သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

KNU နဲ႔ တပ္မေတာ္အၾကား စစ္ေရးတင္းမာေနမႈအေပၚ ေဒသခံေတြစုိးရိမ္


Karen National Union (KNU)

(Zawgyi/Unicode)

ျမန္မာအစုိးရနဲ႔ NCAအပစ္ရပ္ လက္မွတ္ထုိးထားတဲ့ တုိင္းရင္းသား လက္နက္ကုိင္အဖဲြ႔ ကရင္အမ်ိဳးသားအစည္း အရံုးKNUနဲ႔ ျမန္မာစစ္တပ္ၾကား ပဲခူးတိုင္း၊ ေညာင္ေလးပင္ ခရိုင္မွာ စစ္ေရး တင္းမာေနတဲ့အေပၚ ေဒသခံေတြစိုးရိမ္ ေနတဲ့အေၾကာင္း နိုင္ကြန္းအိန္ ေျပာျပေပးမွာပါ။

ကရင္အမ်ိဳးသားအစည္းအရံု းKNU တပ္မဟာ(၃)လွဳပ္ရွားရာ ပဲခူးတိုင္း ေညာင္ေလးပင္ခရိုင္ဖက္မွာ ဒီဇင္ဘာလ ကုန္ကေန ဇန္န၀ါရီလဆန္းအထိ KNUနဲ႕ျမန္မာစစ္တပ္တို႕အၾကား တိုက္ပြဲျဖစ္ပြါးခဲ့လို႕ စိုးရိမ္မွဳေတြရွိေနတဲ့ အေၾကာင္း ေညာင္ေလးပင္ခရိုင္ ကရင္လူမႈေရးရာအဖြဲ႔ေျပာခြင့္ရ ေစာထိီးပယ္တယ့္ကေျပာပါတယ္။

“(၁၂)လပိုင္း(၂၈)ရက္ေန႕ကစျပီးစျဖစ္တယ္။ ေညာင္ေလးပင္ခရိုင္တပ္မဟာ(၃) ဒီဘက္အျခမ္း အဲဒီေဖၚျပတဲ့ေက်းရြာ ေတြမွာ။ အဲ (၁)လပိုင္း(၂)ရက္လဲတခါျဖစ္တယ္။ ဒီျဖစ္စဥ္အေပၚမွာ ကြ်န္ေတာ္တို႕ေဒသခံျပည္သူေတြ ဒီအေပၚမွာ စိုးရိမ္ေၾကာင့္က်မွဳေတြျဖစ္တယ္။”

၂၀၂၀ႏွစ္ကုန္ဒီဇင္ဘာ(၂၈)ရက္ေန႕နဲ႕ ဒီႏွစ္ဆန္းဇန္နာ၀ါရီ(၂)ရက္ေန႕မွာ ေညာင္ေလးပင္ခရိုင္ မုန္းျမိဳ႕နယ္နဲ႕ ေက်ာက္ၾကီးျမိဳ႕နယ္ နယ္ေျမျဖစ္တဲ့ ခိုးပူ၊ ေဆာမီလူ ၊ ခဲကာခိုနဲ႕ခဲဒဲေက်းရြာအုပ္စုေတြမွာ KNUနဲ႕ျမန္မာစစ္တပ္တို႕ တိုက္ပြဲျဖစ္ပြါးခဲ့တာပါ။

တပ္မေတာ္ကေန ေဒသအတြင္းလမ္းေဖါက္လုပ္ေနတဲ့ကိစၥနဲ႕ပက္သက္ျပီး နယ္ေျမအတြင္းလွဳပ္ရွားေနတဲ့ KNU တပ္ဖြဲ႕ေတြနဲ႕ တိုက္ပြဲျဖစ္ပြါးေနတာပါ။

KNU ေက်ာက္ၾကီးျမိဳ႕နယ္ ဆက္ဆံေရးရံုးတာ၀န္ရွိသူတဦးကေတာ့ ေဒသတြင္းတိုက္ပြဲျဖစ္ပြါးေၾကာင္းအတည္ျပဳ ေျပာပါတယ္။

“(၂၈)ရက္ေန႕မွာ အဲဒီေက်ာက္ၾကီးနဲ႕ မူသဲၾကားမွာရွိတဲ့ ကားလမ္းပေစာင့္ေကြ႕ဆိုတဲ့ေနရာမွာ အနဲအက်ဥ္းျဖစ္ တယ္ဆိုတာသိရတယ္။”

ဒီလိုျဖစ္ပြါးတဲ့တိုက္ပြဲေတြေၾကာင့္ေဒသခံရြာသားေတြလုံျခံဳေရး စိုးရိမ္ေနရလို႕ ႏွစ္ဖက္တပ္ဖြဲ႕ေတြအေနနဲ႕ အပစ္ခတ္ ရပ္စဲေရး သေဘာတူညီခ်က္အတိုင္လုပ္ေဆာင္သြားဖို႕တိုက္တြန္းတယ္လို႕ ကရင္လူမႈေရးရာအဖြဲ႔ေျပာခြင့္ရ ေစာထိီး ပယ္တယ့္ကေျပာပါတယ္။

“လမ္းေဖါက္လုပ္မွဳကိစၥနဲ႕ျဖစ္ခဲ့တဲ့ပုံစံဘဲ။ အခုဆိုရင္လမ္းေၾကာင္းမွာ ႏွစ္ဖက္တပ္ေတြ လွဳပ္ရွားမွဳကေတာ့ပို မ်ားလာ တဲ့ အခါက်ေတာ့ ျပည္သူေတြကေတာ့ သြားလာတာေတာ့ ေတာ္ေတာ္ပါးသြားတာေပါ့။ အဲဒီထက္ပိုၾကီးထြားလာမယ္ ဆိုရင္ေတာ့ သူတို႕လဲစိုးရိမ္တာေပါ့။ သူတို႕ဒီဟာကို ႏွစ္ဖက္ေခါင္းေဆာင္ေတြသိေအာင္ သူတို႕တင္ျပတာေပါ့ အဲဒီ အေပၚ။”

ဒါအျပင္ ခိုးပူ ေဆာမီလူ ခဲကာခိုနဲ႕ခဲဒဲေက်းရြာ အုပ္စုေတြမွာတပ္စြဲထားတဲ့တပ္စခန္းေတြျပန္လည္ရုပ္သိမ္းေပးဖို႕ ဇန္နာ၀ါရီ(၄)ရက္ေန႕ရက္စြဲနဲ႕ေညာင္ေလးပင္ခရိုင္ ကရင္လူမႈေရးရာအဖြဲ႔ ကေနသေဘာထားေၾကညာခ်က္ ထုတ္ျပန္ ထားပါတယ္။

အလားတူ KNUဖာပြန္ခရိုင္ဘက္မွာလဲ ႏွစ္ဖက္တိုက္ပြဲေတြျဖစ္ပြါးေနဆဲျဖစ္ျပီး ေဒသခံရြာသားေတြ ရပ္ရြာကေန တိမ္းေရွာင္ေနရဆဲလို႕ ဘီးလင္းျမိဳ႕နယ္ေရာက္ စစ္ေရွာင္ေဒသခံတဦးက ေျပာပါတယ္။

“ဖာပြန္ေတာ့ KNUနဲ႕တပ္မေတာ္နဲ႕ပစ္တာ တိုက္ပြဲခဏခဏျဖစ္တယ္။ မဲ၀ိုင္ဘက္မွာဘဲေလ။ စစ္တပ္ေတြလဲထိုးေနတယ္ ေလ အခုက တပ္ရင္းဌာနခ်ဳပ္ကိုလိုက္တာအခုက။ တပ္မဟာ(၅) တပ္ရင္း(၁၀၂)ဌာနခ်ဳပ္ကို။ နီးစပ္တဲ့ရြာေတြ အကုန္ လုံး ထြက္ေျပးတယ္။ မေနရဲေတာ့ဘူး။”

ေက်ာက္ၾကီးျမိဳ႕နယ္နဲ႕ ဖာပြန္ျမိဳ႕နယ္ဖက္တိုက္ပြဲျဖစ္ပြါးေနတဲ့အေျခအေနကိုသိရွိဖို႕ တပ္မေတာ္ေျပာခြင့္ရသူကို ဆက္သြယ္ခဲ့ေပမဲ့မရခဲ့ပါဘူး။

ဖာပြန္ျမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္တပ္စခန္းေတြ ၂၀၂၀ ႏွစ္ကုန္မွာ ရုပ္သိမ္းေပးဖို႕ ကရင္အမ်ိဳးသားလြတ္ေျမာက္ ေရး တပ္မေတာ္KNLAကေန ေၾကညာခ်က္ထုတ္ျပန္အျပီး တိုက္ပြဲေတြဆက္တိုက္ ျဖစ္ပြါးလာေနတာပါ။

လက္ရွိKNUတပ္မဟာ(၅)ဖာပြန္ခရိုင္ တပ္မဟာ(၃) ေညာင္ေလးပင္ခရိုင္ေတြမွာ ႏွစ္ဖက္တပ္ေတြစစ္ေရးတင္းမာ ေနသလို တပ္မဟာ(၁)သထုံခရိုင္ ဘီးလင္းျမိဳ႕နယ္ဘက္မွာလဲ ထိေတြ႕မွဳၾကိဳၾကားျဖစ္ပြါးေနပါတယ္။

KNU-ကရင္အမ်ဳိးသားအစည္းအရုံးဟာ ျမန္မာအစိုးရနဲ႕ NCAအပစ္ရပ္လက္မွတ္ေရးထိုးထားေပမဲ့ ေဒသအတြင္း လမ္းေဖာက္လုပ္ေနတဲ့ျမန္မာစစ္တပ္နဲ႕ KNU ဖါပြန္ခရိုင္တပ္မဟာ(၅)နဲ႕ ေညာင္ေလးပင္ခရိုင္ တပ္မဟာ(၃) တပ္ဖြဲ႔ တို႔ၾကား စစ္ေရးတင္းမာေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

KNU နဲ့ တပ်မတော်အကြား စစ်ရေးတင်းမာနေမှုအပေါ် ဒေသခံတွေစိုးရိမ်

(Unicode)

မြန်မာအစိုးရနဲ့ NCAအပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်း အရုံးKNUနဲ့ မြန်မာစစ်တပ်ကြား ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်မှာ စစ်ရေး တင်းမာနေတဲ့အပေါ် ဒေသခံတွေစိုးရိမ် နေတဲ့အကြောင်း နိုင်ကွန်းအိန် ပြောပြပေးမှာပါ။

ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ(၃)လှုပ်ရှားရာ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ဖက်မှာ ဒီဇင်ဘာလ ကုန်ကနေ ဇန်နဝါရီလဆန်းအထိ KNUနဲ့မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့လို့ စိုးရိမ်မှုတွေရှိနေတဲ့ အကြောင်း ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ပြောခွင့်ရ စောထီးပယ်တယ့်ကပြောပါတယ်။

“(၁၂)လပိုင်း(၂၈)ရက်နေ့ကစပြီးစဖြစ်တယ်။ ညောင်လေးပင်ခရိုင်တပ်မဟာ(၃) ဒီဘက်အခြမ်း အဲဒီဖေါ်ပြတဲ့ကျေးရွာ တွေမှာ။ အဲ (၁)လပိုင်း(၂)ရက်လဲတခါဖြစ်တယ်။ ဒီဖြစ်စဉ်အပေါ်မှာ ကျွန်တော်တို့ဒေသခံပြည်သူတွေ ဒီအပေါ်မှာ စိုးရိမ်ကြောင့်ကျမှုတွေဖြစ်တယ်။”

၂၀၂၀နှစ်ကုန်ဒီဇင်ဘာ(၂၈)ရက်နေ့နဲ့ ဒီနှစ်ဆန်းဇန်နာဝါရီ(၂)ရက်နေ့မှာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ် နယ်မြေဖြစ်တဲ့ ခိုးပူ၊ ဆောမီလူ ၊ ခဲကာခိုနဲ့ခဲဒဲကျေးရွာအုပ်စုတွေမှာ KNUနဲ့မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

တပ်မတော်ကနေ ဒေသအတွင်းလမ်းဖေါက်လုပ်နေတဲ့ကိစ္စနဲ့ပက်သက်ပြီး နယ်မြေအတွင်းလှုပ်ရှားနေတဲ့ KNU တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးနေတာပါ။

KNU ကျောက်ကြီးမြို့နယ် ဆက်ဆံရေးရုံးတာဝန်ရှိသူတဦးကတော့ ဒေသတွင်းတိုက်ပွဲဖြစ်ပွါးကြောင်းအတည်ပြု ပြောပါတယ်။

“(၂၈)ရက်နေ့မှာ အဲဒီကျောက်ကြီးနဲ့ မူသဲကြားမှာရှိတဲ့ ကားလမ်းပစောင့်ကွေ့ဆိုတဲ့နေရာမှာ အနဲအကျဉ်းဖြစ် တယ်ဆိုတာသိရတယ်။”

