သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္အစိုးရရဲ႕ျမန္မာႏိုင္ငံဆိုင္ရာ မဟာဗ်ဴဟာ


This handout picture released by Myanmar News Agency (MNA) on January 18,2020 and taken on January 17, 2020, shows Chinese President Xi Jinping (L), Myanmar President Win Myint (C) and Myanmar State Counsellor Aung San Suu Kyi (R), attending a cermony mar
တိုက္႐ိုက္ လင့္ခ္

တ႐ုတ္အစိုးရဟာ AA ရခိုင္တပ္ဖြဲ႔ကို လက္နက္အင္အား ေငြအင္အား၊ အလုံးအရင္းနဲ႔ ေထာက္ပံ့ၿပီး သူတို႔ရဲ႕မဟာဗ်ဴဟာ ေရွ႕တိုးေအာင္ျမင္ေရးအတြက္ လုပ္ေဆာင္ေနတယ္လို႔ Times of India သတင္းစာႀကီးက ေရးသားလိုက္ပါတယ္။ ဒီေနရာမွာ တ႐ုတ္ရဲ႕ မဟာဗ်ဴဟာက ဘာလဲ၊ တိုင္းရင္းသားလက္နက္ကိုင္ေတြအေရး နဲ႔ တ႐ုတ္မဟာဗ်ဴဟာ ဘယ္လို ဆက္စပ္ေနသလဲဆိုတာကို သီေပါၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦၤးရဲထြန္း နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ ဦးရဲထြန္းခင္မ်ား … တေလာက Times of India သတင္းစာထဲမွာ ေရးထားတဲ့ ေဆာင္းပါးတပုဒ္အရဆုိရင္ ျမန္မာႏိုင္ငံက AA ရခိုင္သူပုန္ေတြကို တရုတ္ဘက္က အလံုးအရင္း ေငြေၾကး၊ လက္နက္ေတြ ပံ့ပိုးေပးေနတယ္ဆိုတာကို ဖတ္ရပါတယ္။ ဦးရဲထြန္းလည္း ဖတ္ရမယ္လို႔ ထင္ပါတယ္။ Times of India ဆိုတဲ့ သတင္းစာဟာ အိႏိၵယႏိုင္ငံမွာ ေစာင္ေရ တတိယအမ်ားဆံုး၊ ဝါရင့္သတင္းစာႀကီးတေစာင္လည္း ျဖစ္ပါတယ္။ ဒီသတင္းနဲ႔ ပတ္သက္ၿပီး ဘယ္ေလာက္ creditability ရိွသလဲဆိုတာကို အက်ဥ္းရံုးေျပာပါ။ အခ်က္အလက္ေတြကို မေျပာခင္။

ေျဖ ။ ။ က်ေနာ္တုိ႔လည္း Times of India မွာ ေရးထားသေလာက္ပဲ သိရတာေပါ့။ သို႔ေသာ္ လက္ေတြ႔ေျမျပင္မွာ AA ကေန အဲဒီေနာက္ပိုင္း သူတို႔လက္နက္တင္ပို႔လိုက္တယ္ဆိုတဲ့ ေနာက္ပိုင္း ေဖာ္ခဲ့တဲ့ တိုက္ပြဲေတြ အေျခအေနကို ၾကည့္ရတာက ဒီသတင္းက မွန္ကန္ပံုရတယ္။ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ေတြ၊ တခ်ဳိ ႔စိတ္ခ်ရတဲ့ အတြင္းလူေတြရဲ ႔ သတင္းစကားေတြ။ ေနာက္ အရင္က အိႏိၵယနယ္စပ္မွာရိွတဲ့ Naga Land သူပုန္ေတြကို တရုတ္ကေန ေထာက္ပံ့ခဲ့တဲ့ လမ္းေၾကာင္းအေျခအေနေတြကို သြားၿပီးေတာ့ ေရးသားတဲ့ သတင္းျဖစ္တဲ့အတြက္ေၾကာင့္မို႔ ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားမ်ားက စိတ္ခ်ယံုၾကည္ရတယ္လို႔ က်ေနာ္ကေတာ့ အဲဒီလို ယူဆပါတယ္။

ေမး ။ ။ ဆိုေတာ့ကာ တရုတ္ဟာ ျမန္မာႏုိင္ငံရဲ ႔ တိုင္းရင္းသားေတြနဲ႔ ၿငိမ္းခ်မ္းေရး မျဖစ္ေစခ်င္ဘူး၊ တိုင္းရင္းသားသူပုန္ေတြကို ေျမွာက္ေပးေနတယ္ဆိုတဲ့ ကိစၥ ပိုမိုေပၚလြင္လာတဲ့သေဘာ ျဖစ္ေနတာေပါ့။

ေျဖ ။ ။ ျမန္မာႏိုင္ငံ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး ရၿပီးေနာက္ပိုင္း ပါတီစံုဒီမိုကေရစီစနစ္နဲ႔ အုပ္ခ်ဳပ္တဲ့ ဦးႏုအစိုးရလက္ထက္မွာ တရုတ္ျပည္က ဗမာျပည္နဲ႔ ဆက္ဆံေရးကို အထူးအေလးထားတယ္။ အိမ္နီးနားခ်င္းေကာင္း ပီသေအာင္ ဆက္ဆံခဲ့တယ္။

ေမး ။ ။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဗမာျပည္ကြန္ျမဴနစ္ပါတီကိုပဲ သူတို႔ပဲ ေျမေတာင္ေျမွာက္ေပးလာခဲ့တာ မဟုတ္လား။

ေျဖ ။ ။ ေနာက္ပိုင္းမွာအခါၾကေတာ့ တရုတ္ျပည္တြင္းမွာလဲ ႏုိင္ငံေရးသေဘာထားေတြ အေျပာင္းအလဲေတြ ရိွခဲ့တယ္။ အဲဒါကေတာ့ ၁၉၆၆ ခုႏွစ္မွာ စခဲ့တဲ့ ယဥ္ေက်းမႈေတာ္လွန္ေရး ျဖစ္တယ္။ အဲဒီ ယဥ္ေက်းမႈေတာ္လွန္ေရးရဲ ႔ ျပည္တြင္းမွာျဖစ္တဲ့ ပဋိပကၡေအာက္မွာ ႏိုင္ငံတကာကြန္ျမဴနစ္ပါတီေတြ၊ ႏိုင္ငံတကာမွာ ျဖစ္ေနတဲ့ ေတာ္လွန္ေရးေတြကို ကူညီရမယ္ဆိုတဲ့ ဆံုးျဖတ္ခ်က္က ေရွ ႔တန္းေရာက္လာခဲ့တယ္။

ေမး ။ ။ အဲဒီအခ်က္အလက္ေတြကိုေတာ့ အေသးစိတ္ေျပာလုိ႔ရပါတယ္။ က်ေနာ္တို႔ ေျပာခ်င္တာက အခုေနာက္ပိုင္းမွာ အေျခအေန ဘာေျပာင္းလဲသြားလို႔ အခုလက္ရိွ တုိင္းရင္းသားသူပုန္ေတြကို သူတို႔က အားေပးေနတာလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ ျမန္မာႏုိင္ငံက ၂၀၁၀ မွာ Multiparty Democracy ဆိုၿပီးေတာ့ ပါတီစံုစနစ္ က်င့္သံုးလိုက္တဲ့အခ်ိန္မွာ အေနာက္ႏုိင္ငံေတြနဲ႔ အေမရိကန္ဘက္ကို ယိမ္းသြားတယ္ဆိုတဲ့အရာကို တရုတ္က ခံစားရတယ္။ အထူးသျဖင့္ ျမစ္ဆံုစီမံကိန္းကို တဘက္သတ္ ရပ္ဆိုင္းလိုက္တဲ့ကိစၥက သူတို႔ေတြကို အေတာ္ေလးေဒါသထြက္ေစၿပီး၊ အေတာ္အံ့ၾသသြားၾကတယ္။ အဲဒီေနာက္ပိုင္းမွာဆိုရင္ သူတုိ႔က က်ေနာ္တို႔ အစိုးရကို တဘက္မွာ ကုလသမဂၢမွာ ကာကြယ္ေပးတာကို ဆက္လုပ္တယ္။ ဆက္ၿပီးထိန္းထားတယ္။ တဘက္မွာလဲ ဒီအစိုးရကို ဆန္႔က်င္တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္ တုိင္းရင္းသားအဖြဲ႔ေတြကို ဆက္ေထာက္ပံ့ေပးတယ္။ အလံုးအရင္းနဲ႔ကို ေထာက္ပံ့ေပးတယ္။ မီးစာတဘက္၊ ေရမႈတ္တဘက္ ေပၚလစီေပါ့။ သူတုိ႔တရုတ္ျပည္မွာ တရားဝင္သံုးတဲ့ အသံုးအႏႈန္းကေတာ့ ဘက္ေပါင္းစံု၊ အလႊာေပါင္းစံု ျဖန္႔ၾကတ္ၿပီးေတာ့ ဆက္ဆံတဲ့ ဆက္ဆံေရးဆုိၿပီးေတာ့။ ရည္ရြယ္ခ်က္ကေတာ့ ဘာလဲဆိုေတာ့ ယံုၾကည္စိတ္ခ်ရမႈ မရိွတဲ့ ျမန္မာအစိုးရကိုလဲ ကိုင္ထားမယ္။ ေနာက္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြကိုလဲ ကိုင္ထားျခင္းအားျဖင့္ သူ႔ရဲ ႔ စီးပြားေရးလုပ္ငန္းေတြ အသက္ေသြးေၾကာ လမ္းမႀကီး လံုၿခံဳစိတ္ခ်ရမႈအတြက္လဲ အာမခံခ်က္ ရယူထားဖို႔ဆိုတဲ့ ရည္ရြယ္ခ်က္ပါပဲ။

ေမး ။ ။ အဲဒီ Times of India မွာ ေဒသတြင္း သံတမန္တဦးကို ကိုးကားၿပီးေတာ့ သူက ေရးထားတာ။ တရုတ္ႏုိင္ငံက ျမန္မာႏုိင္ငံကို အားေပ်ာ့တဲ့ ႏိုင္ငံ ျဖစ္ေနေစခ်င္တယ္။ ေနာက္ၿပီးေတာ့ မၿငိမ္သက္တဲ့ ႏိုင္ငံ ျဖစ္ေနေစခ်င္တယ္။ ေနာက္ၿပီးေတာ့ စာနာမႈ၊ ၾကင္နာမႈေတြ ေခါင္းပါးတဲ့ ႏိုင္ငံ။ တနည္းအားျဖင့္ဆိုရင္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တဲ့ႏုိင္ငံ။ အဲဒီလိုျဖစ္ေနတဲ့ ႏုိင္ငံ ျဖစ္ေနတာကို သူက ပိုလိုလားတယ္ဆိုတဲ့ သေဘာထားမ်ဳိးကို ေျပာပါတယ္။ ဆိုေတာ့ ဒါဟာ သူတုိ႔အက်ဳိးစီးပြားတခုတည္းကို ၾကည့္ၿပီးေတာ့ တဘက္သားရဲ ႔ နစ္နာမႈကို မၾကည့္ဘဲနဲ႔ ဒီလိုလုပ္လို႔ရလား။

ေျဖ ။ ။ ဒီဟာကေတာ့ ဟိုဘက္ဒီဘက္ ႏွစ္ဘက္ၾကည့္မယ္ဆိုရင္ေတာ့ တရုတ္ျပည္က ပြင့္ပြင့္လင္းလင္းေျပာတာ တခုရိွတယ္။ မစၥတာရီွက်င့္ဖိန္ မၾကာေသးခင္က ေနျပည္ေတာ္လာတုန္းကေျပာတဲ့ စကားလံုး ရိွတယ္။ အဲဒါက ဘာလဲဆိုေတာ့ ႏွစ္ႏုိင္ငံရဲ ႔ မဟာဗ်ဴဟာ အက်ဳိးစီးပြားမ်ားကို နားလည္ၿပီးေတာ့၊ ႏွစ္ႏုိင္ငံက ဒါကို မထိခိုက္ေအာင္ ကာကြယ္ေစာင့္ေရွာက္ဖို႔ သင့္ပါတယ္ဆိုတဲ့ စကားလံုးကို ေျပာသြားတယ္။ အဲဒီေတာ့ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္တဲ့ တရုတ္ရဲ ႔ မဟာဗ်ဴဟာအက်ဳိးစီးပြားဆိုတာ က်ေနာ္ နားလည္သေလာက္ကေတာ့ တရုတ္ျပည္ကေန အိႏိၵယသမုဒၵရာဘက္ ထြက္ေပါက္ျဖစ္တဲ့ ျမန္မာႏို္င္ငံကို ျဖတ္သြားမယ့္၊ ဒီလမ္းႀကီးကို သူက ကုန္သြယ္ေရးလမ္းေၾကာင္းအျဖစ္နဲ႔ သူလိုခ်င္တယ္။ ဒီဟာကို ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ ႏွစ္ႏုိင္ငံ အက်ဳိးရိွေအာင္ လုပ္ခ်င္တယ္။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ပိတ္တာဆို႔တာ မလုပ္ခ်င္ဘူး။ ေနာက္တခ်က္က ျမန္မာႏုိင္ငံဟာ သူ႔ရဲ ႔ အိမ္နီးခ်င္း ေနာက္ေဘးေပါက္ ျဖစ္တဲ့အတြက္ေၾကာင့္မို႔ သူနဲ႔ၿပိဳင္ဘက္ျဖစ္တဲ့ အေနာက္အုပ္စုနဲ႔ အေမရိကန္ရဲ ႔ေနာက္လိုက္၊ အေမရိကန္တို႔နဲ႔ သိပ္နီးစပ္တဲ့ တပည့္၊ ရုပ္ေသ မျဖစ္ေစခ်င္ဘူး။ သူက ဒါကို သြယ္ဝိုက္ၿပီးေတာ့ ေျပာတာ။ ဒီလိုေျပာတဲ့ ကိစၥကလဲ အေထာက္အထား ရိွတယ္။ ျမန္မာႏုိင္ငံမွာ သံတမန္လုပ္သြားတဲ့ ဒယ္ရစ္မစ္ရွယ္ကို သူ ကခ်င္ျပည္နယ္ဘက္ကို ခရီးထြက္တဲ့အခါ ႏွစ္ခါသံုးခါေလာက္ ခရီးထြက္တဲ့အခါ တရုတ္သံအမတ္က ေျဗာင္ေျပာဖူးတယ္။ ခင္မ်ား အဲဒီဘက္ကို ခဏခဏ ခရီးမသြားပါနဲ႔၊ ဒါက က်ေနာ္တုိ႔ႏုိင္ငံရဲ ႔ မဟာဗ်ဴဟာအက်ဳိးစီးပြား ျဖစ္တယ္။ ခင္မ်ား ဒါကိုေတာ့ သိသင့္တဲ့ဟာမ်ဳိးကို ေျပာခဲ့တာရိွတယ္။ ဆိုလိုခ်င္တာက သူက စိုးရိမ္တာက အဲဒါပဲ။ အဲဒီလို စိုးရိမ္ခ်က္အရ ဗမာျပည္က အစိုးရေတြက တကယ္လို စိတ္ခ်ယံုၾကည္ရတယ္ဆိုရင္ သူက ဒါေတြမလုပ္ဘူး။ ေျပာလို႔ရတယ္။

ေမး ။ ။ စိတ္ခ်ယံုၾကည္ရတယ္ဆိုတဲ့အဆင့္က ဘာလဲ။ စိတ္ခ်ယံုၾကည္ရတယ္ဆိုတာ သူတုိ႔ေျပာသမွ် ေခါင္းၿငိမ့္ၿပီး လုပ္ေနတာလား။ ျမန္မာအစိုးရက တရုတ္နဲ႔ အိႏိၵယ ႏွစ္ႏုိင္ငံၾကားမွာ ရိွေနတာ။ အိႏိၵယႏုိင္ငံနဲ႔လည္း ကုလားတန္ျမစ္ေၾကာင္း ဖြံ႔ၿဖိဳးေရးလုပ္ၿပီးေတာ့ သူတုိ႔ဆီကတဆင့္ အဲဒီဘက္ကို ကုန္စည္ကူးေျပာင္းေရး ဘာညာလုပ္မယ္ဆိုေတာ့ ဒီဟာကို တဘက္သတ္ ျမန္မာ-အိႏိၵယ ဆက္ဆံေရးကို ေခါက္ၿပီးေတာ့ တရုတ္ဘက္ကိုပဲ ဝင္ေနရမယ့္သေဘာမ်ဳိး ျဖစ္ေနသလား .. တခ်က္။ ေနာက္တခ်က္က မဟာဗ်ဴဟာအက်ဳိးစီးပြား - တရုတ္ရဲ ႔ မဟာဗ်ဴဟာအက်ဳိးစီးပြားကို ၾကည့္မယ္ဆုိရင္ေတာ့ ျမန္မာရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြား National Interest တိုင္းရင္းသားစည္းလံုးညီညႊတ္ေရးတို႔ပါ ရိုတ္ခတ္မယ္ဆိုတာေတြကို တရုတ္က ထည့္သြင္းမစဥ္းစားဘူးလား။ က်ေနာ္ ေမးလိုတာက ႏွစ္ခ်က္ပါ။

ေျဖ ။ ။ အဲဒီကိစၥကေတာ့ က်ေနာ္တို႔ ဒီလိုစဥ္းစားႏုိင္ပါတယ္။ ဥပမာ က်ေနာ္တို႔လို႔ တရုတ္ရဲ ႔ အိမ္နီးခ်င္း ဗိယက္နမ္ကလည္း တရုတ္နဲ႔ ဆက္ဆံေရးမေကာင္းတဲ့ ႏိုင္ငံ။ ဒါေတာင္မွ သူက တရုတ္နဲ႔ ႏုိင္ငံေရးစနစ္ခ်င္းက တူတယ္။ ကြန္ျမဴနစ္ပါတီခ်င္း တူေပမယ့္လို႔ တရုတ္နဲ႔ မေျပလည္ဘူး။ မေျပလည္တဲ့ ႏိုင္ငံက ဘာျဖစ္လုိ႔ ခပ္တင္းတင္း ေနႏုိင္တာလဲဆိုေတာ့ သူ႔မွာ အနာအဆာ မရိွဘူး။ က်ေနာ္တုိ႔က အနာအဆာေတြ ရိွတယ္။ က်ေနာ္တို႔ ျပည္တြင္း တုိင္းရင္းသားစည္းလံုးညီညႊတ္ေရးက မေကာင္းဘူး။ အဲဒီဟာက ကုိယ့္ရဲ ႔အနာရိွလို႔ သူက အဲဒီအနာကို ကိုင္ဆြတာပဲ။ က်ေနာ္တုိ႔က သူႀကိဳးဆြဲတာ မခံခ်င္ဘူး၊ အေပၚစီးနဲ႔ က်ေနာ္တုိ႔ စီးပြားေရး အက်ဳိးအျမတ္ ခ်ဳပ္တာေတြ မခံခ်င္ဘူးဆိုရင္ ကိုယ့္အနာေတြ ေပ်ာက္ေအာက္လုပ္ေလ။ ကိုယ္က အနာအဆာေတြ ရိွေနတဲ့အခါၾကေတာ့ ARSA ကိစၥ။ အေနာက္ဘက္က ဘဂၤလီကိစၥဆိုလုိ႔ရိွရင္လဲ ကုလသမဂၢမွာ သူ႔ကိုပဲ သြားသြားအားကိုးေနရတယ္။ ICJ ေခၚၿပီဆိုတဲ့အခ်ိန္မွာ အားလံုးသိၾကပါလိမ့္မယ္။ ရီွက်င့္ဖိန္ကို ဖိတ္ၿပီးေတာ့ တခါတည္း က်ေနာ္တို႔ ေနာင္မွာ ဆိုးဆိုးဝါးဝါး ျဖစ္လာလို႔ရိွရင္ ကုလသမဂၢမွာ ကာကြယ္ေပးဖို႔ ေတာင္းပန္ရတယ္။ သူက ဘာေျပာလဲဆိုေတာ့ စိတ္ခ် ခင္မ်ားတုိ႔ မဟာဗ်ဴဟာအက်ဳိးစီးပြားအတြက္ ေနာက္မဆုတ္ဘူး၊ ကာကြယ္ေပးမွာဆိုၿပီး ကတိေပးလိုက္တယ္။ ေျပာခ်င္တဲ့သေဘာက က်ေနာ္တို႔က ခပ္မာမာ၊ ခပ္တင္းတင္း ရပ္ခ်င္တယ္ဆိုရင္ အလိုက္သင့္ဆက္ဆံ၊ ၿပီးေတာ့ ကိုယ့္ရဲ ႔ျပႆနာေတြကို ေျပလည္ေအာင္ေျဖရွင္း။ ကိုယ့္တိုင္းရင္းသားအခ်င္းခ်င္းၾကားမွာ ဖယ္ဒရယ္ေတာင္းတာကိုေတာင္ ေပးဖို႔ဟာကို တပ္နဲ႔ NLD က မညီညႊတ္ဘူး။

ေမး ။ ။ က်ေနာ္ ဆက္ေမးမယ့္ ေမးခြန္းပါပဲ။ မီဒီယာေတြကလဲ ေဝဖန္ၾကတယ္။ ျမန္မာႏုိင္ငံ အာဏာပိုင္ေတြမွာ တုိင္းရင္းသားျပႆနာ အထူးသျဖင့္ AA နဲ႔ ျဖစ္ေနတဲ့ ျပႆနာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုကိုင္တြယ္ေျဖရွင္းမယ္ဆိုတဲ့ မဟာဗ်ဴဟာတရပ္ မရိွဘူးလို႔ ဆုိၾကပါတယ္။ ဆိုေတာ့ ရိွသင့္တဲ့ မဟာဗ်ဴဟာက ဘယ္လိုဟာမ်ဳိးလဲ။

ေျဖ ။ ။ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမွာ သူတုိ႔ကို လက္ခံဖို႔ လိုတယ္။ တကယ္ၾကေတာ့ တုိင္းရင္းသားအားလံုး လိုလားတဲ့ ဖယ္ဒရယ္ျပည္ေထာင္စုစနစ္ကို သြားဖို႔ ဖြဲ႔စည္းပံုျပင္ဆင္ေရးကိစၥပါပဲ။ အဓိက ခ်ဳပ္လိုက္လို႔ရိွရင္ေတာ့။

ေမး ။ ။ က်ေနာ္တုိ႔ ေျပာေနတာက အစိုးရနဲ႔ တပ္မေတာ္ အာဏာရိွတဲ့အပိုင္းကိုပဲ ေျပာတယ္။ တိုင္းရင္းသားလက္နက္ကိုင္ အင္အာအးစုေတြပိုင္းကေရာ ဒီကိစၥက ၿငိမ္းခ်မ္းစြာ ေျပလည္ႏုိင္ေရးကို ဦးတည္ေစမယ့္ မဟာဗ်ဴဟာတရပ္ မခ်မွတ္သင့္ဘူးလား။ အခုျဖစ္ေနတာကေတာ့ စစ္ေရးအင္အား အေလးသာမွာပဲ ေလးေလးစားစား ဆက္ဆံျခင္း ခံရမယ္ဆိုတဲ့ အသိစိတ္နဲ႔ပဲ လုပ္ေနၾကတယ္လို႔ က်ေနာ္ ထင္ပါတယ္။ ဒီဟာထက္ပိုၿပီး ထိေရာက္ေစမယ့္ ႏွစ္ဘက္ေပါင္းစည္း သင့္ျမတ္ေစႏုိင္မယ့္ ေဆြးေႏြးညိွႏိႈင္းႏုိင္မယ့္ မဟာဗ်ဴဟာတရပ္ကို ဘယ္လိုခ်မွတ္သင့္သလဲ။ တိုင္းရင္းသားေတြဘက္က၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဘက္က။

ေျဖ ။ ။ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြဘက္ကို ေျပာလို႔ရိွရင္လဲ ဖယ္ဒရယ္စနစ္ကို သြားမယ္ဆိုတဲ့ ေယဘုယ်အျမင္ေလာက္ပဲ ရိွတယ္။ သူတုိ႔မွာလဲ ဘံုသေဘာတူထားတဲ့ ဖြဲ႔စည္းပံု၊ စည္းမ်ဥ္း၊ လိုခ်င္တဲ့ ပန္းတိုင္ဆိုတာ မရိွဘူး။ ဒီသေဘာတူညီခ်က္ေတြကို ရၿပီဆုိတဲ့အခါမွာ လက္နက္စြန္႔ဖို႔ဆိုတာကေတာ့ တခုတည္းေသာ တပ္မေတာ္ ျဖစ္မယ့္ ျပည္ေထာင္စုတပ္မေတာ္ျဖစ္ဖို႔ဆိုတဲ့ ကိစၥကလဲ လြယ္လြယ္နဲ႔ စြန္႔ခ်င္ၾကမွာ မဟုတ္ဘူး။ လက္နက္စြန္႔လိုက္လို႔ရိွရင္ ႏုိင္ငံေရးအာဏာ ေသနတ္ေျပာင္းဝက ထြက္လာတာျဖစ္တယ္ဆိုတဲ့ ေမာ္စီတုန္းရဲ ႔ သေဘာတရားကို လက္ကိုင္ထားတဲ့ အဖြဲ႔အစည္းေတြအေနနဲ႔က ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ လိုလားတဲ့ ရည္မွန္းခ်က္ရၿပီဆိုရင္ေတာ့ တခုတည္းေသာ တပ္မေတာ္ျဖစ္ဖို႔အတြက္က တရုတ္ျပည္ရဲ ႔ အကူအညီ၊ တရုတ္ျပည္ရဲ ႔ ဖိအားေပးမႈ လိုလိမ့္မယ္။ ဒါေၾကာင့္ တရုတ္ျပည္နဲ႔ ဆက္ဆံေရးကလဲ ေတာက္ေလွ်ာက္ အစိုးရ၊ တပ္မေတာ္ေတြက ေကာင္းေနဖုိ႔လိုတယ္။ သူက က်ေနာ္တို႔အေပၚမွာ ယံုၾကည္စိတ္ရိွမွ ေစတနာေကာင္းနဲ႔ ကူညီမွာ။ အဲဒီလိုမဟုတ္ရင္ က်ေနာ္တို႔တုိင္းျပည္က ၿငိမ္းခ်မ္းေရးနဲ႔လဲ ေဝးေနမယ္။ ကိုယ့္အနာကလဲ ဘယ္ေတာ့မွ ေပ်ာက္မွာမဟုတ္ဘူး။

ေမး ။ ။ ေက်းဇူးတင္ပါတယ္ ဦးရဲထြန္း။

====Unicode===

တရုတ်အစိုးရဟာ AA ရခိုင်တပ်ဖွဲ့ကို လက်နက်အင်အား ငွေအင်အား၊ အလုံးအရင်းနဲ့ ထောက်ပံ့ပြီး သူတို့ရဲ့မဟာဗျူဟာ ရှေ့တိုးအောင်မြင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ Times of India သတင်းစာကြီးက ရေးသားလိုက်ပါတယ်။ ဒီနေရာမှာ တရုတ်ရဲ့ မဟာဗျူဟာက ဘာလဲ၊ တိုင်းရင်းသားလက်နက်ကိုင်တွေအရေး နဲ့ တရုတ်မဟာဗျူဟာ ဘယ်လို ဆက်စပ်နေသလဲဆိုတာကို သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦၤးရဲထွန်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ ဦးရဲထွန်းခင်များ … တလောက Times of India သတင်းစာထဲမှာ ရေးထားတဲ့ ဆောင်းပါးတပုဒ်အရဆိုရင် မြန်မာနိုင်ငံက AA ရခိုင်သူပုန်တွေကို တရုတ်ဘက်က အလုံးအရင်း ငွေကြေး၊ လက်နက်တွေ ပံ့ပိုးပေးနေတယ်ဆိုတာကို ဖတ်ရပါတယ်။ ဦးရဲထွန်းလည်း ဖတ်ရမယ်လို့ ထင်ပါတယ်။ Times of India ဆိုတဲ့ သတင်းစာဟာ အိန္ဒိယနိုင်ငံမှာ စောင်ရေ တတိယအများဆုံး၊ ဝါရင့်သတင်းစာကြီးတစောင်လည်း ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး ဘယ်လောက် creditability ရှိသလဲဆိုတာကို အကျဉ်းရုံးပြောပါ။ အချက်အလက်တွေကို မပြောခင်။

ဖြေ ။ ။ ကျနော်တို့လည်း Times of India မှာ ရေးထားသလောက်ပဲ သိရတာပေါ့။ သို့သော် လက်တွေ့မြေပြင်မှာ AA ကနေ အဲဒီနောက်ပိုင်း သူတို့လက်နက်တင်ပို့လိုက်တယ်ဆိုတဲ့ နောက်ပိုင်း ဖော်ခဲ့တဲ့ တိုက်ပွဲတွေ အခြေအနေကို ကြည့်ရတာက ဒီသတင်းက မှန်ကန်ပုံရတယ်။ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ၊ တချို့စိတ်ချရတဲ့ အတွင်းလူတွေရဲ့ သတင်းစကားတွေ။ နောက် အရင်က အိန္ဒိယနယ်စပ်မှာရှိတဲ့ Naga Land သူပုန်တွေကို တရုတ်ကနေ ထောက်ပံ့ခဲ့တဲ့ လမ်းကြောင်းအခြေအနေတွေကို သွားပြီးတော့ ရေးသားတဲ့ သတင်းဖြစ်တဲ့အတွက်ကြောင့်မို့ ရာခိုင်နှုန်းတော်တော်များများက စိတ်ချယုံကြည်ရတယ်လို့ ကျနော်ကတော့ အဲဒီလို ယူဆပါတယ်။

မေး ။ ။ ဆိုတော့ကာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး မဖြစ်စေချင်ဘူး၊ တိုင်းရင်းသားသူပုန်တွေကို မြှောက်ပေးနေတယ်ဆိုတဲ့ ကိစ္စ ပိုမိုပေါ်လွင်လာတဲ့သဘော ဖြစ်နေတာပေါ့။

ဖြေ ။ ။ မြန်မာနိုင်ငံ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပါတီစုံဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်တဲ့ ဦးနုအစိုးရလက်ထက်မှာ တရုတ်ပြည်က ဗမာပြည်နဲ့ ဆက်ဆံရေးကို အထူးအလေးထားတယ်။ အိမ်နီးနားချင်းကောင်း ပီသအောင် ဆက်ဆံခဲ့တယ်။

မေး ။ ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဗမာပြည်ကွန်မြူနစ်ပါတီကိုပဲ သူတို့ပဲ မြေတောင်မြှောက်ပေးလာခဲ့တာ မဟုတ်လား။

ဖြေ ။ ။ နောက်ပိုင်းမှာအခါကြတော့ တရုတ်ပြည်တွင်းမှာလဲ နိုင်ငံရေးသဘောထားတွေ အပြောင်းအလဲတွေ ရှိခဲ့တယ်။ အဲဒါကတော့ ၁၉၆၆ ခုနှစ်မှာ စခဲ့တဲ့ ယဉ်ကျေးမှုတော်လှန်ရေး ဖြစ်တယ်။ အဲဒီ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ပြည်တွင်းမှာဖြစ်တဲ့ ပဋိပက္ခအောက်မှာ နိုင်ငံတကာကွန်မြူနစ်ပါတီတွေ၊ နိုင်ငံတကာမှာ ဖြစ်နေတဲ့ တော်လှန်ရေးတွေကို ကူညီရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က ရှေ့တန်းရောက်လာခဲ့တယ်။

မေး ။ ။ အဲဒီအချက်အလက်တွေကိုတော့ အသေးစိတ်ပြောလို့ရပါတယ်။ ကျနော်တို့ ပြောချင်တာက အခုနောက်ပိုင်းမှာ အခြေအနေ ဘာပြောင်းလဲသွားလို့ အခုလက်ရှိ တိုင်းရင်းသားသူပုန်တွေကို သူတို့က အားပေးနေတာလဲ။

ဖြေ ။ ။ ကျနော်တို့ မြန်မာနိုင်ငံက ၂၀၁၀ မှာ Multiparty Democracy ဆိုပြီးတော့ ပါတီစုံစနစ် ကျင့်သုံးလိုက်တဲ့အချိန်မှာ အနောက်နိုင်ငံတွေနဲ့ အမေရိကန်ဘက်ကို ယိမ်းသွားတယ်ဆိုတဲ့အရာကို တရုတ်က ခံစားရတယ်။ အထူးသဖြင့် မြစ်ဆုံစီမံကိန်းကို တဘက်သတ် ရပ်ဆိုင်းလိုက်တဲ့ကိစ္စက သူတို့တွေကို အတော်လေးဒေါသထွက်စေပြီး၊ အတော်အံ့သြသွားကြတယ်။ အဲဒီနောက်ပိုင်းမှာဆိုရင် သူတို့က ကျနော်တို့ အစိုးရကို တဘက်မှာ ကုလသမဂ္ဂမှာ ကာကွယ်ပေးတာကို ဆက်လုပ်တယ်။ ဆက်ပြီးထိန်းထားတယ်။ တဘက်မှာလဲ ဒီအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေကို ဆက်ထောက်ပံ့ပေးတယ်။ အလုံးအရင်းနဲ့ကို ထောက်ပံ့ပေးတယ်။ မီးစာတဘက်၊ ရေမှုတ်တဘက် ပေါ်လစီပေါ့။ သူတို့တရုတ်ပြည်မှာ တရားဝင်သုံးတဲ့ အသုံးအနှုန်းကတော့ ဘက်ပေါင်းစုံ၊ အလွှာပေါင်းစုံ ဖြန့်ကြတ်ပြီးတော့ ဆက်ဆံတဲ့ ဆက်ဆံရေးဆိုပြီးတော့။ ရည်ရွယ်ချက်ကတော့ ဘာလဲဆိုတော့ ယုံကြည်စိတ်ချရမှု မရှိတဲ့ မြန်မာအစိုးရကိုလဲ ကိုင်ထားမယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလဲ ကိုင်ထားခြင်းအားဖြင့် သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အသက်သွေးကြော လမ်းမကြီး လုံခြုံစိတ်ချရမှုအတွက်လဲ အာမခံချက် ရယူထားဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။

မေး ။ ။ အဲဒီ Times of India မှာ ဒေသတွင်း သံတမန်တဦးကို ကိုးကားပြီးတော့ သူက ရေးထားတာ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို အားပျော့တဲ့ နိုင်ငံ ဖြစ်နေစေချင်တယ်။ နောက်ပြီးတော့ မငြိမ်သက်တဲ့ နိုင်ငံ ဖြစ်နေစေချင်တယ်။ နောက်ပြီးတော့ စာနာမှု၊ ကြင်နာမှုတွေ ခေါင်းပါးတဲ့ နိုင်ငံ။ တနည်းအားဖြင့်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်တဲ့နိုင်ငံ။ အဲဒီလိုဖြစ်နေတဲ့ နိုင်ငံ ဖြစ်နေတာကို သူက ပိုလိုလားတယ်ဆိုတဲ့ သဘောထားမျိုးကို ပြောပါတယ်။ ဆိုတော့ ဒါဟာ သူတို့အကျိုးစီးပွားတခုတည်းကို ကြည့်ပြီးတော့ တဘက်သားရဲ့ နစ်နာမှုကို မကြည့်ဘဲနဲ့ ဒီလိုလုပ်လို့ရလား။

ဖြေ ။ ။ ဒီဟာကတော့ ဟိုဘက်ဒီဘက် နှစ်ဘက်ကြည့်မယ်ဆိုရင်တော့ တရုတ်ပြည်က ပွင့်ပွင့်လင်းလင်းပြောတာ တခုရှိတယ်။ မစ္စတာရှီကျင့်ဖိန် မကြာသေးခင်က နေပြည်တော်လာတုန်းကပြောတဲ့ စကားလုံး ရှိတယ်။ အဲဒါက ဘာလဲဆိုတော့ နှစ်နိုင်ငံရဲ့ မဟာဗျူဟာ အကျိုးစီးပွားများကို နားလည်ပြီးတော့၊ နှစ်နိုင်ငံက ဒါကို မထိခိုက်အောင် ကာကွယ်စောင့်ရှောက်ဖို့ သင့်ပါတယ်ဆိုတဲ့ စကားလုံးကို ပြောသွားတယ်။ အဲဒီတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ မဟာဗျူဟာအကျိုးစီးပွားဆိုတာ ကျနော် နားလည်သလောက်ကတော့ တရုတ်ပြည်ကနေ အိန္ဒိယသမုဒ္ဒရာဘက် ထွက်ပေါက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ဖြတ်သွားမယ့်၊ ဒီလမ်းကြီးကို သူက ကုန်သွယ်ရေးလမ်းကြောင်းအဖြစ်နဲ့ သူလိုချင်တယ်။ ဒီဟာကို ပူးပေါင်းဆောင်ရွက်ပြီးတော့ နှစ်နိုင်ငံ အကျိုးရှိအောင် လုပ်ချင်တယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပိတ်တာဆို့တာ မလုပ်ချင်ဘူး။ နောက်တချက်က မြန်မာနိုင်ငံဟာ သူ့ရဲ့ အိမ်နီးချင်း နောက်ဘေးပေါက် ဖြစ်တဲ့အတွက်ကြောင့်မို့ သူနဲ့ပြိုင်ဘက်ဖြစ်တဲ့ အနောက်အုပ်စုနဲ့ အမေရိကန်ရဲ့နောက်လိုက်၊ အမေရိကန်တို့နဲ့ သိပ်နီးစပ်တဲ့ တပည့်၊ ရုပ်သေ မဖြစ်စေချင်ဘူး။ သူက ဒါကို သွယ်ဝိုက်ပြီးတော့ ပြောတာ။ ဒီလိုပြောတဲ့ ကိစ္စကလဲ အထောက်အထား ရှိတယ်။ မြန်မာနိုင်ငံမှာ သံတမန်လုပ်သွားတဲ့ ဒယ်ရစ်မစ်ရှယ်ကို သူ ကချင်ပြည်နယ်ဘက်ကို ခရီးထွက်တဲ့အခါ နှစ်ခါသုံးခါလောက် ခရီးထွက်တဲ့အခါ တရုတ်သံအမတ်က ဗြောင်ပြောဖူးတယ်။ ခင်များ အဲဒီဘက်ကို ခဏခဏ ခရီးမသွားပါနဲ့၊ ဒါက ကျနော်တို့နိုင်ငံရဲ့ မဟာဗျူဟာအကျိုးစီးပွား ဖြစ်တယ်။ ခင်များ ဒါကိုတော့ သိသင့်တဲ့ဟာမျိုးကို ပြောခဲ့တာရှိတယ်။ ဆိုလိုချင်တာက သူက စိုးရိမ်တာက အဲဒါပဲ။ အဲဒီလို စိုးရိမ်ချက်အရ ဗမာပြည်က အစိုးရတွေက တကယ်လို စိတ်ချယုံကြည်ရတယ်ဆိုရင် သူက ဒါတွေမလုပ်ဘူး။ ပြောလို့ရတယ်။

မေး ။ ။ စိတ်ချယုံကြည်ရတယ်ဆိုတဲ့အဆင့်က ဘာလဲ။ စိတ်ချယုံကြည်ရတယ်ဆိုတာ သူတို့ပြောသမျှ ခေါင်းငြိမ့်ပြီး လုပ်နေတာလား။ မြန်မာအစိုးရက တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြားမှာ ရှိနေတာ။ အိန္ဒိယနိုင်ငံနဲ့လည်း ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးလုပ်ပြီးတော့ သူတို့ဆီကတဆင့် အဲဒီဘက်ကို ကုန်စည်ကူးပြောင်းရေး ဘာညာလုပ်မယ်ဆိုတော့ ဒီဟာကို တဘက်သတ် မြန်မာ-အိန္ဒိယ ဆက်ဆံရေးကို ခေါက်ပြီးတော့ တရုတ်ဘက်ကိုပဲ ဝင်နေရမယ့်သဘောမျိုး ဖြစ်နေသလား .. တချက်။ နောက်တချက်က မဟာဗျူဟာအကျိုးစီးပွား - တရုတ်ရဲ့ မဟာဗျူဟာအကျိုးစီးပွားကို ကြည့်မယ်ဆိုရင်တော့ မြန်မာရဲ့ အမျိုးသားအကျိုးစီးပွား National Interest တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးတို့ပါ ရိုတ်ခတ်မယ်ဆိုတာတွေကို တရုတ်က ထည့်သွင်းမစဉ်းစားဘူးလား။ ကျနော် မေးလိုတာက နှစ်ချက်ပါ။

ဖြေ ။ ။ အဲဒီကိစ္စကတော့ ကျနော်တို့ ဒီလိုစဉ်းစားနိုင်ပါတယ်။ ဥပမာ ကျနော်တို့လို့ တရုတ်ရဲ့ အိမ်နီးချင်း ဗိယက်နမ်ကလည်း တရုတ်နဲ့ ဆက်ဆံရေးမကောင်းတဲ့ နိုင်ငံ။ ဒါတောင်မှ သူက တရုတ်နဲ့ နိုင်ငံရေးစနစ်ချင်းက တူတယ်။ ကွန်မြူနစ်ပါတီချင်း တူပေမယ့်လို့ တရုတ်နဲ့ မပြေလည်ဘူး။ မပြေလည်တဲ့ နိုင်ငံက ဘာဖြစ်လို့ ခပ်တင်းတင်း နေနိုင်တာလဲဆိုတော့ သူ့မှာ အနာအဆာ မရှိဘူး။ ကျနော်တို့က အနာအဆာတွေ ရှိတယ်။ ကျနော်တို့ ပြည်တွင်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးက မကောင်းဘူး။ အဲဒီဟာက ကိုယ့်ရဲ့အနာရှိလို့ သူက အဲဒီအနာကို ကိုင်ဆွတာပဲ။ ကျနော်တို့က သူကြိုးဆွဲတာ မခံချင်ဘူး၊ အပေါ်စီးနဲ့ ကျနော်တို့ စီးပွားရေး အကျိုးအမြတ် ချုပ်တာတွေ မခံချင်ဘူးဆိုရင် ကိုယ့်အနာတွေ ပျောက်အောက်လုပ်လေ။ ကိုယ်က အနာအဆာတွေ ရှိနေတဲ့အခါကြတော့ ARSA ကိစ္စ။ အနောက်ဘက်က ဘင်္ဂလီကိစ္စဆိုလို့ရှိရင်လဲ ကုလသမဂ္ဂမှာ သူ့ကိုပဲ သွားသွားအားကိုးနေရတယ်။ ICJ ခေါ်ပြီဆိုတဲ့အချိန်မှာ အားလုံးသိကြပါလိမ့်မယ်။ ရှီကျင့်ဖိန်ကို ဖိတ်ပြီးတော့ တခါတည်း ကျနော်တို့ နောင်မှာ ဆိုးဆိုးဝါးဝါး ဖြစ်လာလို့ရှိရင် ကုလသမဂ္ဂမှာ ကာကွယ်ပေးဖို့ တောင်းပန်ရတယ်။ သူက ဘာပြောလဲဆိုတော့ စိတ်ချ ခင်များတို့ မဟာဗျူဟာအကျိုးစီးပွားအတွက် နောက်မဆုတ်ဘူး၊ ကာကွယ်ပေးမှာဆိုပြီး ကတိပေးလိုက်တယ်။ ပြောချင်တဲ့သဘောက ကျနော်တို့က ခပ်မာမာ၊ ခပ်တင်းတင်း ရပ်ချင်တယ်ဆိုရင် အလိုက်သင့်ဆက်ဆံ၊ ပြီးတော့ ကိုယ့်ရဲ့ပြဿနာတွေကို ပြေလည်အောင်ဖြေရှင်း။ ကိုယ့်တိုင်းရင်းသားအချင်းချင်းကြားမှာ ဖယ်ဒရယ်တောင်းတာကိုတောင် ပေးဖို့ဟာကို တပ်နဲ့ NLD က မညီညွှတ်ဘူး။

မေး ။ ။ ကျနော် ဆက်မေးမယ့် မေးခွန်းပါပဲ။ မီဒီယာတွေကလဲ ဝေဖန်ကြတယ်။ မြန်မာနိုင်ငံ အာဏာပိုင်တွေမှာ တိုင်းရင်းသားပြဿနာ အထူးသဖြင့် AA နဲ့ ဖြစ်နေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ မဟာဗျူဟာတရပ် မရှိဘူးလို့ ဆိုကြပါတယ်။ ဆိုတော့ ရှိသင့်တဲ့ မဟာဗျူဟာက ဘယ်လိုဟာမျိုးလဲ။

ဖြေ ။ ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ သူတို့ကို လက်ခံဖို့ လိုတယ်။ တကယ်ကြတော့ တိုင်းရင်းသားအားလုံး လိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို သွားဖို့ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စပါပဲ။ အဓိက ချုပ်လိုက်လို့ရှိရင်တော့။

မေး ။ ။ ကျနော်တို့ ပြောနေတာက အစိုးရနဲ့ တပ်မတော် အာဏာရှိတဲ့အပိုင်းကိုပဲ ပြောတယ်။ တိုင်းရင်းသားလက်နက်ကိုင် အင်အာအးစုတွေပိုင်းကရော ဒီကိစ္စက ငြိမ်းချမ်းစွာ ပြေလည်နိုင်ရေးကို ဦးတည်စေမယ့် မဟာဗျူဟာတရပ် မချမှတ်သင့်ဘူးလား။ အခုဖြစ်နေတာကတော့ စစ်ရေးအင်အား အလေးသာမှာပဲ လေးလေးစားစား ဆက်ဆံခြင်း ခံရမယ်ဆိုတဲ့ အသိစိတ်နဲ့ပဲ လုပ်နေကြတယ်လို့ ကျနော် ထင်ပါတယ်။ ဒီဟာထက်ပိုပြီး ထိရောက်စေမယ့် နှစ်ဘက်ပေါင်းစည်း သင့်မြတ်စေနိုင်မယ့် ဆွေးနွေးညှိနှိုင်းနိုင်မယ့် မဟာဗျူဟာတရပ်ကို ဘယ်လိုချမှတ်သင့်သလဲ။ တိုင်းရင်းသားတွေဘက်က၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က။

ဖြေ ။ ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကို ပြောလို့ရှိရင်လဲ ဖယ်ဒရယ်စနစ်ကို သွားမယ်ဆိုတဲ့ ယေဘုယျအမြင်လောက်ပဲ ရှိတယ်။ သူတို့မှာလဲ ဘုံသဘောတူထားတဲ့ ဖွဲ့စည်းပုံ၊ စည်းမျဉ်း၊ လိုချင်တဲ့ ပန်းတိုင်ဆိုတာ မရှိဘူး။ ဒီသဘောတူညီချက်တွေကို ရပြီဆိုတဲ့အခါမှာ လက်နက်စွန့်ဖို့ဆိုတာကတော့ တခုတည်းသော တပ်မတော် ဖြစ်မယ့် ပြည်ထောင်စုတပ်မတော်ဖြစ်ဖို့ဆိုတဲ့ ကိစ္စကလဲ လွယ်လွယ်နဲ့ စွန့်ချင်ကြမှာ မဟုတ်ဘူး။ လက်နက်စွန့်လိုက်လို့ရှိရင် နိုင်ငံရေးအာဏာ သေနတ်ပြောင်းဝက ထွက်လာတာဖြစ်တယ်ဆိုတဲ့ မော်စီတုန်းရဲ့ သဘောတရားကို လက်ကိုင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့က ဒီဟာနဲ့ ပတ်သက်ပြီးတော့ လိုလားတဲ့ ရည်မှန်းချက်ရပြီဆိုရင်တော့ တခုတည်းသော တပ်မတော်ဖြစ်ဖို့အတွက်က တရုတ်ပြည်ရဲ့ အကူအညီ၊ တရုတ်ပြည်ရဲ့ ဖိအားပေးမှု လိုလိမ့်မယ်။ ဒါကြောင့် တရုတ်ပြည်နဲ့ ဆက်ဆံရေးကလဲ တောက်လျှောက် အစိုးရ၊ တပ်မတော်တွေက ကောင်းနေဖို့လိုတယ်။ သူက ကျနော်တို့အပေါ်မှာ ယုံကြည်စိတ်ရှိမှ စေတနာကောင်းနဲ့ ကူညီမှာ။ အဲဒီလိုမဟုတ်ရင် ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းရေးနဲ့လဲ ဝေးနေမယ်။ ကိုယ့်အနာကလဲ ဘယ်တော့မှ ပျောက်မှာမဟုတ်ဘူး။

မေး ။ ။ ကျေးဇူးတင်ပါတယ် ဦးရဲထွန်း။

XS
SM
MD
LG