သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေျမာက္ပိုင္းမဟာမိတ္ေလးဖဲြ႔နဲ႔ ျမန္မာအစိုးရ ေဆြးေႏြးပဲြျပန္စဖို႔ ရွိေန


၂၀၁၉ ခုႏွစ္ ဧၿပီလ ၃၀ ရက္ေန႔က NRPC နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြ ေတြ႔ဆံု ေဆြးေႏြးခဲ့တဲ့ ျမင္ကြင္း။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ျမန္မာအစိုးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ေျမာက္ပိုင္းမဟာမိတ္ ၄ ဖဲြ႔တို႔ ဒီလထဲ ေတြ႔ဆံုေဆြးေႏြးဖို႔ စီစဥ္ေနသလုိ၊ တခ်ိန္တည္းမွာပဲ ရွမ္းျပည္ေျမာက္ပိုင္းမွာ လက္နက္ကုိင္ အဖဲြ႔ေတြၾကား တိုက္ပဲြေတြ ဆက္ျဖစ္ေနတဲ့ အေျခအေနကုိ ဗီြအုိေအျမန္မာပိုင္း သတင္းေထာက္ ကိုမိုးေဇာ္က ေျပာျပပါမယ္။

တစ္ႏိုင္ငံလံုးအပစ္ရပ္စာခ်ဳပ္ လက္မွတ္ မေရးထုိးေသးတဲ့ KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔၊ AA ရခိုင္ ပါ၀င္တဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔နဲ႔ အစိုးရအၾကား Bilateral ႏွစ္ဘက္အပစ္ရပ္စာခ်ဳပ္ ခ်ဳပ္ဆုိေရး ေဆြးေႏြးပဲြေတြ တစ္ႏွစ္ေက်ာ္ၾကာ ရပ္ဆုိင္းေနခဲ့ၿပီးေနာက္ ေဆြးေႏြးမႈေတြ ျပန္စဖုိ႔ စီစဥ္ေနတာပါ။

တ႐ုတ္ႏုိင္ငံနယ္စပ္အေျခစုိက္ လက္နက္ကုိင္အဖဲြ႔ေတြနဲ႔ အစုိးရကုိယ္စားလွယ္ေတြရဲ႕ ေဆြးေႏြးမႈေတြကုိ အေစာဆုံး ဒီလထဲ က်င္းပဖုိ႔ရိွေနေၾကာင္း ကခ်င္ၿငိမ္းခ်မ္းေရး အက်ိဳးေဆာင္အဖဲြ႔ PCG က ဦးလမိုင္ဂြမ္ဂ်ာက VOA ကို အခုလို ေျပာပါတယ္။

“အစိုးရဘက္ကေတာ့ သူတို႔ ၄ ဖဲြ႔နဲ႔ ဒီဇန္န၀ါရီလ ဒုတိယပတ္မွာေတြ႔ဖုိ႔ေတာ့ ကမ္းလွမ္းထားတယ္ေလ။ အဲဒီအေပၚမွာ သူတို႔ ၄ ဖဲြ႔လည္း ျပန္ေတြ႔ဆံုမယ္ေပါ့ေလ။ ေတြ႔ဆံုၿပီးမွပဲ ဘယ္ရက္၊ ဘယ္ေန႔ ၊ ဘယ္ေနရာမွာ ဆိုတာ သူတို႔ ေတြ႔ဆံုၿပီးမွပဲ သူတုိ႔ အေၾကာင္းျပန္လာမယ္လုိ႔ ေျပာလာတယ္။ ေျမာက္ပိုင္းအဖဲြ႔ကလည္း အစိုးရေျပာတဲ့ ဒီ ဒုတိယပတ္ေလာက္မွာ ျဖစ္ခ်င္ ျဖစ္မယ္။ မျဖစ္ဘူးဆုိရင္ေတာ့ ဇန္န၀ါရီလ အေတာအတြင္းေတာ့ ေတြ႔ျဖစ္ေအာင္ေတာ့ သူတို႔ ၾကိဳးစားမယ္ဆုိတဲ့ သေဘာထားေတာ့ ရိွတယ္ဗ်။”

အစိုးရဘက္ကေတာ့ ျမစ္ၾကီးနား ဒါမွမဟုတ္ က်ိဳင္းတံုကို ေတြ႔ဆံုဖို႔ကို ေရြးျခယ္ထားပါတယ္။ ဒါေပမဲ့လည္း အစီအစဥ္ အေသးစိတ္ကုိေတာ့ မရေသးဘူးလုိ႔လည္း TNLA တအန္း(ပေလာင္)တပ္ဖဲြ႔ရဲ့ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႈးတာ့အုိက္ေက်ာ္က ေျပာပါတယ္။

“သူတို႔က ေဆြးေႏြးဖို႔က်ေတာ့ NRPC ဘက္က ေျပာလာတယ္… ဒါေပမဲ့ အေသးစိတ္ က်ေတာ့ က်ေနာ္ မသိရေသးဘူး။”

အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္နဲ႔ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔ေတြဟာ ၂၀၁၉ ဒီဇင္ဘာလက တရုတ္ႏိုင္ငံမွာ ေနာက္ဆံုးေတြ႔ဆံုခဲ့တာပါ။

၂၀၂၀ ႏွစ္ကုန္ပိုင္းမွာေတာ့ တိုက္ပဲြျပင္းထန္ခဲ့တဲ့ ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA အၾကား ပစ္ခတ္တာေတြ ရပ္ဆိုင္းႏိုင္ခဲ့သလို ေတြ႔ဆံုေဆြးေႏြးတာေတြလည္း ရိွခဲ့တာေၾကာင့္ ၿငိမ္းခ်မ္းေရး အလားအလာေကာင္းေတြအျဖစ္ သံုးသပ္ခဲ့ၾကပါတယ္။

အစိုးရနဲ႔ ေျမာက္ပိုင္းမဟာမိတ္အၾကား ေဆြးေႏြးဖို႔ ျပင္ဆင္ေနခ်ိန္မွာ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာေတာ့ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားတဲ့ RCSS ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းနဲ႔ TNLA အၾကားမွာ တုိက္ပဲြေတြ ဆက္တိုက္ဆိုသလိုျဖစ္ပြားေနပါတယ္။

ဒီကေန႔ မနက္ပိုင္း နမၼတူၿမိဳ႕နယ္အတြင္း ျဖစ္ပြားတဲ့တုိက္ပဲြေၾကာင့္ ေဒသခံေတြ ထပ္မံတိမ္းေရွာင္ေနရေၾကာင္းကို နမၼတူၿမိဳ႕က စစ္ေရွာင္ေတြကို ကူညီေပးေနတဲ့ ဦးစိုင္းဘဥာဏ္က ေျပာပါတယ္။

“က်ေနာ္တို႔ ဒီေန႔က ပန္ခ်င္နဲ႔ ေညာင္ဆြယ္ဘက္မွာ၊ မနက္က စျဖစ္ေနတာပဲ။ ေန႔လယ္ပိုင္းထိကို ျဖစ္ေနတုန္း။ ပန္ခ်င္ဒီဘက္က ဆုိရင္ တခ်ိဳ႕က မန္စံေျပးတယ္။ နားဆိုင္းမွာ မ်ားတယ္။ နားဆိုင္းမွာ လူ ၄၀၀ ေလာက္ေတာ့ ရိွမယ္။ အခု ပန္ခ်င္ေရာ၊ ေညာင္ဆြယ္ေရာ၊ နားဆိုင္းဘက္ ေရာက္ေနတယ္။ ရြာေတြမွာေတာ့ လူ မရိွေတာ့ဘူး။ မန္စံမွာေတာ့ ဘယ္ေလာက္ ထပ္ေျပးသြားလဲဆိုတာ စာရင္းေကာက္ေနတုန္းပဲ။”

တနလၤာေန႔ကေတာ့ ေက်ာက္မဲၿမိ႕႔နယ္ ေတာ့ဆန္ရြာဘက္မွာ တုိက္ပဲြျဖစ္ပြားခဲ့တာေၾကာင့္ စစ္ေရွာင္ ၁၀၀ ေလာက္ဟာ အုံးငန္းေက်းရြာဘက္ကို တိမ္းေရွာင္ေနရေၾကာင္း စစ္ေရွာင္ေတြကို ကူညီေနတဲ့ အုံးငန္းရြာ ေက်ာင္းထိုင္ဆရာေတာ္ ဦးစေႏၵာဘာသက မိန္႔ၾကားပါတယ္။

“ဒီေန႔ေတာ့ မျဖစ္ဘူး။ မေန႔ကေတာ့ မနက္ပိုင္း ၈ နာရီခဲြထိ ျဖစ္တယ္။ ေနာက္ ေန႔လယ္လည္း ထပ္ျဖစ္တယ္။ ေန႔လယ္ျဖစ္ၿပီးေနာက္ပိုင္း မျဖစ္ေတာ့ဘူး။ အခုကက်ေတာ့ တပ္မေတာ္က အဲဒီဘက္ တက္သြားမယ္လို႔၊ RCSS က အဲဒီဘက္မွာ ေစာင့္ေနတာ။ အဲဒီက ျပည္သူလူထုေတြက ေၾကာက္ေနလို႔တဲ့၊ တခ်ိဳ႕က သြားၾကိဳခုိင္းေနတာ။ ဦးဇင္းတုိ႔လည္း သြားၾကိဳရခက္။ မသြားရခက္နဲ႔ စဥ္းစားေနတာ။ ဒီမွာေရာက္တာေတာ့ ၁၀၉ ေယာက္။”

ေဒသတြင္းမွာေတာ့ တပ္မေတာ္၊ RCSS နဲ႔ TNLA အၾကား စစ္ေရးအေျခအေနဟာ တင္းမာေနဆဲရိွေၾကာင္း ဆက္လက္ မိန္႔ၾကားပါတယ္။

ဒီဇင္ဘာလ ၂၅ ရက္ေန႔က စတင္ၿပီး လြယ္အံရြာဘက္မွာ ျဖစ္တဲ့တုိက္ပဲြေၾကာင့္ စစ္ေရွာင္ ၁,၀၀၀ ေလာက္ဟာ လက္ရိွအခ်ိန္မွာ ေက်ာက္မဲၿမိဳ႕စခန္း ၃ ခုမွာ ေရာက္ရိွေနၾကပါတယ္။

RCSS နဲ႔ TNLA အၾကားမွာ ဒီဇင္ဘာလ ၅ ရက္ေန႔က စတင္ၿပီး ဒီကေန႔အထိ တိုက္ပဲြအၾကိမ္ ၂၀ ေလာက္ ျဖစ္ပြားေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ မြန်မာအစိုးရ ဆွေးနွေးပွဲပြန်စဖို့ ရှိနေ

မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တို့ ဒီလထဲ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေသလို၊ တချိန်တည်းမှာပဲ ရှမ်းပြည်မြောက်ပိုင်းမှာ လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က ပြောပြပါမယ်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် လက်မှတ် မရေးထိုးသေးတဲ့ KIA ကချင်၊ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်၊ AA ရခိုင် ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရအကြား Bilateral နှစ်ဘက်အပစ်ရပ်စာချုပ် ချုပ်ဆိုရေး ဆွေးနွေးပွဲတွေ တစ်နှစ်ကျော်ကြာ ရပ်ဆိုင်းနေခဲ့ပြီးနောက် ဆွေးနွေးမှုတွေ ပြန်စဖို့ စီစဉ်နေတာပါ။

တရုတ်နိုင်ငံနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေကို အစောဆုံး ဒီလထဲ ကျင်းပဖို့ရှိနေကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ဂွမ်ဂျာက VOA ကို အခုလို ပြောပါတယ်။

“အစိုးရဘက်ကတော့ သူတို့ ၄ ဖွဲ့နဲ့ ဒီဇန်နဝါရီလ ဒုတိယပတ်မှာတွေ့ဖို့တော့ ကမ်းလှမ်းထားတယ်လေ။ အဲဒီအပေါ်မှာ သူတို့ ၄ ဖွဲ့လည်း ပြန်တွေ့ဆုံမယ်ပေါ့လေ။ တွေ့ဆုံပြီးမှပဲ ဘယ်ရက်၊ ဘယ်နေ့ ၊ ဘယ်နေရာမှာ ဆိုတာ သူတို့ တွေ့ဆုံပြီးမှပဲ သူတို့ အကြောင်းပြန်လာမယ်လို့ ပြောလာတယ်။ မြောက်ပိုင်းအဖွဲ့ကလည်း အစိုးရပြောတဲ့ ဒီ ဒုတိယပတ်လောက်မှာ ဖြစ်ချင် ဖြစ်မယ်။ မဖြစ်ဘူးဆိုရင်တော့ ဇန်နဝါရီလ အတောအတွင်း တော့ တွေ့ဖြစ်အောင်တော့ သူတို့ ကြိုးစားမယ်ဆိုတဲ့ သဘောထားတော့ ရှိတယ်ဗျ။”

အစိုးရဘက်ကတော့ မြစ်ကြီးနား ဒါမှမဟုတ် ကျိုင်းတုံကို တွေ့ဆုံဖို့ကို ရွေးခြယ်ထားပါတယ်။ ဒါပေမဲ့လည်း အစီအစဉ် အသေးစိတ်ကိုတော့ မရသေးဘူးလို့လည်း TNLA တအန်း(ပလောင်)တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

“သူတို့က ဆွေးနွေးဖို့ကျတော့ NRPC ဘက်က ပြောလာတယ်… ဒါပေမဲ့ အသေးစိတ် ကျတော့ ကျနော် မသိရသေးဘူး။”

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာ ၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံမှာ နောက်ဆုံးတွေ့ဆုံခဲ့တာပါ။

၂၀၂၀ နှစ်ကုန်ပိုင်းမှာတော့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အကြား ပစ်ခတ်တာတွေ ရပ်ဆိုင်းနိုင်ခဲ့သလို တွေ့ဆုံဆွေးနွေးတာတွေလည်း ရှိခဲ့တာကြောင့် ငြိမ်းချမ်းရေး အလားအလာကောင်းတွေအဖြစ် သုံးသပ်ခဲ့ကြပါတယ်။

အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ်အကြား ဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ RCSS ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA အကြားမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်ပွားနေပါတယ်။

ဒီကနေ့ မနက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် ဒေသခံတွေ ထပ်မံတိမ်းရှောင်နေရကြောင်းကို နမ္မတူမြို့က စစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဦးစိုင်းဘဉာဏ်က ပြောပါတယ်။

“ကျနော်တို့ ဒီနေ့က ပန်ချင်နဲ့ ညောင်ဆွယ်ဘက်မှာ၊ မနက်က စဖြစ်နေတာပဲ။ နေ့လယ်ပိုင်းထိကို ဖြစ်နေတုန်း။ ပန်ချင်ဒီဘက်က ဆိုရင် တချို့က မန်စံပြေးတယ်။ နားဆိုင်းမှာ များတယ်။ နားဆိုင်းမှာ လူ ၄၀၀ လောက်တော့ ရှိမယ်။ အခု ပန်ချင်ရော၊ ညောင်ဆွယ်ရော၊ နားဆိုင်းဘက် ရောက်နေတယ်။ ရွာတွေမှာတော့ လူ မရှိတော့ဘူး။ မန်စံမှာတော့ ဘယ်လောက် ထပ်ပြေးသွားလဲဆိုတာ စာရင်းကောက်နေတုန်းပဲ။”

တနင်္လာနေ့ကတော့ ကျောက်မဲမြိ့နယ် တော့ဆန်ရွာဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် စစ်ရှောင် ၁၀၀ လောက်ဟာ အုံးငန်းကျေးရွာဘက်ကို တိမ်းရှောင်နေရကြောင်း စစ်ရှောင်တွေကို ကူညီနေတဲ့ အုံးငန်းရွာ ကျောင်းထိုင်ဆရာတော် ဦးစန္ဒောဘာသက မိန့်ကြားပါတယ်။

“ဒီနေ့တော့ မဖြစ်ဘူး။ မနေ့ကတော့ မနက်ပိုင်း ၈ နာရီခွဲထိ ဖြစ်တယ်။ နောက် နေ့လယ်လည်း ထပ်ဖြစ်တယ်။ နေ့လယ်ဖြစ်ပြီးနောက်ပိုင်း မဖြစ်တော့ဘူး။ အခုကကျတော့ တပ်မတော်က အဲဒီဘက် တက်သွားမယ်လို့၊ RCSS က အဲဒီဘက်မှာ စောင့်နေတာ။ အဲဒီက ပြည်သူလူထုတွေက ကြောက်နေလို့တဲ့၊ တချို့က သွားကြိုခိုင်းနေတာ။ ဦးဇင်းတို့လည်း သွားကြိုရခက်။ မသွားရခက်နဲ့ စဉ်းစားနေတာ။ ဒီမှာရောက်တာတော့ ၁၀၉ ယောက်။”

ဒေသတွင်းမှာတော့ တပ်မတော်၊ RCSS နဲ့ TNLA အကြား စစ်ရေးအခြေအနေဟာ တင်းမာနေဆဲရှိကြောင်း ဆက်လက် မိန့်ကြားပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး လွယ်အံရွာဘက်မှာ ဖြစ်တဲ့တိုက်ပွဲကြောင့် စစ်ရှောင် ၁,၀၀၀ လောက်ဟာ လက်ရှိအချိန်မှာ ကျောက်မဲမြို့စခန်း ၃ ခုမှာ ရောက်ရှိနေကြပါတယ်။

RCSS နဲ့ TNLA အကြားမှာ ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ပြီး ဒီကနေ့အထိ တိုက်ပွဲအကြိမ် ၂၀ လောက် ဖြစ်ပွားနေတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG