သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးတိုင္းအတြင္း KNU နဲ႔ ျမန္မာစစ္တပ္ တိုက္ပဲြျဖစ္ပြား


KNU တပ္ဖြဲ႕ဝင္မ်ား။ (ဇန္နဝါရီ ၃၀၊ ၂၀၁၂)

[Zawgyi/Unicode]

ကရင္အမ်ိဳးသားအစည္းအရံုး KNU လက္ေအာက္ခံ တပ္ဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္ အၾကား ပဲခူးတုိင္းအတြင္း တုိက္ပဲြေတြ ဆက္လက္ ျဖစ္ပြားေနရာက ရာနဲ႔ခ်ီတဲ့ ေဒသခံေတြ ေဘးလြတ္ရာ တိမ္းေရွာင္ေနရတဲ့အေၾကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ KNU ကရင္အမ်ိဳးသားအစည္းအရံုးလက္ေအာက္ခံ တပ္မဟာ ၃ တပ္ဖြဲ႕နဲ႔ ျမန္မာစစ္တပ္တုိ႔အၾကား ပဲခူးတိုင္း၊ ေညာင္ေလးပင္ခရိုင္ ေက်ာက္ၾကီးျမိဳ႕နယ္မွာ တိုက္ပြဲရက္ဆက္ ျဖစ္ပြါးေနတာ ျဖစ္ပါတယ္။

တုိက္ပဲြေတြအတြင္း ေဒသခံအရပ္သား ထိခုိက္ဒဏ္ရာရတာေတြ ရွိခဲ့ေၾကာင္းလည္း KNU တပ္မဟာ ၃ အရာရွိတဦးကေျပာပါတယ္။

“တိုက္ပြဲအေျခအေနကေတာ့ ေန႔တိုင္းလိုလိုကေတာ့ ပစ္ခတ္မႈေတြေတာ့ ၾကားေနရတယ္။ ဒီမနက္ေတာင္မွ ပစ္ခတ္မႈေတြ ရွိေသးတယ္။ ဒီမနက္ေတာင္မွ စစ္တပ္ကေန ျပီးေတာ့ ခမရ ၆၀၃ ကေနျပီးေတာ့ လက္နက္ၾကီးေတြပစ္ေတာ့ ရြာထဲကို ပစ္ေတာ့ အဲဒီမွာ တာ့ေပၚခီးရြာထဲကိုက်တယ္.. လက္နက္ၾကီး။ ရြာသားတေယာက္ ထိခိုက္ဒဏ္ရာရမႈ ရွိတယ္။ ပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရသူတဦးရွိတာေပါ့။”

တပ္မေတာ္က ေဒသတြင္းမွာ လမ္းေဖါက္လုပ္တဲ့ကိစၥနဲ႔ တပ္အင္အားတိုးခ်ဲ႕လာတဲ့ ကိစၥေတြအေပၚ အေျခခံၿပီး တုိက္ပဲြေတြ ျဖစ္ပြားေနတာလုိ႔လည္း ေျပာပါတယ္။

တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ တပ္မေတာ္က ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြကုိ ေႏွာက္ယွက္ပစ္ခတ္မႈေတြ ရွိေနတာေၾကာင့္ တုံ႔ျပန္ရတာေတြ ရွိတယ္လုိ႔ အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ပြင့္လင္းရာသီမွာဆိုရင္ ေဒသဖြံ႕ျဖိဳးေရးလမ္း ေက်ာက္ၾကီး -မူသဲ လုပ္ဖို႕လမ္းကို က်ေနာ္တို႔ ျပဳျပင္ထိန္းသိမ္းေဆာင္ရြက္ေနတာျဖစ္တယ္။ ႏွစ္စဥ္လုပ္ငန္းေဆာင္ရြက္ေနတာျဖစ္တယ္။ ဒါေတြ လုပ္ေဆာင္ေနတဲ့အခါမွာ KNU တပ္မဟာ ၃ လို႔ ေျပာဖို႔ခက္ပါတယ္။ ဒီဟာက တပ္မဟာ ၅ က အဖြဲ႕ေတြလဲ ၀င္ေရာက္ေႏွာင့္ယွက္ပစ္ခတ္တာမ်ိဳးေတြရွိတယ္။ က်ေနာ္တို႔ဆီက စစ္သည္တခ်ိဳ႕ ဒဏ္ရာရရွိခဲ့တာ ရွိတယ္။ က်ေနာ္တို႔အေနနဲ႔က သူတို႔ စခန္းေတြနဲ႔ ပတ္သက္ျပီး ဘယ္ေနရာမွာ ရွိတယ္ဆိုတာ သြားေရာက္ျပီး တိုက္ခိုက္တာမ်ိဳးတို႔ စစ္ဆင္ေရးလုပ္တာမ်ိဳးတို႔ မရွိပါဘူး။ က်ေနာ္တို႔ ဖြံ႕ျဖိဳးေရးလမ္း ျပဳျပင္ထိန္းသိမ္း လုပ္ေနတဲ့ေနရာမွာ လာျပီးေတာ့ ေႏွာင့္ယွက္ပစ္ခတ္တာမ်ိဳးေတြေတာ့ မလႊဲမေသြ တုံ႕ျပန္ ရတဲ့ဟာေတြေတာ့ ရွိေကာင္းရွိနိုင္ပါတယ္။”

KNU ေလာက္ေအာက္ခံ တပ္ဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္တုိ႔ၾကား ၿပီးခဲ့တဲ့ႏွစ္ကုန္ပုိင္းကစ KNU တပ္မဟာ ၅ ထိန္းခ်ဳပ္ရာ ဖာပြန္ခရိုင္၊ တပ္မဟာ ၃ ထိန္းခ်ဳပ္ရာ ေညာင္ေလးပင္ခရိုင္နဲ႔ တပ္မ ၁ ရွိရာ သထုံခရိုင္တုိ႔မွာ ဆက္တုိက္ဆုိသလုိ တုိက္ပဲြေတြ ျဖစ္ပြားေနတာပါ။

ေညာင္ေလးပင္ခ႐ုိင္အတြင္း တုိက္ပဲြေတြေၾကာင့္ ေဒသခံရြာသား ရာနဲ႔ခ်ီ တိမ္းေရွာင္ေနရတယ္လုိ႔လည္း ေဒသခံရြာသားတဦးျဖစ္တဲ့ ေစာဘသိန္းက ေျပာပါတယ္။

“ဒီေန႔လည္းျဖစ္တယ္... တိုက္ပြဲျဖစ္တဲ့ပုံပါပဲ လက္နက္ၾကီးေတြပစ္တယ္။ ေဒသခံေတြကေတာ့ေျပးေနလႊားေနရတာေပါ့။ ရြာ ၄၊ ၅ ရြာေလာက္ရွိတယ္။ ခဲဒဲ၊ ခဲကာခို၊ တာ့ေကာ္ခီးတို႕ မူသဲအထက္က ရြာေတြေပါ့။ ရြာသားဦးေရ ခန္႔မွန္းေျခ ၅၀၀ ေလာက္ေတာ့မကဘူး။ သူတို႕ေတြမွာ စား၀တ္ေနေရးလည္း အခက္ခဲျဖစ္တယ္။ ေနာက္ျပီးေတာ့ သူတို႔ မူသဲရြာကိုလည္း မူသဲရြာတရြာရွိတယ္။ အဲဒီမွာ တပ္စခန္းဗ်ဴဟာနဲ႔နီးေတာ့ ရြာသူရြာသားေတြအျပင္မွာ ေစ်း၀ယ္စားဖို႔ ေစ်းလာဆင္း၀ယ္လို႔ကိုမရဘူး။ လမ္းပိတ္ထားတယ္။”

ၿပီးခဲ့တဲ့ႏွစ္ထဲမွာပဲ KNU ရဲ႕ လက္နက္ကုိင္တပ္ဖဲြ႔ KNLA က ဖာပြန္ျမိဳ႕နယ္မွာ အေျခစုိက္ထားတဲ့ ျမန္မာစစ္တပ္ရဲ႕ တပ္စခန္းေတြ ႏွစ္ကုန္မွာ ေနာက္ဆုံးထား ရုပ္သိမ္းေပးဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး ေနာက္ပုိင္းမွာ စစ္ေရးတင္းမာမႈေတြလည္း ႀကီးထြားလာခဲ့တာပါ။ KNU ဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ေရးထိုးထားေပမဲ့ ေဆြးေႏြးမႈေတြ ရပ္တန္႔ေနတာပါ။ ႏုိင္ငံေရးအရ ေဆြးေႏြးမႈေတြ မလုပ္ႏုိင္သလုိ၊ တပ္ေနရာခ်ထားေရး၊ တပ္အင္အားေလွ်ာ့ခ်ေရး အပါအ၀င္ စစ္ေရးဆုိင္ရာ ကိစၥေတြမွာလည္း သေဘာတူညီခ်က္ေတြ မရရွိေသးတာေၾကာင့္ ထိပ္တိုက္ရင္ဆုိင္မႈေတြ မၾကာခဏ ျဖစ္ပြားေနရတာလုိ႔လည္း အကဲခတ္ေတြနဲ႔ တုိင္းရင္းသား လက္နက္ကုိင္ အင္အားစုေတြက ယူဆထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပဲခူးတိုင်းအတွင်း KNU နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် အကြား ပဲခူးတိုင်းအတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာက ရာနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ KNU ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ ၃ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်မှာ တိုက်ပွဲရက်ဆက် ဖြစ်ပွါးနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း ဒေသခံအရပ်သား ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ကြောင်းလည်း KNU တပ်မဟာ ၃ အရာရှိတဦးကပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ နေ့တိုင်းလိုလိုကတော့ ပစ်ခတ်မှုတွေတော့ ကြားနေရတယ်။ ဒီမနက်တောင်မှ ပစ်ခတ်မှုတွေ ရှိသေးတယ်။ ဒီမနက်တောင်မှ စစ်တပ်ကနေ ပြီးတော့ ခမရ ၆၀၃ ကနေပြီးတော့ လက်နက်ကြီးတွေပစ်တော့ ရွာထဲကို ပစ်တော့ အဲဒီမှာ တာ့ပေါ်ခီးရွာထဲကိုကျတယ်.. လက်နက်ကြီး။ ရွာသားတယောက် ထိခိုက်ဒဏ်ရာရမှု ရှိတယ်။ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူတဦးရှိတာပေါ့။”

တပ်မတော်က ဒေသတွင်းမှာ လမ်းဖေါက်လုပ်တဲ့ကိစ္စနဲ့ တပ်အင်အားတိုးချဲ့လာတဲ့ ကိစ္စတွေအပေါ် အခြေခံပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့လည်း ပြောပါတယ်။

တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တပ်မတော်က ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို နှောက်ယှက်ပစ်ခတ်မှုတွေ ရှိနေတာကြောင့် တုံ့ပြန်ရတာတွေ ရှိတယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့ ပွင့်လင်းရာသီမှာဆိုရင် ဒေသဖွံ့ဖြိုးရေးလမ်း ကျောက်ကြီး -မူသဲ လုပ်ဖို့လမ်းကို ကျနော်တို့ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေတာဖြစ်တယ်။ နှစ်စဉ်လုပ်ငန်းဆောင်ရွက်နေတာဖြစ်တယ်။ ဒါတွေ လုပ်ဆောင်နေတဲ့အခါမှာ KNU တပ်မဟာ ၃ လို့ ပြောဖို့ခက်ပါတယ်။ ဒီဟာက တပ်မဟာ ၅ က အဖွဲ့တွေလဲ ဝင်ရောက်နှောင့်ယှက်ပစ်ခတ်တာမျိုးတွေရှိတယ်။ ကျနော်တို့ဆီက စစ်သည်တချို့ ဒဏ်ရာရရှိခဲ့တာ ရှိတယ်။ ကျနော်တို့အနေနဲ့က သူတို့ စခန်းတွေနဲ့ ပတ်သက်ပြီး ဘယ်နေရာမှာ ရှိတယ်ဆိုတာ သွားရောက်ပြီး တိုက်ခိုက်တာမျိုးတို့ စစ်ဆင်ရေးလုပ်တာမျိုးတို့ မရှိပါဘူး။ ကျနော်တို့ ဖွံ့ဖြိုးရေးလမ်း ပြုပြင်ထိန်းသိမ်း လုပ်နေတဲ့နေရာမှာ လာပြီးတော့ နှောင့်ယှက်ပစ်ခတ်တာမျိုးတွေတော့ မလွှဲမသွေ တုံ့ပြန် ရတဲ့ဟာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်။”

KNU လောက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့ကြား ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစ KNU တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်၊ တပ်မဟာ ၃ ထိန်းချုပ်ရာ ညောင်လေးပင်ခရိုင်နဲ့ တပ်မ ၁ ရှိရာ သထုံခရိုင်တို့မှာ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ညောင်လေးပင်ခရိုင်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံရွာသား ရာနဲ့ချီ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံရွာသားတဦးဖြစ်တဲ့ စောဘသိန်းက ပြောပါတယ်။

“ဒီနေ့လည်းဖြစ်တယ်... တိုက်ပွဲဖြစ်တဲ့ပုံပါပဲ လက်နက်ကြီးတွေပစ်တယ်။ ဒေသခံတွေကတော့ပြေးနေလွှားနေရတာပေါ့။ ရွာ ၄၊ ၅ ရွာလောက်ရှိတယ်။ ခဲဒဲ၊ ခဲကာခို၊ တာ့ကော်ခီးတို့ မူသဲအထက်က ရွာတွေပေါ့။ ရွာသားဦးရေ ခန့်မှန်းခြေ ၅၀၀ လောက်တော့မကဘူး။ သူတို့တွေမှာ စားဝတ်နေရေးလည်း အခက်ခဲဖြစ်တယ်။ နောက်ပြီးတော့ သူတို့ မူသဲရွာကိုလည်း မူသဲရွာတရွာရှိတယ်။ အဲဒီမှာ တပ်စခန်းဗျူဟာနဲ့နီးတော့ ရွာသူရွာသားတွေအပြင်မှာ ဈေးဝယ်စားဖို့ ဈေးလာဆင်းဝယ်လို့ကိုမရဘူး။ လမ်းပိတ်ထားတယ်။”

ပြီးခဲ့တဲ့နှစ်ထဲမှာပဲ KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA က ဖာပွန်မြို့နယ်မှာ အခြေစိုက်ထားတဲ့ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတွေ နှစ်ကုန်မှာ နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေလည်း ကြီးထွားလာခဲ့တာပါ။ KNU ဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဆွေးနွေးမှုတွေ ရပ်တန့်နေတာပါ။ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ မလုပ်နိုင်သလို၊ တပ်နေရာချထားရေး၊ တပ်အင်အားလျှော့ချရေး အပါအဝင် စစ်ရေးဆိုင်ရာ ကိစ္စတွေမှာလည်း သဘောတူညီချက်တွေ မရရှိသေးတာကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ မကြာခဏ ဖြစ်ပွားနေရတာလို့လည်း အကဲခတ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေက ယူဆထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG