သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္ႀကီးဘက္မွာ တပ္မေတာ္နဲ႔ KNU တပ္ဖြဲ႔ေတြၾကား တိုက္ပြဲေတြ ရက္ဆက္ျဖစ္ေန


KNU တပ္ဖဲြ႔ဝင္မ်ား။ (ဇန္နဝါရီ ၃၀၊ ၂၀၁၂)

[Zawgyi/Unicode]

ပဲခူးတုိင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္မွာ အပစ္ရပ္ လက္နက္ကုိင္အဖဲြ႔ KNU ကရင္အမ်ိဳးသားအစည္းအရံုး လက္ေအာက္ခံ တပ္ဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္အၾကား တုိက္ပဲြေတြ ေန႔စဥ္ရက္ဆက္ ျဖစ္ပြားေနတဲ့ အေျခအေနကို ေျပာျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ပဲခူးတိုင္း၊ ေက်ာက္ၾကီးျမိဳ႕နယ္မွာ လမ္းေဖါက္လုပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ ေဒသတြင္းမွာ အေျချပဳထားတဲ့ KNU တပ္မဟာ ၃ တပ္ဖြဲ႔တို႔ ဒီတပတ္ထဲမွာပဲ တုိက္ပဲြေတြ ဆက္တုိက္ျဖစ္ပြားေနတာပါ။ ဒီေန႔အထိဆုိရင္ တုိက္ခုိက္ေနတာ ၄ ရက္ ရွိေနၿပီလုိ႔လည္း ေက်ာက္ၾကီးေဒသခံ ေစာစိုးျမင့္ကေျပာပါတယ္။

“ဒီေန႔ ၁၄ ရက္ေန႔ မနက္ေပါ့ေနာ္... အဲဒီမွာ တာ့ေပၚခီးရြာေဘးေပါ့ေနာ္။ အဲဒီ သူတို႔ ေဖါက္တဲ့လမ္းမေပၚမွာေပါ့ေနာ္။ အဲဒီမွာလဲ တိုက္ပြဲတပြဲျဖစ္တယ္တဲ့။ တပ္မေတာ္ကေနျပီးေတာ့ ဆီသယ္ေဆာင္သြားတဲ့ ကားတစီးေပါ့ေနာ္.. အဲဒီမွာ အပစ္ခံရတယ္။ ၁၀ ရက္၊ ၁၁ ရက္၊ ၁၂ ရက္... ၃ ရက္ ဆက္တိုက္ပဲ လမ္းေပၚမွာ ထိေတြ႕မႈရွိတယ္။ အဲဒီေက်ာက္ၾကီး မူသဲေဖါက္တဲ့လမ္းေလ။ ပစ္တာကေတာ့ ေက်ာက္ၾကီးနဲ႔ မူသဲၾကားမွာပဲ ပစ္တယ္။”

တုိက္ခုိက္မႈေတြ ျဖစ္ပြားရာက ျမန္မာစစ္တပ္ေတြ ထပ္မံေရာက္ရွိလာေနတာေၾကာင့္ ေဒသခံေတြၾကား စုိးရိမ္မႈေတြလည္း ထြက္ေပၚေနပါတယ္။ လတ္တေလာ တုိက္ပဲြေတြေၾကာင့္ ပဲခူးတုိင္း၊ ေက်ာက္ႀကီးၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ၾကား ကားလမ္းေဘးက ရြာတခ်ဳိ႕က ေဒသခံ ၅၀၀ ေလာက္ ေဘးလြတ္ရာ တိမ္းေရွာင္ေနရတယ္လုိ႔လည္း ေဒသခံေစာစိုးျမင့္က ေျပာပါတယ္။

“ဒီတပ္မဟာ ၃ နဲ႔ တပ္မဟာ ၅ ၾကားမွာေပါ့ေနာ္။ အဲဒီမွာရွိတဲ့ျပည္သူ ၅၀၀ ေက်ာ္ ေရွာင္ေျပးေနရတာေပါ့ေနာ္။ ေျပးတယ္ဆို တာကအခု ေလာေလာဆယ္သူတို႔က အဲဒီေဖါက္တဲ့လမ္းနဲ႔ နီးလို႔ရွိရင္ေတာ့ နည္းနည္းေ၀းတဲ့ေနရာေတြေလာက္ပဲ ေျပးရတာေပါ့။ စခန္းရယ္လို႔ ဘာညာ အတိအက်ေတာ့ မရွိဘူးေပါ့ေနာ္။”

ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္ကုန္ ဒီဇင္ဘာ ၂၈ ရက္ေန႔နဲ႔ ဒီႏွစ္ဆန္း ဇန္နဝါရီ ၂ ရက္ေန႔မွာလည္း ပဲခူးတုိင္း ေညာင္ေလးပင္ခရိုင္ မုန္းျမိဳ႕နယ္နဲ႔ ေက်ာက္ၾကီး ျမိဳ႕နယ္ နယ္ေျမျဖစ္တဲ့ ခိုးပူ ေဆာမီလူ ခဲကာခိုနဲ႔ ခဲဒဲေက်းရြာအုပ္စုေတြမွာ KNU နဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။

ခိုးပူ ေဆာမီလူ ခဲကာခိုနဲ႔ ခဲဒဲေက်းရြာအုပ္စုေတြမွာ တပ္စြဲထားတဲ့ ျမန္မာစစ္တပ္စခန္းေတြ ျပန္လည္ရုပ္သိမ္းေပးဖို႔လည္း ဇန္နဝါရီ ၄ ရက္ေန႔ရက္စြဲနဲ႔ ေညာင္ေလးပင္ခရိုင္ ကရင္လူမႈေရးရာအဖြဲ႔ကေန သေဘာထားေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

ေဒသခံေတြအေပၚ ၿခိမ္းေျခာက္လာေနတဲ့ လက္နက္ကုိင္ ပဋိပကၡေတြ ရပ္စဲဖုိ႔လည္း ေဒသခံ လူမႈအေျချပဳအဖဲြ႔တခုျဖစ္တဲ့ အရပ္ဘက္ပစ္ခတ္တိုက္ခိုက္မႈ ေစာင့္ၾကည့္ေရးေကာ္မီတီ၀င္ ဦးထူးဘလက္ကေျပာပါတယ္။

“ပဋိပကၡျဖစ္ရင္ေတာ့ ႏွစ္ဘက္လက္နက္ကိုင္ကေတာ့ သူ႔ဟာနဲ႔ သူကေတာ့ ဘာမွျပႆနာမရွိဘူး။ က်ေနာ္တို႔ တိုင္းရင္းသား ေဒသခံေတြပဲ ဒုကၡေရာက္မယ္။ ဒါကထုံးစံပဲ။ ပဋိပကၡမျဖစ္ဖို႔ က်ေနာ္တို႔ကလည္း အဲဒါပဲ ေမွ်ာ္လင့္တယ္။”

ေက်ာက္ၾကီးျမိဳ႕နယ္အျပင္ KNU တပ္ဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္ၾကား ဖာပြန္ခရိုင္မွာလည္း စစ္ေရးတင္းမာေနပါတယ္။ KNU တပ္ဖဲြ႔ေတြနဲ႔ ျမန္မာစစ္တပ္ၾကား တုိက္ခုိက္မႈေတြ ျဖစ္ပြားေနတဲ့ ေနာက္ဆုံးအေျခအေနနဲ႔ ပတ္သက္လုိ႔ တပ္မေတာ္ ေျပာခြင့္ရသူကုိ ဆက္သြယ္ဖုိ႔ ႀကိဳးစားေပမဲ့ မရခဲ့ပါဘူး။

အစုိးရနဲ႔ NCA အပစ္ရပ္စဲၿပီးတဲ့ေနာက္ပိုင္း KNU ထိန္းခ်ဳပ္ရာ ေဒသေတြမွာ တပ္မေတာ္က တပ္စခန္းသစ္တည္ေဆာက္တာ၊ စက္ယႏၱရားေတြနဲ႔ လမ္းေဖါက္လုပ္ေနတဲ့ လုပ္ရပ္ေတြေၾကာင့္ စစ္ေရးတင္းမာမႈေတြ ေပၚေပါက္ေနတာလုိ႔လည္း KNU ဖာပြန္ခရိုင္တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္း ကေျပာပါတယ္။

“ေနာက္ဆုံးအေျခအေနကေတာ့ ထိေတြ႕မႈေတာ့ ရွိတုန္းပဲ ေျပာရမွာေပါ့ေနာ္။ ျမန္မာစစ္တပ္ဘက္ကလည္း အင္အားေတြတိုးလာတယ္။ ကားတန္းေတြနဲ႔ တက္လာတယ္။ ဆိုေတာ့လမ္းေဖါက္တာေတြလည္း လုပ္လာတဲ့အခါက်ေတာ့ ထိေတြ႕မႈေတာ့ ရွိေနတယ္လို႔ပဲ ေျပာရမယ္။ အဲဒီလိုမ်ိဳးသာ လုပ္ေနမယ္ဆိုရင္ေတာ့ ထိေတြ႕မႈေတာ့ ရွိေနဦးမွာပဲလို႔ ေျပာရမွာျဖစ္တယ္။”

တပ္စခန္းသစ္တည္ေဆာက္တာ အစိုးရအုပ္ခ်ဳပ္ေရး ယႏၲရားမ်ား စဥ္ဆက္မျပတ္ ဝင္ေရာက္ လာမႈေတြဟာ ဖက္ဒရယ္ ျပည္ေထာင္စုရဲ႕ အႏွစ္သာရကို ဆန႔္က်င္တဲ့လုပ္ရပ္လို႕ မေန႔ကက်ေရာက္တဲ့ ကရင္ႏွစ္သစ္ကူးေန႔မွာ KNU ရဲ႕ လက္နက္ကုိင္တပ္ဖဲြ႔ျဖစ္တဲ့ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ KNLA ကေန ကရင္အမ်ိဳးသားေတြနဲ႔ လူငယ္ထုကို ေပးပုိ႔တဲ့ အိတ္ဖြင့္ေပးစာမွာ ေဖာ္ျပထားပါတယ္။

KNU တပ္မဟာ ၅ အေျခစုိက္ရာ ဖာပြန္ခရိုင္မွာ ျမန္မာစစ္တပ္တပ္စခန္းေတြ ၿပီးခဲ့တဲ့ႏွစ္ကုန္ ေနာက္ဆုံးထား ရုပ္သိမ္းေပးဖို႔ KNLA ကေန ေၾကညာခ်က္ထုတ္ျပန္ ေတာင္းဆုိခဲ့ၿပီးေနာက္ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြါးလာေနတာပါ။

လက္ရွိ KNU တပ္မဟာ ၅ ဖာပြန္ခရိုင္ တပ္မဟာ ၃ ေညာင္ေလးပင္ခရိုင္ေတြမွာ ႏွစ္ဘက္တပ္ေတြ စစ္ေရးတင္းမာေနသလို တပ္မဟာ ၁ သထုံခရိုင္ ဘီးလင္းျမိဳ႕နယ္ဘက္မွာလည္း ထိေတြ႕မႈ ၾကိဳၾကားျဖစ္ပြါးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကျောက်ကြီးဘက်မှာ တပ်မတော်နဲ့ KNU တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့ KNU ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတဲ့ အခြေအနေကို ပြောပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ လမ်းဖေါက်လုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဒေသတွင်းမှာ အခြေပြုထားတဲ့ KNU တပ်မဟာ ၃ တပ်ဖွဲ့တို့ ဒီတပတ်ထဲမှာပဲ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ ဒီနေ့အထိဆိုရင် တိုက်ခိုက်နေတာ ၄ ရက် ရှိနေပြီလို့လည်း ကျောက်ကြီးဒေသခံ စောစိုးမြင့်ကပြောပါတယ်။

“ဒီနေ့ ၁၄ ရက်နေ့ မနက်ပေါ့နော်... အဲဒီမှာ တာ့ပေါ်ခီးရွာဘေးပေါ့နော်။ အဲဒီ သူတို့ ဖေါက်တဲ့လမ်းမပေါ်မှာပေါ့နော်။ အဲဒီမှာလဲ တိုက်ပွဲတပွဲဖြစ်တယ်တဲ့။ တပ်မတော်ကနေပြီးတော့ ဆီသယ်ဆောင်သွားတဲ့ ကားတစီးပေါ့နော်.. အဲဒီမှာ အပစ်ခံရတယ်။ ၁၀ ရက်၊ ၁၁ ရက်၊ ၁၂ ရက်... ၃ ရက် ဆက်တိုက်ပဲ လမ်းပေါ်မှာ ထိတွေ့မှုရှိတယ်။ အဲဒီကျောက်ကြီး မူသဲဖေါက်တဲ့လမ်းလေ။ ပစ်တာကတော့ ကျောက်ကြီးနဲ့ မူသဲကြားမှာပဲ ပစ်တယ်။”

တိုက်ခိုက်မှုတွေ ဖြစ်ပွားရာက မြန်မာစစ်တပ်တွေ ထပ်မံရောက်ရှိလာနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။ လတ်တလော တိုက်ပွဲတွေကြောင့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ကြား ကားလမ်းဘေးက ရွာတချို့က ဒေသခံ ၅၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံစောစိုးမြင့်က ပြောပါတယ်။

“ဒီတပ်မဟာ ၃ နဲ့ တပ်မဟာ ၅ ကြားမှာပေါ့နော်။ အဲဒီမှာရှိတဲ့ပြည်သူ ၅၀၀ ကျော် ရှောင်ပြေးနေရတာပေါ့နော်။ ပြေးတယ်ဆို တာကအခု လောလောဆယ်သူတို့က အဲဒီဖေါက်တဲ့လမ်းနဲ့ နီးလို့ရှိရင်တော့ နည်းနည်းဝေးတဲ့နေရာတွေလောက်ပဲ ပြေးရတာပေါ့။ စခန်းရယ်လို့ ဘာညာ အတိအကျတော့ မရှိဘူးပေါ့နော်။”

ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကုန် ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ဒီနှစ်ဆန်း ဇန်နဝါရီ ၂ ရက်နေ့မှာလည်း ပဲခူးတိုင်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီး မြို့နယ် နယ်မြေဖြစ်တဲ့ ခိုးပူ ဆောမီလူ ခဲကာခိုနဲ့ ခဲဒဲကျေးရွာအုပ်စုတွေမှာ KNUနဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

ခိုးပူ ဆောမီလူ ခဲကာခိုနဲ့ ခဲဒဲကျေးရွာအုပ်စုတွေမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်စခန်းတွေ ပြန်လည်ရုပ်သိမ်းပေးဖို့လည်း ဇန်နဝါရီ ၄ ရက်နေ့ရက်စွဲနဲ့ ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ကနေ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဒေသခံတွေအပေါ် ခြိမ်းခြောက်လာနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့လည်း ဒေသခံ လူမှုအခြေပြုအဖွဲ့တခုဖြစ်တဲ့ အရပ်ဘက်ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးကော်မီတီဝင် ဦးထူးဘလက်ကပြောပါတယ်။

“ပဋိပက္ခဖြစ်ရင်တော့ နှစ်ဘက်လက်နက်ကိုင်ကတော့ သူ့ဟာနဲ့ သူကတော့ ဘာမှပြဿနာမရှိဘူး။ ကျနော်တို့ တိုင်းရင်းသား ဒေသခံတွေပဲ ဒုက္ခရောက်မယ်။ ဒါကထုံးစံပဲ။ ပဋိပက္ခမဖြစ်ဖို့ ကျနော်တို့ကလည်း အဲဒါပဲ မျှော်လင့်တယ်။”

ကျောက်ကြီးမြို့နယ်အပြင် KNU တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ဖာပွန်ခရိုင်မှာလည်း စစ်ရေးတင်းမာနေပါတယ်။ KNU တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော် ပြောခွင့်ရသူကို ဆက်သွယ်ဖို့ ကြိုးစားပေမဲ့ မရခဲ့ပါဘူး။

အစိုးရနဲ့ NCA အပစ်ရပ်စဲပြီးတဲ့နောက်ပိုင်း KNU ထိန်းချုပ်ရာ ဒေသတွေမှာ တပ်မတော်က တပ်စခန်းသစ်တည်ဆောက်တာ၊ စက်ယန္တရားတွေနဲ့ လမ်းဖေါက်လုပ်နေတဲ့ လုပ်ရပ်တွေကြောင့် စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာလို့လည်း KNU ဖာပွန်ခရိုင်တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်း ကပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ ထိတွေ့မှုတော့ ရှိတုန်းပဲ ပြောရမှာပေါ့နော်။ မြန်မာစစ်တပ်ဘက်ကလည်း အင်အားတွေတိုးလာတယ်။ ကားတန်းတွေနဲ့ တက်လာတယ်။ ဆိုတော့လမ်းဖေါက်တာတွေလည်း လုပ်လာတဲ့အခါကျတော့ ထိတွေ့မှုတော့ ရှိနေတယ်လို့ပဲ ပြောရမယ်။ အဲဒီလိုမျိုးသာ လုပ်နေမယ်ဆိုရင်တော့ ထိတွေ့မှုတော့ ရှိနေဦးမှာပဲလို့ ပြောရမှာဖြစ်တယ်။”

တပ်စခန်းသစ်တည်ဆောက်တာ အစိုးရအုပ်ချုပ်ရေး ယန္တရားများ စဉ်ဆက်မပြတ် ဝင်ရောက် လာမှုတွေဟာ ဖက်ဒရယ် ပြည်ထောင်စုရဲ့ အနှစ်သာရကို ဆန့်ကျင်တဲ့လုပ်ရပ်လို့ မနေ့ကကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ကနေ ကရင်အမျိုးသားတွေနဲ့ လူငယ်ထုကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

KNU တပ်မဟာ ၅ အခြေစိုက်ရာ ဖာပွန်ခရိုင်မှာ မြန်မာစစ်တပ်တပ်စခန်းတွေ ပြီးခဲ့တဲ့နှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ KNLA ကနေ ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာနေတာပါ။

လက်ရှိ KNU တပ်မဟာ ၅ ဖာပွန်ခရိုင် တပ်မဟာ ၃ ညောင်လေးပင်ခရိုင်တွေမှာ နှစ်ဘက်တပ်တွေ စစ်ရေးတင်းမာနေသလို တပ်မဟာ ၁ သထုံခရိုင် ဘီးလင်းမြို့နယ်ဘက်မှာလည်း ထိတွေ့မှု ကြိုကြားဖြစ်ပွါးနေပါတယ်။

XS
SM
MD
LG