထားပါတယ္။ ၿမိဳ ႔သစ္တည္ေဆာက္ေနတဲ့ တရုတ္ေတြဟာ ေဟာင္ေကာင္နဲ႔ မကာအုိအေျခစိုက္ တရုတ္ေတြျဖစ္လို႔ တရုတ္အစိုးရနဲ႔ေရာ တရုတ္ျပည္မႀကီးနဲ႔ေရာ ဘယ္လိုမွ ပတ္သက္စရာ အေၾကာင္းမရိွဘူးလို႔ ယြန္႔စြန္က ရွင္းျပထားပါတယ္။
Australian လုပ္ငန္းရွင္ Nigel Grier ဂရီယာ ဆိုသူဟာ ကရင္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္နာဒါျမနဲ႔ ပူးေပါင္းၿပီး မူေအးပု ဒုကၡသည္စခန္းမွာ ၿမိဳ ႔သစ္စီမံကိန္း တည္ေဆာက္ဖို႔ စီမံကိန္းခ်ခဲ့ပါတယ္။ ဒါေပမဲ့ မတည္ေငြ ေဒၚလာ (၃) သိန္းခြဲေလာက္ ရလာတဲ့အခါမွာ လူလိမ္မွန္း သိရပါတယ္။ Nigel Grier နဲ႔ Karen Enterprise ကို အဆက္ျဖတ္ဖို႔ နာဒါျမက ေၾကညာခ်က္ထုတ္ပါတယ္။ Nigel Grier ရဲ ႔ ကရင္ၿမိဳ ႔သစ္စီမံကိန္းမွာ ေငြစိုက္ထုတ္မိတဲ့ အေမရိကန္နဲ႔ ဂ်ပန္လုပ္ငန္းရွင္ေတြက စကၤာပူမွာ တရားစြဲတဲ့အခါ အရင္းစိုက္သူ (၃) ဦးကို ေဒၚလာတစ္ေသာင္းစီ ေပးဖိုဆံုးျဖတ္တာကို ဧၿပီလ (၂၂) ရက္ေန႔ထုတ္ Sydney Morning Herald ေဖာ္ျပထားပါတယ္။
==Unicode==
ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်မှာ တည်ဆောက်နေတဲ့ တရုတ်မြို့တွေအကြောင်း သတင်းထွက်နေတာ အတော်လေးကြာနေပါပြီ။ မြန်မာပြည်ဆိုင်ရာ သံမှူးဟောင်း Priscilla Clapp နဲ့ Jason Tower တို့က လွန်ခဲ့တဲ့ ဧပြီလက စာတမ်းထုတ်ဝေလိုက်တဲ့အခါမှာ နယ်စပ်က တရုတ်မြို့တွေအကြောင်း စိတ်ဝင်စားသူတွေ ပိုများလာ တွေ့ရပါတယ်။ တပ်မတော်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် အခြေစိုက်တဲ့ ရွှေကုက္ကိုမှာ ဟောင်ကောင်အခြေစိုက် ယထိုင်း (Yatai) ကုမ္ပဏီက နယ်စပ်မြို့တည်ဆောက်နေတာကို လူသိများပါတယ်။ မြဝတီမှာလည်း ကစီးနိုးကစားဝိုင်းတွေ ခေတ်စားလာပါတယ်။
မြဝတီမြောက်ဘက် ကိလို (၂၀) ကွာဝေးတဲ့ သောင်ရင်းမြစ် မြန်မာပြည်ဘက်ကမ်းမှာ လောင်းကစားမြို့ တည်ဆောက်နေတာပါ။ ကရင်နယ်ခြားစောင့်တပ် BGF က (၂၀) ရာခိုင်နှုန်း၊ တရုတ်ဘက်က (၈၀) ရာခိုင်နှုန်း အကျိုးအမြတ် ရယူမယ့် စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ ကရင် BGF အကူအညီနဲ့ ဝင်ရောက်လာတဲ့ တရုတ်တွေ မြဝတီမှာ များပြားလာပါတယ်။ ရွှေကုက္ကိုစီမံကိန်းကို စုံစမ်းစစ်ဆေးဖို့ လွန်ခဲ့တဲ့ ဇွန်လကမှ မြန်မာအစိုးရက ဆုံးဖြတ်ပါတယ်။ ကရင် BGF ဟာ အစိုးရတပ် သြဇာအရှိန်အဝါနဲ့ လောင်းကစားမြို့တော် တည်ဆောက်နေတာ ထင်ရှားပါတယ်။
မြဝတီမြို့နယ် BGF ထိန်းချုပ်နယ်မြေ သဲပုံဆိပ်က တရုတ် အဆောက်အဦးတွေကို ဓါတ်ပုံရိုက်နေတဲ့ အမျိုးသမီးသတင်းထောက်နှစ်ဦးကို ကရင်နယ်ခြားစောင့်က မတ်လဆန်းက ဖမ်းဆီးပြီး ရိုက်နှက်တဲ့သတင်းကို လူသိများပါတယ်။ BGF ဗိုလ်မှူးကြီး စောချစ်သူရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် သတင်းထောက်တွေကို တရက်အတွင်း လွှတ်ပေးလိုက်ပြီး ဖမ်းဆီးသူတွေကို အရေးယူတယ်လို့ သိရပါတယ်။ တရုတ်စီးပွားရေးလုပ်ငန်းကို ကရင် BGF တပ်ဖွဲ့က အကာအကွယ်ပေးနေတာ ဖြစ်ပါတယ်။ မြဝတီမှာ တရုတ်ဦးရေ တိုးပွားနေတာကို တရုတ်စာနဲ့ ရေးထားတဲ့ ဆိုင်ဘုတ်တွေက သက်သေပြနေပါတယ်။ ဒါကို ဥပဒေနဲ့ မညီညွှတ်ဘူးဆိုပြီး စည်ပင်သာယာရေးအဖွဲ့က လိုက်လံဖြုတ်သိမ်းလိုက်ပါတယ်။ ဆိုင်ဘုတ်တွေ မရှိတော့ပေမယ့် တရုတ်တွေကတော့ ရှိနေပါတယ်။ ဇူလိုင် (၁၅) ရက်နေ့က မြဝတီလောင်ကစားဝိုင်းကို အာဏာပိုင်အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးကြောင်း သိရပါတယ်။
ဒုတိယတရုတ်မြို့တော်သစ်ကို ဆိုင်ရှီကန် Saixigang စက်မှုဇုန်လို့ ခေါ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံက နှင်ထုတ်ခံရတဲ့ တရုတ်လုပ်ငန်းရှင်တွေအတွက် ရည်ရွယ်ပြီး တည်ဆောက်တာလို့ သိရပါတယ်။ ၂၀၁၂ ကမှ ထောက်ကလွတ်လာတဲ့ တရုတ်လူဆိုး ဝမ်ကော့ကွိုင် Wan Kuok-kui တည်ထောင်တဲ့ ဒုံမေအုပ်စုနဲ့ မလေးရှားလုပ်ငန်းရှင်တဦး ဖက်စပ်ပြီး ဆိုင်ရှီကန် စီမံကိန်းကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။ KNU ထိန်းချုပ်တဲ့ မြဝတီမြို့နယ် ဟွမ်ယာ Huanya မြို့နယ်စီမံကိန်းမှာလည်း ကမ္ဘောဒီယားက နှင်ထုတ်ခံရတဲ့ တရုတ်လောင်ကစားလုပ်ငန်းတွေ ပါဝင်ပါတယ်။ KNU အကြီးအကဲ စောရောဂျာခင် ကိုယ်တိုင်ပါဝင်နေတဲ့ စီမံကိန်းဖြစ်ပြီး ကစီးနိုးကစားဝိုင်းတခု တည်ဆောက်နေကြောင်း သိရပါတယ်။