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့်ဒေသခံရွာသားတွေလုံခြုံရေး စိုးရိမ်နေရလို့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ အပစ်ခတ် ရပ်စဲရေး သဘောတူညီချက်အတိုင်လုပ်ဆောင်သွားဖို့တိုက်တွန်းတယ်လို့ ကရင်လူမှုရေးရာအဖွဲ့ပြောခွင့်ရ စောထီး ပယ်တယ့်ကပြောပါတယ်။

“လမ်းဖေါက်လုပ်မှုကိစ္စနဲ့ဖြစ်ခဲ့တဲ့ပုံစံဘဲ။ အခုဆိုရင်လမ်းကြောင်းမှာ နှစ်ဖက်တပ်တွေ လှုပ်ရှားမှုကတော့ပို များလာ တဲ့ အခါကျတော့ ပြည်သူတွေကတော့ သွားလာတာတော့ တော်တော်ပါးသွားတာပေါ့။ အဲဒီထက်ပိုကြီးထွားလာမယ် ဆိုရင်တော့ သူတို့လဲစိုးရိမ်တာပေါ့။ သူတို့ဒီဟာကို နှစ်ဖက်ခေါင်းဆောင်တွေသိအောင် သူတို့တင်ပြတာပေါ့ အဲဒီ အပေါ်။”

ဒါအပြင် ခိုးပူ ဆောမီလူ ခဲကာခိုနဲ့ခဲဒဲကျေးရွာ အုပ်စုတွေမှာတပ်စွဲထားတဲ့တပ်စခန်းတွေပြန်လည်ရုပ်သိမ်းပေးဖို့ ဇန်နာဝါရီ(၄)ရက်နေ့ရက်စွဲနဲ့ညောင်လေးပင်ခရိုင် ကရင်လူမှုရေးရာအဖွဲ့ ကနေသဘောထားကြေညာချက် ထုတ်ပြန် ထားပါတယ်။

အလားတူ KNUဖာပွန်ခရိုင်ဘက်မှာလဲ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွါးနေဆဲဖြစ်ပြီး ဒေသခံရွာသားတွေ ရပ်ရွာကနေ တိမ်းရှောင်နေရဆဲလို့ ဘီးလင်းမြို့နယ်ရောက် စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။

“ဖာပွန်တော့ KNUနဲ့တပ်မတော်နဲ့ပစ်တာ တိုက်ပွဲခဏခဏဖြစ်တယ်။ မဲဝိုင်ဘက်မှာဘဲလေ။ စစ်တပ်တွေလဲထိုးနေတယ် လေ အခုက တပ်ရင်းဌာနချုပ်ကိုလိုက်တာအခုက။ တပ်မဟာ(၅) တပ်ရင်း(၁၀၂)ဌာနချုပ်ကို။ နီးစပ်တဲ့ရွာတွေ အကုန် လုံး ထွက်ပြေးတယ်။ မနေရဲတော့ဘူး။”

ကျောက်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်ဖက်တိုက်ပွဲဖြစ်ပွါးနေတဲ့အခြေအနေကိုသိရှိဖို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

ဖာပွန်မြို့နယ်အတွင်း မြန်မာစစ်တပ်တပ်စခန်းတွေ ၂၀၂၀ နှစ်ကုန်မှာ ရုပ်သိမ်းပေးဖို့ ကရင်အမျိုးသားလွတ်မြောက် ရေး တပ်မတော်KNLAကနေ ကြေညာချက်ထုတ်ပြန်အပြီး တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွါးလာနေတာပါ။

လက်ရှိKNUတပ်မဟာ(၅)ဖာပွန်ခရိုင် တပ်မဟာ(၃) ညောင်လေးပင်ခရိုင်တွေမှာ နှစ်ဖက်တပ်တွေစစ်ရေးတင်းမာ နေသလို တပ်မဟာ(၁)သထုံခရိုင် ဘီးလင်းမြို့နယ်ဘက်မှာလဲ ထိတွေ့မှုကြိုကြားဖြစ်ပွါးနေပါတယ်။

KNU-ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဒေသအတွင်း လမ်းဖောက်လုပ်နေတဲ့မြန်မာစစ်တပ်နဲ့ KNU ဖါပွန်ခရိုင်တပ်မဟာ(၅)နဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) တပ်ဖွဲ့ တို့ကြား စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG