သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကရင္ျပည္နယ္ ဖာပြန္ စစ္ေရးတင္းမာမႈ ေဒသခံေထာင္ဂဏန္း တိမ္းေရွာင္


KNU တပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ဇန္နဝါရီ ၃၁၊ ၂၀၁၂)

(Zawgyi / Unicode)

NCA အပစ္ရပ္လက္မွတ္ေရးထိုးထားတဲ့ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) လက္ေအာက္ခံ လက္နက္ကိုင္တပ္ဖြဲ႔ေတြနဲ႔ ျမန္မာစစ္တပ္တို႔အၾကား ဖာပြန္ခ႐ုိင္နဲ႔ ေညာင္ေလးပင္ခ႐ုိင္ဘက္ စစ္ေရးတင္းမာေနသလို ေထာင္နဲ႔ခ်ီတဲ့ ရြာသားေတြ တိမ္းေရွာင္ေနရပါတယ္။ အျပည့္အစုံကုိ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္နဲ႔ ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ုိင္ ေက်ာက္ႀကီးၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ ၅၊ တပ္မဟာ ၃ တပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးေနသလို တိုက္ပြဲေၾကာင့္ အရပ္သားေတြ ထိခိုက္ၿပီး ရပ္ရြာကေန တိမ္းေရွာင္ေနရတာပါ။

မေန႔က ဖာပြန္ၿမိဳ႕နယ္ မဲဝုိင္ေက်းရြာဘက္မွာ KNU တပ္မဟာ ၅ နဲ႔ တပ္မေတာ္တို႔အၾကား တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္းက ေျပာပါတယ္။

“၁၅ ရက္မွာေတာ့ က်ေနာ္တုိ႔ မဲဝုိင္ဘက္မွာပါပဲ၊ တိုက္ပြဲျဖစ္တယ္ေပါ့ေနာ္။ ျမန္မာစစ္တပ္ဘက္က ဘုန္းႀကီးေက်ာင္းနဲ႔ ရြာသားေတြကို ခံကတုတ္ လုပ္သြားတယ္ေပါ့။ ဒီဘုန္းႀကီးေက်ာင္းေဘးနားမွာပဲ သူတို႔တပ္ေတြကို ခံကတုတ္လုပ္ၿပီးေတာ့မွ တိုက္ပြဲအနည္းငယ္ ျဖစ္တယ္လို႔ ေျပာလို႔ရတာေပါ့ေနာ္။ အဲဒီမွာပဲ ဒီျမန္မာစစ္တပ္ဘက္က လက္နက္ႀကီးေတြကို အရင္ပုံစံအတိုင္း ရြာေတြမွာေရာ ရြာအျပင္မွာေရာ လက္နက္ႀကီးေတြ ရမ္းသမ္းပစ္ခတ္မႈေတြ လုပ္လာတဲ့အခါက်ေတာ့ က်ေနာ္တုိ႔ ကေလးငယ္တဦးက ဦးေခါင္းမွာ ထိခိုက္ဒဏ္ရာ ရရွိသြားတယ္ေလ။”

မဲဝုိင္ေက်းရြာမွာ တပ္စခန္းခ်ထားတဲ့ ျမန္မာစစ္တပ္စခန္းကို KNU ဘက္က လာေရာက္ပစ္ခတ္လို႔ ဒီတိုက္ပြဲအတြင္း ကေလးငယ္တဦး ဒဏ္ရာရခဲ့ေၾကာင္း ဖာပြန္ေဒသခံ ေစာဟဲေဂက ေျပာပါတယ္။

“မေန႔က လာေခ်ာင္းပစ္တာေတာ့ရွိတယ္ KNU က။ မဲဝုိင္ကိုေလ။ အေဝးကေန လွမ္းပစ္တယ္။ အဲဒီေတာ့ ကေလးတေယာက္ထိသြားတယ္။ ေခါင္းကို ရွပ္မွန္တာေပါ့။ အရပ္သားေတြကေတာ့ ေျပးတာ ဘယ္လိုေျပာမလဲ မဲဝုိင္ဘက္မွာ တေယာက္မွမရွိေတာ့ဘဲ။ သူက ပတ္ဝန္းက်င္ရြာေတြက ေျပးေနတာေပါ့။ ဦးေရက ၂,၀၀၀ ေက်ာ္ေလာက္ရွိတယ္လို႔ ေျပာတယ္။”

ဒီလဆန္းပိုင္းကေန စတင္လာခဲ့တဲ့ တိုက္ပြဲေၾကာင့္ မဲဝုိင္ေဒသက ရြာသားေထာင္ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ သူကဆိုပါတယ္။ စစ္ေရွာင္ရြာသားေတြဟာ နီးစပ္ရာရြာေတြအျပင္ ဖာပြန္ၿမိဳ႕ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္ဘက္ တိမ္းေရွာင္ေနၾကပါတယ္။

ဖာပြန္ေဒသဘက္ ထိေတြ႔မႈ အေျခအေနကို မသိရေသးေပမယ့္ ပဲခူးတိုင္း ေညာင္ေလးပင္ခ႐ုိင္ ေက်ာက္ႀကီးၿမိဳ႕နယ္ဘက္မွာ လမ္းေဖာက္လုပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ ၃ တပ္ဖြဲ႔တို႔ ဒီရက္ပိုင္းအတြင္း ထိေတြ႔ တိုက္ပြဲျဖစ္ပြါးတာ ရွိတယ္လို႔ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဆိုပါတယ္။

“၁၂ ရက္ေန႔မွာ မူသဲဘက္မွာ က်ေနာ္တုိ႔ စစ္ဆင္ေရး ေဒသဖြံ႔ၿဖိဳးေရးလမ္း ရွိတယ္။ အဲဒီလမ္းကို ျပင္ထိန္းလုပ္ေနတဲ့ က်ေနာ္တုိ႔ စစ္အင္ဂ်င္နီယာတပ္ဖြဲ႔ေတြကို လာေရာက္ပစ္ခတ္ခဲ့တာ ရွိတယ္။ က်ေနာ္တုိ႔ဘက္က တေယာက္ ဒဏ္ရာရရွိသြားတဲ့ျဖစ္စဥ္လည္း ရွိတယ္။ ေဒသဖြံ႔ၿဖိဳးေရးလမ္း ျပဳျပင္ထိန္းသိမ္းေရး လုပ္တယ္ ဆုိတာကလည္း ႏွစ္တိုင္းလုပ္ေနၾက အလုပ္ေတြပါပဲ။”

ေက်ာက္ႀကီးၿမိဳ႕နယ္ မူသဲေက်းရြာဘက္ တိုက္ပြဲေၾကာင့္ ရြာသား ၆၀၀ ေက်ာ္ ေနရပ္ကေန တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံ ေစာစိုးျမင့္က ေျပာပါတယ္။

“တိုက္ပြဲေတြၾကားမွာ ခဲဒဲေက်းရြာအုပ္စုထဲက ေက်းရြာေတြက အခု တေကာ္တဲရယ္ တေကာ္ခီး ႏွစ္ရြာကေတာ့ လူမရွိေတာ့ဘူး။ ေျပးကုန္ၿပီ။ ၆၀၀ ပတ္ဝန္းက်င္ေလာက္ရွိတယ္။ နီးစပ္ရာ အဲဒီေတာေတြ ေတာင္ေတြထဲမွာပဲ နည္းနည္းလြတ္မယ့္ ေနရာေလာက္ကိုပဲ ေရွာင္ေနတာေပါ့။”

၂၀၂၀ ႏွစ္ကုန္ ဒီဇင္ဘာ ၂၈ ရက္ေန႔နဲ႔ ဒီႏွစ္ဆန္း ဇန္နဝါရီ ၂ ရက္ေန႔မွာ ေညာင္ေလးပင္ခ႐ုိင္ မုန္းၿမိဳ႕နယ္နဲ႔ ေက်ာက္ႀကီးၿမိဳ႕နယ္ ခဲဒဲေက်းရြာအုပ္စုေတြမွာ လမ္းေဖာက္လုပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ KNU တပ္မဟာ ၃ တပ္ဖြဲ႔တို႔ တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။

တပ္မေတာ္အေနနဲ႔ KNU တပ္မဟာ ၅၊ တပ္မဟာ ၃ ေဒသဘက္ စစ္ဆင္ေရးကားလမ္း ေဖာက္ေနဦးမယ္ဆိုရင္ တိုက္ပြဲထပ္ျဖစ္လာႏုိင္တယ္လို႔ KNU တပ္မဟာ ၅ ေျပာခြင့္ရ ပဒိုမန္းမန္းက ဆိုပါတယ္။

“က်ေနာ္တုိ႔ တပ္မဟာ ၅၊ တပ္မဟာ ၃ အဲဒီမွာ ေတာက္ေလွ်ာက္ ကားလမ္းေၾကာမွာလည္းပဲ လမ္းေဖာက္လုပ္မႈေတြ ထပ္မံလုပ္ေဆာင္တဲ့ အတြက္ေၾကာင့္ က်ေနာ္တုိ႔ ဒီလိုအေျခအေနမ်ိဳးမွာ ဆက္ရွိေနဦးမယ္၊ ေဆာင္ရြက္ဦးမယ္ ဆုိရင္ေတာ့ တိုက္ပြဲေတြကေတာ့ ဆက္ျဖစ္ႏုိင္ေခ် ရွိေသးတာေပါ့။”

KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးဟာ ျမန္မာအစိုးရနဲ႔ NCA အပစ္ရပ္လက္မွတ္ ေရးထိုးထားေပမယ့္ ဆက္လက္ေဆြးေႏြးပြဲေတြ ရပ္တန္႔ေနတာပါ။ အထူးသျဖင့္ တပ္ပိုင္းဆိုင္ရာကိစၥ၊ တပ္ေနရာခ်ထားေရး၊ တပ္ေလွ်ာ့ခ်ေရး၊ တပ္နယ္ေျမသတ္မွတ္ေရး၊ အပစ္ရပ္နယ္ေျမသတ္မွတ္ေရး စတဲ့ သေဘာတူညီခ်က္ေတြ မရွိေသးတာေၾကာင့္ တိုက္ပြဲျဖစ္ပြါးရတဲ့ အဓိကျပႆနာတခုလို႔လည္း ပဒိုမန္းမန္းက ေျပာပါတယ္။

ဖာပြန္ၿမိဳ႕နယ္အတြင္း ျမန္မာစစ္တပ္ တပ္စခန္းေတြ ၂၀၂၀ ႏွစ္ကုန္မွာ ႐ုပ္သိမ္းေပးဖို႔ ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (KNLA) ကေန ေၾကညာခ်က္ထုတ္ျပန္အၿပီး တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြါးလာေနတာပါ။

လက္ရွိ KNU တပ္မဟာ ၅ ဖာပြန္ခ႐ုိင္ တပ္မဟာ ၃ ေညာင္ေလးပင္ခ႐ုိင္ေတြမွာ ႏွစ္ဖက္တပ္ေတြ စစ္ေရးတင္းမာေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

ကရင်ပြည်နယ် ဖာပွန် စစ်ရေးတင်းမာမှု ဒေသခံထောင်ဂဏန်း တိမ်းရှောင်

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ဖာပွန်ခရိုင်နဲ့ ညောင်လေးပင်ခရိုင်ဘက် စစ်ရေးတင်းမာနေသလို ထောင်နဲ့ချီတဲ့ ရွာသားတွေ တိမ်းရှောင်နေရပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်နဲ့ ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ ၅၊ တပ်မဟာ ၃ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးနေသလို တိုက်ပွဲကြောင့် အရပ်သားတွေ ထိခိုက်ပြီး ရပ်ရွာကနေ တိမ်းရှောင်နေရတာပါ။

မနေ့က ဖာပွန်မြို့နယ် မဲဝိုင်ကျေးရွာဘက်မှာ KNU တပ်မဟာ ၅ နဲ့ တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ပြောပါတယ်။

“၁၅ ရက်မှာတော့ ကျနော်တို့ မဲဝိုင်ဘက်မှာပါပဲ၊ တိုက်ပွဲဖြစ်တယ်ပေါ့နော်။ မြန်မာစစ်တပ်ဘက်က ဘုန်းကြီးကျောင်းနဲ့ ရွာသားတွေကို ခံကတုတ် လုပ်သွားတယ်ပေါ့။ ဒီဘုန်းကြီးကျောင်းဘေးနားမှာပဲ သူတို့တပ်တွေကို ခံကတုတ်လုပ်ပြီးတော့မှ တိုက်ပွဲအနည်းငယ် ဖြစ်တယ်လို့ ပြောလို့ရတာပေါ့နော်။ အဲဒီမှာပဲ ဒီမြန်မာစစ်တပ်ဘက်က လက်နက်ကြီးတွေကို အရင်ပုံစံအတိုင်း ရွာတွေမှာရော ရွာအပြင်မှာရော လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်လာတဲ့အခါကျတော့ ကျနော်တို့ ကလေးငယ်တဦးက ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လေ။”

မဲဝိုင်ကျေးရွာမှာ တပ်စခန်းချထားတဲ့ မြန်မာစစ်တပ်စခန်းကို KNU ဘက်က လာရောက်ပစ်ခတ်လို့ ဒီတိုက်ပွဲအတွင်း ကလေးငယ်တဦး ဒဏ်ရာရခဲ့ကြောင်း ဖာပွန်ဒေသခံ စောဟဲဂေက ပြောပါတယ်။

“မနေ့က လာချောင်းပစ်တာတော့ရှိတယ် KNU က။ မဲဝိုင်ကိုလေ။ အဝေးကနေ လှမ်းပစ်တယ်။ အဲဒီတော့ ကလေးတယောက်ထိသွားတယ်။ ခေါင်းကို ရှပ်မှန်တာပေါ့။ အရပ်သားတွေကတော့ ပြေးတာ ဘယ်လိုပြောမလဲ မဲဝိုင်ဘက်မှာ တယောက်မှမရှိတော့ဘဲ။ သူက ပတ်ဝန်းကျင်ရွာတွေက ပြေးနေတာပေါ့။ ဦးရေက ၂,၀၀၀ ကျော်လောက်ရှိတယ်လို့ ပြောတယ်။”

ဒီလဆန်းပိုင်းကနေ စတင်လာခဲ့တဲ့ တိုက်ပွဲကြောင့် မဲဝိုင်ဒေသက ရွာသားထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သူကဆိုပါတယ်။ စစ်ရှောင်ရွာသားတွေဟာ နီးစပ်ရာရွာတွေအပြင် ဖာပွန်မြို့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ဘက် တိမ်းရှောင်နေကြပါတယ်။

ဖာပွန်ဒေသဘက် ထိတွေ့မှု အခြေအနေကို မသိရသေးပေမယ့် ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ဘက်မှာ လမ်းဖောက်လုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ ၃ တပ်ဖွဲ့တို့ ဒီရက်ပိုင်းအတွင်း ထိတွေ့ တိုက်ပွဲဖြစ်ပွါးတာ ရှိတယ်လို့ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

“၁၂ ရက်နေ့မှာ မူသဲဘက်မှာ ကျနော်တို့ စစ်ဆင်ရေး ဒေသဖွံ့ဖြိုးရေးလမ်း ရှိတယ်။ အဲဒီလမ်းကို ပြင်ထိန်းလုပ်နေတဲ့ ကျနော်တို့ စစ်အင်ဂျင်နီယာတပ်ဖွဲ့တွေကို လာရောက်ပစ်ခတ်ခဲ့တာ ရှိတယ်။ ကျနော်တို့ဘက်က တယောက် ဒဏ်ရာရရှိသွားတဲ့ဖြစ်စဉ်လည်း ရှိတယ်။ ဒေသဖွံ့ဖြိုးရေးလမ်း ပြုပြင်ထိန်းသိမ်းရေး လုပ်တယ် ဆိုတာကလည်း နှစ်တိုင်းလုပ်နေကြ အလုပ်တွေပါပဲ။”