တရုတ်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်နေတာကို တရုတ်အစိုးရရဲ့ ပိုးလမ်းကြောင်း စီမံကိန်းမှာ အကြုံးဝင်သလိုလို ပြောဆိုတာမျိုးတွေ ရှိလာပါတယ်။ တကယ်တော့ ပြည်ပရောက် တရုတ်လူဆိုးတွေ တည်ဆောက်တဲ့ တရုတ်မြို့သစ်တွေ ဖြစ်လာတာကြောင့် ပြည်ပရောက် တရုတ်တွေအတွက် ရည်ရွယ်ပါတယ်။ ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းရဲ့ သဘောတူညီချက်နဲ့ ပြည်ပရောက် တရုတ်လုပ်ငန်းရှင်တွေက တည်ဆောက်တာမို့ တရုတ်အစိုးရနဲ့ လုံးဝမဆိုင်ဘူးလို့ တရုတ်သုတေသီ ယွန့်စွန်က ဇွန်လ (၂၅) ရက်နေ့ထုတ် Frontier Myanmar မြန်မာစာစောင်မှာ ရေးသားထားပါတယ်။ မြို့သစ်တည်ဆောက်နေတဲ့ တရုတ်တွေဟာ ဟောင်ကောင်နဲ့ မကာအိုအခြေစိုက် တရုတ်တွေဖြစ်လို့ တရုတ်အစိုးရနဲ့ရော တရုတ်ပြည်မကြီးနဲ့ရော ဘယ်လိုမှ ပတ်သက်စရာ အကြောင်းမရှိဘူးလို့ ယွန့်စွန်က ရှင်းပြထားပါတယ်။
Australian လုပ်ငန်းရှင် Nigel Grier ဂရီယာ ဆိုသူဟာ ကရင်ခေါင်းဆောင် ဗိုလ်ချုပ်နာဒါမြနဲ့ ပူးပေါင်းပြီး မူအေးပု ဒုက္ခသည်စခန်းမှာ မြို့သစ်စီမံကိန်း တည်ဆောက်ဖို့ စီမံကိန်းချခဲ့ပါတယ်။ ဒါပေမဲ့ မတည်ငွေ ဒေါ်လာ (၃) သိန်းခွဲလောက် ရလာတဲ့အခါမှာ လူလိမ်မှန်း သိရပါတယ်။ Nigel Grier နဲ့ Karen Enterprise ကို အဆက်ဖြတ်ဖို့ နာဒါမြက ကြေညာချက်ထုတ်ပါတယ်။ Nigel Grier ရဲ့ ကရင်မြို့သစ်စီမံကိန်းမှာ ငွေစိုက်ထုတ်မိတဲ့ အမေရိကန်နဲ့ ဂျပန်လုပ်ငန်းရှင်တွေက စင်္ကာပူမှာ တရားစွဲတဲ့အခါ အရင်းစိုက်သူ (၃) ဦးကို ဒေါ်လာတစ်သောင်းစီ ပေးဖိုဆုံးဖြတ်တာကို ဧပြီလ (၂၂) ရက်နေ့ထုတ် Sydney Morning Herald ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့နှစ် မေလ (၇) ရက်နေ့က ပြဌာန်းတဲ့ လောင်းကစားဥပဒေဟာ နိုင်ငံခြားသားအတွက်သာ ဖြစ်ပုံရပါတယ်။ ဥပဒေပုဒ်မှာ (၁၃) မှာ မြန်မာပြည်သူပြည်သားတွေ ကစီးနိုးမှာ လောင်ကစားခြင်း မပြုရလို့ ပိတ်ပင်ထားပါတယ်။ ခေတ်စနစ်လျော်ညီသောဥပဒေဖြစ်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားတာကိုကြည့်ရင် နိုင်ငံခြားသားတွေအတွက် တရုတ်လောင်းကစားဝိုင်း တည်ထောင်တာဟာ ခေတ်စနစ်နဲ့ ကိုက်ညီသလို ဖြစ်နေပါတယ်။ မြန်မာပြည်ထဲမှာ လောင်းကစားဝိုင်း တည်ထောင်ခွင့်ပေးပြီး မြန်မာပြည်သားတွေ မပါရဘူးလို့ ပိတ်ပင်တားမြစ်တဲ့ ဥပဒေ ဖြစ်နေပါတယ်။