(Zawgyi / Unicode)
ကရင္အမ်ဳိးသားအစည္းအ႐ုံး (KNU) နဲ႔ ျမန္မာစစ္တပ္တို႔အၾကား ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္မွာ တိုက္ပြဲျဖစ္ပြါးေနဆဲျဖစ္သလို ဒီလိုျဖစ္ပြါးေနတဲ့ တိုက္ပြဲေတြေၾကာင့္ စစ္ေရွာင္ေနရတဲ့ ေဒသခံရြာသားေတြ စားေသာက္ေနထိုင္ေရး အခက္ေတြ႔ေနရၿပီး အကူအညီ လိုအပ္ေနပါတယ္။ အျပည့္အစုံကုိ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။
ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ လယ္မူပေလာေဒသဘက္မွာ KNU တပ္မဟာ ၅ တပ္ဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔အၾကား မေန႔ကအထိ တိုက္ပြဲျဖစ္ပြါးခဲ့တယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။
“မေန႔ကလည္း ျဖစ္တယ္။ ဟိုတေန႔ကလည္း ျဖစ္တာပဲေပါ့ေလေနာ္။ ေစာမူပေလာတို႔ လယ္မူပေလာတို႔ဘက္မွာ။”
တိုက္ပြဲအတြင္း လယ္မူပေလာရြာဘက္ကို လက္နက္ႀကီးပစ္သံ ၾကားေနရတယ္လို႔ စစ္ေရွာင္ လယ္မူပေလာရြာသားတဦးက ဆိုပါတယ္။
“မေန႔ကေတာ့ တပ္ကေနၿပီးေတာ့ ဒီ လယ္မူပေလာ လက္နက္ႀကီးကို ရြာဘက္ကို ပစ္ခတ္တာေတာ့ ၾကားတယ္။”
KNU တပ္မဟာ ၃ အရာရွိတဦးကေတာ့ မေန႔က လယ္မူပေလာဘက္ တုိက္ပြဲျဖစ္ေၾကာင္း အတည္ျပဳခဲ့ေပမယ့္ အေသးစိတ္ကို ေျပာဆိုတာ မရွိခဲ့ပါဘူး။
ဖာပြန္ၿမိဳ႕နယ္ဘက္ တိုက္ပြဲအေျခအေနကို သိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရသူကို ဆက္သြယ္ခဲ့ေပမယ့္ မရခဲ့ပါဘူး။
ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ KNU တပ္မဟာ ၃ မူသဲေဒသဘက္မွာလည္း မၾကာခန တိုက္ပြဲျဖစ္ပြါးေနသလို ရြာ ၅ ရြာက ရြာသား ၁,၀၀၀ ခန္႔ စစ္ေရွာင္ေနရပါတယ္။
ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ဘက္ စစ္ေရးတင္းမာေနမႈေၾကာင့္ ရြာသား ၄,၀၀၀ ေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနရၿပီး စားေသာက္ေနထိုင္ေရး အခက္အခဲ ရွိေနတယ္လို႔ ကရင္လူငယ္ကြန္ရက္ (KYN) အဖြဲ႔က ေစာေက်ာ္လင္းဦးက ေျပာပါတယ္။
“ေဒသခံေတြကေတာ့ စစ္ေရွာင္ေနရတုန္းပဲခင္ဗ်။ တပ္မေတာ္ဘက္က လက္နက္ႀကီး လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြက အသက္အႏၱရာယ္ စုိးရိမ္ရေတာ့ ေျပးၿပီးေတာ့ ပုန္းေရွာင္ေနရတာေပါ့ေနာ္။ ဦးေရကေတာ့ ၄,၀၀၀ ေက်ာ္လာၿပီ။ စားေသာက္ေနထိုင္ေရးကေတာ့ အေျခခံေပါ့ေနာ္ အခက္အခဲေလးေတြ ရွိလာၿပီ။ က်န္းမာေရးအတြက္္ ေဆးဝါးေတြ လိုအပ္သလို ဒီရာသီဥတုအတြက္ေပါ့ေနာ္၊ အေႏြးထည္ေပါ့ေနာ္ ေစာင္အတြက္ ပစၥည္းလိုအပ္တယ္။ တဲေတြဘာေတြထိုးၿပီး ေနဖို႔အတြက္ အမိုးအကာ ပလတ္စတစ္တို႔ တာလပတ္တို႔ေပါ့ေနာ္၊ ဖ်ာေတြ အဲဒီလိုမ်ိဳးေတြ လိုအပ္တယ္လို႔ေတာ့ ကေ်နာ္တုိ႔ ၾကားတယ္ခင္ဗ်။ IDP တာဝန္ယူၿပီးေတာ့ အကူအညီေပးတာတို႔ ဘာတို႔ က်ေနာ္တုိ႔ မၾကားသိရေသးဘူးခင္ဗ်။”
တိုက္ပြဲေၾကာင့္ စစ္ေရွာင္ရြာသားေတြဟာ နီးစပ္ရာ ေက်းရြာေတြအျပင္ ေတာေတာင္ထဲမွာ ေရွာင္တိမ္းေနရတယ္လို႔ သူကဆိုပါတယ္။
ဖာပြန္ၿမိဳ႕နယ္ မဲဝုိင္ေဒသဘက္မွာေတာ့ ဒီႏွစ္ဆန္းကစၿပီး KNU တပ္မဟာ ၅ တပ္ဖြဲ႔နဲ႔ ျမန္မာစစ္တပ္တို႔ တိုက္ပြဲစတင္ျဖစ္ပြါးလာသလို လယ္မူပေလာေဒသဘက္မွာေတာ့ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ မတ္လမွာ တပ္မေတာ္ကေန ေဒသတြင္း လမ္းေဖာက္လုပ္ေနမႈနဲ႔ ပတ္သက္လို႔ KNU တပ္မဟာ ၅ အၾကား ႏွစ္ဖက္ စစ္ေရးပဋိပကၡေတြ ျဖစ္ပြါးခဲ့ပါတယ္။
အလားတူ ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္ထဲက ထူးခါး၊ ခိုးပူ၊ ေဆာ္မီလူ၊ ခဲေကာ္ခူ၊ ခဲဒဲ စတဲ့ ေက်းရြာသား ၁,၀၀၀ နီးပါးဟာ ႏွစ္ဖက္တိုက္ပြဲေတြေၾကာင့္ ဇန္နဝါရီလဆန္းကတည္းက ထြက္ေျပးေနရတာပါ။
ဒီစစ္ေရွာင္ေတြကို အစိုးရအပါအဝင္ အဖြဲ႔အစည္းေတြကေန ကူညီမႈ အားနည္းေနတယ္လို႔ ကရင္လူမႈကူညီေရးအဖြဲ႔ဝင္ေတြက ေျပာပါတယ္။
ပဲခူးတိုင္း ေက်ာက္ႀကီးၿမိဳ႕နယ္နဲ႔ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္အတြင္း စစ္ေရးတင္းမာေနရတဲ့ အေၾကာင္းအရင္းကိုေတာ့ ပဲခူးတိုင္း အရပ္ဘက္ ပစ္ခတ္တိုက္ခိုက္မႈ ေစာင့္ၾကည့္ေရးအဖြဲ႔ဝင္ ဦးတူးဘလက္က အခုလိုေျပာပါတယ္။
“သူတို႔ အရင္ တပ္မဟာ ၃ ဘက္ကို လမ္းေဖာက္တယ္။ ဖြံ႔ၿဖိဳးေရးလမ္းဆိုၿပီးေတာ့ သူတို႔ေဖာက္လိုက္တဲ့အခ်ိန္မွာ လမ္းအက်ယ္ႀကီး ျဖစ္သြားတယ္။ ေပ ၃၀ ေက်ာ္တယ္။ တပ္မေတာ္ကလည္း သူ႔အယူအဆက လမ္းကေဖာက္ရင္ ဒီအတိုင္းေဖာက္မွ ျဖစ္မယ္။ သူတို႔ကလည္း ေႏြရာသီေလာက္ပဲ သုံးမယ္။ ရိကၡာပို႔ ဘာပို႔ ၿပီးရင္ အသြားအလာၾကေတာ့လည္း ေဒသခံေတြ အသုံးျပဳတယ္ေလ။ ဒီ KNU ဘက္ကက်ေတာ့ လမ္းကိုခ်ဲ႕တယ္ ဆုိကတည္းကေတာ့ သူတို႔ တခုခုမ်ားျဖစ္မလား။ သူတို႔ကလည္း စိုးရိမ္မႈေတြ ရွိလာတယ္။ ဒီေလာက္က်ယ္တ့ဲလမ္းဆိုရင္ သူတို႔ဘက္က အျမင္ေပါ့ေလ။ ယႏၱရားတပ္ေတြ တက္လာႏုိင္မလားဆိုၿပီး သူတို႔ စိုးရိမ္တာေပါ့ေလ။”
တပ္မေတာ္ဘက္ကေတာ့ ေက်ာက္ႀကီးၿမိဳ႕နယ္ မူသဲလမ္း အပါအဝင္ ဖာပြန္ၿမိဳ႕နယ္ ေခးပူရြာနဲ႔ လြယ္မူပေလာရြာကို ဆက္ထားတဲ့ လမ္းေဟာင္းကို ေဒသခံျပည္သူေတြ သံုးဖို႔နဲ႔ တပ္ပိုင္းဆုိင္ရာ အုပ္ခ်ဳပ္မႈကိစၥရပ္ေတြမွာ လြယ္ကူေစဖုိ႔အတြက္ ျပန္ျပင္မယ့္အေၾကာင္းကို နယ္ေျမခံ ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္အဖြဲ႔ကို ႀကိဳတင္အေၾကာင္းၾကားခဲ႔ေပမယ့္ ေဒသတြင္း မုိင္းေထာင္တာ၊ ေႏွာင့္ယွက္ပစ္ခတ္မႈေၾကာင့္ တပ္မေတာ္ဘက္က စစ္သည္တခ်ိဳ႕ က်ဆံုးတာေတြရွိခဲ့လို႔ တုံ႔ျပန္ပစ္ခတ္ရတာ ရွိခဲ့တယ္လို႔လည္း တပ္မေတာ္ဘက္က ေျပာဆိုခဲ့ပါတယ္။
ကမၻာ့ကပ္ေရာဂါ ျဖစ္ပြားေနတဲ့ကာလမွာ ဖာပြန္ခ႐ိုင္၊ သထုံခ႐ိုင္နဲ႔ ေညာင္ေလးပင္ခ႐ိုင္တို႔မွာ KNU နဲ႔ ျမန္မာစစ္တပ္တို႔ စစ္ေရးတင္းမာမႈေၾကာင့္ ေဒသခံ ျပည္သူလူထု ၄,၀၀၀ ခန႔္ အိုးအိမ္စြန႔္ခြာ နီးစပ္ရာ ေဒသေတြမွာ ထြက္ေျပး တိမ္းေရွာင္ေနရတဲ့အေပၚ စိုးရိမ္ေနရတဲ့အတြက္ေၾကာင့္ အျမန္ဆုံး ကိုင္တြယ္ေျဖရွင္းေပးဖို႔ အရပ္ဘက္အဖြဲ႔အစည္း ၁၆၅ ဖြဲ႔ကေန ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ထံ ဇန္နဝါရီလ ၂၀ ရက္ေန႔က အိတ္ဖြင့္ေပးစာ ေပးပို႔ထားပါတယ္။
---------------------------
(Unicode)
ကရင်ပြည်နယ် စစ်ရှောင်တွေအတွက် အကူအညီလိုအပ်
ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ မြန်မာစစ်တပ်တို့အကြား ကရင်ပြည်နယ် ဖာပွန်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်သလို ဒီလိုဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံရွာသားတွေ စားသောက်နေထိုင်ရေး အခက်တွေ့နေရပြီး အကူအညီ လိုအပ်နေပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် လယ်မူပလောဒေသဘက်မှာ KNU တပ်မဟာ ၅ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့အကြား မနေ့ကအထိ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနေ့ကလည်း ဖြစ်တယ်။ ဟိုတနေ့ကလည်း ဖြစ်တာပဲပေါ့လေနော်။ စောမူပလောတို့ လယ်မူပလောတို့ဘက်မှာ။”
တိုက်ပွဲအတွင်း လယ်မူပလောရွာဘက်ကို လက်နက်ကြီးပစ်သံ ကြားနေရတယ်လို့ စစ်ရှောင် လယ်မူပလောရွာသားတဦးက ဆိုပါတယ်။
“မနေ့ကတော့ တပ်ကနေပြီးတော့ ဒီ လယ်မူပလော လက်နက်ကြီးကို ရွာဘက်ကို ပစ်ခတ်တာတော့ ကြားတယ်။”
KNU တပ်မဟာ ၃ အရာရှိတဦးကတော့ မနေ့က လယ်မူပလောဘက် တိုက်ပွဲဖြစ်ကြောင်း အတည်ပြုခဲ့ပေမယ့် အသေးစိတ်ကို ပြောဆိုတာ မရှိခဲ့ပါဘူး။
ဖာပွန်မြို့နယ်ဘက် တိုက်ပွဲအခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရသူကို ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် KNU တပ်မဟာ ၃ မူသဲဒေသဘက်မှာလည်း မကြာခန တိုက်ပွဲဖြစ်ပွါးနေသလို ရွာ ၅ ရွာက ရွာသား ၁,၀၀၀ ခန့် စစ်ရှောင်နေရပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ဘက် စစ်ရေးတင်းမာနေမှုကြောင့် ရွာသား ၄,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရပြီး စားသောက်နေထိုင်ရေး အခက်အခဲ ရှိနေတယ်လို့ ကရင်လူငယ်ကွန်ရက် (KYN) အဖွဲ့က စောကျော်လင်းဦးက ပြောပါတယ်။
“ဒေသခံတွေကတော့ စစ်ရှောင်နေရတုန်းပဲခင်ဗျ။ တပ်မတော်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေက အသက်အန္တရာယ် စိုးရိမ်ရတော့ ပြေးပြီးတော့ ပုန်းရှောင်နေရတာပေါ့နော်။ ဦးရေကတော့ ၄,၀၀၀ ကျော်လာပြီ။ စားသောက်နေထိုင်ရေးကတော့ အခြေခံပေါ့နော် အခက်အခဲလေးတွေ ရှိလာပြီ။ ကျန်းမာရေးအတွက် ဆေးဝါးတွေ လိုအပ်သလို ဒီရာသီဥတုအတွက်ပေါ့နော်၊ အနွေးထည်ပေါ့နော် စောင်အတွက် ပစ္စည်းလိုအပ်တယ်။ တဲတွေဘာတွေထိုးပြီး နေဖို့အတွက် အမိုးအကာ ပလတ်စတစ်တို့ တာလပတ်တို့ပေါ့နော်၊ ဖျာတွေ အဲဒီလိုမျိုးတွေ လိုအပ်တယ်လို့တော့ ကျေနာ်တို့ ကြားတယ်ခင်ဗျ။ IDP တာဝန်ယူပြီးတော့ အကူအညီပေးတာတို့ ဘာတို့ ကျနော်တို့ မကြားသိရသေးဘူးခင်ဗျ။”
တိုက်ပွဲကြောင့် စစ်ရှောင်ရွာသားတွေဟာ နီးစပ်ရာ ကျေးရွာတွေအပြင် တောတောင်ထဲမှာ ရှောင်တိမ်းနေရတယ်လို့ သူကဆိုပါတယ်။
ဖာပွန်မြို့နယ် မဲဝိုင်ဒေသဘက်မှာတော့ ဒီနှစ်ဆန်းကစပြီး KNU တပ်မဟာ ၅ တပ်ဖွဲ့နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲစတင်ဖြစ်ပွါးလာသလို လယ်မူပလောဒေသဘက်မှာတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လမှာ တပ်မတော်ကနေ ဒေသတွင်း လမ်းဖောက်လုပ်နေမှုနဲ့ ပတ်သက်လို့ KNU တပ်မဟာ ၅ အကြား နှစ်ဖက် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွါးခဲ့ပါတယ်။
အလားတူ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက ထူးခါး၊ ခိုးပူ၊ ဆော်မီလူ၊ ခဲကော်ခူ၊ ခဲဒဲ စတဲ့ ကျေးရွာသား ၁,၀၀၀ နီးပါးဟာ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဇန်နဝါရီလဆန်းကတည်းက ထွက်ပြေးနေရတာပါ။
ဒီစစ်ရှောင်တွေကို အစိုးရအပါအဝင် အဖွဲ့အစည်းတွေကနေ ကူညီမှု အားနည်းနေတယ်လို့ ကရင်လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း စစ်ရေးတင်းမာနေရတဲ့ အကြောင်းအရင်းကိုတော့ ပဲခူးတိုင်း အရပ်ဘက် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးအဖွဲ့ဝင် ဦးတူးဘလက်က အခုလိုပြောပါတယ်။
“သူတို့ အရင် တပ်မဟာ ၃ ဘက်ကို လမ်းဖောက်တယ်။ ဖွံ့ဖြိုးရေးလမ်းဆိုပြီးတော့ သူတို့ဖောက်လိုက်တဲ့အချိန်မှာ လမ်းအကျယ်ကြီး ဖြစ်သွားတယ်။ ပေ ၃၀ ကျော်တယ်။ တပ်မတော်ကလည်း သူ့အယူအဆက လမ်းကဖောက်ရင် ဒီအတိုင်းဖောက်မှ ဖြစ်မယ်။ သူတို့ကလည်း နွေရာသီလောက်ပဲ သုံးမယ်။ ရိက္ခာပို့ ဘာပို့ ပြီးရင် အသွားအလာကြတော့လည်း ဒေသခံတွေ အသုံးပြုတယ်လေ။ ဒီ KNU ဘက်ကကျတော့ လမ်းကိုချဲ့တယ် ဆိုကတည်းကတော့ သူတို့ တခုခုများဖြစ်မလား။ သူတို့ကလည်း စိုးရိမ်မှုတွေ ရှိလာတယ်။ ဒီလောက်ကျယ်တဲ့လမ်းဆိုရင် သူတို့ဘက်က အမြင်ပေါ့လေ။ ယန္တရားတပ်တွေ တက်လာနိုင်မလားဆိုပြီး သူတို့ စိုးရိမ်တာပေါ့လေ။”
တပ်မတော်ဘက်ကတော့ ကျောက်ကြီးမြို့နယ် မူသဲလမ်း အပါအဝင် ဖာပွန်မြို့နယ် ခေးပူရွာနဲ့ လွယ်မူပလောရွာကို ဆက်ထားတဲ့ လမ်းဟောင်းကို ဒေသခံပြည်သူတွေ သုံးဖို့နဲ့ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စရပ်တွေမှာ လွယ်ကူစေဖို့အတွက် ပြန်ပြင်မယ့်အကြောင်းကို နယ်မြေခံ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အဖွဲ့ကို ကြိုတင်အကြောင်းကြားခဲ့ပေမယ့် ဒေသတွင်း မိုင်းထောင်တာ၊ နှောင့်ယှက်ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်က စစ်သည်တချို့ ကျဆုံးတာတွေရှိခဲ့လို့ တုံ့ပြန်ပစ်ခတ်ရတာ ရှိခဲ့တယ်လို့လည်း တပ်မတော်ဘက်က ပြောဆိုခဲ့ပါတယ်။
ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ ဖာပွန်ခရိုင်၊ သထုံခရိုင်နဲ့ ညောင်လေးပင်ခရိုင်တို့မှာ KNU နဲ့ မြန်မာစစ်တပ်တို့ စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ပြည်သူလူထု ၄,၀၀၀ ခန့် အိုးအိမ်စွန့်ခွာ နီးစပ်ရာ ဒေသတွေမှာ ထွက်ပြေး တိမ်းရှောင်နေရတဲ့အပေါ် စိုးရိမ်နေရတဲ့အတွက်ကြောင့် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၆၅ ဖွဲ့ကနေ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဇန်နဝါရီလ ၂၀ ရက်နေ့က အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။