ကျောက်ကြီးမြို့နယ် မူသဲကျေးရွာဘက် တိုက်ပွဲကြောင့် ရွာသား ၆၀၀ ကျော် နေရပ်ကနေ တိမ်းရှောင်နေရတယ်လို့ ဒေသခံ စောစိုးမြင့်က ပြောပါတယ်။

“တိုက်ပွဲတွေကြားမှာ ခဲဒဲကျေးရွာအုပ်စုထဲက ကျေးရွာတွေက အခု တကော်တဲရယ် တကော်ခီး နှစ်ရွာကတော့ လူမရှိတော့ဘူး။ ပြေးကုန်ပြီ။ ၆၀၀ ပတ်ဝန်းကျင်လောက်ရှိတယ်။ နီးစပ်ရာ အဲဒီတောတွေ တောင်တွေထဲမှာပဲ နည်းနည်းလွတ်မယ့် နေရာလောက်ကိုပဲ ရှောင်နေတာပေါ့။”

၂၀၂၀ နှစ်ကုန် ဒီဇင်ဘာ ၂၈ ရက်နေ့နဲ့ ဒီနှစ်ဆန်း ဇန်နဝါရီ ၂ ရက်နေ့မှာ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ် ခဲဒဲကျေးရွာအုပ်စုတွေမှာ လမ်းဖောက်လုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ KNU တပ်မဟာ ၃ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။

တပ်မတော်အနေနဲ့ KNU တပ်မဟာ ၅၊ တပ်မဟာ ၃ ဒေသဘက် စစ်ဆင်ရေးကားလမ်း ဖောက်နေဦးမယ်ဆိုရင် တိုက်ပွဲထပ်ဖြစ်လာနိုင်တယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရ ပဒိုမန်းမန်းက ဆိုပါတယ်။

“ကျနော်တို့ တပ်မဟာ ၅၊ တပ်မဟာ ၃ အဲဒီမှာ တောက်လျှောက် ကားလမ်းကြောမှာလည်းပဲ လမ်းဖောက်လုပ်မှုတွေ ထပ်မံလုပ်ဆောင်တဲ့ အတွက်ကြောင့် ကျနော်တို့ ဒီလိုအခြေအနေမျိုးမှာ ဆက်ရှိနေဦးမယ်၊ ဆောင်ရွက်ဦးမယ် ဆိုရင်တော့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နိုင်ချေ ရှိသေးတာပေါ့။”

KNU ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ် ရေးထိုးထားပေမယ့် ဆက်လက်ဆွေးနွေးပွဲတွေ ရပ်တန့်နေတာပါ။ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စ၊ တပ်နေရာချထားရေး၊ တပ်လျှော့ချရေး၊ တပ်နယ်မြေသတ်မှတ်ရေး၊ အပစ်ရပ်နယ်မြေသတ်မှတ်ရေး စတဲ့ သဘောတူညီချက်တွေ မရှိသေးတာကြောင့် တိုက်ပွဲဖြစ်ပွါးရတဲ့ အဓိကပြဿနာတခုလို့လည်း ပဒိုမန်းမန်းက ပြောပါတယ်။

ဖာပွန်မြို့နယ်အတွင်း မြန်မာစစ်တပ် တပ်စခန်းတွေ ၂၀၂၀ နှစ်ကုန်မှာ ရုပ်သိမ်းပေးဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကနေ ကြေညာချက်ထုတ်ပြန်အပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာနေတာပါ။

လက်ရှိ KNU တပ်မဟာ ၅ ဖာပွန်ခရိုင် တပ်မဟာ ၃ ညောင်လေးပင်ခရိုင်တွေမှာ နှစ်ဖက်တပ်တွေ စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG